Cyber Bullying အကြောင်း သိကောင်းစရာ

Cyber Bullying😟 ဆိုတာဘာလဲ။❓

Cyber Bullying ဆိုတာ အွန်လိုင်းကနေ တစ်ဖက်လူကို စိတ်ထိခိုက်အောင် ပြစ်တင် ဝေဖန် ပြောဆိုတာပဲ ဖြစ်ပါတယ်။

Cyber Bullying က ခန္ဓာကိုယ်တိုက်ခိုက်ခံရတာမရှိပေမယ့် ဖုန်းကိုအသုံးပြုပြီးဝေဖန်ချက်တစ်ခုနဲ့တင် တစ်ဖက်သူရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အနိုင်ကျင့်လို့ရပါတယ်။

Cyber Bullying😟 ဘယ်လိုဖြစ်လာတာလဲ။

Joking လို့ခေါ်တဲ့ ဟာသပြောတာရယ် Teasing လို့ခေါ်တဲ့ နောက်ပြောင်တာတွေက ဖြစ်လာတာများပါတယ်။

ဘယ်လို တုံ့ပြန်မလဲ။☑☑

⏩ချက်ချင်းမတုံ့ပြန်ပါနဲ့။

⏩မိမိစိတ်ကို တည်ငြိမ်အောင် ထားပါ။

⏩Screenshot ရိုက်ထားပါ။
Screenshot ရိုက်ထားမယ်ဆိုရင် အတိုင်းအတာတစ်ခုထက် Bully လုပ်လာမယ်ဆိုရင် ဥပဒေအရ ဖြေရှင်းတဲ့အခါမှာ အသုံးဝင်ပါတယ်။

⏩Social Media သုံးတာကို နှစ်ပတ် လောက်ဖြစ်ဖြစ်ရပ်လိုက်ပါ။

⏩Bullying လုပ်တဲ့ လူရဲ့ အကောင့်ကို Block လိုက်ပါ။

⏩မိမိယုံကြည် စိတ်ချရတဲ့ သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ကိုယ်တိုင်ကရော သူတစ်ပါးကို Bully မလုပ်မိအောင် ဘယ်လို နေထိုင်မလဲ။❗❗

တစ်ခါတစ်လေ စိတ်ခံစားချက်အရ ကိုယ် မကျေနပ်တွေကို အွန်လိုင်းမှာ စာတွေတင်ပြီး ပြစ်တင်ပြောဆိုကြပါတယ်။ အဲ့လို ပြစ်တင် ပြောဆိုမှုတွေကနေ တစ်ဖက်လူ ထိခိုက်စေတာမျိုးက Cyber Bullying ဖြစ်စေပါတယ်။

☑ ဆိုရှယ်မီဒီယာ သုံးတဲ့အခါမှာ မိမိမျှဝေမယ့် အကြောင်းအရာ တွေကို အမြဲပြန်စစ်ပါ။

☑ တစ်စုံတစ်ယောက်ကို စိတ်ဆိုးရင်လည်း အွန်လိုင်းမှာ ပိုစ့်တင်ပြီး တစ်ဖက်လူကို ပြစ်တင်ပြောဆိုတာတွေကို ရှောင်ရှားပါ။

အွန်လိုင်းမှာ ပြစ်တင်ဝေဖန်တာတွေအပြင် လက်တွေ့မှာလည်း ပြစ်တင်ဝေဖန်တာမျိုးတွေကို သတိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တစ်ရပ်ဖြစ်ဖို့ အတွက် ပြစ်တင်ဝေဖန်ပြောဆိုတာတွေကို မိမိကိုယ်တိုင်က သတိထားပြီး Bullying လုပ်တာကို လျော့ချရမှာဖြစ်ပါတယ်။

Cyber Bullying အကြောင်းကို infographic ကတဆင့် လေ့လာနိုင်ပါတယ်။