အရည်အချင်းပြည့်ဝတဲ့ လူငယ်ခေါင်းဆောင်(Campus Chapter Director) တစ်ယောက်ဖြစ်ဖို့

ကိုဇာနည်ဟာ ခုလို အရည်အချင်းပြည့်ဝတဲ့ CCD တစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေ လိုအပ်လဲဆိုတဲ့ အကြောင်းအရာတွေကို ပြောပြထားပါတယ်။ 

“မင်္ဂလာပါ။ အကိုကတော့ ဇာနည်ပါ။ MYEO ရဲ့ Campus Chapter Director တစ်ယောက်ပါ။ အရည်အချင်းပြည့်ဝတဲ့ CCD တစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်တော့ ပထမဦးဆုံးနဲ့ အရေးကြီးဆုံးအချက် အနေနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်လိုအပ်မှာပါ။ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုချင်တဲ့ Community စိတ်ဓာတ် စွဲစွဲမြဲမြဲရှိနေဖို့ အရေးကြီးပါတယ်။ 

နံပါတ်(၂) အနေနဲ့က သင်ယူလိုစိတ် ပြင်းပြရပါမယ်။ အသစ်အသစ်သော အသိပညာဗဟုသုတတွေ၊ အကြံဉာဏ်တွေနဲ့ဖောက်ထွက်နိုင်စွမ်းရည်တွေကို အမြဲ လေ့ကျင့် သင်ယူလိုစိတ်ရှိနေရမှာဖြစ်ပါတယ်။

နံပါတ်(၃) အချက်အနေနဲ့ကတော့ ကိုယ့်ကျောင်း၊ ကိုယိ့တက္ကသိုလ် ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်က လူအနည်းဆုံး ၂ယောက်ကနေ ၄ ယောက်ကို ဦးဆောင်ပြီး ခန့်ခွဲနိုင်တဲ့ အရည်အချင်းရှိရမယ်။

နံပါတ်(၄) မှာတော့ ကိုယ်က CCD တစ်ဦးအနေနဲ့ Workshop တွေ Event တွေ လုပ်တဲ့အခါ လူအများရှေ့ ယုံကြည်ချက်ရှိရှိနဲ့ စကားပြောတင်ဆက်နိုင်ဖို့လိုပါတယ်။ 

နောက်ဆုံး အချက်ကတော့ ကိုယ့်ရဲ့ အချိန်ခန့်ခွဲမှုပါပဲ။ အချိန်တွေကို ကောင်းကောင်းခန့်ခွဲတတ်ပြီး ဖြစ်လာသမျှ အခြေအနေရပ်တိုင်းကို စနစ်ကျကျ နည်းမှန်မှန် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေရှိဖို့လိုပါမယ်။

ဒီလိုစွမ်းရည်တွေ ရှိမယ်ဆိုရင်တော့ ညီလေး၊ညီမလေးတို့ဟာလဲ မလွဲမသွေ အရည်အချင်းပြည့်ဝကြတဲ့ လူငယ်ခေါင်းဆောင်တွေ ဖြစ်လာကြမှာ သေချာပါတယ်။” 

ကျေးဇူးတင်ပါတယ်။