Duties and Responsibilities of a Trainer

သင်တန်းဆရာတစ်ဦး၏ တာဝန်နှင့် ဝတ္တရားများ

နည်းပြတစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ အတော်လေးကို ကောင်းမွန်ပါတယ်။ “အသက်မွေးဝမ်းကြောင်းအတွက် ဘာလုပ်မလဲ” လို့ သင်တန်းဆရာကို မေးခွန်းမေးတဲ့အခါ လူတွေကို ပြောင်းလဲဖို့ ဦးဆောင်တာ၊ ညှိနှိုင်းဆွေးနွေးတာ၊ ဆင်ခြင်သုံးသပ်မှု လုပ်ဆောင်ပေးတာ၊ ကျွမ်းကျင်တဲ့သူဖြစ်တာ၊ ကျွမ်းကျင်မှုတွေကို မျှဝေတာ၊ တင်ဆက်တာ၊ လမ်းညွှန်တာတွေ လုပ်မယ့်အကြောင်း ပြောပြပါလိမ့်မယ်။  ဒီတာဝန်ဝတ္တရားတွေက ခေတ်အဆက်ဆက် သတ်မှတ်ထားခဲ့တဲ့ သင်တန်းဆရာတစ်ဦးရဲ့ အခန်းကဏ္ဍနဲ့ ဆက်စပ်နေပါတယ်။ 

၂၁ ရာစုရဲ့ သင်တန်းဆရာတစ်ယောက်၏ တာဝန်နှင့် ၀တ္တရားတွေကို မလေ့လာ ခင် သူတို့ကို ယခုခေတ်ရဲ့ ဘယ်အခန်း ကဏ္ဍတွေမှာ တွေ့မြင်နိုင်သလဲဆိုတာကို  ကြည့်ကြရအောင်။ ၂၁ ရာစုရဲ့ သင်တန်းဆရာ တစ်ယောက်ဟာ 

  • Designer (သင်တန်းဒီဇိုင်းဖန်တီးသူ)၊ 
  • Leader (သင်တန်းခေါင်းဆောင်)၊ 
  • Expert (ကျွမ်းကျင်သူ/ပညာရှင်)၊ 
  • Ally (မိတ်ဖက်/အပေါင်းအသင်း/မိတ်ဆွေ)၊ 
  • Business Partner (စီးပွားရေး လုပ်ဖော်ကိုင်ဖက်)၊
  • Organizer(စည်းရုံးလှုံ့ဆော်သူ/စီစဉ်သူ/စည်းစနစ်ကျသူ)၊ 
  • Moderator (ကြားဝင်စေ့စပ်ဆွေးနွေးပေးသူ)၊
  • Presenter(စီစဉ်တင်ဆက်သူ/တင်ပြဆွေးနွေးသူ)အနေနဲ့အခန်းကဏ္ဍမျိုးစုံမှာတွေ့မြင်နိုင်ပါတယ်။ 

        အခန်းကဏ္ဍမျိုးစုံမှာပါဝင်လုပ်ကိုင်ဆောင်ရွက်နေတဲ့ သင်တန်းဆရာများ၏တာဝန်နှင့် ဝတ္တရားတွေကတော့ 

  1. Designer (သင်တန်းဒီဇိုင်းဖန်တီးသူ)

သင်တန်းသားတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ပရိုဂရပ် ဒီဇိုင်းကို ဖန်တီးပြုပြင်ရေးဆွဲရာတွင်လည်းကောင်း၊ အရွယ်ရောက်ပြီးသူတွေရဲ့ သင်ယူတဲ့ အခြေခံသဘောတရားတွေကို သိရှိပြီး လက်တွေ့အသုံးချအောင် လုပ်ဆောင်ရာတွင်လည်းကောင်း၊ လေ့ကျင့်ရေးနည်းလမ်းတွေကို လုံလောက်မျှတအောင် မိတ်ဆက်အသုံးချပေးခြင်း၊ သင်ကြားရေးလက်စွဲ နဲ့ သင်ကြားရေးပစ္စည်းတွေကို ဒီဇိုင်းရေးဆွဲဖန်တီးပေးခြင်း၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို သင်ကြားပို့ချပေးခြင်း စသည့် တာ၀န်များကို လုပ်ဆောင်ပါတယ်။ 

  1. Leader (သင်တန်းခေါင်းဆောင်)

လေ့ကျင့်သင်ကြားမှု အခြေအနေတွေကို သတ်မှတ်ခြင်း၊ သင်တန်းပေးတဲ့အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို စီမံခန့်ခွဲခြင်း၊ လေ့ကျင့်သင်ကြားရေး ပန်းတိုင်ကို ရောက်အောင် ကူညီလုပ်ဆောင်ပေးခြင်း၊ အဖွဲ့ရဲ့လုပ်ငန်းစဉ်ကို နားလည်ပြီး ထိန်းချုပ်စီမံပေးခြင်း၊ ခက်ခဲတဲ့ အခြေအနေတွေမှာတောင် တုံ့ပြန်ကူညီခြင်း စတာတွေကို လုပ်ဆောင်ရပါတယ်။ 

  1. Expert (ကျွမ်းကျင်သူ/ပညာရှင်)

အကြောင်းအရာကို တင်ဆက်ဆွေးနွေးပေးခြင်း။ သူ/သူမရဲ့ ကျွမ်းကျင်မှုကို လက်တွေ့အသုံးချခြင်း စတာတွေကို လုပ်ဆောင်ပါတယ်။

  1. Ally (မိတ်ဖက်/အပေါင်းအသင်း/မိတ်ဆွေ)

လေ့ကျင့်သင်ကြားရေးအဖွဲ့နဲ့ ကောင်းမွန်ဖော်ရွေတဲ့ ဆက်ဆံရေးကို အထူးဂရုပြုခြင်း၊ သင်တန်းသားတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ခြင်း၊ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါ သင်တန်းသားတွေကို  ကူညီပံ့ပိုးပေးခြင်း၊ အပြုသဘောဆောင်တဲ့ အပြုအမူတွေကို ပိုမိုတိုးတက်အောင် မြှင့်တင်ပေးခြင်း၊ သင်တန်းမှာ ပါဝင်တက်ရောက်သူအချင်းချင်းကြားမှာရှိတဲ့ ဆက်ဆံရေးကောင်းမွန်မှုကို ဂရုပြုခြင်း စတာ တွေကို လုပ်ဆောင်ရပါတယ်။

  1. Business Partner (စီးပွားရေးလုပ်ဖော်ကိုင်ဖက်)

လေ့ကျင့်သင်ကြားရေးပရိုဂရမ်ကို ဝန်ဆောင်မှုရယူသူတွေရဲ့ လုပ်ငန်းအခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပါတယ်။

  1. Organizer (စည်းရုံးလှုံ့ဆော်သူ/စီစဉ်သူ/စည်းစနစ်ကျသူ)

သင်တန်းမတိုင်ခင်မှာဆိုရင် သင်တန်းသားတွေအကြောင်းနဲ့ သင်တန်းနေရာအကြောင်း လေ့လာခြင်း။ လိုအပ်သောပစ္စည်းတွေကို ပြင်ဆင်ပြီး လေ့ကျင့်သင်ကြားရေးအခန်း(ခန်းမ) ကို စီစဉ်ပေးခြင်းများ ပြုလုပ်ရပါတယ်။ သင်တန်းကာလအထဲမှာဆိုရင် သင်တန်းသားတွေနဲ့ လေ့ကျင့်သင်ကြားရေး အရင်းအမြစ်တွေကို စီစဉ်တကျရှိဖို့ အရမ်းကို ဂရုစိုက်ရပါတယ်။ သင်တန်းပြီးသွားတဲ့အခါဆိုရင်လည်း လေ့ကျင့်သင်ကြားနေစဉ်  ပြုလုပ်ထားတဲ့ ထိလွယ်ရှလွယ်ပစ္စည်း(Sensitive Materials)တွေကို ဖယ်ရှား/ဖျက်စီးခြင်း ကိုလုပ်ဆောင်ရပါတယ်။

  1. Moderator (ကြားဝင်စေ့စပ်ဆွေးနွေးပေးသူ)

အပြန်အလှန် ဆွေးနွေးတာကို သင်ယူမှုနည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်း၊ ဦးဆောင်ဆွေးနွေးခြင်း နည်းလမ်းတွေကို သိရှိပြီး လက်တွေ့အသုံးပြုခြင်း၊ သင်တန်းသားတွေ ထိတွေ့ဆက်ဆံမှုကို လှုံ့ဆော်ပေးခြင်း စတာတွေကို လုပ်ဆောင်ရပါတယ်။

  1. Presenter (စီစဉ်တင်ဆက်သူ/တင်ပြဆွေးနွေးသူ)

တင်ဆက်မှု/သင်တန်းရဲ့ အခြေအနေကို သတ်မှတ်ခြင်း၊ တင်ဆက်မှုကို structure ကျအောင် ဖွဲ့စည်းတည်ဆောက်ခြင်း၊ လေ့ကျင့်သင်ကြားရေးအဖွဲ့ရဲ့ စိတ်ဝင်စားမှုကို အားကောင်းလာအောင် လုပ်ဆောင်ခြင်း၊ တင်ဆက်ပြသမှုကို နားလည်အောင် အထူးဂရုပြုခြင်း၊ စိတ်အားထက်သန်မှုရှိအောင်၊ ပူးပေါင်းပါဝင်လာအောင် ပုံပြင် ပြောတာ နဲ့ ဟာသပြောတာတွေကို အသုံးပြုခြင်း၊ တင်ဆက်မှုဘာသာစကားကို သတိပြုရခြင်း၊ တင်ပြဆွေးနွေးတဲ့ အသံကို ထိန်းပြီး အနိမ့်အမြင့်အတက်အကျနဲ့ ပြောဆိုခြင်း၊ စိတ်ဝင်စားမှုရှိအောင် ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားတဲ့ ရုပ်ပုံတွေကို အသုံးပြုခြင်း၊ ခန္ဓာကိုယ်အနေအထား(body language)ကို သတိပြုခြင်း၊ သင်တန်းခန်းမ(နေရာ)နဲ့ ကိုက်ညီတဲ့ သင်တန်းပို့ချမှုပုံစံကို ကောင်းစွာအသုံးချတတ်ခြင်း စတာတွေ လုပ်ဆောင်ရပါတယ်။

ခေတ်သစ်သင်တန်းဆရာတစ်ဦးအတွက် အကြံပြုချက်များ 

ခေတ်သစ်သင်တန်းဆရာတစ်ယောက်(A Modern Trainer)က အောက်မှာဖော်ပြထားတဲ့ အချက်တွေ ကို လိုက်နာသင့်ပါတယ်။

  1. should be ready to enter into the role of Content Curator 

ခေတ်သစ်သင်တန်းဆရာတစ်ဦးဟာ Content Curator(သင်တန်းပါအကြောင်းအရာများကို စုစည်းကြီးကြပ်သူ) အခန်းကဏ္ဍကို ဝင်ရောက်နေရာယူဖို့ အသင့်ဖြစ်နေသင့်ပါတယ်။ ဥပမာ- သင်တန်း အကြောင်းအရာတွေကို ရွေးချယ်ခြင်း၊ ဖော်ပြခြင်း၊ အတည်ပြုခြင်းနှင့် အပ်ဒိတ်လုပ်ခြင်း

  1. should understand at least the basics of e-Learning

ခေတ်သစ်သင်တန်းဆရာတစ်ဦးဟာ e-Learning ရဲ့ အခြေခံသဘောတရားတွေကို နားလည်သင့်ပါတယ်။ ခေတ်မီသင်တန်းဆရာတစ်ယောက်က e-Learning ရဲ့ အားနည်းချက်၊ အားသာချက်တွေကို နားလည်ခြင်းအားဖြင့် လေ့ကျင့်သင်ကြားရေးအတွက် အကောင်းဆုံးနည်းလမ်းတွေကို ရွေးချယ်နိုင်ပါတယ်။

  1. should be ready to see the whole picture of training methods and tools 

ခေတ်သစ်သင်တန်းဆရာတစ်ဦးဟာ လေ့ကျင့်ရေးနည်းလမ်းတွေနဲ့ toolsတွေရဲ့ အခြေအနေကို ခြုံငုံသုံးသပ် ကြည့်ရှုရန် အသင့်ဖြစ်နေသင့်ပါတယ်။ မိမိနှစ်သက်တဲ့ နည်းလမ်းကို အသုံးပြုနိုင်တာအပြင် အချိန်၊ ကုန်ကျစရိတ်၊ ထိရောက်မှု၊ သင်တန်းသားတွေနဲ့ အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကိုပါ ပြည့်မှီစေတဲ့ လေ့ကျင့်သင်ကြားရေး အကောင်းဆုံးနည်းလမ်းကို ရှာဖွေနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ 

  1. should know the principles of information architecture 

ခေတ်သစ်သင်တန်းဆရာတစ်ဦးဟာ အချက်အလက်တွေအပေါ် အခြေခံပြီး ရုပ်ပုံဇိုင်းရေးဆွဲရတဲ့ အခြေခံသဘောတရားတွေကို သိရှိထားသင့်ပါတယ်။ ရုပ်ပုံ၊ အင်ဖိုဂရပ်ဖစ်၊ ဗဟုသုတပုံ၊ သင်ကြားရေးမြေပုံတွေကို ဖန်တီးပြီး အသိပညာကို ထိထိရောက်ရောက် နားလည်တတ်မြောက်အောင် သင်ကြားပြသပေးသင့်ပါတယ်။

  1. should be also prepared to communicate with trainees in written and visual form

ခေတ်သစ်သင်တန်းဆရာတစ်ဦးဟာ သင်တန်းသားတွေနဲ့ စာ (သို့) အမြင်နဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့ လည်း ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ- ကြေညာချက်(Statement)တွေ ရေးသားခြင်း၊ သဒ္ဒါနှင့် စာလုံးပေါင်းတွေအပြင် မက်ဆေ့ချ်တွေဖန်တီးဖို့ စာရေးကိရိယာတွေ အသုံးပြုခြင်း။

  1. should know the remote learning tools and how to effectively use them in the training function. 

ခေတ်သစ်သင်တန်းဆရာတစ်ဦးဟာ အဝေးမှသင်ကြားရေးကိရိယာတွေကို သိရှိထားသင့်ပြီး လေ့ကျင့်သင်ကြားရေးလုပ်ဆောင်ချက်တွေမှာ ထိရောက်စွာအသုံးပြုနည်းကိုလည်း သိထားသင့်ပါတယ်။ သင်တန်းသားတွေနဲ့ မျက်နှာချင်းဆိုင် ထိတွေ့မှု(Face-to-face)မဖြစ်တဲ့ စိန်ခေါ်မှုကို စီမံထိန်းချုပ်နိုင်ပြီး အဝေးမှ ဆက်သွယ်ပြောဆိုရဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းတွေကို သိရှိဖို့လဲ လိုအပ်ပါတယ်။

  1. should be ready to take care of the whole training process

ခေတ်သစ်သင်တန်းဆရာတစ်ဦးဟာ အလုပ်ရုံဆွေးနွေးပွဲ (သို့) နှီးနှောဖလှယ်ပွဲရဲ့ ပို့ချခြင်းလိုမျိုး အစိတ်အပိုင်းသေးသေးအတွက်သာမက လေ့ကျင့်သင်ကြားရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

  1. should be ready to enter into the role of a Stimulator

ခေတ်သစ်သင်တန်းဆရာတစ်ဦးဟာ သင်တန်းသားတွေရဲ့ စိန်ခေါ်မှုတွေကို နားလည်ပြီး မှန်မှန်ကန်ကန် ဂရုစိုက်ပေးတတ်တဲ့ Stimulator(လှုံ့ဆော်သူ/ဆော်ဩသူ) အခန်းကဏ္ဍကို နေရာဝင်ယူဖို့ အဆင်သင့်ဖြစ်နေသင့်ပါတယ်။ 

  1. should make constant development

လေ့ကျင့်ရေးနယ်ပယ်ရဲ့ လျင်မြန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေက ခေတ်သစ်လေ့ကျင့်သင်ကြားရေး ဆရာတစ်ဦးရဲ့ အရည်အချင်းတွေ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေစေဖို့ တွန်းအားပေးပါတယ်။ 

Reference https://elearningindustry.com/modern-trainers-roles-responsibilities

Video Link – https://www.youtube.com/watch?v=YOjVUlCMoCg