Data Privacy and Data Ethicsအကြောင်း

Data Privacyဆိုတာဘာလဲ။

Information Privacy

Data Protection

🔏Data privacyဆိုတာက ဒေတာအချက်အလက်တွေနဲ့ အပြန်အလှန်ဆက်သွယ်လုပ်ဆောင်တဲ့အခါ အဲဒီအချက်အလက်တွေရဲ့ လုံခြံရေးနဲ့ လျို့ဝှက်ချက်(privacy)ကို ထိန်းသိမ်းပြီး အင်တာနက်တွေ အချက်အလက်တွေ အခြားသော နည်းပညာ တွေနဲ့ အပြန်အလှန် ပြုမူဆောင်ရွက်နိုင်တဲ့ စွမ်းရည်တစ်ခုလို့ဆိုနိုင်ပါတယ်။

🔏ဘယ်အချက်အလက်တွေကို shareလို့ရတယ် ဖျက်ပစ်လို့ရတယ်၊ဘယ်အချက်အလက်တွေကိုတော့ shareလို့မရဘူး ဖျက်ပစ်လို့မရဘူး ဆိုတာ နားလည်သဘောပေါက်တာကို ပြောတာဖြစ်ပါတယ်။

Data privacyက ဘာလို့အရေးကြီးတာလဲ။

လျှို့ဝှက်သိမ်းဆည်းထားတဲ့ အချက်အလက်တွေက မသမာသူတွေရဲ့လက်ထဲကိုရောက်သွားတဲ့အခါမှာ မလိုလားအပ်တဲ့ မကောင်းတဲ့အရာတွေဖြစ်လာနိုင်ပါတယ်။ အချက်အလက်တွေဆိုတာက ကုမ္ပဏီ မှာရှိတဲ့ အရေးကြီးဆုံး ပိုင်ဆိုင်မှုတွေထဲက တစ်ခုဆိုရင်လဲမမှားပါဘူး။ ဒေတာစီးပွားရေးတွေက မြင့်တက်လာတာနဲ့အတူတူ ကုမ္ပဏီ တွေက အချက်အလက်တွေကို စုဆောင်းတာ မျှဝေတာ အသုံးပြုတာတွေက တန်းဖိုးကြီးမားလွန်းတယ်ဆိုတာကို မြင်လာကြပါတယ်။

Data privacyလို့ပြောမယ်ဆိုရင် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီမှာ အများကြီး တာဝန်ရှိပါတယ်။ Data privacyအကြောင်း ပိုသိလေလေ အန္တရယ်ပေါင်းစုံကနေ ကိုယ့်ကိုယ်ကို ပိုပြီး ကာကွယ်နိုင်လေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Data Privacy က အရမ်းကို အရေးကြီးပါတယ်။

Data privacyနဲ့ Data Security ဘာကွာလဲ။

Data privacy က အချက်အလက်တွေကို ဘယ်လို စုဆောင်းထားတယ် ဘယ်လိုshareထားတယ်။ ဘယ်လိုအသုံးပြုလဲ ဆိုတာကို အဓိကထားပြီးတော့
Data security က အန္တရာယ်ရှိတဲ့ အတွင်းဘက်ကတိုက်ခိုက်သူတွေနဲ့ အပြင်ကနေတိုက်ခိုက်တဲ့ သူတွေဆီကနေ အချက်အလက်တွေ အလွှဲသုံးစားလုပ်တာကို ကာကွယ်ပေးပါတယ်။

ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ဖို့ ရိုးရှင်းတဲ့ အကြံပြုချက် (၅) ခု။

  • ကိုယ်ရေးကိုယ်တာအချက်အလက်များပါရှိသော စာရွက်စာတမ်းများကို မစွန့်ပစ်မီ၊ ဖျက်ချပစ်ပါ။ (Shred the documents)
  • အိမ်ရှိ Wi-Fi ကွန်ရက်နှင့် အခြားစက်ပစ္စည်းများကို လုံခြုံအောင်ပြုလုပ်ပါ။
  • အွန်လိုင်းအကောင့်များအားလုံးအတွက် ခိုင်မာပြီး ထူးခြားသော စကားဝှက်များကို အသုံးပြုပါ။
  • ဆိုရှယ်မီဒီယာပေါ်တွင် လုံခြုံပါစေ။
  • ဒစ်ဂျစ်တယ်အချက်အလက်စနစ်များတွင် သိမ်းဆည်းထားသည့် သင်ခွင့်ပြုချက်မရသော ဒေတာများကို ဝင်ရောက်ကြည့်ရှုရန် မကြိုးစားပါနှင့်။

Data Ethics ဆိုတာဘာလဲ။

🤹🏻‍♂️Data ethicsဆိုတာက လူနဲ့ လူ့အဖွဲ့အစည်းကို ဆိုးဆိုးရွားရွား ထိခိုက်စေဖို့ အလားအလာရှိတဲ့ ဒေတာတွေကို စုဆောင်းတာ၊ ထုတ်လုပ်တာ၊ ခွဲခြမ်းစိတ်ဖြာတာနဲ့ ဖြန့်ဝေခြင်းလိုမျိုး ဒေတာကျင့်ထုံးတွေကို အကဲဖြတ်တဲ့ လူ့ကျင့်ဝတ်ရဲ့ အကိုင်းအခက်တစ်ခုဖြစ်ပါတယ်။
Data Ethicsမှာက လူပုဂ္ဂိုလ်တစ်ယောက်ကို ခွဲခြားသိမြင်နိုင်တဲ့ အချက်အလက်တွေကို စုဆောင်းတာ၊ ကာကွယ်တာ အသုံးပြုတာနဲ့ ပတ်သက်ပြီး ကိုယ်ကျင့်တရားနဲ့သက်ဆိုင်တဲ့ တာဝန်ဝတ္တရားတွေ ပါဝင်တယ်။

ဒေတာကျင့်ဝတ် ၅ ခု။ 🕵🏻‍♀️

1. Ownership(ပိုင်ဆိုင်ခွင့်)🤗
Data Ethicsရဲ့ ပထမနိယာမကတော့ လူတစ်ဦးချင်းစီမှာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။ မိမိ နဲ့ မသက်ဆိုင်တဲ့ပစ္စည်းကို ခိုးယူတာလို့ ယူဆသလို၊ ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ဦးရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စုဆောင်းတာသည် ဥပဒေနဲ့မညီဘဲ သိက္ခာမဲ့ပါတယ်။

2. Transparency (ပွင့်လင်းမြင်သာမှု) 🔍
ဒေတာကောက်ယူခံရသူတွေဟာ ကိုယ်က အချက်အလက်တွေကို ဘယ်လိုစုဆောင်းဖို့၊ သိမ်းဆည်းဖို့ နဲ့ အသုံးပြုဖို့ အစီအစဉ်ရှိကြောင်း သိပိုင်ခွင့်ရှိပါတယ်။ ဒေတာစုဆောင်းတဲ့အခါမှာ ပွင့်လင်းမြင်သာမှုကို လက်တွေ့ ကျင့်သုံးပါ။

3. Privacy (လျှို့ဝှက်ခြင်း) 🔒
ဖောက်သည်တစ်ဦးက သူ့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက် (PII) ကို စုဆောင်း၊ သိမ်းဆည်းဖို့နဲ့ ခွဲခြမ်းစိတ်ဖြာဖို့ သဘောတူညီချက်ကို ပေးထားတယ်ဆိုရင်တောင် သူ့ရဲ့အချက်အလက်တွေကို လူသိရှင်ကြားပြသလို့ရတယ်လို့ မဆိုလိုပါဘူး။

4. Intention (ရည်ရွယ်ချက်)🌟
ဒေတာကို ဘာကြောင့် လိုအပ်တာလဲ၊ ရရှိလာမယ့်အရာတွေကို ခွဲခြမ်းစိတ်ဖြာပြီးရင် ကိုယ်က ဘာအပြောင်းအလဲတွေ ပြုလုပ်နိုင်မလဲ စတဲ့ မေးခွန်းတွေကို ဒေတာမစုဆောင်းခင် ကိုယ့်ကိုယ်ကို အရင်မေးပါ။ အကယ်၍ ကိုယ်က အခြားသူတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်ရှိရင်၊အချက်အလက်ဖြေဆိုသူရဲ့ အားနည်းချက်တွေကနေ အမြတ်ထုတ်ဖို့ ဒါမှမဟုတ် အခြားအန္တရာယ်ရှိတဲ့ ရည်မှန်းချက် တစ်ခုခုကို လုပ်ဆောင်မယ်ဆိုရင်၊ သူတို့ရဲ့ အချက်အလက်တွေကို စုဆောင်းတာက ကျင့်ဝတ်နဲ့ မညီပါဘူး။

5. Outcomes (ရလဒ်များ)📃
ရည်ရွယ်ချက်ကောင်းသည့်တိုင်အောင် ဒေတာခွဲခြမ်းစိတ်ဖြာမှုရလဒ်က လူတစ်ဦးချင်း ဒါမှမဟုတ် လူအုပ်စုတွေကို မရည်ရွယ်ဘဲ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

Data Privacy နဲ့ Data Ethics အကြောင်းကို Infographicလေးနဲ့ ပြပေးချင်ပါတယ်။

Data Privacy and Data Ethicsအကြောင်းကို အောက်က ဗီဒီယိုမှာလေ့လာလိုက်ပါနော်