Introduction to MYEO & ELI Program

MYEO နောက်ခံ

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၃၃% က အသက် ၁၅နှစ်ကနေ ၃၅နှစ်အတွင်း ရှိကြတဲ့ လူငယ်တွေဖြစ်ကြတယ်။ ဒီလူငယ်တွေက တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားတွေ ဖြစ်ပေမယ့် အများစုက အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေကြ ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသဆိုင်ရာအဖွဲ့အစည်းတွေက ဒစ်ဂျစ်တယ်စီးပွါးရေး အလုပ်အကိုင်တွေအတွက် ပိုမိုအသုံးချလို့ရတဲ့ စွမ်းရည်တွေကို လိုလားနေကြတယ်။ ခန့်မှန်းချက်တွေအရ ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ လုပ်သားတွေ အနေနဲ့ စွမ်းရည်ပြတ်လပ်မှုနဲ့ ကြုံတွေ့နိုင်ရချေ ရှိနေပါတယ်။ MYEO က ဒီလိုပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ တည်ထောင်ထားရခြင်းဖြစ်ပါတယ်။ 

MYEO ကို ၂၀၁၄ ခုနှစ်ကနေ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ခုဆိုရင် ‘Impact-driven edutech’ တစ်ခုအနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ MYEO ရဲ့ mission ကတော့ မြန်မာနိုင်ငံက ဘွဲ့ရလူငယ်တွေကို လိုအပ်တဲ့ စွမ်းရည်တွေ မြှင့်တင်ပေးပြီး အလုပ်ခွင်နဲ့ လူမှုဝန်းကျင်အတွက် တန်ဖိုးရှိတဲ့ စွမ်းရည်အရင်းအမြစ်တွေအဖြစ် မွေးထုတ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

၂၀၁၈ – ၂၀၁၉ မှာဆိုလို့ရှိရင် အမေရိကန်နိုင်ငံ အခြေစိုက်ဖြစ်တဲ့ Facebook ကုမ္ပဏီကနေပြီးတော့ ကမ္ဘာပေါ်မှာ သူတို့နည်းပညာကို သုံးပြီးတော့ ပြည်သူလူထုကိုအကျိုးပြုနေတဲ့ အဖွဲ့အစည်း ၁၀၀ ကျော်ကို ရှာဖွေပြီးတော့ ဆုပေးခဲ့တယ်။ အဖွဲ့အစည်းပေါင်း (၆၀၀၀) ကျော် လျှောက်တဲ့ထဲမှာ MYEO က မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဆုရရှိခဲ့တယ်။ ဖေးမကူညီမှုနဲ့ Community တစ်ခု ဘယ်လောက်ထိ အရေးကြီးလဲဆိုတာ သင်ယူခဲ့ရတယ်။

MYEO က လူငယ်တွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေလဲ ? 

MYEO မှာ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စကော်လားရှစ် အခွင့်အရေးတွေကို အခမဲ့ဝေမျှပေးနေတဲ့ Facebook စာမျက်နှာ၊ Digital Skills, Life Skills အကြောင်းအရာ၊ အလုပ်၊ အလုပ်သင်နဲ့ ပညာသင်ဆု အခွင့်အလမ်းပို့စ်တွေ၊ Live Session တွေ၊ ကျွမ်းကျင်သူတွေရဲ့ Panel Discussion Session တွေအပြင် Facebook Messenger ကို အခြေခံထားတဲ့ Automatic Chatbot၊ သက်သာတဲ့ မိုဘိုင်းအခြေခံ အွန်လိုင်းသင်ယူမှု ပလက်ဖောင်း စတာတွေကို လူငယ်တွေ အတွက် ဝေမျှပေးနေပါတယ်။ 

MYEO က အိပ်မက်တွေ ကိုယ်စီရှိကြတဲ့ လူငယ်တွေအတွက် စွမ်းရည်မြှင့်တင်ပေးမယ့် နေရာတစ်ခုဖြစ်သလို အဖွဲ့အစည်းတွေအတွက် လုပ်ငန်းခွင်ဆိုင်ရာ လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးနေပါတယ်။ အဖွဲ့အစည်းတွေ အတွက် ဒစ်ဂျစ်တယ်စွမ်းရည်နဲ့ ဘဝစွမ်းရည် သင်တန်းတွေနဲ့ ဝန်ထမ်းတွေကို ပို့ချပေးပြီး အလုပ်နေရာချထားရေးနဲ့ အထူးပူးတွဲစီမံကိန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

MYEO Experiential Leadership Institute (MYEO ELI) ဆိုတာဘာလဲ ?

MYEO သည် မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ်အသီးသီးတွင် ထိရောက်သော  လုပ်ဆောင်ချက်များကို Experiential Leadership Institute (ELI)  မှ တစ်ဆင့် 2017 ခုနှစ် တွင် စတင်ခဲ့သည်။ ဤ Institute တွင် ရွေးချယ်ခံရသော လူငယ်ခေါင်းဆောင်များသည် ရပ်ရွာအကျိုးပြုနိုင်ရန် လိုအပ်သောစွမ်းရည်များ မြှင့်တင်ရန် အလို့ငှာ MYEO ၏ တည်ထောင်သူများ စီစဉ်ပေးထားသော သက်ဆိုင်ရာ Level Division System အလိုက် ၄ပတ်ခန့် ကြာမြင့်သော Online Training Program ကို တက်ရမည် ဖြစ်သည်။

ဤ Online သင်တန်းမှတစ်ဆင့် ရရှိမည့်အကျိုးများမှာ-

  • နည်းပညာနှင့် အလုပ်ခွင်ဆိုင်ရာ စွမ်းရည်များ လေ့ကျင့်ပေးခြင်း။
  • ရပ်ရွာအကျိုးပြုအလုပ်များ စီစဉ်နိုင်ရန် အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများ။
  • မိမိ၏အနာဂတ် အခွင့်အရေးများအတွက် မိမိကိုယ်တိုင် တိုးတက်နေစေခြင်း။

MYEO မှ ဤ Program ကို ဘာကြောင့် လုပ်ရသလဲ ?

MYEO သည် ဤ Programကို လူငယ်ခေါင်းဆောင်များ မှတစ်ဆင့် မြန်မာနိုင်ငံရှိ လူငယ်များအတွက် အထောက်အကူပေးနိုင်သော Platform တစ်ခုအနေနှင့် ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ အခြေခံအားဖြင့် လူငယ်များ မိမိကိုယ်ကို မြှင့်တင်နိုင်ရန် ကူညီခြင်းဖြစ်ပါသည်။ လူငယ်ခေါင်းဆောင် တစ်ဦးအနေဖြင့် သင်သည် မြန်မာနိုင်ငံရှိ လူငယ်များ ထံသို့ အမှန်တကယ် လိုအပ်သော နည်းပညာနှင့်  အလုပ်ခွင်ဆိုင်ရာ စွမ်းရည်များ လေ့ကျင့်ပေးခြင်းကဲ့သို့ ရပ်ရွာအကျိုးပြု လုပ်ငန်းများကို MYEO ELI နှင့်အတူ ဆောင်ရွက်ရမည်။

MYEO ELI မှတစ်ဆင့် အောင်မြင်သော လူငယ်ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန် လိုအပ်ချက်များ

  • MYEO ၏ စံနှုန်းများကို လေးစားလိုက်နာခြင်းနှင့် စွမ်းဆောင်ရည်မြင့်သော ပတ်ဝန်းကျင်တွင် အလုပ်လုပ်လိုစိတ်။
  • အသစ်အသစ်သော ဗဟုသုတအသိပညာများနှင့် အကြံဉာဏ်များကို ပြင်းပြင်းပြပြ စူးစမ်းလေ့လာလိုစိတ် နှင့် သမာရိုးကျထက်သာလွန်သော တွေးခေါ်နိုင်စွမ်း။
  • အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော  ပြောဆိုဆက်ဆံရေး  ကောင်းမွန်မှု၊    ဖွဲ့စည်းနိုင်မှုနှင့် ခေါင်းဆောင်နိုင်စွမ်းများ။
  • ပရိသတ်အကြား ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ခြင်းနှင့် ပွဲစဥ်တစ်လျှောက်စီမံထိန်းကွပ်နိုင်မှု။
  • တိကျသော အချိန်စီမံခန့်ခွဲနိုင်မှု စွမ်းရည်များနှင့် ကြိုတင်မမျှော်လင့်ထားသော  အခြေအနေများ အပေါ် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မှု။ 

လူငယ်ခေါင်းဆောင်များ၏ အခန်းကဏ္ဍ

လူငယ်ခေါင်းဆောင်များအတွက် ဤ Program တွင် အဆင့် 4 ဆင့်ရှိသည်။