ပဋိပက္ခ (Conflict) ဆိုတဲ့ ဝေါဟာရကို အရင်က ကြားဖူးပါသလား ❓
သင်ကိုယ်တိုင်ရော ပဋိပက္ခတွေ ကြုံတွေ့ခဲ့ရဖူးလား ❓
ပဋိပက္ခဆိုတာ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အမြဲ တွေ့ကြုံနေရ ကြားနေရတဲ့ အရာတစ်ခုပါ။ ဈေးဝယ်ရင်း ဈေးဆစ်ရင်း ရန်ဖြစ်တာ၊ လမ်းထိပ်က ခွေးနှစ်ကောင် ကိုက်တာကို ပိုင်ရှင်တွေ စကားများကြတာ၊ ကိုယ့်ချစ်သူရည်းစားနဲ့ စိတ်အခန့်မသင့်တာက စလို့ နောက်ဆုံး ကမ္ဘာနဲ့ ချီတဲ့ စစ်ပွဲတွေအဆုံးဟာ ပဋိပက္ခဆိုတဲ့ သတ်မှတ်ချက်အောက်မှာ အကျုံးဝင်ပါတယ်။
ဘယ်လိုအချိန်မှာ ပဋိပက္ခတွေ ဖြစ်တတ်ပါသလဲ ❓
အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ လူနှစ်ဦး (သို့မဟုတ်) လူအုပ်စု နှစ်စုဟာ သူတို့ဆီမှာ ကွဲပြားနေတဲ့ ဒါမှမဟုတ်ရင် ဆန့်ကျင်ဘက် ဖြစ်နေတဲ့ စိတ်ဝင်စားမှု၊ အကျိုးစီးပွားတွေ ရှိနေတယ်လို့ ယုံကြည်တဲ့ အခြေအနေမျိုးမှာ ပဋိပက္ခတွေ ဖြစ်တတ်ပါတယ်။
Causes of Conflicts (ပဋိပက္ခဖြစ်ရခြင်း အကြောင်းအရာ) တွေကို အကြမ်းဖျင်း အားဖြင့် (၄) မျိုး နားလည်နိုင်ပါတယ်။
🔴 Individual differences (တစ်ဦးချင်းစီရဲ့ မတူကွဲပြားမှုများ)
🔴 Cultural differences (ယဉ်ကျေးမှု ကွဲပြားမှုများ)
🔴 Clash of interests (စိတ်ပါဝင်စားမှု ထိပ်တိုက်ဖြစ်ခြင်းများ)
🔴 Social Change (လူမှုပြောင်းလဲမှုများ)
နောက်ထပ် အမျိုးအစားအနေနဲ့ ပဋိပက္ခဖြစ်စေတတ်တဲ့ အရင်းအမြစ်တချို့ကတော့
🔺 လူမှုရေးဆိုင်ရာ (Social)
🔺 နိုင်ငံရေးဆိုင်ရာ (Political)
🔺 စီးပွားရေးဆိုင်ရာ (Economic)
🔺 ဂေဟဗေဒဆိုင်ရာ (Ecological) စတာတွေပဲ ဖြစ်ပါတယ်။
လူမှုရေးဆိုင်ရာ အကြောင်းအရင်းတွေထဲမှာ လူမျိုး၊ ဘာသာ၊ ယုံကြည်မှု စတဲ့ ဝိသေသ လက္ခဏာတွေ မတူတာ၊ ယဉ်ကျေးမှုတွေ မတူကွဲပြားတာတွေကြောင့် ပဋိပက္ခ ဖြစ်တာမျိုးတွေ ပါပါတယ်။ နိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေကတော့ နိုင်ငံရေးအာဏာ ခွဲဝေမှုနဲ့ န်ိုင်ငံရေးအကျိုးအမြတ်တွေ ထိပ်တိုက်တွေ့ချိန်မှာ ဖြစ်လေ့ ရှိပါတယ်။ စီးပွားရေး၊ ငွေရေးကြေးရေးဆိုင်ရာ အကျိုးအမြတ်တွေ ညိစွန်းတာမျိုး ဖြစ်တဲ့အခါမှာ စီးပွားရေးပဋိပက္ခတွေ ဖြစ်တတ်ပြီး ကိုယ်နေထိုင်ရာ ဂေဟစနစ်ထဲမှာ မတူကွဲပြားတာတွေ များရင် ဂေဟဗေဒပဋိပက္ခတွေ ဖြစ်ပေါ် နိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ ပဋိပက္ခဖြစ်ရခြင်းအကြောင်းအရာတွေကို နားလည်ပြီး ပဋိပက္ခတွေကို အမျိုးအစား ခွဲခြားတတ်သွားနိုင်လိမ့်မယ် လို့ ယူဆပါတယ်။ နောက်ထပ် သင်ခန်းစာတွေမှာတော့ ဒီလို ပဋိပက္ခတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို လေ့လာလို့ ရမှာဖြစ်ပါတယ်။