Skip to content
MYEO, Myanmar Youth Empowerment Opportunities
  • Home
  • Opportunities
    • Exchange Programs
    • Internships
    • Scholarships
      • Ph.D.
      • Postgraduate
      • Undergraduate
    • Trainings
    • Volunteerings
  • Resources
    • Cyber Security
      • Basic Device Safety
      • Different Online Attacks & Protections
      • Online and Offline Communication Safety & Literacy
    • Digital Literacy
      • Essential Google Tools & Media Literacy
      • Essential Microsoft Tools
      • Media Conferening Tools & Literacy
      • Project Management Tools
      • Social Media 101
    • Mental Wellbeing
  • For organizations
  • For youth

ဆက်သွယ်ရေး၊ဆက်ဆံရေး

/ Essential Social Skills for Community Development, Interest-Based Negotiation / By MYEO-01

🤙 ဆက်သွယ်ရေး
တစ်ယောက်နဲ့တစ်ယောက်ဆွေးနွေးညှိနှိုင်းမှုမလုပ်ခင် ဒါမှမဟုတ် ဆွေးနွေးနေတဲ့အတောအတွင်း အရေးကြီးတာကဘာများဖြစ်မယ်လို့ထင်ပါသလဲ​။❓
တစ်ယောက်ယောက်နဲ့ ညှိနှိုင်းဖို့ဆိုရင် သူနဲ့သေချာပေါက် စကားပြောဆိုဆက်သွယ်ရမယ် မဟုတ်ပါလား​။ 
အဲ့ဒီလိုတစ်ဖက်လူကို ဆက်သွယ်ပြောဆိုဖို့အတွက်ဆိုရင် ကိုယ်ကသူ့ယုံကြည်မှုကိုအရင်ရအောင်လုပ်ရပါမယ်။
အဲ့ဒီတော့သူ့ကို ပွင့်ပွင့်လင်းလင်းစကားပြောတာ၊ သူနဲ့စကားပြောရင် သူချင်းစာစိတ် ကိုယ်ချင်းစာစိတ်တွေနဲ့ စကားပြောပေးတာအပြင်၊ သူ့ကိုလေးစားသမှုပြပြီး အပြုသဘောဆောင်တဲ့ မေးခွန်းမေးတာမျိုးတွေလည်း လုပ်သင့်ပါတယ်​။ 

နောက်ပြီး ကိုယ်ကသူနဲ့ ဆွေးနွေးချင်တယ်ဆိုရင် သင့်တော်တဲ့ အခြေအနေအချိန်အခါဟုတ်မဟုတ်ကိုလည်း အမြဲချင့်ချိန်စဉ်းစားတတ်ရပါမယ်။ အကောင်းဆုံးကတော့ တစ်ဖက်လူနဲ့ဆက်သွယ်စကားပြောတဲ့အခါ ကိုယ်က အပြုသဘောဆောင်တဲ့သူဖြစ်နေဖို့ပါပဲ​။ 

ဒီအချက်တွေကတော့ ဆွေးနွေးညှိနှိုင်းမှုမလုပ်ခင်မှာပဲဖြစ်ဖြစ် လုပ်နေစဉ်အတွင်းမှာပဲဖြစ်ဖြစ် အပြုသဘောဆောင်ပြီး ရလဒ်ကောင်းတဲ့ ဆွေးနွေးညှိနှိုင်းမှုရအောင် တွန်းအားပေးစေတဲ့ အပြုအမူလေးတွေပဲဖြစ်ပါတယ်။

ဒီတော့ ဆွေးနွေးညှိနှိုင်းဖို့ဆက်သွယ်ပြောဆိုတဲ့အခါ အဓိကပါဝင်ထည့်သွင်းစဉ်းစားရမယ့် အချက်က လေးချက်ရှိပါတယ်။ တစ်နည်းအားဖြင့် 4P လို့ခေါ်ပါတယ်။ 

ဒါဆို 4P ကဘာတွေဖြစ်မလဲ❓

1️⃣ ရည်ရွယ်ချက် (Purpose)

ကိုယ်ကဘာရည်ရွယ်ချက်ကြောင့် သူနဲ့ညှိနှိုင်းရတာလဲ၊ ဟိုဖက်ကကော ဘာရည်ရွယ်ချက်ရှိတာလဲ ဆိုပြီးသိရမယ်။ 

2️⃣ ရလဒ် (Product)

ဒီလိုစေ့စပ်ညှိနှိုင်းတာကနေ သူ့ဖက်ကိုယ့်ဖက် ဘာတွေရလာနိုင်မလဲဆိုတာ တွေးထားရပါမယ်။  

3️⃣ လူ (People)

မိမိနဲ့ ဆွေးနွေးညှိနှိုင်းတဲ့လူ ဒါမှမဟုတ် အုပ်စုကဘယ်လိုလူမျိုးလဲဆိုတာကလည်း အရေးကြီးပါတယ်။ 

4️⃣ နေရာ (Place)

ဆွေးနွေးညှိနှိုင်းတဲ့နေရာကဘယ်နေရာမှာလဲဆိုတာအပေါ်မူတည်ပြီးလည်း ဆွေးနွေးညှိနှိုင်းပုံကွာသွားတတ်ပါတယ်။  

🤝 ဆက်ဆံရေး
ဘယ်လိုပဲကိုင်တွယ်ဖြေရှင်းရခက်တဲ့ဆွေးနွေးညှိနှိုင်းမှုမျိုးမဆို ကိုယ့်ရဲ့ဆက်သွယ်၊ ဆက်ဆံ‌နိုင်မှုစွမ်းရည်တွေကြောင့် အခြေအနေကကောင်းတဲ့ဖက်‌ကိုရောက်လာနိုင်ပါတယ်။ 

စေ့စပ်ညှိနှိုင်းမှုမလုပ်ခင်ကတည်းက ဆွေးနွေးညှိနှိုင်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်ဆံတာအဆင်မပြေဖြစ်လာရင် ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ကြိုပြီးပြင်ဆင်ထားသင့်ပါတယ်။ 

📝 ပထမအချက်အနေနဲ့ ကိုယ်ဖြစ်စေချင်တဲ့ဆက်ဆံရေးပုံစံကိုအရင်သိအောင်လုပ်ရပါမယ်။

📝 ဒုတိယအနေနဲ့ကတော့ ဆွေးနွေးညှိနှိုင်းတဲ့အခါ ဆက်ဆံ‌ရေးအဆင်မပြေဖြစ်လာခဲ့ရင် ဖြစ်နေတဲ့ဆက်ဆံရေးပြဿနာတွေကို သိအောင်ဖော်ထုတ်ရပါမယ်။

📝 နောက်ဆုံးတတိယအချက်က ဒီလက်ရှိဆက်ဆံရေးပြဿနာကို ဘယ်လိုပိုကောင်းအောင် လုပ်သင့်တယ်ဆိုတာကိုပါ ကြိုပြီးပြင်ဆင်ထားရပါမယ်။

✅ စေ့စပ်ညှိနှိုင်းရေးနည်းဗျူဟာအနေနဲ့ကတော့ 

လူနဲ့ပြဿနာကို ကွဲကွဲပြားပြားသိအောင် လုပ်ရမှာပါ။ လူကိုpersonalအရ အမြင်မကြည်လို့ ပြဿနာနဲ့ရောချလိုက်တာမျိုး မဖြစ်ရအောင်သတိထားရပါမယ်။ အဲ့တာအပြင် တစ်ဖက်လူရဲ့အကြောင်းမပြောဘဲ မိမိဖြစ်ချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း ပြောပြတတ်ဖို့လိုပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ညှိနှိုင်းဖက်နဲ့ ဆက်ဆံရေးအဆင်ပြေဖို့ပါပဲ။ 

ဆက်ဆံရေးအဆင်မပြေရင် ဆွေးနွေးညှိနှိုင်းမှုမှာ ဘယ်လိုလုပ်ရလဒ်ကောင်း‌တွေ ထွက်လာနိုင်ပါတော့မလဲ။ 

ဒီလိုမျိုး ညှိနှိုင်းသူအချင်းချင်းကြား အပြုသဘောဆောင်ပြီး အဆင်‌ပြေတဲ့ဆက်ဆံရေးရှိခြင်းအားဖြင့် ‌အလုပ်လုပ်ရတာ သက်သောင့်သက်သာဖြစ်ပြီး စေ့စပ်ညှိနှိုင်းတာကိုပါ အလုပ်ဖြစ်စေပါတယ်​။

“ဆက်သွယ်‌ရေး၊ ဆက်ဆံရေး”သင်ခန်းစာကတော့ ဒီလောက်ပါပဲ။

နောက်သင်ခန်းစာတွေမှာပြန်တွေ့ကြမယ်‌နော်​။

Post navigation
← Previous Post
Next Post →

Recent Posts

  • MYEO PSYCHOLOGICAL FIRST AID (PFA) CASCADE TRAINING
  • University of People (UOP) 
  • Community Development – Planning Promotional Programs and Seeking Funding
  • Free HR course with Certificate 
  • Wide Horizons Application Form: Online Program (2025-2026)

Recent Comments

  • may zin on Lean Startups for Social Change
  • Thinn yu yu Kyaw on Modern and Traditional Leadership
  • Khin KaNyar Myint on လူငယ်နှင့် လူထုအကျိုးပြုခေါင်းဆောင်မှုစွမ်းရည် (Youth and Service Leadership)
  • MYEO-03 on Atlas Corps Fellowship 2022
  • MYEO-03 on Atlas Corps Fellowship 2022

Archives

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • July 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021

Categories

  • Basic Device Safety
  • Conflict Resolution
  • Cyber Security
  • Different Online Attacks & Protetions
  • Digital Literacy
  • Essential Google Tools & Media Literacy
  • Essential Microsoft Tools
  • Essential Social Skills for Community Development
  • Exchange
  • Interest-Based Negotiation
  • Internship
  • Media Conferening Tools & Literacy
  • Mental Wellbeing
  • Mobilization and Facilitation
  • Online and Offline Communication Safety & Literacy
  • Opportunities
  • PhD
  • Post Graduate
  • Project Management Tools
  • Scholarship
  • Social Cohesion
  • Social Media 101
  • Training
  • Uncategorized
  • Under Graduate
  • Visual Editing and Graphic Tools
  • Volunteer

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

MYEO, an acronym for Myanmar Youth Empowerment Opportunities, is a social impact-driven edtech. Our mission is to equip all of Myanmar’s graduates with the skills to become valuable members of the workforce and community.

@ 2021 MYEO – All rights reserved.