ဒီနေ့မှာတော့ Trainer ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး လေ့လာကြရအောင်။ 💁♂️
အရင်ဦးဆုံး Trainer ဆိုတာဘာလဲ❓
Trainer ဆိုတာဟာ သက်ဆိုင်ရာ အတတ်ပညာ တစ်မျိုးမျိုးကို သင်ကြားပို့ချ လေ့ကျင့်ပေးသူလို့ ဆိုလိုပါတယ်။မြန်မာဘာသာစကားအရဆိုရင် “ဆရာ”ဆိုတဲ့ ဝေါဟာရနဲ့ ခပ်ဆင်ဆင်ပေါ့နော်။
ဒါဆိုရင် trainer တစ်ယောက််မှာ ဘယ်လိုအရည်အချင်းတွေ အရည်အသွေးတွေ ရှိနေဖို့လိုမလဲ❓
Trainer တစ်ယောက်ရဲ့ အရည်အချင်းစွမ်းရည်ကို အပိုင်း(၃) ပိုင်းပိုင်းပြီး မြင်လို့ရပါမယ်။
(၁) Skills (ကျွမ်းကျင်မှု)
Trainer တစ်ယောက်ဟာ မိမိပို့ချပေးမယ့် အတတ်ပညာပေါ် ဘယ်လောက်ကျွမ်းကျင်မှုရှိလဲ ဆိုတာက မိမိ audienceကိုချပြမယ့် အချက်ဖြစ်ပါတယ်။ဒါကတော့ မိမိရဲ့ အတတ်ပညာပေါ်လေ့ကျင့်လေ့လာမှု၊ သင်ယူမှု အဆင့်ကို ထင်ဟပ်ပြသနေမှာပဲဖြစ်ပါတယ်။
(၂) Knowledge (အသိပညာ)
အသိပညာ ဗဟုသုတများများရှိတဲ့ trainerတစ်ယောက်ဟာ မိမိ audienceကို ဘယ်လို နားလည်သဘောပေါက်အောင် ရှင်းပြရမယ် ဆိုတာကို ပိုပြီးသိနိုင်ပါတယ်။ ဒီအချက်ဟာဆိုရင်လည်း မိမိရဲ့ လေ့လာသင်ယူမှုနဲ့အတွေ့အကြုံမှ သင်ယူနိုင်မှုပေါ် မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။
(၃) Attitude (စိတ်နေသဘောထား၊ယုံကြည်မှု)
Trainerတစ်ယောက်အနေနဲ့ မိမိကိုယ်မိမိ ဘယ်လောက် ယုံကြည်မှုရှိနေပြီလဲ ဆိုတာဟာလည်း trainerတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်း၊ စွမ်းရည်တွေထဲက အခြေခံအကျဆုံး အချက်ပဲဖြစ်ပါတယ်။
ဒါပြင် Questioning skill ဆိုတဲ့ မေးခွန်းကို audience အခြေအနေပေါ်မူတည်ပြီး မေးခွန်းမေးတတ်ခြင်းသည်လည်း trainerတစ်ယောက်၏ ၀တ္တရားဖြစ်ပါတယ်။
ဉပမာအနေနဲ့ သင်တန်းသားတွေက စိတ်မကြည်နေတာမျိုး ပျင်းနေတာမျိုးဆိုရင် အခြေအနေကြည့်ပြီး ပျော်စရာ gameလေးတွေ ထည့်ကစားပေးတာမျိုး၊ How are you feeling question type မေးတာမျိုးတွေလုပ်ပေးရပါမယ်။
ဆိုတော့ ဒီလောက်ဆိုရင် Trainerတစ်ယောက်၏ ၀တ္တရားနှင့်စွမ်းရည်များကို နားလည်ကြမယ်ထင်ပါတယ်။