Presentation Skills ကောင်းအောင် ဘာတွေလုပ်မလဲ။

Presentation ဆိုတာဘာလဲ။
Presentation ဆိုတာ ကိုယ်မျှဝေချင်တဲ့အရာတွေကို တစ်ဖက်လူ နားလည် သဘောပေါက်အောင် ဆွေးနွေး တင်ပြခြင်းပဲဖြစ်ပါတယ်။
လူမှုဆက်ဆံရေး နယ်ပယ်မှာ Presentation Skills and Public Speaking ဟာ မရှိမဖြစ် လိုလာတာနဲ့ အတူ လူအများစုကလည်းPresentationလုပ်တယ်ဆိုတဲ့စကာအသုံးအနှုန်းတွေက လူတိုင်းအတွက်ရင်းနှီးပြီးသားဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်မှာ ဖြစ်စေ ကျောင်းမှာ တင်ပြဆွေးနွေးမှုတွေ လုပ်ရတဲ့ အခါ presentation Skill က မရှိမဖြစ် လိုအပ်လာပါတယ်။

Presentation တင်ဆက်မှု ပုံစံအမျိုးမျိုးရှိပါတယ်။ အများကြီးရှိပေမယ့် အသုံးများတဲ့ (၄) မျိုးအကြောင်းကိုပြောပြချင်ပါတယ်။

1. Informative Presentations
ကိုယ်သိထားတဲ့ အချက်အလက်တွေကို မျှဝေတာမျိုးဖြစ်ပါတယ်။
ဥပမာ. ကိုယ်က ဆေးပညာ၊ စိုက်ပျိုးရေး ၊ နည်းပညာ စတဲ့ လေ့လာထားတဲ့ အကြောင်းအရာကို သေချာစုဆောင်းပြီး ပြန်လည်မျှဝေ တင်ဆက်တာပဲ ဖြစ်ပါတယ်။

2. Instructive Presentations
ကိုယ်ရဲ့ ဆွေးနွေးတင်ပြချက် အကြောင်းအရာကို သိရှိနားလည်ရုံမက လိုက်နာဆောင်ရွက်ဖို့ အထိ ရည်ရွယ်ပြီး တင်ဆက်ခြင်းပုံစံဖြစ်ပါတယ်။ ဥပမာ . Workshop, Training , Webinar တို့မှာ တင်ဆက်တာမျိုးဖြစ်ပါတယ်။

3. Persuasive Presentations
ကိုယ့်ရဲ့ ထုတ်ကုန် အကြောင်း တင်ပြရင်း ကိုယ့်ထုတ်ကုန်ကို သုံးစွဲ ဖို့ Audience ကို ဆွဲဆောင်ပြီး တင်ဆက်တာ ဖြစ်ပါတယ်။
ဥပမာ။ အာမခံ Company က သူ့ အာမခံနဲ့ ပက်သတ်တဲ့ Service and Policy တွေကို တင်ပြရောင်းချခြင်းဖြစ်ပါတယ်။

4. Motivational Presentations
လူတွေ စိတ်ခွန်အား ရအောင်ပြုမှု ဆောင်ရွက်ချက်တွေ နဲ့ ပြောင်းလဲလာအောင် တင်ဆက် မှု ဖြစ်ပါတယ်။
ဥပမာ။ TED talk မှာ motivational speakers တွေ တင်ဆက်မှု ပုံစံပဲ ဖြစ်ပါတယ်။

Presentation Skills တွေ ပြည့်ဝ ဖို့ ဘယ်လို ပြင်ဆင်ရမလဲ

  1. သပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ။
    ကိုယ့်ရဲ့ ဝတ်ပုံစားပုံက Smart ဖြစ်နေဖို့ လိုအပ်ပါတယ်။ Formal Presentation လုပ်ရမယ်ဆိုရင် Formal ကျကျလေးဝတ်စားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝတ်ထားတဲ့ အဝတ်စားက သက်တောင့်သက်တာဖြစ်ဖို့လည်း လိုအပ်ပါတယ်။
    ဝတ်စားဆင်ပုံက ဘာအတွက် အရေးကြီးတာလဲ။
    ကိုယ်က လူအများရှေ့ မျှဝေပြောဆိုနေချိန်မှာ ကိုယ့်ရဲ့ ဝတ်စားဆင်ပုံက အရမ်းကြပ်နေတာတို့ ပွနေတာတို့ ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ Self Confident ကျစေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Personal Grooming ကို ကောင်းအောင် ပြုလုပ်ထားရပါမယ်။
  2. ကြိုတင်ဆင်ပြင်ပါ။
    အကောင်းဆုံး Presentation တစ်ခု ဖြစ်ဖို့ အစစအရာရာ ကြိုတင် ပြင်ဆင်ထားရပါမယ်။ ဘာ အကြောင်းအရာ တွေ မျှဝေမလဲ။ Audience တွေကို ဘယ်လို နားလည်အောင် ပြောမလဲ။ Audience ရှေ့ မထွက်ခင်မှာလည်း မှန်ရှေ့မှာ ကိုယ်တစ်ယောက်တည်း ပြောပြီး လေ့ကျင့်တာမျိုး၊ ဒါမှမဟုတ် ကိုယ့်ရဲ့ သူငယ်ချင်းတွေရှေ့မှာ ပြောတာမျိုး တွေ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ နောက်တစ်ခု အနေနဲ့ Presenter, Pointer , Projector , စတဲ့ ပစ္စည်းတွေကိုလည်း သေချာပြင်ထားရပါမယ်။
  3. PowerPoint များ ကို သေချာ ပြင်ဆင်ပါ။
    Presentation လုပ်တဲ့ အခါတိုင်း PowerPoint ပြင်ဆင်ရပါတယ်။ ကိုယ်ပြောတဲ့ အကြာင်းအရာတွေ အစီစဉ် တကျ ဖြစ်ဖို့ အတွက် Power Point ပြင်ဆင်မှုက အရမ်းကို အရေးကြီး တဲ့ ပြင်ဆင်မှု ထဲမှာ ပါဝင်ပါတယ်။ PowerPoint ကို ပြင်ဆင်တဲ့ အခါမှာလည်း Audience တွေ နားလည် မှတ်မိစေမယ့် Short to the point တွေနဲ့ ပြင်ပြီး Visual Learning တစ်ခုဖြစ် အောင် ဖန်တီးထားဖို့လိုအပ်ပါတယ်။ Visual ဆိုတာက PowerPoint ထဲ စာတွေ အများကြီး နဲ့ ပြင်ဆင်တာမျိုး မဟုတ်ပဲ ကိုယ်ရှင်းပြမယ့် စာကို အတိုချုပ်ပြီး ပုံလေးတွေနဲ့ Audiencesတွေ နားလည်အောင် ဖန်တီးတာပဲဖြစ်ပါတယ်။
  4. Audience ကို ကျောခိုင်းတာမျိုး မလုပ်ပါနဲ့။
    Presenter တစ်ယောက်အနေနဲ့ အကြောင်းတစ်ခုခု ရှင်းပြနေစဥ်မှာ PowerPoint Slide ကို နောက်ပြန်လှည့်ကြည်ပြီး ရှင်းပြတာတွေကို ရှောင်ရပါမယ်။ အဲ့လို လုပ်ခြင်းက Audience ကို မလေးစားတာမျိူးဖြစ်စေပါတယ်။
  5. Eye Contact ရှိပါစေ။
    ကိုယ့်ရဲ့ Audience တွေက ကိုယ်မျှဝေမယ့် အကြောင်းအရာကို ပိုပြီး စိတ်ဝင်စားလာအောင် Eye Contact ထားပြီးရင်းနှီးမှုရအောင်ယူပါ။
  6. Topic ကို သေချာ သတ်မှတ်ပါ။
    ကိုယ်ပြောမယ့် အကြောင်းအရာနဲ့ ကိုယ့်ရဲ့ Audience က ကိုက်ညီဖို့ လိုအပ်ပါတယ်။ နားထောင်မယ့် Audience ဘယ်လိုလဲ ဆိုတာ သိရပါမယ်။အကယ်၍ မကိုက်ညီပဲ လွဲနေရင် ကောင်းမွန်တဲ့ Presentation တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။
  7. နောက်ဆုံး အချက်ကတော့ Question Handover ပဲ ဖြစ်ပါတယ်။
    ကိုယ်ရဲ့ တင်ဆက်မှုတွေက ပြီးသွားတဲ့ အခါ Audience တွေ ဆီက မေးခွန်းကို နားထောင်ရမှာပဲဖြစ်ပါတယ်။ မေးခွန်းကို ကိုယ့်ဘက် အတတ်နိုင်ဆုံး ဖြေနိုင်အောင် ပြင်ဆင်ရပါမယ်။ ကိုယ် မသိတဲ့ အရာဆိုရင်တောင် သေချာပြန်စမ်းစစ်ပြီး ပြန်ပြောပေးပါ့မယ်ဆိုတဲ့ ဖြေဆိုမှုကို လုပ်ပေးရပါမယ်။

ဒါကတော့ ကျွန်မတို့ နေ့စဥ်ဘဝ မှာ Presentation လုပ် တဲ့ အခါမှာ သိထားရမယ့် အချက်တွေကို မျှဝေပေးသွားတာပဲဖြစ်ပါတယ်။

Presentation Skills အကြောင်းကို Infographic နဲ့ ဗီဒီယိုကနေ လေ့လာကြည့်ရအောင်


ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း Remote Working အများအပြား လုပ်လာရတဲ့ အတွက် Virtual Presentation Skills က မရှိမဖြစ် လိုအပ်လာပြီပဲဖြစ်ပါတယ်။ online presentation ပြုလုပ်တဲ့အခါ သိထားသင့်တဲ့ နည်းလမ်းလေးတွေကတော့…….

၁။ ကိုယ်ပိုင် Home Studio အသေးလေးတစ်ခု တည်ဆောက်ပါ။

Presentation လုပ်တဲ့ အခါမှာ ကိုယ့် အသံကို Audience တွေက ကြည်လင်ပြတ်သားစွာ ကြားနိုင်ဖို့အတွက် Microphone ကို သေချာ တပ်ဆင်ပါ။
ကိုယ့်ရဲ့ မျက်နှာကို Audience တွေ သေချာမြင်နိုင်ဖို့၊ Eye contact ပိုရစေဖို့ Webcam ကို သေချာ ချိတ်ဆက်ပါ။
Presentation ပြုလုပ်နေစဥ်အတွင်း Audience တွေ ဘက်ကကိုယ့် နောက်ခံ ဆူညံသံတွေ မပါအောင် အခန်းကို လုံခြုံအောင်ဖန်တီးထားရပါမယ်။
ကိုယ့်ရဲ့ Virtual Background ကို လှပအောင်ဖန်တီးထားဖို့လိုပါတယ်။
ဒါကြောင့် ကိုယ်ပိုင် Studio အခန်းလေးတစ်ခု ဖန်တီးထားဖို့ လိုအပ်ပါတယ်။

၂။ ကိုယ်တင်ဆက်မယ့် အကြောင်းကို နားလည်ပါစေ။

ကိုယ်မျှဝေမယ့် အကြောင်းအရာက နားထောင်မယ့် Audience နဲ့ ကိုက်ညီမှု ရှိလားကို သေချာ စမ်းစစ်ဖို့ လိုအပ်ပါတယ်။
ကိုယ့် Audience နဲ့ ပိုပြီး ရင်းနှီးအောင် မငြီးငွေ့အောင် ရယ်မောစေမယ့် ဟာသ အကြောင်းလေးတွေ ထည့်တာ၊ Gameတွေ ဖန်တီးတာတွေ ပြုလုပ်ပါ။

၃။ Case Study and Discussion တွေကို ပြုလုပ်ပါ။

အွန်လိုင်းက မျှဝေတာကြောင့် ကိုယ်ကပဲ ဦးဆောင်ပြီး ရှင်းပြတာမျိုးမဟုတ်ပဲ Audience နဲ့ interactive ပိုရအောင် ကျွန်မတို့ အနေနဲ့ Audience ကို သူ့ရဲ့ Case Study တွေ ပြန်မျှဝေခိုင်းတာတွေ ပြန်လည် ဆွေးနွေးတာတွေကို ကိုယ့်ရဲ့ တင်ဆက်မှု အကြောင်းအရာတွေထဲ ထည့်သွင်းထားဖို့ လိုပါတယ်။

၄။ဒစ်ဂျစ်တယ် ကိရိယာတွေ ရင်းနှီးကျွမ်းကျင်မှု ရှိရပါမယ်။

အွန်လိုင်းက တင်ဆက်ရတဲ့ အတွက် ကိုယ့်အနေနဲ့ ဒစ်ဂျစ်တယ် ကိရိယာတွေကို အကျွမ်းတဝင်ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ- Zoom, Google Meet စတဲ့ Tools တွေကို အကျွမ်းတဝင် ဖြစ်အောင် လေ့လာတာမျိုး လုပ်ထားသင့်ပါတယ်။

၅။ လှပတဲ့ သင့်ရဲ့ အ ပြုံးနဲ့ တင်ဆက်ပါ။

တင်ဆက်သူ တစ်ယောက်အနေနဲ့ အပြုံးက အမြဲ မလွဲမသွေ ဆောင်ထားရမယ့် လက်နက်တစ်ခုဖြစ်ပါတယ်။
ပြုံးခြင်းက ကိုယ့်ရဲ့ Audience ရှေ့ စကားပြောရတဲ့ ကြောက်ရွံ့မှုကိုလည်း လျော့ကျစေပါတယ်။ Audience နဲ့လည်း ပိုပြီး ရင်းနှီးမှုတွေ ရလာမှာ ဖြစ်ပါတယ်။

Virtual Presentation အကြောင်းကို Infographic နဲ့ ဗီဒီယိုကနေ လေ့လာကြည့်ရအောင်