Definition of Facilitation & Qualities of A Facilitator

🧑‍💻ပံ့ပိုးကူညီခြင်း (Facilitation)ဆိုတာဘာလဲ။

ပံ့ပိုးကူညီခြင်း (Facilitation) ဆိုတာက ဆွေးနွေးပွဲ၊ သင်တန်းတွေနဲ့ လေ့လာသင်ယူခြင်းလုပ်ငန်းတွေမှာ ပါဝင်သူအချင်းချင်း အပြန်အလှန်ဆက်သွယ်ပြီး တက်ကြွစွာ ပါဝင်ဆောင် ရွက်နိုင်ဖို့၊ လေ့လာသင်ယူမှုလွယ်ကူ အဆင်ပြေစေဖို့ထိရောက်သော နည်းလမ်းတွေသုံးပြီး ပံ့ပိုးပေးခြင်း၊ လမ်းညွှန်ပေးခြင်း ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါ့ပြင် တစ်ဦးချင်းစီရဲ့ လုပ်နိုင်စွမ်းလုပ်ပိုင်ခွင့်တွေ ဖွံ့ဖြိုးလာစေဖို့အတွက်လည်း ကောင်းမွန်တဲ့ သင်ယူမှုဝန်းကျင် တစ်ခု တည်ဆောက်ပြီး ပံ့ပိုးကူညီနိုင်ပါတယ်။

ပံ့ပိုးကူညီတဲ့အခါ ဆွေးနွေးသူအချင်းချင်းသော်လည်းကောင်း၊ ဆွေးနွေးသူတွေနဲ့ ပံ့ပိုးကူညီသူကြားမှာ သော်လည်းကောင်း မေးခွန်းတွေမေးခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ မိတ်ဆက်ခြင်းနှင့် ပါဝင်သူအားလုံး သင်ယူနိုင်ဖို့ ကူညီလမ်းညွှန်မှုတွေ ဆောင်ရွက်ကြပါတယ်။ ဒီလိုချောမွေ့တဲ့ သင်ယူမှုဖြစ်စဉ်တစ်ခုဖြစ်ဖို့အတွက်ဆိုရင် ပံ့ပိုး ကူညီသူအခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါတယ်။

👩‍🏫 How to be a good facilitator(ကောင်းမွန်သောကူညီပံ့ပိုးသူတစ်ဦးဖြစ်ဖို့ ဘာတွေလုပ်ဆောင် ရမလဲ)

ကူညီပံ့ပိုးသူကောင်း (good facilitator) တစ်ဦးက မိမိ မျှဝေလိုတဲ့ အကြောင်းအရာအချက်အလက်တွေကို ကူညီပံ့ပိုးခြင်းဖြင့် သင်ယူလေ့လာမှုဖြစ်စဉ်ကို လွယ်ကူချောမွေ့ပြီး အချိန်ကုန်သက်သာစေပါတယ်။ ပံ့ပိုးကူညီသူ တွေက သင်ယူလေ့လာမှုလုပ်ငန်းတွေမှာ ဦးဆောင်ရတဲ့သူတစ်ဦးလည်းဖြစ်တာကြောင့် သင်တန်းနည်းပြကောင်း တွေရဲ့ အရည်အချင်းတွေလည်းရှိဖို့ လိုအပ်ပါတယ်။ ပံ့ပိုးကူညီသူတွေက သင်ယူမှုလုပ်ငန်းတွေမှာ မိမိချမှတ်ထားတဲ့ ပန်းတိုင်ကို ရရှိအောင်ဖန်တီးပေးခြင်းထက် သင်ယူသူတွေအတွက် လိုအပ်တဲ့ပန်းတိုင် ရောက်အောင် သွားနိုင်မယ့် ချဉ်းကပ်နည်းလမ်းတွေကို ပံ့ပိုးပေးနေခြင်းပဲဖြစ်ပါတယ်။ ကောင်းမွန်သော ကူညီပံ့ပိုးသူတစ်ဦးဖြစ်ဖို့ အောက်မှာဖော်ပြမဲ့ အချက်လေးတွေကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။

🧩 Participation (ပူးပေါင်းပါဝင်ခြင်း)

မည်မျှပင် အရည်အချင်းပြည့်သော ပံ့ပိုးကူညီသူ ဖြစ်စေကာမူ ကူညီပံ့ပိုးနေချိန်မှာ သင်ယူမှုလုပ်ငန်းစဉ်နဲ့ ဆွေးနွေးမှုတွေမှာ အပြည့်အဝပံ့ပိုးကူညီနိုင်ဖို့က ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ပံ့ပိုးကူညီသူက ပါဝင်သူ တစ်ဦးချင်း သို့မဟုတ် အားလုံးကို အပြည့်အဝပါဝင်ခွင့်ပေးတဲ့ အစီအစဉ်ကို ကြိုတင်ရေးဆွဲထားပြီး သင်ယူမှု လုပ်ငန်းစဉ်မှာ အားလုံးပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပေးရပါမယ်။

✔️Accountable (တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း)

ပံ့ပိုးကူညီသူတစ်ယောက်က ပါဝင်သူတွေကို ရရှိသွားစေချင်တဲ့ ရည်ရွယ်ချက်တွေ၊ သင်ယူမှုပန်းတိုင်တွေကို သင်ယူမှုဖြစ်စဉ်ရဲ့အဆုံးမှာ ရရှိသွားနိုင်အောင် ဆောင်ရွက်ပေးရမဲ့ အဓိကတာဝန်ရှိသူပဲဖြစ်ပါတယ်။ ပါဝင်သူ တွေရဲ့ဆွေးနွေးမှုတွေက လမ်းချော်နေရင် တည့်မတ်ပေးပြီး ရစေချင်တဲ့ ပန်းတိုင်ကိုရောက်အောင် ဆွဲခေါ်သွား ပေးဖို့က ပံ့ပိုးကူညီသူဆောင်ရွက်ရမယ့် တာဝန်တစ်ခုပဲဖြစ်ပါတယ်။

⚖️Impartial (ဘက်မလိုက်ခြင်း)

ကူညီပံ့ပိုးသူအနေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ခံစားချက်တွေ၊ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တွေကြောင့် လက်ရှိကူညီပံ့ပိုးကူညီတဲ့လုပ်ငန်းအပေါ်မှာ သက်ရောက်မှုရှိတဲ့အခါ သင်ယူမှုလုပ်ငန်းစဉ်ကို ထိခိုက် နစ်နာစေပါတယ်။ ဆိုလိုတာကတော့ မိမိရဲ့ ခံစားချက်တွေ၊ အတိတ်ကအဆင်မပြေတဲ့အကြောင်းအရာတွေကို သယ်ဆောင်မလာဖိုပဲဖြစ်ပါတယ်။ ထိုမှသာ ဘက်မလိုက်ဘဲ သမာသမတ်ကျတဲ့ကူညီပံ့ပိုးသူတစ်ဦးဖြစ်ပြီး အမှားအယွင်းတွေကို ထိန်းချုပ်နိုင်မှာပဲပဲဖြစ်ပါတယ်။

🔎Probe (စူးစမ်းလေ့လာခြင်း)

ကူညီပံ့ပိုးသူက သင်ယူမှုဖြစ်စဉ်မှာ မတူကွဲပြားတဲ့ အယူအဆတွေ၊ အတွေ့အကြုံတွေ၊ ဆွေးနွေး ချက်တွေ၊ မေးခွန်းတွေကို ပြန်လည်ဆွေးနွေးဖြေကြားနိုင်ဖို့ မိမိရဲ့ လေ့လာမှုကိုလည်း မရပ်လိုက်ဖို့လိုပါတယ်။ professional facilitator တစ်ယောက်ဖြစ်ဖို့အတွက် စူးစမ်းလေ့လာပြီး အသစ်သစ်သော အကြောင်းအရာ တွေကို လေ့လာနေဖို့လည်း လိုအပ်ပါတယ်။

🤝Show Respect (လေးစားမှုကို ပြသခြင်း)

ကူညီပံ့ပိုးသူက ပါဝင်သူတစ်ဦးတစ်ယောက်ချင်းရဲ့အပြုအမူတွေ၊ တုန့်ပြန်ပုံတွေ၊ အတွေးအခေါ်တွေနဲ့ ဆွေးနွေး တင်ပြချက်တွေကို လေးစားရမယ့်အပြင် ပါဝင်သူအချင်းချင်း အပြန်အလှန်လေးစားအောင်လည်း ပံ့ပိုးကူညီ ပေးရပါမယ်။ ပါဝင်သူတစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေ၊ မျှဝေတဲ့အကြောင်းအရာတွေကို သာတူတူညီမျှ လေးစား တန်ဖိုးထားကြောင်းကိုလည်း ပြသရပါမယ်။

  1. Recognize the Value of Personal Experience (တစ်ဦးချင်းစီ၏ အတွေ့အကြုံများကို အသိမှတ်ပြုခြင်း)

အဖွဲ့တွင်ပါဝင်သူတစ်ဦးချင်းစီ၏ အတွေ့အကြုံများ၊ ပြုလုပ်ဆောင်ရွက်ချက်များကို သာတူ ညီမျှ လေးစား တန်ဖိုးထားမှုကို ပြသရမည်။ 

♎Demonstrate Equality (တန်းတူညီမျှမှုကို ပြသခြင်း)

ကူညီပံ့ပိုးသူအနေဖြင့် ပါဝင်သူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာထုတ်ဖော်ဆွေးနွေးခွင့်၊ တင်ပြခွင့်၊ ဆုံးဖြတ် ချက်ချပိုင်ခွင့်တွေကို သာတူညီမျှ ရရှိစေရပါမယ်။ တစ်ဦးချင်းစီရဲ့ ဖြစ်တည်မှု၊ အပြန်အလှန်လေးစားတန်ဖိုး ထားမှုနဲ့ ပါဝင်ဆောင်ရွက်ခွင့်တို့ကို သာတူညီမျှရရှိစေဖို့ ပံ့ပိုးပေးနိုင်ရပါမယ်။

    ♦️ Inspire (နိုးကြားထက်သန်စေခြင်း)

    ကူညီပံ့ပိုးသူအနေနဲ့ မိမိအလုပ်အပေါ်မှာ မြတ်နိုးတန်ဖိုးထားမှု၊ ဆန်းသစ်တီထွင်နိုင်မှု၊ အားသွန်ခွန်စိုက် ဆောင်ရွက်မှုနှင့် အဖွဲ့ဝင်များအားလုံး တက်ကြွစွာပူးပေါင်းဆာင်ရွက်နိုင်ဖို့ အမြဲအဆင်သင့်ရှိနေရပါမယ်။

    🦺Build Safety (လုံခြုံမှုရှိသော ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးပေးခြင်း)

    ကူညီပံ့ပိုးသူအနေနဲ့ ပါဝင်သူတစ်ဦးချင်းစီရဲ့ ဘေးကင်းလုံခြုံမှုကို အလေးအနက်ထားဆောင်ရွက်ဖို့ တိုက်တွန်း နှိုးဆော်ရပါမယ်။

    📩Acceptance (အကောင်းအဆိုးကို မဝေဖန်ဘဲ လက်ခံခြင်း)

    ပံ့ပိုးကူညီသူက ပါဝင်သူတွေ ဆွေးနွေးတဲ့ အကြောင်းအရာတွေ၊ အကြံပေးချက်တွေနဲ့ အိုင်ဒီယာတွေကို ကောင်းသည်၊ ဆိုးသည် မဝေဖန်ဘဲ အကောင်းမြင်စိတ်နဲ့ လက်ခံတတ်တဲ့ စိတ်ထားရှိဖို့လည်း လိုအပ်ပါတယ်။

    👂Empathy and active listening (အခြားသူအပေါ်စာနားပြီး တလေးတစားနားထောင်ခြင်း)

    ပံ့ပိုးကူညီသူက ပါဝင်ဆွေးနွေးသူတွေရဲ့ ခံစားချက်တွေကို နားလည်ဖို့ “အခြားသူတွေရဲ့နေရာမှာ ၀င်ခံစားတတ်သောစိတ်” ရှိဖိုလိုအပ်ပါတယ်။ ဒါ့ပြင် သင်ယူသူတွေရဲ့ ဆွေးနွေးချက်တွေကိုတက်ကြွစွာ နားထောင်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ ပံ့ပိုးကူညီသူက စကားလုံးတွေ၊ အသံတွေနဲ့ဆက်သွယ်သို့ရသလို ခန္ဓာကိုယ်အမူအရာနဲ့ဆက်သွယ်လို့လည်းရပါတယ်။၊

    💡Problem Solving (ပြဿနာဖြေရှင်းခြင်း)

    ပံ့ပိုးကူညီသူတစ်ယောက်က မိမိပံ့ပိုးကူညီနေစဉ်မှာ တစ်စုံတစ်ခု ပြဿနာဖြစ်ခဲ့တယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်။

    💡ပြဿနာကို သေချာစွာသိနားလည်ပြီး ဖြေရှင်းချက်တွေကိုစဉ်းစားပါ
    💡ဖြေရှင်းချက်တွေရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ချိန်ဆပြီး အကောင်းဆုံး ဖြေရှင်းနည်းကို ရွေးချယ်ပါ။
    💡ရွေးချယ်တဲ့နည်းလမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ရလဒ်ကို အကဲဖြတ်ပါ။
    💡ပံ့ပိုးကူညီသူအနေနဲ့ ပြဿနာကို အပြုသဘောဖြင့်သာ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။

        Quality of Good Facilitator (ကောင်းမွန်သော ပံ့ပိုးကူညီသူတစ်ဦး၏ အရည်အချင်းများ)

        🔑ဘက်လိုက်မှုမရှိဘဲ အပြန်အလှန်လှုံ့ဆော်နိုင်စွမ်း။

        🔑 ဆွေးနွေးမှုမှာ ပါဝင်သူအားလုံးအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးထိန်းသိမ်းရန် ကျွမ်းကျင်ပိုင်နိုင်မှု။

        🔑နားထောင်မှု အလေ့အကျင့်ကောင်းများ။

        🔑ဆွေးနွေးမှုအတွက် ကန့်သတ်ချက်များနှင့် အချိန်အတိုင်းအတာာကို ကောင်းစွာစီမံနိုင်ခြင်း။

        🔑 ဆွေးနွေးမှုကို ဦးဆောင်ခြင်း သို့မဟုတ် ထင်မြင်ချက်ပေးခြင်းကို မလုပ်ဆောင်ဘဲ တွေးခေါ်မှုတွေ ပိုမိုဆန်းသစ်ဖို့၊ ဖြစ်နိုင်ခြေအသစ်တွေကို ဖန်တီးဖို့ နဲ့မကြောက်မရွံ့မေးခွန်းထုတ်ဖို့ ဖိတ်ခေါ်ခြင်း။

        🔑 အုပ်စုတွင်း အပြန်အလှန် ပါဝင်တုံ့ပြန်မှုကို ပိုမိုတက်ကြွအောင် ဆောင်ရွက်နိုင်ခြင်း။

        🔑သင်ယူမှုဖြစ်စဉ်ကို တင်းကျပ်မှုမရှိတဲ့ဘဲ ပါဝင်သူအချင်းချင်း ချိတ်ဆက်နိုင်ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးခြင်း။

        🔑လူမှုဆက်ဆံရေး ဉာဏ်ရည်မြင့်မားခြင်း။

        အချုပ်အားဖြင့် ပံ့ပိုးကူညီသူတစ်ဦးအနေနဲ့ သင်ယူမှုဖြစ်စဉ်အစမှ အဆုံးထိ အသုံးပြုမယ့် သင်ရိုးတွေအချိန်မီရရှိအောင်ပြင်ဆင်ခြင်း၊ lession plan ပြင်ဆင်ခြင်း၊ သင်ရိုးသဘောသဘာဝအလိုက် အသုံးပြုမည့် facilitation techniques များပြင်ဆင်ခြင်း၊ သင်ရိုးအပြင် အခြား resource တွေ ပြင်ဆင်ထားခြင်း၊ group assignment အတွက် grouping techniques တွေ ကြိုတင်လေ့လာထားခြင်း၊ သင်ယူမှုမှာ တစ်ဦးချင်းပါဝင်မှုရှိစေရန် သေချာစေတဲ့ engagement activity တွေပြင်ဆင်ထားခြင်း၊ assessment လုပ်မည့် rubric တွေ၊ marking scheme တွေပြင်ဆင်ခြင်း နဲ့ အခြားသော training facilitator တွေဲ့ peer coaching ပြုလုပ်ခြင်းဖြင့် Best Practices တွေအပြန်အလှန် လေ့လာမျှဝေခြင်းများ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

        Video Link – https://www.youtube.com/watch?v=VgRiQlLnGcM