Proposal Writingအကြောင်းလေ့လာရအောင်

Project Proposal ဆိုတာဘာလဲ။
Project Proposal ဆိုတာကတော့ ကိုယ့်ရဲ့ projectကို တခြားသူတွေ သိရှိနားလည်လက်ခံလာအောင် လက်တွေ့ပြသနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Project proposalကို ကျွန်တော်တို့လုပ်မယ့် projectအတွက် လိုအပ်တဲ့ ငွေကြေးအကူအညီကို တောင်းဆိုတဲ့အနေနဲ့ အသုံးပြုကြတာဖြစ်ပါတယ်။

အဲ့လိုတောင်းဆိုတဲ့အခါမှာ projectကို ဖြည့်စွက်စီမံဖို့ အချက်အလက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ Project proposalက မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Project Proposal တွေမှာ projectနဲ့ပတ်သက်တဲ့ အချက်အလက်မျိုးစုံ ပါဝင်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ proposalကို နှစ်သက်လက်ခံသွားအောင် ဘာကြောင့် ရေးသင့်သလဲဆိုတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။

အကယ်၍ grant supporter တွေက ကိုယ် တင်ပြလိုက်တဲ့ proposalအရ ကိုယ့်ရဲ့ projectကို ကြိုက်နှစ်သက်သွားပြီဆိုရင်တော့ ကိုယ့် Project designအတွက် လိုအပ်တဲ့ ငွေကြေးကို သူတို့ကထုတ်ပေးဖို့သေချာပါတယ်။

grant supporterတွေက proposalမှာ ဖော်ပြထားတဲ့ projectရဲ့ အကြောင်းအရာတွေကို အခြေခံကနေစပြီး ဝေဖန်သုံးသပ်ကြမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့Proposalကို ကောင်းကောင်းမွန်မွန်ရေးသားဖို့ အမှန်တကယ်လိုအပ်ပါတယ်။

proposal အမျိုးအစား၊ ကာလအပိုင်းအခြား နဲ့ လုပ်ဆောင်မယ့် ရည်ရွယ်ချက်အပေါ်မူတည်ပြီးတော့ Project Proposalက ပုံစံမျိုးစုံရှိနိုင်ပါတယ်။

ဥပမာ-
Sponsorship ရဖို့ အတွက် ရေးသားတဲ့ financial proposal နဲ့
independent organization တစ်ခုကနေ အခြားတစ်ခုဆီကို တင်ပြတဲ့ draft proposalဆိုပြီး အမျိုးအစားကွဲပြားပါတယ်။
တချို့Proposalတွေက စီးပွားရေးအတွက် Business Proposal ဖြစ်နေပေမယ့် တချို့တွေကတော့ INGOsနဲ့ တက္ကသိုလ်အတွက် Non-Profit Proposal ဖြစ်နေတတ်တာကြောင့် proposalတွေရဲ့ ပုံစံနဲ့အမျိုးအစားတွေဟာလည်း မတူညီနိုင်ပါဘူး။

Proposal က ပုံစံအမျိုးမျိုးရှိတဲ့အပြင် ပါဝင်တဲ့အချက်အလက်တွေမှာလဲ ကွဲပြားနိုင်ပါတယ်။ တခြား proposalတွေမှာ စာမျက်နှာ၃၀ကနေ ၅၀အထိ ပါဝင်နေချိန်မှာ တခါတလေ ကိုယ့်ရဲ့ Project proposalမှာက ၃မျက်နှာကနေ ၅မျက်နှာလောက်ပဲ ရှိတတ်ပါတယ်။ ယေဘုယျအားဖြင့် ideaတွေကို အသေးစိတ် ဖော်ပြလွန်းတဲ့အခါမှာ ကိုယ့်ရဲ့ proposal က ရှုပ်ထွေးလာတတ်တယ်ဆိုတာကိုသတိပြုသင့်ပါတယ်။

Project Proposal တစ်ခု မရေးခင် ဆင်ခြင်သင့်တဲ့အရာတွေက ဘာတွေဖြစ်မလဲ။
Project proposal ကောင်းတစ်ခု ဖန်တီးနိုင်ဖို့ အတွက် သိထားသင့်တဲ့ အဓိက အချက် key elements လေးတွေကို မျှဝေပေးချင်ပါတယ်။

  1. Vision ကိုသိပါ။ ဆုံးဖြတ်ပါ။
    ကိုယ့်ရဲ့ visionကို ကောင်းကောင်း ဆုံးဖြတ်ချက်ချနိုင်ဖို့ကတော့ အရေးကြီးဆုံးအချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။
    ကိုယ်ဟာ Visionကို တိတိကျကျသိရှိပြီး Visionအောင်မြင်ဖို့အတွက် ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို ရှုထောင့်ပေါင်းစုံကနေ ဆင်ခြင်သုံးသပ်ရပါမယ်။ ဆောင်ရွက်မယ့် နည်းလမ်းတွေက စနစ်ကျပြီး ယုတ္တိရှိဖို့လဲလိုအပ်ပါတယ်။
    visionတစ်ခုကို တည်ဆောက်နေဆဲအစမှာလဲ ကိုယ့်ရဲ့ရည်မှန်းချက် ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ activitiesတွေကို ပြင်ဆင်ထားရပါမယ်။ လုပ်ဆောင်မယ့် နည်းလမ်းအားလုံးကို တဖြည်းဖြည်း သိရှိလာအောင် proposalမှာ ရေးသားတင်ပြနိုင်ရပါမယ်။ ဒါဟာ proposalတစ်ခု မရေးခင်မှာ သိထားသင့်တဲ့ ပထမဆုံးအဆင့်ဖြစ်ပါတယ်။
  2. ဖြစ်နိုင်ခြေရှိတဲ့ fund raisers တွေကိုသုံးသပ်ပါ။
    Proposalမရေးခင်မှာ နောက်ထပ်အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကတော့ fundraising အတွက် အလားလာများတဲ့ optionsတွေကို သေချာရွေးချယ်သုံးသပ်ဖို့ ဖြစ်ပါတယ်။ အကယ်၍ ကိုယ့်မှာ Project designအတွက် လုံလောက်တဲ့ ငွေကြေးမရှိဘူးဆိုရင် Fundraising အတွက်အလားအလာများတဲ့ optionsတွေကို ရွေးချယ်နိုင်ဖို့အတွက် တခြားရနိုင်တဲ့ sourcesတွေကိုလဲ ရှာဖွေထားရပါမယ်။ ယေဘုယျအားဖြင့် international cooperation agenciesတွေ government organizations နဲ့ private foundations တွေ အပြင် international NGOsတွေကိုလည်း ရှာဖွေလေ့လာထားရပါမယ်။
  3. အဖွဲ့ဖွဲ့ပါ။
    ကောင်းမွန်ပြီး အကျိုးရှိတဲ့ proposalတစ်ခုရဖို့ စီမံတဲ့ အခါမှာ ခေါင်းဆောင်ကောင်းတစ်ယောက် လည်း‌ အမှန်တကယ် လိုအပ်ပါတယ်။ proposalကောင်းတစ်ခု ရဖို့အတွက် တိတိကျကျ သေသေချာချာ တာဝန်ယူနိုင်ပြီး အဖွဲ့တစ်ဖွဲ့လုံးအတွက် စီမံခန့်ခွဲနိုင်တဲ့သူကို assignချဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် leaderဟာ grant supporter/ sponsors တွေနဲ့ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံနိုင်သူဖြစ်ပြီး ကိစ္စတိုင်းကိုလည်း သင့်လျော်တဲ့နည်းလမ်းတွေနဲ့ အဆင်ပြေအောင် သေသေချာချာလုပ်ဆောင်နိုင်သူဖြစ်ရပါမယ်။ Proposalအတွက် technical knowledge ရှိတဲ့သူကို leaderအဖြစ်ရွေးချယ်ဆိုမယ်ရင် ပိုပြီးကောင်းပါတယ်။ Proposalထဲမှာ အချက်အလက်ကောင်း၊ အနေအထားကောင်းတွေကို ထည့်သွင်းဖော်ပြနိုင်မှုဟာ Project အတွက် sponsors ရဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် project development အတွက် ခေါင်းဆောင်အပြင် တခြားရွေးချယ်ထားတဲ့ အဖွဲ့ဝင်တွေကလဲ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး စာအရေးသားကောင်းမွန်သူတွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။

Proposal ရေးတဲ့အခါ ပါရမယ့်အချက်တွေ ခေါင်းစဉ်တွေကို သိချင်တယ်ဆိုရင် အောက်က templateဖိုင်ကနေ လေ့လာလို့ရပါတယ်။👇🏻

Proposal Writing အကြောင်းကို infographic နဲ့ ဗီဒီယိုမှာလည်း လေ့လာလို့ရပါတယ်။👇🏻

Please see the proposal template in the following.

https://www.revv.so/templates/t/case-study-proposal