ပဋိပက္ခဆိုတာ နေ့စဉ်ဘ၀မှာ ကျွန်တော်တို့နဲ့ ရင်းနှီးနေကျကိစ္စပဲဖြစ်ပါတယ်။
သူငယ်ချင်းနဲ့ စိတ်အခန့်မသင့် ဖြစ်တာတွေ၊ မိဘနဲ့စကားများတာကအစ ရည်စားနဲ့ စိတ်ဆိုးကြတာကအဆုံး ပဋိပက္ခလို့ ခေါ်ပါတယ်။
✔️ ဒါပေမဲ့ ပဋိပက္ခကြုံလာတိုင်း ကျွန်တော်တို့ ဘာလုပ်လေ့ရှိလဲ❓
✔️ ကျွန်တော်တို့ရဲ့ ပဋိပက္ခ ဖြေရှင်းနည်းတွေကကော ထိရောက်မှုရှိရဲ့လား❓
✔️ ဒါဆိုရင် ပဋိပက္ခတွေကြုံလာရင် ဘယ်နည်းတွေနဲ့ထိထိရောက်ရောက် ဖြေရှင်းလို့ရသလဲ❓
လေ့လာချက်အရ ပဋိပက္ခ ဖြေရှင်းနည်း (3) နည်း ရှိပါတယ်
1️⃣စေ့စပ်ညှိနှိုင်းရေး
ပြဿနာကြုံလာရင် နှစ်ဦးနှစ်ဖက်အကျိုးရှိ ကျေနပ်အောင် ဖြေရှင်းတဲ့နည်းဖြစ်ပါတယ်။
ဥပမာအနေနဲ့ မိမိလုပ်ချင်တဲ့အလုပ်ကို မိဘကခွင့်မပြုတဲ့ အခြေနေမျိုးမှာ ခွင့်ပြုလာအောင် ညှိနှိုင်းတဲ့သဘောမျိုးဖြစ်ပါတယ်။
2️⃣ ကြား၀င်ဖြန်ဖြေရေး
စေ့စပ်ညှိနှိုင်းလို့မရတဲ့အခြေနေမှာ ဘက်မလိုက်တဲ့ လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ကြား၀င်ဖြေရှင်းတဲ့သဘော ကိုဆိုလိုပါတယ်
ဥပမာအနေနဲ့ ရည်စားနဲ့ရန်ဖြစ်လို့ သူငယ်ချင်း တစ်ယောက်က ၀င်ညှိပေးတဲ့သဘောမျိုးပဲဖြစ်ပါတယ်။
3️⃣ ခုံသမာဓိနဲ့ ဖြေရှင်းရေး
ဒီနည်းကတော့ နှစ်ဦးနှစ်ဖက်က ရွေးချယ်ထားတဲ့သူတွေနဲ့ ဆုံးဖြတ်ခြင်းကို ဆိုလိုပါတယ်။ ကြီးမားတဲ့ ပဋိပက္ခတွေဖြေရှင်းရမယ့် အခြေနေမှာ သုံးလေ့ရှိပါတယ်။
ဥပမာအနေနဲ့ တရားရုံးမှ ာနှစ်ဖက်ရှေ့နေများနဲ့ တရားရင်ဆိုင်ရတဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။
ပဋိပက္ခဖြေရှင်းပုံ နည်းလမ်းအမျိုးမျိုး ကို အသေးစိတ် မှတ်သားသိရှိဖို့ အောက်က ဗီဒီယိုလေးမှာ လေ့လာလိုက်ကြရအောင်။
နောက်သင်ခန်းစာမှာ ပြန်ဆုံကြမယ်နော်။