ကျွန်တော်တို့ ဘယ်သူမှ Perfect ဖြစ်တယ်ရယ်လို့ မရှိပေမယ့် လေ့လာသင်ယူလိုက်တဲ့အခါ တိုးတက်လာတာမျိုးကိုတော့ အားလုံးကြုံဖူးကြမယ်လို့ ယုံကြည်ပါတယ်။
စေ့စပ်ညှိနှိုင်းခြင်းမှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေ၊ လေ့လာမှုတွေကနေ ကျွန်တော်တို့ရဲ့စေ့စပ်ညှိနှိုင်းမှုစွမ်းရည်ကိုတိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။
ဒီနေ့တော့ ကျွန်တော်က စေ့စပ်ညှိနှိုင်းမှုစွမ်းရည် တိုးတက်လာဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့ စေ့စပ်ညှိနှိုင်းခြင်း အင်္ဂါရပ်(၇)ချက်အကြောင်းကို မျှဝေပေးချင်ပါတယ်။
စေ့စပ်ညှိနှိုင်းခြင်းရဲ့ အင်္ဂါရပ်(၇)ချက်ကဘာတွေလဲ❓
(၁) စိတ်ဝင်စားမှု
(၂) အရံရွေးချယ်စရာ
(၃) ရွေးချယ်စရာ
(၄) တရားမျှတသောစံနှုန်း
(၅) ကတိပေးလုပ်ဆောင်မှု
(၆) ဆက်ဆံရေး နှင့်
(၇) ဆက်သွယ်ရေးတို့ပဲဖြစ်ပါတယ်။
ဒီစေ့စပ်ညှိနှိုင်းခြင်းအင်္ဂါရပ်(၇)ချက်ကို တန်ဖိုးပုံဖော်မှုစက်ဝန်းမှာ အပိုင်း(၃)ပိုင်းအနေနဲ့ လက်တွေ့အသုံးချနိုင်ပါတယ်။
1️⃣ အလုပ်အတူလုပ်ရန်ဖြစ်စဉ်ဖန်တီးခြင်း
စေ့စပ်ညှိနှိုင်းခြင်းမှာ မိမိကိုယ်တိုင်နှင့်တစ်ဖက် ညှိနှိုင်းဖက်တို့ ပါဝင်လာပြီဖြစ်လို့ ရှေ့ဆက်အလုပ်အတူလုပ်ရန်မှာ ဆက်ဆံရေးနှင့် ဆက်သွယ်ရေးကောင်းမွန်နေဖို့လိုအပ်ပါတယ်။ နှစ်ဦးနှစ်ဖက်ကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ဖြစ်စေရုံသာမကပဲ ပိုမိုကောင်းမွန်တဲ့ အပြန်အလှန်ဆက်သွယ်ရေးကိုပါအား ကောင်းလာစေခြင်းဟာ ကျွန်တော်တို့ရဲ့စေ့စပ်ညှိနှိုင်းရေးမှာ များစွာအထောက်အကူပြုနိုင်မှာပါ။
2️⃣ အကောင်းဆုံးအဖြေရှာခြင်း
စေ့စပ်ညှိနှိုင်းမှုလုပ်တဲ့အခါ ကျွန်တော်တို့ဟာ မိမိရဲ့စိတ်ဝင်စားမှုအပြင် တစ်ဖက်လူရဲ့စိတ်ဝင်စားမှုကိုပါသိရှိနေဖို့လိုပါတယ်။ ဒါမှသာ မိမိတို့စိတ်ဝင်စားမှုများကို ဖြည့်ဆည်းပေးနိုင်မယ့် နှစ်ဦးနှစ်ဖက်ရွေးချယ်စရာတွေကို သိရှိနိုင်ပြီး တရားမျှတတဲ့စံနှုန်းတွေကိုရရှိအောင် ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
3️⃣ ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
ဒီအခြေအနေမှာတော့ မိမိတို့ညှိနှိုင်းဖက်နဲ့ သဘောတူညီမှုမရခဲ့ရင် မိမိတို့ရဲ့စိတ်ဝင်စားမှုတွေကို အခြားသူတွေရဲ့သဘောတူညီမှုမပါဘဲ ဖြည့်ဆည်းနိုင်မယ့် အရံရွေးချယ်စရာတွေ ရှိနေဖို့လိုပါတယ်။ အကယ်၍ သဘောတူညီမှုရပြီဆိုရင်တော့ မိမိတို့ရဲ့စေ့စပ်ညှိနှိုင်းမှုအတွက် နှစ်ဦးနှစ်ဖက်လုပ်ဆောင်မယ့်အရာ၊ မလုပ်ဆောင်မယ့်အရာ စသဖြင့် ကတိပေးလုပ်ဆောင်မှုတွေ လုပ်ရတော့မှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းခြင်းအင်္ဂါရပ်(၇)ချက်နဲ့ တန်ဖိုးပုံဖော်မှုစက်ဝန်းကိုအသုံးပြုခြင်းအားဖြင့် မိမိတို့ပြဿနာတွေကိုပြင်ဆင်နိုင်လာမယ်၊ မတူညီတဲ့ရွေးချယ်မှုဖြစ်စဉ်တွေကိုသဘောပေါက်နားလည်လာမယ်။ အဲ့ဒါအပြင် ခက်ခဲတဲ့နည်းလမ်းတွေကိုပါရှာဖွေဖော်ထုတ်နိုင်လာပြီး ပြဿနာတွေကိုပိုမိုကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်လာပါလိမ့်မယ်။
သူငယ်ချင်းတို့အားလုံးလည်း ကျွန်တော်ဒီနေ့ပြောပြပေးသွားတဲ့စေ့စပ်ညှိနှိုင်းခြင်းအင်္ဂါရပ်(၇)ချက်နဲ့ တန်ဖိုးပုံဖော်မှုစက်ဝန်းကိုလက်တွေ့အသုံးချတတ်ရုံသာမက အတူတကွ နှင့် တည်ဆောက်ခြင်းအကြောင်းအရာတွေကိုပါ သိရှိနားလည်ပြီး အကျိုးပြုနိုင်စေဖို့ အောက်ပါ ဗီဒီယိုတွေကနေ တစ်ဆင့် လေ့လာလိုက်ကြရအောင် နော်။