Password Security အကြောင်း

ကိုယ့်ရဲ့ password ကို MgMg123 ဆိုပြီး အလွယ်ထားတုန်းပဲလား။

ကိုယ့်ဖုန်းနဲ့ ကိုယ်သုံးနေတဲ့ အွန်လိုင်း App တွေရဲ့ privacy settings တွေကို သတိထားပြီး ကြည့်ဖြစ်လား။

လျှို့ဝှက်ကုဒ်တွေက နေ့စဥ် လုပ်ငန်းဆောင်ရွက်မှု တွေအတွက် အရေးပါဆုံး ဖြစ်ပါတယ်။

ကွန်ပျူတာကို Login ဝင်ရောက်ရန်၊ Social Media တွေထဲ Login ဝင်ရောက်တာတွေ၊ Banking အကောင့်တွေထဲ ဝင်ရောက်ဖို့ အတွက်လျှို့ဝှက်ကုဒ်က မရှိမဖြစ် လိုအပ်ပါတယ်။

Password လုံခြုံရေးအတွက် ရှောင်ရန်အချက်များ

  • မှတ်စု စာအုပ်တွေမှာမှတ်သားခြင်း။
  • အကောင့်တစ်စုစီတိုင်းမှာ တူညီသော လျှို့ဝှက်ကုဒ်ထားခြင်း။
  • ဖုန်းနံပါတ်၊ မွေးနေ့၊မှတ်ပုံတင် နံပါတ်များကို လျှို့ဝှက်ကုဒ်ထားခြင်း။

လျှို့ဝှက် နံပါတ်တွေကို ဘယ်လို လုံခြုံအောင်ထားမလဲ။

  1. အကောင့်တစ်ခုချင်းစီအတွက် မတူညီတဲ့ လျှို့ဝှက်နံပါတ်တွေကို အသုံးပြုပါ။
    ဥပမာ- ကိုယ်က Facebook , Email, Instagram သုံးတယ်ဆိုရင် အကောင့်တစ်ခုစီတိုင်းကို မတူညီတဲ့ လျှို့ဝှက်နံပါတ်တွေ ထားပေးပါ။
  2. Password Manager လို့ခေါ်တဲ့ ကိုယ်ရဲ့ လျှို့ဝှက်နံပါတ်တွေကို စီမံခန့်ခွဲပေးတဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုပါ။
  3. လျှို့ဝှက်နံပါတ် တွေကို အနည်းဆုံး 8 လုံးထားပြီး အများဆုံး ၁၂ လုံးထားရပါမယ်။
  4. တစ်လ တစ်ခါ သို့မဟုတ် ၃ လ တစ်ခါ လျှို့ဝှက်နံပါတ်များပြောင်းပေးပါ။(Optional)

ခိုင်မာတဲ့ လျှို့ဝှက်နံပါတ် တစ်ခု ဘယ်လို ဖန်တီးမလဲ။

  1. နံပါတ်များ သုံးပါ။
  2. စာလုံး အကြီး အသေး များ သုံးပါ။
  3. Special Character လို့ခေါ်တဲ့ #$@ များ သုံးပါ။
  4. အများဆုံး ၁၂ လုံးထားပါ။

Password Sample တစ်ခုကို ကြည့်ကြည့်လိုက်ပါ။

Password Security အကြောင်းကို infographic လေးနဲ့ လေ့လာကြည့်ရအောင်။

Bidwarden အသုံးပြုပုံကို အောက်က ခလုတ်လေးကနေ လေ့လာလိုက်ပါနော်။

စကားဝှက်လုံခြုံရေးအကြောင်းကို အောက်က ဗီဒီယိုမှာအသေးစိတ်လေ့လာလိုက်ပါနော်