Digital Security အကြောင်း လေ့လာရအောင်

အရင်ဆုံး ဒစ်ဂျစ်တယ် လုံခြုံရေးဆိုတာ ဘာလဲ။👨🏻‍💻

🔐ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာ အွန်လိုင်းအထောက်အထား၊ ဒေတာနဲ့ အခြားပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် အသုံးပြုသည့် အရင်းအမြစ်တွေကို စုထားသော အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။

🔐ဘယ်လိုအရာတွေလဲဆိုတော့ ဝဘ်ဝန်ဆောင်မှုတွေ၊ ဗိုင်းရပ်စ်နှိမ်နင်းရေးဆော့ဖ်ဝဲတွေ၊ စမတ်ဖုန်းဆင်းမ်ကတ်တွေ၊ Biometrics နည်းစနစ်တွေနဲ့ လုံခြုံတဲ့ တစ်ကိုယ်ရည်သုံး စက်ပစ္စည်းတွေ ပါဝင်ပါတယ်။

🔐ရှင်းရှင်းပြောရရင် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာ အွန်လိုင်းအထောက်အထားတွေကို ကာကွယ်ဖို့ အသုံးပြုတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်လုံခြုံရေး🔐နဲ့ ဆိုင်ဘာလုံခြုံရေး 🛡ဘာကွာလဲ။👩🏻‍💻

🛡ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ ဆိုင်ဘာလုံခြုံရေး က မတူကြပါဘူး။ ဒစ်ဂျစ်တယ်လုံခြုံရေးမှာ ဒေတာ၊ အထောက်အထား၊ ပိုင်ဆိုင်မှုတွေပါဝင်တဲ့ အွန်လိုင်းပေါ်တည်ရှိမှုတွေကို ကာကွယ်ပေးတာတွေ ပါပါတယ်။

🛡ဆိုင်ဘာလုံခြုံရေးကတော့ ပိုပြီး ကျယ်ပြန့်ပါတယ်။ ဆိုက်ဘာလုံခြုံရေးက ကွန်ရက်တစ်ခုလုံး၊ ကွန်ပျူတာစနစ်တွေနဲ့ အခြားသောဒစ်ဂျစ်တယ်အစိတ်အပိုင်းတွေ အပြင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုမှာ သိမ်းဆည်းထားသည့် ဒေတာတွေကို ကာကွယ်ပေးတာဖြစ်ပါတယ်။

🛡ဒစ်ဂျစ်တယ်လုံခြုံရေး ကို ဆိုင်ဘာလုံခြုံရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေက ဒီဝေါဟာရနှစ်ခုကို အပြန်အလှန် အသုံးပြုကြပေမဲ့ တကယ်တမ်းကျတော့ ဒစ်ဂျစ်တယ်လုံခြုံရေးက သတင်းအချက်အလက်(Information)တွေကို ကာကွယ်ပေးပြီး ဆိုင်ဘာလုံခြုံရေးကတော့ အခြေခံ စက်ပစ္စည်း၊ စနစ်တစ်ခုလုံး၊ ကွန်ယက်တစ်ခုလုံး နဲ့ သတင်းအချက်အလက်အားလုံးကိုပါ ကာကွယ်ပေးပါတယ်။

ဘာလို့ ဒစ်ဂျစ်တယ် လုံခြုံရေး က အရေးကြီးတာလဲ။👨🏻‍💻

🕵🏻‍♀️ဆိုင်ဘာပြစ်မှုကျူးလွန်သူတွေက ရရင်ရသလောက် ဒေတာ အချက်အလက် ပမာဏ၊ ငွေကြေး တွေကို နည်းလမ်းပေါင်းစုံနဲ့ ရယူဖို့ ကြိုးစားနေကြတဲ့ အခွင့်အရေးသမားတွေသာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ တကယ်လိုအပ်တာက သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တန်အောင် အတတ်နိုင်ဆုံး ကောင်းမွန်လွယ်ကူတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

ဥပမာ သူတို့က phishing🎣 လို့ခေါ်တဲ့ ဖြားယောင်းတိုက်ခိုက်တာကိုသုံးပြီး customer တစ်ယောက်ကိုပဲ အရူးလုပ်နိုင်ရင်တောင်မှ အဲဒီcustomerဆီက ရမယ့် အထောက်အထားတွေ အကြွေးဝယ်ကဒ်တွေကို ဆုလဒ်တစ်ခုအနေနဲ့ များပြားလှတဲ့ ငွေကြေးတွေကို ရယူနိုင်ပြီးဆိုတာပါပဲ။

ဒါကြောင့် အင်တာနက်အပေါ်မှာ မီခိုအားထားမှုတွေ တိုးလာတာက ဆုံးရှုံးစရာတွေ ပိုပြီးဖြစ်လာနိုင်တယ် ဆိုတာကို ပြနေတာဖြစ်ပါတယ်။ ​အခုလို ဆိုင်ဘာရာဇဝတ်မှုတွေ တိုးလာလေလေ ယုံကြည်စိတ်ချရတဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို ပိုပြီးလိုအပ်လာလေလေပဲ ဖြစ်ပါတယ်။🛡

Digital Security အကြောင်းကို အောက်ကပုံလေးကနေ လေ့လာကြည့်ရအောင်..🧐