Types of Community Organizing

Community Organizing ပုံစံဘယ်နှစ်မျိုးရှိသလဲ။

ယေဘုယျအားဖြင့် –

  1. Direct Service
  2. Education
  3. People Direct Action
  4. Self Help
  5. Advocacy ဆိုပြီးတော့ (၅) မျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်။
  1. Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း) 

Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း) ဆိုတာ အစားအသောက်၊ ကျန်းမာရေး စောင့်ရှောက်မှု အစရှိတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေသူတွေအတွက် အခြေခံဝန်ဆောင်မှုတွေ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ 

ဥပမာ(၁) ယောက်ျားလေးအသင်း၊ မိန်းကလေးအသင်းလိုမျိုး အဖွဲ့အစည်းတစ်ခုက ဆယ်ကျော်သက်တွေ အတွက် အပန်းဖြေလှုပ်ရှားမှုတွေကို ပံ့ပိုးပေးပြီး ကုန်ကျစရိတ်တွေ ကာမိစေဖို့ အသင်းဝင်ကြေး ကောက်ခံတာမျိုးဖြစ်တယ်။

ဥပမာ(၂) အရပ်ဘက်မှာ အတွေ့များတတ်တဲ့ ကလေးဂေဟာကို လှူဒါန်း‌တဲ့ အဖွဲ့အစည်းတွေလိုမျိုး၊ စစ်ဘေးရှောင်တွေလိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ‌တိုက်ရိုက်ထောက်ပံ့တဲ့ပုံစံမျိုးကို ခေါ်ပါတယ်။

  1. Education (ပညာပေးခြင်း)

Education (ပညာပေးခြင်း) ဆိုတာ ထိခိုက်ခံစားရသူတွေက ပြဿနာကို ပိုမိုနားလည်စေနိုင်ဖို့ အဲဒီပြဿနာအကြောင်း သိအောင်လုပ်ပေးတာမျိုး၊ Organizing ကနေပြီး လိုအပ်နေတဲ့ အရာကို ပေးအပ်တာမဟုတ်ဘဲ အဲဒီအရာကိုရရှိအောင် ဘယ်လိုမျိုးလုပ်ယူရမယ်ဆိုတာကို ပညာပေး သင်ကြားပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ 

ဥပမာ(၁) လူငယ်အုပ်စုတစ်စုက လူငယ်တွေအတွက် လှုပ်ရှားမှု(activities)တွေမရှိတဲ့အကြောင်း ဆယ်ကျော်သက်တွေကို စစ်တမ်းကောက်လိုက်တယ်။ အဲဒီပြဿနာကို အခြားဆယ်ကျော်သက်တွေနဲ့ မိဘတွေသိစေဖို့ ဆောင်းပါးတစ်ပုဒ်အနေနဲ့ သတင်းစာထဲမှာ ထည့်လိုက်တယ်။ ဆောင်းပါးမှာဆိုရင် သူတို့ရဲ့ အသိုင်းအဝိုင်းမှာလုပ်ဆောင်နေတဲ့ ဆယ်ကျော်သက်လှုပ်ရှားမှုအကြောင်း အနည်းငယ်ကိုဖော်ပြထားတဲ့ အရင်းအမြစ်တွေကိုလည်း ထည့်သွင်းပေးထားလိုက်တယ်။

ဥပမာ(၂) ဆန်စပါးလိုအပ်နေတဲ့ နေရာကို ‌ဆန်စပါးလှူဒါန်းတာမျိုးမဟုတ်ဘဲ ဆန်စိုက်ပျိုးရေး နည်းပညာသင်ကြားပေးခြင်းမျိုးဖြစ်တယ်။

  1. People Direct Action (လူထုကိုတိုက်ရိုက်ပါဝင်စေခြင်း)

People Direct Action (လူထုကိုတိုက်ရိုက်ပါဝင်စေခြင်း) ဆိုတာ တစ်ဦးတစ်ယောက်(သို့) တစ်‌ဖွဲ့ကဦးဆောင်ပြီး မိမိရဲ့ Community မှာဖြစ်နေတဲ့ အရာတွေကို community မှာရှိတဲ့ လူထုရှေ့ကနေ ဦးစီးဦးဆောင် လုပ်ပြီး လူထုကိုစည်းရုံးတဲ့ ပုံစံမျိုးပါ။ လူတွေရဲ့ ပူးပေါင်းစွမ်းအားကို အသုံးပြုပြီး လူမှုဘဝတိုးတက်မှုအတွက် လုပ်ဆောင်ဖို့ နဲ့ ပါဝါပိရမစ်လို့ခေါ်တဲ့ အာဏာပိုင်အဆင့်ဆင့်ကို အတိုက်အခံပြုလုပ်နိုင်ဖို့ လူတွေကို စုရုံးပြီးတောင်းဆိုတာမျိုးလည်း ဖြစ်ပါတယ်။

ဥပမာ(၁) လူတစ်ယောက်က ရွာနှစ်ရွာကူးလူးဖို့ခက်နေတဲ့ လမ်းမှာပိတ်မိနေတဲ့ ကျောက်တုံးတွေ ဖယ်ရှင်းဖို့ကြိုးစားရာကနေ ဘေးလူတွေကပါ ပူးပေါင်းပါဝင်လုပ်ဆောင်ပေးလာတာမျိုးပါ။

ဥပမာ(၂) ဆယ်ကျော်သက်တွေ စုပေါင်းပြီး သူတို့ရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ အဖြေတစ်ခုကို ဆွေးနွေး သဘောတူလိုက်ကြတယ်။ သူတို့ရဲ့အားသာချက်နဲ့ မိဘတွေ အခြားဆယ်ကျော်သက်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ ဆယ်ကျော်သက်တွေအတွက် လှုပ်ရှားမှု(activities)တွေ ပိုပြီးလုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ တာဝန်ရှိသူတွေကို ဖိအားပေးကြတာမျိုးကိုခေါ်ပါတယ်။

  1. Self Help (ကိုယ်ထူကိုယ်ထ အကျိုးတူ)

Self Help(ကိုယ်ထူကိုယ်ထအကျိုးတူ) ဆိုတာ ယခုလူငယ်တွေကြားမှာ ခေတ်စားနေတဲ့ အတိုင်းပါဘဲ၊ ကျွန်တော်တို့တတ်ထားတဲ့ ပညာလေးနဲ့ community ကိုအကျိုးပြုတဲ့ပုံစံမျိုးပါ။ ပြဿနာတစ်ခုကြောင့် ထိခိုက်ခံစားရသူတွေကလည်း အချင်းချင်းကူညီဖို့ တစ်ခုခု ပြုလုပ်လေ့ရှိကြပါတယ်။

ဥပမာ(၁) ဆယ်ကျော်သက်တွေက အက၊ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲတွေလိုမျိုး အပတ်စဉ် သို့မဟုတ် လစဉ် လှုပ်ရှားမှုတွေကို စီစဉ်ဆောင်ရွက်ပေးတာမျိူးဖြစ်ပါတယ်။

ဥပမာ (၂) စာဖတ်ရင်းလှူ၊ ရုပ်ရှင်ကြည့်ရင်းလှူဆိုတဲ့ပုံစံမျိုးပါဝင်ပါတယ်။

  1. Advocacy (လူထုပါဝင်လာအောင် စည်းရုံးခြင်း)

Advocacy (လူထုပါဝင်လာအောင် စည်းရုံးခြင်း) ဆိုတာ ကိုယ့် Community မှာရှိတဲ့ လူတွေကို Community Development ဖြစ်စေဖို့၊ လုပ်ငန်းတွေမှာ ပါ‌ဝင်လာစေဖို့ လူတစ်စု‌သော်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုကသော်လည်းကောင်း စည်းရုံးလှုံ့ဆော်တဲ့ပုံစံပါ။ ဖြစ်နေတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် ထိခိုက်ခံစားရသူတွေ ကိုယ်စားပြောပေးတာမျိုး တောင်းဆိုပေးတာမျိုးတွေလည်း ပါပါတယ်။

ဥပမာ(၁) ရွာထိပ်က အမှိုက်ပုံကနေ ဝမ်းရောဂါမဖြစ်စေဖို့အတွက် အကုန်လုံးဝိုင်းဝန်းရှင်းလင်းကြဖို့ တိုက်တွန်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။

ဥပမာ(၂) ကျောင်းပြီးသွားတဲ့ လူငယ်တွေ လှုပ်ရှားမှု(Activities)တွေလုပ်ဆောင်တဲ့အခါမှာ မြို့တော်ဝန်က ငွေကြေးထောက်ပံ့သင့်တယ်ဆိုတာကို လူငယ်တွေကိုယ်စား ရပ်မိရပ်ဖတွေ စုပေါင်းပြီး တောင်းဆိုပေးတာမျိုးဖြစ်ပါတယ်။


(4) Requirements to Analysis

ဒါဆိုရင်တော့ Analysis (ခွဲခြမ်းစိတ်ဖြာခြင်း) ကောင်းမွန်အောင်ဘယ်လိုလုပ်ကြမလဲလေ့လာကြရအောင်။ 🧐

Analysis (ခွဲခြမ်းစိတ်ဖြာခြင်း) ကောင်းမွန်အောင် ယေဘုယျအားဖြင့် အချက် (၄) ချက် ရှိပါတယ်။

  1. Data
  2. Information
  3. Experience
  4. Understand the effect

📌 Data (အချက်အလက်)

ဘယ်အရာပဲလုပ်လုပ် Data အချက်အလက်ဆိုတာ အရေးကြီးပါတယ်။ အချက်အလက်မရှိတာဟာ မျက်လုံးကန်းနေတဲ့ အတိုင်းပါပဲ။ ဒါကြောင့် Analysis‌ ကောင်းဖို့ဆိုရင် Data တွေကို ဂရုပြုရပါမယ်။

📌 Information (သတင်းမှတ်တမ်း)

Analysis အားကောင်းဖို့ Information (သတင်းမှတ်တမ်း) တွေကိုလည်း လေ့လာရပါမယ်။ သတင်း‌ အကြောင်းအရာတွေကို သိမှသာလျင် ဘာတွေတွေ့ကြုံရမယ်ဆိုတာကို နားလည်ပြီး ကြိုတင်စဉ်းစားလို့ရ မှာပါ။

📌 Experience (အတွေ့အကြုံ)

ဘယ်နေရာမှာ မဆို Experience ဆိုတာ ရှိနေဖို့လိုပါတယ်။ အတွေ့အကြုံမရှိရင် ငပိဖုတ်တာတောင် နည်းလမ်းမကျတတ်ပါဘူး။ ဒါကြောင့် Analysis လုပ်ဖို့ဆိုရင် အတွေ့အကြုံမရှိရင်တောင် ၎င်းနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့သူဆီက အကြံအဉာဏ်ယူသင့်ပါတယ်။

📌 Understand the effect (သက်ရောက်မှု‌အပေါ်နားလည်ခြင်း)

ဘယ်အရာမဆို သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။ ဒါကြောင့် မိမိတို့ လုပ်လိုက်တဲ့ အလုပ်သည် ဘယ်လိုမျိုးသက်ရောက်မှုနဲ့ အကျိုးကျေးဇူးတွေ ရှိမလဲဆိုတာကို နားလည် လေ့လာသုံးသပ်ရပါမယ်။ ဒါကြောင့် analysis ကောင်းမွန်ဖို့ Understand the effect (သက်ရောက်မှု‌အပေါ်နားလည်ခြင်း) ကိုလည်း သိရှိဖို့ လိုပါတယ်။