လူမှုအသိုင်းအဝိုင်းနဲ့ နေရတာနဲ့အမျှ၊ လူတွေနဲ့ဆက်ဆံရသမျှ ကျွန်တော်တို့ဟာ တစ်နေ့မဟုတ်တစ်နေ့ ပဋိပက္ခဖြေရှင်းနည်းတွေ လိုအပ်လာနေဦးမှာဖြစ်ပါ တယ်။ ဒါကြောင့် ပဋိပက္ခဖြေရှင်းဖို့ နည်းလမ်းကောင်းတွေကို သိထားဖို့က အရေးကြီးပါတယ်။
ဒါဆို ပဋိပက္ခ ဖြေရှင်းဖို့နည်းလမ်းကောင်းဆိုတာ ဘယ်လိုမျိုးလဲ❓
သဘောမတူညီမှုတွေများစွာထဲကမှ နှစ်ဖက်လုံးက ကျေကျေနပ်နပ်နဲ့ လက်ခံနိုင်မယ့် သဘောတူမှုကို ရှာဖွေနိုင်ခြင်းဟာဆိုရင် ပဋိပက္ခဖြေရှင်းနိုင်ရန် နည်းလမ်း ကောင်းလို့ခေါ်လို့ရပါတယ်။
သဘောမတူညီမှုဆိုတာဟာ ကိုယ်ရေးကိုယ်တာကိစ္စ၊ ငွေရေးကြေးရေး၊ နိုင်ငံရေး၊ စိတ်ခံစားချက်စတဲ့ ကိစ္စများစွာ ဖြစ်နိုင်ပါတယ်။
ဒီလိုမတူညီတဲ့ သဘောမတူညီမှု၊ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့အကောင်းဆုံးနည်းက ဘာဖြစ်နိုင်တယ်လို့ ထင်မိလဲ❓
ဟုတ်ကဲ့။ စေ့စပ်ညှိနှိုင်းရေးပဲ ဖြစ်ပါတယ်။
ပဋိပက္ခဖြေရှင်းနည်း လေ့လာသူတွေအရ စေ့စပ်ညှိနှိုင်းရေးနည်းလမ်းဟာ အကောင်းဆုံးပဋိပက္ခဖြေရှင်းရေးနည်းလမ်းလို့ဆိုပါတယ်။
ကဲ ဒါဆိုရင် စေ့စပ်ညှိနှိုင်းရမယ်ဆိုတာ သိရုံနဲ့ ပဋိပက္ခတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ပြီလား❓
ဟုတ်ကဲ့။ မပြီးသေးပါဘူး။
ပဋိပက္ခတွေကိုအကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုရင် ကျွန်တော်တို့မှာ တစ်ချို့အရည်အချင်းတွေကိုလည်းမြှင့်တင်ထားဖို့လိုပါလိမ့်မယ်။
ဥပမာ-
1. လူမှုဆက်ဆံရေးကောင်းမွန်မှု (communication skill)
2. စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်မှု (emotional management)
3.တစ်ဖက်သားနေရာ၀င်ခံစားပေးနိုင်မှု (empathy)
ဒီအရည်အချင်းတွေကို မြှင့်တင်ထားမယ်ဆိုရင် တော့ ပဋိက္ခတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။
ကဲ ဒါဆိုရင်တော့ ပဋိပက္ခတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ ဆိုတဲ့ Conflict Resolution အကြောင်းကို အောက်က ဗီဒီယိုတွေမှာ အသေးစိတ် လေ့လာလိုက်ကြရအောင်။
နောက်သင်ခန်းစာတွေမှာ ပြန်တွေ့ကြပါမယ်။