လူမှုသဟဇာတဖြစ်ခြင်းဆိုတာ ဘာလဲ? ဘာကြောင့် ဒီသဘောတရားကို နားလည်ထားသင့်တာလဲ?
ဒီခက်ခဲတဲ့ ကာလတွေအတွင်းမှာ တချို့သောသူတွေနဲ့ ဝေးကွာသွားတယ်လို့ ခံစားရလား❓
ဒါမှမဟုတ် လူတွေနဲ့ အေးအတူ ပူအမျှ ပိုပြီး ဖြစ်လာသလား❓
ဒါမှမဟုတ် ပိုပိုပြီး နီးကပ်လာပါသလား❓
📌စည်းလုံးညီညွတ်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ လူမှုသဟဇာတဖြစ်ခြင်း (Social Cohesion) အကြောင်းကို သိရှိထားဖို့ မဖြစ်မနေ လိုပါတယ်။
📌Social ဆိုတာ လူမှုရေး၊ Cohesion ဆိုတာ သဟဇာတဖြစ်မှု၊ Social Cohesion ဆိုတာကတော့ လူမှုအစုအဖွဲ့၊ လူမှုအသိုင်းအဝိုင်းက လူတွေအချင်းချင်း စည်းလုံး ညီညွတ်မှု ရှိအောင် သွေးစည်းအောင် ပြုလုပ်တာလို့ အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ဆိုလို့ ရပါတယ်။
📌လူမှုသဟဇာတ ဖြစ်ခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ကိုယ်နေထိုင်ရာ အသိုက်အဝန်းမှာလည်း အရေးပါပါတယ်။
📌မတူကွဲပြားမှုကို လေးစားလက်ခံပြီး Synergy လို့ ခေါ်တဲ့ ညီညွတ်ခြင်းရဲ့ ခွန်အားကို ရှာဖွေတတ်ဖို့၊ လူအချင်းချင်း ခွဲခြားဆက်ဆံမှုတွေကို လျှော့ချဖို့၊ လူတန်းစားခွဲခြားမှု မရှိဘဲ တန်းတူညီမျှမှုနဲ့ တရားမျှတမှုကို ရယူနိုင်ကြဖို့ စတာတွေဟာ သဟဇာတမဖြစ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုမှာ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ပါဘူး။
📌ခု လက်ရှိ မြန်မာ့ လူမှုအသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းမှာ မတူကွဲပြားမှုတွေကြောင့် ဖြစ်ပေါ်နေရတဲ့ ပြဿနာများစွာ ရှိပါတယ်။ လူမျိုးမတူ၊ ဘာသာမတူ၊ လိင်မတူ၊ လူတန်းစား မတူ၊ စတဲ့ မတူညီမှုတွေဟာ တကယ်တော့ ပြဿနာတွေရဲ့ အရင်းအမြစ် မဟုတ်သင့်ဘဲ ညီညွတ်မှုတွေရဲ့ အကြောင်းအရင်းခံတွေသာ ဖြစ်သင့်ပါတယ်။
ဒါကြောင့် MYEO နဲ့ Mercy Corps Myanmar ကနေ ဝေမျှပေးသွားမယ့် Social Cohesion ဆိုင်ရာ ပညာပေးဆောင်းပါးတွေမှာ သဟဇာတ ဖြစ်ပြီး ညီညွတ်တဲ့ လူမှုအသိုင်းအဝိုင်းတွေ တည်ဆောက်ဖို့ အရေးပါတဲ့ ဗဟုသုတတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
လူမှုသဟဇာတဖြစ်ခြင်း (Social Cohesion) အကြောင်း အသေးစိတ် သိရှိနိုင်ဖို့ အောက်က သင်ခန်းစာ ဗီဒီယိုလေးမှာ လေ့လာလိုက်ကြရအောင် 👇
နောက်ထပ်ဆောင်းပါးတွေကိုလည်း ဆက်လက်ဖတ်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။