Viber က Social Media platformထဲက Online Communication App တစ်ခုဖြစ်ပါတယ်။
Viber ကိုအသုံးပြုတဲ့အခါ တစ်ဦးချင်းစီပို့တဲ့ One-on-One Chats တွေဖြစ်ဖြစ်၊ အဖွဲ့လိုက်စာပို့စနစ်ဖြစ်တဲ့ Group Chats တွေဖြစ်ဖြစ် ပေးပို့လာတဲ့ အကြောင်းအရာတွေကို စာပို့သူနဲ့ စာလက်ခံရရှိသူကပဲဖတ်ရှုနိုင်တာက Viberမှာ End-to-End Encryption ပါလို့ပဲဖြစ်ပါတယ်။
Viber မှာရှိတဲ့ Privacy စနစ်တွေကို ဘယ်လို ထားမလဲ။ ❓
(၁) Chatting ကို လုံခြုံမှု ရှိမရှိ စစ်ဆေးပါ။✉
စကားစပြောတဲ့အခါ Conversation က လုံခြုံမှုရှိမရှိ၊ Encrypted ဖြစ်မဖြစ်ကိုChat Info & Settings ကနေ စစ်လို့ရပါတယ်။ သော့ပုံလေးနဲ End-to-end encrypted လို့ပေါ်နေရင် စိတ်ချလက်ချ စာပို့လို့ရပါပြီ။ သော့ခလောက်ပုံလေး မပေါ်ရင်တော့ နှစ်ဖက်စလုံးက Version Update မလုပ်ရသေးလို့ဖြစ်နိုင်တယ်။
(၂) Message တွေကို အလိုအလျောက် ဖျက်တဲ့ စနစ်ကို ထားပါ။⏳
အရေးကြီး အကြောင်းအရာတွေကို စာနဲ့ ပို့ပြီးပြောတဲ့အခါ မပေးပို့ခင်မှာ ဒီစာကို ဘယ်အချိန်မှာအလိုအလျောက် ဖျက်ပစ်မလဲ ဆိုတာကိုသတ်မှတ်ထားလို့ရပါတယ်။ ဒါကို Disappearing Messages လို့ ခေါ် ပြီးတော့ စာပို့တဲ့ နေရာရဲ့ ဘေးနားလေးကနာရီပုံစံလေးပဲဖြစ်ပါတယ်။ Disappearing Message ကို ဖွင့်ထားတဲ့အခါ တစ်စုံတစ်ယောက် က Screenshot ရိုက်ခဲ့မယ်ဆိုရင် သတိပေးတဲ့အနေနဲ့ Screenshot ရိုက်ယူလိုက်ကြောင်း Notification ရောက်လာမှာပါ။
(၃) မှားပိုမိတဲ့ မတ်ဆေ့တွေကို ဘယ်လို ပြန် ပြင်မလဲ။🚮
စာပို့တဲ့အခါ စာလုံးပေါင်းမှားတာဖြစ်ဖြစ်၊ ပုံတွေမှားပို့မိတာပဲဖြစ်ဖြစ် ပြင်ချင်တဲ့စာ ဒါမှမဟုတ် ဖျက်ချင်တဲ့စာကို ဖိပြီး ပြင်တာ ဖျက်တာလုပ်လို့ရပါတယ်။ စာကို အခြားသူက မြင်ပြီးပြီဆိုရင်တောင် ပြင်တာ ဖျက်တာ ပြုလုပ်နိုင်ပါသေးတယ်။
(၄) conversation များကို ဝှက်ထားခြင်း။📔
ကိုယ့်ရဲ့ Chat List ထဲကနေ တစ်ချို့ Conversation တွေကို ဖွက်ထားချင်ရငိ Hide Chatကို နှိမ့်ပြီး Pin ၄ လုံး ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Hide ထားတဲ့ Conversation ကို ပြန်ပေါ်စေချင်ရင်တော့ အဲ့ဒီ Conversation ထဲကို ဝင်ပြီး Unhide ကို နှိပ်ပြီး သတ်မှတ်ထားတဲ့ Pin 4 ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
(၅) Share Online Status ကို ပိတ်ထားပါ။📴
အင်တာနက် အသုံးပြုနေတဲ့အချိန်မှာ လိုင်းပေါ်မှာ ရှိနေလား၊ ဘယ်အချိန် နောက်ဆုံး အသုံးပြုခဲ့လဲ ဆိုတာကို ပြပေးတဲ့ Share Online Status ကို ပိတ်ထားရပါမယ်။ တစ်ခြားသူပေးပို့ထားတဲ့စာကို ဖတ်ပြီးကြောင်း ပြတဲ့ SeenStatusကိုလဲကိုယ့်စိတ်ကြိုက်ဖွင့်ထား၊ပိတ်ထားလို့ရပါတယ်။
(၆) Group တွေထဲ ကိုယ့်ကို ဘယ်သူက ထည့်လို့ရလဲ ဆိုတာကိုလဲ ထိန်းချုပ်နိုင်ပါတယ်။🔒
(၇) Block ထားတဲ့ ဖုန်းနံပါတ်တွေကိုလဲ Block List ကနေ ကြည့်နိုင်ပါတယ်။❌
Viber ရဲ့ Online Privacy Tips တွေကို ဘယ်လို ထားပြီး သုံးရမလဲဆိုတာကို Infographic ကနေ လေ့လာလို့ရပါတယ်။
Viber မှာ Privacy ရှိရှိ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာကို အောက်က ဗီဒီယိုမှာ ကြည့်လိုက်ပါနော်