Emergency Device Safety Tips

Smart phone, Laptop, desktop, tablet လိုမျိုး အီလက်ထရောနစ် စက်ပစ္စည်းတွေက ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းပြီး အင်တာနက် အလွယ်တစ်ကူ အသုံးပြုနိုင်ဖို့ ပြုလုပ်ထားတဲ့ အရာတွေဖြစ်ပါတယ်။

အဲဒီပစ္စည်းတွေကို စနစ်တကျ ကာကွယ်ထားခြင်းမရှိတဲ့ အချိန်မှာဖြစ်း၊ အရေးပေါ် အခြေအနေတွေမှာ လည်းကောင်း ထိခိုက်နစ်နာမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

မိမိရဲ့ စမတ်ဖုန်း၊ လပ်တော့ စတဲ့ စက်ပစ္စည်းတွေကို လုံခြုံမှုရှိစေဖို့ ပုံမှန်အချိန်အပြင် အရေးပေါ်အခြေအနေတွေမှာ ပြုလုပ်ရမယ့်နည်းလမ်းတွေကို သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။

မိမိရဲ့ Phone, Tablet လိုမျိုး ပစ္စည်းတွေကို ကိုင်တဲ့အခါမှာ စိတ်ချလုံခြုံစေဖို့ ပြုလုပ်ထားသင့်တဲ့နည်းလမ်းများ

(၁) ဖုန်းကိုအားကောင်းတဲ့ PIN ဒါမှမဟုတ် စကားဝှက်တစ်ခုခုနဲ့သော့ခတ်ထားပါ။
ကိုယ့်ရဲ့အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို ပိုမိုခက်ခဲစေပါတယ်။ စကားဝှက်တွေ PINs ထက်ပိုမိုလုံခြုံပြီး အနည်းဆုံးအက္ခရာ ၈ လုံးထားထားရမှာဖြစ်ပါတယ်။ စာလုံးအကြီးအသေး၊ နံပါတ်နဲ့အထူးသင်္ကေတတွေ ပေါင်းစပ်ထားတဲ့ ခိုင်မာပြီး လုံခြုံတဲ့ စကားဝှက်တစ်ခု ထားရှိသင့်ပါတယ်။

(၂) Applicationတွေကို အသုံးမပြုခင် သေချာစဉ်းစားပါ။
Applicationတွေကို အသုံးမပြုခင်မှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာပေါ်လစီကိုပြန်လည်ဆန်းစစ်ပြီး ဘယ်အချက်အလက်တွေ ဥပမာ-တည်နေရာ၊ဖုန်းနံပါတ်၊ အကြွေးဝယ်ကဒ် အပြင် ကိုယ့်ရဲ့ network ကို အသုံးပြုနိုင်ရင် ခွင့်တောင်းတာ စတဲ့ အချက်တွေကို Applicationကို Download မလုပ်ခင် အရင်ဆုံး ဆန်းစစ်သင့်ပါတယ်။

(၃) update ပြုလုပ်ပါ။
ဖုန်း၊ တက်ပလက် စတဲ့ အရာတွေမှာ ရှိတဲ့ Applicationတွေကို Upgrade အဆင့်မြှင့်တင်ပါ။ Operating System ကို update ပြုလုပ်ပါ။ update ရတာနဲ့ အမြန်ဆုံးပြုလုပ်သင့်ပါတယ်။

(၄) မလိုအပ်တဲ့ ၀န်ဆောင်မှုတွေကိုပိတ်ထားပါ။
Bluetooth, Wi-Fi Network Connection, Mobile Wallet လိုမျိုး အရာတွေက ကိုယ့်ရဲ့စမတ်ဖုန်းနဲ့အလွယ်တကူအသုံးပြုရလွယ်ပြီး အဆင်ပြေ ချောမွေ့စေပါတယ်။ ဒါပေမယ့် အဲဒီအရာတွေက ကိုယ့်ရဲ့အချက်အလက်တွေကို အနီးအနားမှာ ရှိရင် ခွင့်ပြုချက်မရှိဘဲ အလွယ်တကူရယူနိုင်နေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ Bluetooth, Wi-Fi စတဲ့အရာတွေကို မလိုအပ်တဲ့အခါ ပိတ်ထားရပါမယ်။ ကိုယ့်အသုံးမပြုတော့တဲ့အခြား Applicationတွေကိုလည် အသုံးမပြုဘူးဆိုရင် ပိတ်ထားတာ ဒါမှမဟုတ် ဖျက်ပစ်တာတွေ ပြုလုပ်သင့်ပါတယ်။

အရေးပေါ် အခြေအနေ များနှင့် ကြုံတွေ့ပါက ပြုလုပ်သင့်သည့် နည်းလမ်းများ

(၁) ဖုန်းမှာရှိတဲ့ အချက်အလက်တွေ လုံခြုံဖို့အတွက် Self Destruct ကို ပြုလုပ်ထားပါ။
ကိုယ့်အနေနဲ့ ဖုန်းပျောက်သွားတာ နဲ့ အရေးပေါ် အခြေအနေတွေမှာ ကိုယ့်ရဲ့ ဖုန်းမှာရှိတဲ့ Data အချက်အလက် တွေ မပါသွားရအောင် self destruct moodကို ပြုလုပ်ထားနိုင်ပါတယ်။ Self destruct ပြုလုပ်ထားတယ်ဆိုရင် ကိုယ့် ရဲ့ ဖုန်း Passcode ကို ၁၀ကြိမ်မှားယွင်းတဲ့အခါ Data တွေကို အလိုအလျောက် ဖျက်စီးပေးမှာဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း Self Destruct ကို on ထားလို့ရပါတယ်။

(၂) Burner Phone အသုံးပြုပါ။
Burner Phone တွေက ဈေးသက်သာပြီး အသုံးမလိုတဲ့အခါ ဖျက်ဆီးပစ်နိုင်တဲ့ လွယ်ကူတဲ့ဖုန်းအမျိုးအစား မျိုးဖြစ်ပါတယ်။ Burner phone အများစုက ကင်မရာ ဒါမှမဟုတ် ဝက်ဘ်ဆိုဒ်တွေကို အသုံးပြုလို့မရပါဘူး။ Privacy အရ ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက်တွေကို မပါသွားအောင် အရေးပေါ် အခြေအနေတွေမှာ Burner phoneတွေကို အသုံးပြုသင့်ပါတယ်။

(၃) အရေးပေါ်အခြေအနေကြုံလာတဲ့အခါ ဖုန်းကို ရေခဲသေတ္တာတို့ Microwaveတို့ မှာ ထည့်ထားသင့်ပါတယ်။

အရေးပေါ် အခြေအနေ များနှင့် ကြုံတွေ့ပါက မပြုလုပ်သင့်သည့် နည်းလမ်းများ

ဖုန်းကို မီးရှို့တာ၊ Power-offလုပ်ထားတာ၊ ရေနွေးအိုးတွေထဲ ကို ထည့်လိုက်တာတွေကို ‌မပြုလုပ်သင့်ပါဘူး။

Emergency Device Safety Tips Infographic ကို ကြည့်ကြည့်ရအောင်