🔹လူအများစုက ပဋိပက္ခ (Conflict) လို့ပြောလိုက်တာနဲ့ “အန္တရာယ်တွေ”၊ “အကြမ်းဖက်မှုတွေ”၊ “ကြောက်မက်ဖွယ်” အရာတွေဆိုပြီးတော့တွေးတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ပဋိပက္ခ(Conflict) ဆိုတာ ကျွန်တော်တို့ နေစဥ်နဲ့အမျှကြုံတွေ့နေရမဲ့ သဘာဝမှာရှိနေတဲ့ ပုံမှန်ကိစ္စရပ်တစ်ခုပါပဲ။ အဓိကတော့ အဲဒီပဋိပက္ခအပေါ် သုံးသပ်ကြတဲ့ အမြင်တွေပဲကွဲလွဲသွားတာပါ။
Pirates of the Caribbean ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Jack Sparrow ဇာတ်ကောင်ရဲ့မင်းသားဖြစ်တဲ့ ဂျွန်နီဒက်ပ် (Johnny Depp) ပြောခဲ့ဖူးတဲ့စကားလေးရှိပါတယ်။
“The problem is not the problem. The problem is your attitude about the problem”
ဂျွန်နီဒက်ပ် (Johnny Depp)
🔹ကျွန်တော်တို့က ပြဿနာ (ဒါမှမဟုတ်) ပဋိပက္ခကို မြင်လိုက်တာနဲ့ မကောင်းတဲ့အငွေ့အသက်တွေ (negative mindset)တွေပဲ အရင်ဆုံးရောက်လာတတ်ကြပါတယ်။ ဒါပေမဲ့ ပဋိပက္ခဆိုတာက အမြဲမကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ပဋိပက္ခကို အပြုသဘောဆောင်တဲ့ဘက်ကနေ ကြည့်လိုက်ရအောင်။
🔹တရုတ်ဘာသာစကားဖြစ်တဲ့ mandarin ဘာသာစကားမှာ “ပဋိပက္ခ”ကို “WEIJI” လို့အသံထွက်ပါတယ်။ တစ်လုံးစီဘာသာပြန်ကြည့်မယ်ဆိုရင် “WEI” ဆိုတာ “အန္တရာယ်” ကို ဆိုလိုတာဖြစ်ပြီး၊ “JI” ကကျတော့ “အခွင့်အလမ်း” ကိုဆိုလိုတာပါ။ ဆိုတော့ တရုတ်ဘာသာစကားမှာ “ပဋိပက္ခ” ဆိုတဲ့အဓိပ္ပါယ်ဟာ “အန္တာရာယ်များမှ အခွင့်အလမ်း” လို့ဘာသာပြန်နိုင်ပါတယ်။
ဆိုတော့ ပဋိပက္ခဖြစ်တည်မှုကို လေ့လာကြရအောင်။ 🔍
🔹ပဋိပက္ခဆိုတဲ့ အရာမတိုင်ခင် ပြဿနာတစ်ခုကတော့ အရင်းခံရှိတတ်ပါတယ်။ အဲဒီပြဿနာကို ဂရုမပြုမိလိုက်တဲ့အတွက် အချိန်တစ်ခုရောက်တဲ့အခါ ပဋိပက္ခဆိုတာ ပေါ်ထွက်လာတာပါ။ ဒါကြောင့် ပဋိပက္ခဆိုတာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်စေဖို့အတွက် ပိုလွယ်ကူစေပါတယ်။ ဒါပေမယ့် မဖြေရှင်းဘဲ ရှောင်နေမယ်ဆိုရင် အဲ့ဒီပဋိပက္ခကနေ နောက်ဆက်တွဲ ဆိုးဝါးတဲ့အကြမ်းဖက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နေရာတိုင်းမှာ အကောင်းနဲ့အဆိုးဆိုတာ တွဲလျက်တည်ရှိနေတတ်တာ အားလုံးသိကြတယ်ဟုတ်?
🔹ဘယ်လိုပဲ ဆိုးဝါးတဲ့ ပဋိပက္ခဖြစ်ပါစေ ရှောင်ဖယ်ဖို့ကြိုးစားခြင်းထက် ဖြေရှင်းလိုက်ခြင်းကပဲ ပဋိပက္ခကို ချုပ်ငြိမ်းစေဖို့ အဓိကနည်းလမ်းဖြစ်ပါတယ်နော်။ဒါ့အပြင် ပဋိပက္ခတွေက ကောင်းတဲ့အရာတွေနဲ့ အခွင့်အလမ်းတွေကို ပေးနိုင်ပေမဲ့လည်း တစ်ခါတလေမှာ ဆိုးဝါးတဲ့ အကြမ်းဖက်မှုဆန်တဲ့ ပဋိပက္ခတွေရှိတတ်တာကို နားလည်ဂရုပြုတတ်ရပါမယ်နော်။
🔹အဓိကတော့ ပဋိပက္ခအတွင်းမှာ ဘယ်အရာတွေကောင်းသလဲ ဆိုတာကို ကြိုးစားရှာဖွေမှတ်သားပြီး အဲ့ဒီအကြောင်းအရာကနေတစ်ဆင့် ပြဿနာအရင်းအမြစ်ကို ရှာဖွေခြင်းနဲ့ ဖြေရှင်းခြင်းနည်းလမ်းတို့မှာ ပူးပေါင်းအသုံးပြုမယ်ဆို ပဋိပက္ခကို ငြိမ်းချမ်းကျေအေးစွာနဲ့ ဖြေရှင်းနိုင်ပါတယ်။
နောက်ထပ် သင်ခန်းစာတွေမှာ ပြန်ဆုံကြရအောင်နော်