Telegram ရဲ့ Privacy and Security အကြောင်း

Telegram ကတော့ Social Media Platform တွေရဲ့ အွန်လိုင်း Communication Application တစ်ခုဖြစ်ပါတယ်။

Telegram ရဲ့ Privacy Tips တွေကို လေ့လာကြရအောင်

(၁) မှားပိုမိတဲ့ မတ်ဆေ့တွေကို ပြင်နိုင်ခြင်း။

(၂) ကိုယ့်ရဲ့ data အမှန်တွေကိုလည်း ပေးမသိဘဲ အသုံးပြုနိုင်ခြင်း။

(၃) Group နဲ့ Channel များ ကို Private ပြုလုပ်နိုင်ခြင်း။

(၄) Secret Chat ပြုလုပ်ပြီး စာပို့နိုင်ခြင်း။

Telegram အကောင့်မှာ လုံခြုံရေး စနစ်တွေ ဘယ်လိုပြုလုပ်ထားမလဲ။

  1. Contact ထဲကမဟုတ်ပဲ ကိုယ်မသိတဲ့ မရိုးသားတဲ့ ဖုန်းနံပါတ် ဖြစ်ခဲ့ရင် Block Users ထဲသွားပြီး Contact ကို Block ပါ။
  2. ကိုယ့် ဖုန်းနံပါတ် ကို လည်း တစ်ခြားသူတွေ မမြင်အောင် Privacy Setting ထဲက Phone number ထဲမှာ Nobody or My Contact ကို နှိပ်ပြီး ပိတ်ထားပါ။
  3. အင်တာနက် အသုံးပြုနေတဲ့အချိန်မှာ ကိုယ်လိုင်းပေါ်မှာ ရှိနေလား၊ အွန်လိုင်း ဘယ်အချိန် နောက်ဆုံး အသုံးပြုခဲ့လဲ စတဲ့ Online Status ကိုလဲ Nobody ကို နှိပ့်ပြီး ပိတ်ထားလို့ရပါတယ်။
  4. ကိုယ့်ရဲ့ Profile Photo ကို မမြင်စေရင်တော့ Privacy Setting ထဲက Profile Photo Nobody နှိပ့်ပြီး ပိတ်ထားလို့ ရသလို ကိုယ့်ရဲ့ Contact တွေကို မြင်စေရင်တော့ My Contact ကို ရွေးထားလို့ရပါတယ်။
  5. ဖုန်းခေါ်ဆိုတာတွေကို ကိုယ့်ရဲ့ Contact ကို ခွင့်ပြုချင်တယ်ဆိုရင်တော့ Privacy Setting ထဲက Call ထဲမှာ My Contact ကို နှိပ့်ထားပေးရပါမယ်။
  6. Chat ထဲမှာ ပို့ထားတဲ့ စာတွေကို တစ်ဖက်လူက မိမိ ခွင့်ပြုချက်မရပဲ Forward လုပ်လို့မရအောင် Forward Message ထဲမှာ Nobody ကို နှိပ့်ပေးရပါမယ်။
  7. Group တွေထဲ ကိုယ့်ကို ဘယ်သူက ထည့်လို့ရလဲ ဆိုတာကိုလဲ ထိန်းချုပ်ထားနိုင်ပါတယ်။
  8. Passcode Lock On ထားပါ။
  9. Passcode ကို Lock On ထားတဲ့အတွက်ကိုယ့်ရဲ့ အကောင့် ထဲကို ဝင်တဲ့ အခါမှာ Finger Print System နဲ့ဖြစ်စေ ကိုယ်သတ်မှတ်ထားတဲ့ Pin Password နဲ့ ပဲ ဝင်လို့ရမှာ ဖြစ်ပါတယ်။Passcode ကို အနည်းဆုံး ၆ လုံး ထားနိုင်ပါတယ်။
  10. Telegram မှာ Two Step Verification ထားခြင်းဖြင့် ကိုယ့်အကောင့် ထဲကို တစ်ခြားလူက အလွယ်တကူ ဝင်ရောက်လို့မရနိုင်ပါဘူး။ (ဥပမာ, ကိုယ့်အကောင့်ကို တစ်ခြား ကွန်ပျူတာ မှာ QR Scan ဖတ်ပြီး ဝင်မယ်ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင် ကိုယ်ဖြစ်ကြောင်း Passwords တောင်းမှာဖြစ်ပါတယ်)
  11. Action Session ထဲမှ ကိုယ့် အကောင့် ကို ဘယ်Deviceတွေမှာ သုံးနေလဲဆိုတာကို သိနိုင်ပါတယ်။
  12. အရေးကြီး အကြောင်းအရာတွေကို စာနဲ့ ပို့ပြီးပြောတဲ့အခါ New Secret Chat ကိုနှိပ့်ပြီး စာပို့တာတွေ ပြုလုပ်နိုင်ပါတယ်။
    • Secret Chat ကိုသုံးပြီး အရေးကြီး အကြောင်းအရာတွေကို စာနဲ့ ပို့ပြီးပြောတဲ့အခါ မပေးပို့ခင်မှာ ဒီစာကို ဘယ်အချိန်မှာအလိုအလျောက် ဖျက်ပစ်မလဲ ဆိုတာကိုသတ်မှတ်ထားလို့ရပါတယ်။
    • Secret Chat နဲ့ပြောထားတဲ့ စာတွေကို Screenshot ရိုက်လို့ရမှာ မဟုတ်ပါဘူး။ အပြန်အလှန်ပို့ထားတဲ့ စာတွေကိုလည်း forwardလုပ်လို့မရသလို ပြန်ပြင်လို့လဲမရပါဘူး။ဒါကြောင့် အရေးကြီးတဲ့ အကြောင်းအရာတွေပြောမယ်ဆိုရင် Secret Chat ကို သုံးဖို့ တိုက်တွန်းပါတယ်။