ကိုဗစ်ကပ်ရောဂါက အချိန်ကြာကြာဖြစ်လာတာနဲ့အမျှ remote working လို့ခေါ်တဲ့ အိမ်ကနေအလုပ်လုပ်ခြင်းကို ပိုပြီးလုပ်ဆောင်လာကြရပါတယ်။ Remote working ပိုပိုပြီးလုပ်လာတာနဲ့အမျှ အွန်လိုင်းမီတင်တွေကလဲ မလွဲ မသွေ ကြုံတွေ့ရမယ့် အရာတစ်ခုဖြစ်ပါတယ်။
အွန်လိုင်းမီတင်များ ပြုလုပ်သောအခါ လိုက်နာသင့်သည့် အချက်များ
- လုံခြုံစွာချိတ်ဆက်ပါ။
- အိမ်သုံး ဝိုင်ဖိုင်နဲ့ ဗီဒီယိုကွန်ဖရင့်တူးလ် တွေက ပုံမှန်အတိုင်းဆိုရင် လုံခြုံမှုမရှိကြသေးပါဘူး။ ဒါကြောင့် သူတို့ရဲ့ settings ကို လုံခြုံတဲ့အထိပြောင်းထားသင့်ပါတယ်။ တကယ်လို့ မပြောင်းထားဘူးဆိုရင်တော့ Work from home လုပ်နေစဥ်အတွင်း အပြုအမူအချို့ကြောင့် အရေးကြီးတဲ့ အချက်အလက်တွေ ခိုးယူခံရတာ စတဲ့မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။
- အိမ်သုံး ဝိုင်ဖိုင် ရဲ့ မူလ Password (စကားဝှက်)ကို ခိုင်မာပြီး ရှုပ်ထွေးတဲ့ စကားဝှက်အဖြစ် ပြောင်းလဲ ထားရှိဖို့လိုအပ်ပါတယ်။ ဝိုင်ဖိုင်ရဲ့ အမည်ကိုတော့ သာမာန် အမည်ပဲ ထားထားလို့ရပါတယ်။
- အိမ်မှာသုံးနေတဲ့ ဝိုင်ဖိုင် ရော်တာကိုလျှို့ဝှက်ကြိုးမဲ့စံနှုန်းဖြစ်တဲ့ WAP 2 ဒါမှမဟုတ် WAP 3 ကို အသုံးပြုထားပါ။
- အများအသုံးဟော့စပေါ့နဲ့ ကွန်ယက်တွေ အသုံးပြုခြင်းကိုလဲ ရှောင်ရှားသင့်ပါတယ်။
- ဗီဒီယို ကွန်ဖရင့်တူးလ်တစ်ခု အသုံးမပြုခင် ပြုလုပ်ရမည့် အချက်များ
- အလုပ်ကိစ္စနဲ့ဆိုင်တဲ့ မီတင်တွေကို ပြုလုပ်တော့မယ်ဆိုရင် မိမိအဖွဲ့အစည်းက အတည်ပြုပေးထားတဲ့ ဗီဒီယို ကွန်ဖရင့် ဆော့ဖ်ဝဲတွေကိုသာ စက်ပစ္စည်းကိရိယာတွေမှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။
- ဗီဒီယိုကွန်ဖရင့်တူးလ်တွေမှာလည်း လုံခြုံရေးနဲ့ ကုဒ်ဝှက်ခြင်းဆက်တင်တွေကို ဖွင့်ထားဖို့လိုအပ်ပါတယ်။ ဒီဆက်တင်တွေကတော့ ပုံမှန်အားဖြင့် အလိုအလျောက်ဖွင့်ထားတာမဟုတ်တဲ့အတွက် ကိုယ်တိုင်ပြုလုပ်ရပါမယ်။
- ဝင်ရောက်မှုကို ထိန်းချုပ်ပါ။
ထိန်းချုပ်မှုကင်းမဲ့တဲ့ စကားပြောဆိုဆက်ဆံမှုတွေမှာ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို ဆွေးနွေးတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံတွေ့ရတတ်လို့ပါပဲ။- မီတင် ဒါမှမဟုတ် eventတွေကို ဝင်ရောက်ဖို့အတွက် ကုဒ်နံပါတ် သို့မဟုတ် စကားဝှက်တစ်ခုခု ထားရှိပါ။
- မီတင် ကုဒ် နဲ့ စကားဝှက် တစ်ခုတည်းကို ထပ်ခါထပ်ခါ အသုံးမပြုပါနဲ့။
- ဘယ်အသက်အရွယ် အပိုင်းအခြားကိုသာ ဖိတ်ထားမလဲ၊ ဘယ်သူတွေကို ဝင်ရောက်ခွင့်ပေးမလဲဆိုတာကို ကြိုတင်သတ်မှတ်ထားပါ။
- ဖိတ်ကြားချက် invitation တွေကို Facebookလို social mediaမျိုးမှာ ကျယ်ကျယ်ပြန်ပြန် ဖြန့်ဝေထားမယ်ဆိုရင်တော့ ပိုပြီးသတိထားဖို့လိုပါတယ်။
- မီတင်ထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့သူတွေကို သိရှိနိုင်ဖို့အတွက်လည်း “Waiting Room”ကို ဖွင့်ထားပါ။
- ဖိတ်ထားတဲ့ တက်ရောက်သူအားလုံး ရောက်ရှိနေပြီဆိုရင်တော့ မီတင်ကို lockလုပ်လိုက်ပါ။
- မီတင်အစီအစဥ်ကို အများသုံး(public)အနေနဲ့ မျှဝေထားတယ်ဆိုရင်တော့ တက်ရောက်သူတွေကို ကိုယ်တိုင်လက်ခံပြီး ဖယ်ရှားနိုင်အောင်လဲ ပြုလုပ်ထားပါ။
- ဖိတ်ကြားချက် invitation ကို ဘယ်သူတွေဆီကို ဘယ်လိုမျိုး မျှဝေထားသလဲဆိုတာကို သတိပြုပါ။
- ဖိုင်တွေ မျှဝေတာတွေ screen sharing လုပ်တာတွေ မီတင်ကို အသံသွင်းပြီး မှတ်တမ်းတင်ထားမှုတွေကို စီမံခန့်ခွဲပါ။
ထိန်းချုပ်မှုမရှိတဲ့ မျှဝေမှုတွေ၊ မှတ်တမ်းတင်ထားမှုတွေက မကောင်းတဲ့ ဘက်ကို ဦးတည်သွားစေနိုင်သလို အရေးကြီးတဲ့ ဖိုင်တွေ ကို အခြားမသမာသူတစ်ယောက်ယောက်က ရသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေကို ထိန်းချုပ်ဖို့ ရိုးရှင်းတဲ့နည်းလမ်းအချို့ကို ရှင်းပြချင်ပါတယ်။- မျှဝေနိုင်တဲ့ ဖိုင်းအမျိုးအစားကို ကန့်သတ်တဲ့ ဆက်တင်တွေကို ပြောင်းထားပါ။ ဥပမာ exe ဖိုင်တွေကို ခွင့်မပြုထားဖို့အရေးကြီးပါတယ်။
- အစည်းအဝေးကို မှတ်တမ်းတင် အသံသွင်းတော့မယ်ဆိုရင် တက်ရောက်သူတွေကိုလဲ အသိပေးပါ။
- အစည်းအဝေးပိုင်ရှင်(host)အနေနဲ့လည်း မှတ်တမ်းတင်အသံသွင်းမှုကို ဘယ်လို လုပ်ဆောင်နိုင်တယ်ဆိုတာကို ကြိုတင်လေ့လာထားသင့်ပါတယ်။
- မှတ်တမ်းတင် အသံသွင်းမှုကို clouldမှာ ပြုလုပ်တာထက် သုံးနေတဲ့ စက်ပစ္စည်းမှာသာ ပြုလုပ်ပါ။
- အသံသွင်းမှုတွေကို သိမ်းဆည်းတဲ့အခါ ဖိုင်နာမည်ကို ပြောင်းလဲသတ်မှတ်ပါ။
- ဗီဒီယိုကွန်ဖရင့် တူးလ်တွေမှာ မှတ်တမ်းတင် အသံသွင်းတာနဲ့ ပက်သက်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်ရာ အကြံပေးအဖွဲ့အများနှင့် တိုင်ပင်ပါ။
- ဗီဒီယိုကွန်ဖရင့် ပြုလုပ်နေစဥ်အတွင်း screen sharingမလုပ်ခင်မှာ ကိုယ် share မယ့် အချက်အလက်တွေရဲ့ ထိခိုက်လွယ်မှု(sensitivity)ကို ထည့်သွင်းစဉ်းစားဖို့က အရမ်းကို အရေးကြီးပါတယ်။
- အသုံးပြုနေတဲ့ ဗီဒီယိုကွန်ဖရင့်ဆော့ဖ်ဝဲ ကို နောက်ဆုံးဗားရှင်း အပ်ဒိတ်ပြုလုပ်ပါ။
ဝိုင်ဖိုင်ရတဲ့အခါ auto-update ပြုလုပ်တာကိုလဲ ဖွင့်ထားလို့ရပါတယ်။ ဒိပ်အောက်နေတဲ့ ဗီဒီယိုကွန်ဖရင့် အက်ပလီကေးရှင်းတွေမှာဆိုရင် ဟက်ကာတွေက လုံခြုံရေးခြိမ်းခြောက်တာ၊ အရေးကြီးတဲ့အချက်အလက်တွေပေါက်ကြားတာ စတဲ့ အဖျက်သဘောဆောင်တဲ့ အပြုအမူတွေကို ပြုလုပ်လာနိုင်ချေရှိပါတယ်။ ဒါကြောင့် ဖုန်းမှာဖြစ်စေ ကွန်ပျူတာမှာဖြစ်စေ အခြား စက်ပစ္စည်းတွေပေါ်မှာဖြစ်စေ installလုပ်ထားတဲ့ ဗီဒီယိုကွန်ဖရင့်တူးလ်တွေကို အမြဲ အပ်ဒိတ်ပြုလုပ်ထားရပါမယ်။ အပ်ဒိတ်တွေကိုလဲ ပုံမှန်စစ်ဆေးပြီး အပ်ဒိတ်ရတာနဲ့ တပြိုင်နက် နောက်ဆုံးဗားရှင်းကို အပ်ဒိတ်လုပ်ဖို့ကိုလဲ အကြံပြုလိုပါတယ်။