Community Organizing

အသိုက်အဝန်း (Community) ဆိုတာဘာလဲ။

စိတ်ဝင်စားမှုတူညီတဲ့ လူတစ်စု၊ အတူတကွတည်ရှိနေတဲ့ ရပ်ဝန်းတစ်ခုကို အသိုက်အဝန်း (Community)လို့ ခေါ်ပါတယ်။ ပထဝီဒေသကိုအခြေပြုပြီးဖြစ်စေ၊ လူမျိုး၊ ဘာသာပေါ်အခြေပြုပြီးဖြစ်စေ တူညီတဲ့အခြေအနေပေါ် မူတည်ပြီး အတူတကွရှိနေတဲ့ အစုအဖွဲ့တွေကို Communityလို့သတ်မှတ်ပါတယ်။

ဥပမာ – စာဖတ်ဝါသနာပါတဲ့ လူတစ်စုရှိသည့်ရပ်ဝန်းကလည်း Communityပါပဲ။ 

Community ဆိုတာ ရှိမယ်ဆိုရင် Community Organizing လို့ခေါ်တဲ့ အသိုက်အဝန်း စုဖွဲ့မှုလည်း ရှိဖို့ လိုအပ်လာပါပြီ။

အသိုက်အဝန်းစုဖွဲ့မှု (Community Organizing)ဆိုတာဘာလဲ

အသိုက်အဝန်းစုဖွဲ့မှု (Community Organizing)ဆိုတာ communityတစ်ခုအတွင်းမှာ ရှိတဲ့လူတွေအတွက် အရေးကြီးတဲ့ လိုအပ်ချက်တွေ၊ ရည်ရွယ်ချက်တွေကို ဖြေရှင်းဖို့ အတူတကွ စုပေါင်းနေထိုင်တဲ့လူတွေရဲ့ ပူးပေါင်းလုပ်ဆောင်ကြတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် အာဏာမရှိသူတွေအတွက် စုပေါင်းစွမ်းအား (Collective Power) တစ်ခုအနေနဲ့ ထုတ်ဖော်ပြသနိုင်စေဖို့ လူမှုရေးပြောင်းလဲမှုတွေမှာ ပဋိပက္ခ (conflict)  နဲ့ လူမှုရေးပြဿနာ (Social struggle) တွေ သေချာပေါက်ပါဝင်တယ်လို့ အသိုက်အဝန်း စုဖွဲ့မှု လုပ်ဆောင်တဲ့သူတွေက ယူဆကြပါတယ်။ 

အသိုက်အဝန်း (community) ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုအတွက် ရေရှည်ခံတဲ့ အခွင့်အာဏာတစ်ခုကို ဖန်တီးပေးတာက အသိုက်အဝန်းစုဖွဲ့မှုရဲ့ အဓိကပန်းတိုင်တစ်ခုဖြစ်ပါတယ်။ ဒီအရာက အချိန်ကြာလာတာနဲ့အမျှ ပြဿနာတော်တော်များကို ဖြေရှင်းနိုင်ဖို့ အဓိကဆုံးဖြတ်ချက်ချမှတ်သူတွေကို လွှမ်းမိုးလာနိုင်တဲ့အထိ ဖြစ်လာစေမှာဖြစ်ပါတယ်။ 

ဥပမာ၊ အရေးကြီးသောဆုံးဖြတ်ချက်တွေမချခင် အသိုက်အဝန်းအစုအဖွဲ့တွေကို စားပွဲဝိုင်းတွေမှာ စုစည်းပေးတဲ့ နေရာတစ်ခုဖြစ်စေနိုင်ပါတယ်။ 

အသိုက်အဝန်းစုဖွဲ့မှုလုပ်ဆောင်သူတွေက ဒေသဆိုင်ရာ ခေါင်းဆောင်အသစ်တွေနဲ့အတူ ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အစုအဖွဲ့မှုတွေကို လွယ်ကူချောမွေ့စေပြီး ကမ်ပိန်းတွေ လက်တွေ့အကောင်အထည်ဖော် တဲ့အခါမှာလည်း အထောက်အကူဖြစ်စေပါတယ်။ လူထုရဲ့ အကျိုးစီးပွားအတွက် အတူတကွ တိုက်ပွဲဝင်ဖို့ မတူကွဲပြားမှုတွေကို လက်ခံနိုင်တဲ့ အတူတကွ စုစည်းခိုင်မာပြီး စည်းစနစ်ကျတဲ့ ဒေသတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးကတော့ အစုဖွဲ့မှုရဲ့ အဓိကပန်းတိုင်ဖြစ်ပါတယ်။

Community Organizing က ဘာကြောင့်လိုအပ်တာလဲ။ 

📌Awareness – Community နှင့် Communityအတွင်းက လူထုအကြောင်း ကောင်းမွန်စွာသိဖို့။ 
📌Action – လူထုအကြောင်း သိပြီဆိုရင် Communityအတွင်းက ပြဿနာတွေကိုဖြေရှင်းတဲ့အခါ ကိုယ်တိုင်ပါဝင်လုပ်ဆောင်လာစေဖို့။
📌Political Process – နိုင်ငံရေးမှာ လူထုတွေရဲ့ ပါဝင်မှု အားကောင်းလာဖို့။
📌Change Process – ပိုမိုကောင်းမွန်တဲ့ ဖြစ်စဉ်တွေအဖြစ် ပြောင်းလဲလာစေဖို့။ 
📌Empowerment – လူထုကို Community နဲ့ပတ်သက်ပြီး စွမ်းရည်မြှင့်တင်ပေးဖို့။ 
📌Personal / Collective – တစ်ဦးချင်းဖြစ်စေ၊ စုပေါင်းလုပ်ငန်းများမှာဖြစ်စေ Community အတွင်းမှာရှိတဲ့ လူထုရဲ့ စိတ်ကျေနပ်နှစ်သိမ့်မှု ရရှိစေဖို့။ 
📌People The Center – လူထုအခြေပြုပြီး လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့။ 

အထက်ပါအချက်များကြောင့် အသိုက်အဝန်းစုဖွဲ့မှုဟာ အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် အသိုက်အဝန်းစုဖွဲ့ လုပ်ဆောင်ခြင်းအားဖြင့် မိမိတို့ communityအတွင်း ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဒီလိုပူးပေါင်းဆောင်ရွက်တတ်တဲ့ သဘောထားတွေ၊ အလေ့အကျင့်တွေကို ဖွံ့ဖြိုးတိုးတက် စေတာဖြစ်လို့ လူငယ်တို့အားလုံးလည်း Community Organizing မှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

အသိုက်အဝန်းစုဖွဲမှု (Community Organizing) မှာ အဆင့်အများကြီးရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ အဆင့်တွေကို လိုက်နာခြင်းဖြင့် အဖွဲ့အစည်းရဲ့ မတူညီတဲ့ အခြေခံမူတွေ၊ နည်းလမ်းတွေနဲ့ ပုံစံတွေကို လက်တွေ့ကျင့်သုံးနိုင်မှာဖြစ်ပါတယ်။ 

၁။ လိုအပ်ချက်များနဲ့ ပြဿနာများကို သုံးသပ်ခြင်း။ 
၂။ ပြဿနာများကို စာရင်းပြုစုခြင်း။
၃။ လိုအပ်ချက်များကို အဓိက ဦးစားပေး သတ်မှတ်ခြင်း။
၄။ ပြဿနာများကို နားလည်သဘောပေါက်ခြင်းနှင့် ရွေးချယ်ခြင်း။ 
၅။ အဓိကပြဿနာများကို စနစ်တကျပြန်လည် သတ်မှတ်ခြင်း။ 
၆။ ရည်မှန်းချက်များ ဖြစ်နိုင်ချေရှိမရှိ ကြိုတင်တွက်ချက်ခြင်း။ 
၇။ မတူညီသော နည်းလမ်းများဖြင့် အဖြေရှာခြင်း။ 
၈။ ရွေးချယ်ထားသော အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း။ 
၉။ အရင်းအမြစ်များ စုဆောင်းခြင်း။ 
၁၀။ စီမံချက်များ အကောင်အထည်ဖော်ခြင်း။ 
၁၁။ လုပ်ဆောင်ချက်များကို အကဲဖြတ်ခြင်း။ 

Reference

https://www.socialworkin.com/2021/08/10-steps-of-community-organization.html