Various Types of Community Engagement

 Service Learning ဖြင့် လူမှုအသိုင်းအဝိုင်းအတွက် ပြုလုပ်နိုင်သော ထိတွေ့ဆက်ဆံမှုပုံစံ အမျိုးအစားများ

Service Learning ဆိုတာက လူထုအခြေပြု တိုးတက်မှုရှိစေဖို့ လက်တွေ့ထိရောက်မှုရှိတဲ့ သင်ကြား နည်းတွေနဲ့ သင်ယူမှု ပန်းတိုင်တွေကို  ပေါင်းစပ်ထားတဲ့ အရာတွေဖြစ်ပါတယ်။ နိုင်ငံတကာတွင် ဆောင်ရွက်နေသော     National Service-Learning Clearinghouse  သင်ကြားရေးနှင့် သင်ယူမှု  လုပ်ငန်းစဉ်သည် “သင်ယူမှု   အတွေ့အကြုံ တိုးတက်စေရန်    ၊ ပြည်သူ့တာဝန်များကို သင်ကြားပေးရန် နှင့်   ရပ်ရွာလူထုကို အားကောင်းစေရန် စသော အဓိပ္ပါယ်ပြည့်ဝသည့် Community Service    နည်းလမ်းပေးခြင်း နှင့် ပြန်လည် သုံးသပ် တတ်စေသော အရာများ ပေါင်းစပ်ထားခြင်း ဖြစ်သည်။  Service Learning သည် အစိုးရကျောင်းများ နှင့် ပုဂ္ဂလိကကျောင်းများမှ လုပ်ငန်းခွင်အတွင်း လိုအပ်သော အသိပညာ၊ ကျွင်းကျင်မှုများကို လေ့ကျင့်သင်ကြား ပေးသည့် သင်ကြားနည်းစနစ်များထဲက တစ်ခုဖြစ်သည်။ 

တက္ကသိုလ်တွေက အသုံးပြုနေတဲ့ Community Engagement ပုံစံ/လုပ်ငန်းစဉ်များ

ကျောင်းသား/သူလူငယ်များကို ရပ်ရွာလူထု နှင့် ထိတွေ့ဆက်ဆံလာတတ်စေရန် နှင့် လူထုအခြေပြုလုပ်ဆောင်မှုများတွင်ပါဝင်လာစေရန် အောက်ပါ နည်းစဉ်များဖြင့် လေ့ကျင့်ပေးနိုင်ပါသည်

ဘာသာရပ် အခြေပြု လေ့လာသင်ယူခြင်း (Discipline-Based Model)

တက္ကသိုလ်ကျောင်းသား သို့မဟုတ် သင်တန်းသူ/သားများသည် စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်နိုင်ရန် စာသင်နှစ်ဝက်ကာလတွင် ရပ်ရွာများဆီ ရောက်ရှိပြီး ၎င်းတို့အတွက် လက်တွေ့သင်ကြားသည့် အတွေ့အကြုံများ အမြဲရှိနေအောင် ဆရာ/မများက ​တာဝန်ချထားခြင်းဖြစ်သည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် သူတို့၏ အဓိကဖြစ်သော သီအိုရီ၊  နည်းစနစ်ပိုင်း နှင့် ပြဿနာများအပေါ် ခွဲခြမ်းစိတ်ဖြာမှုအပြင် သိရှိနားလည်မှုများကို အခြေခံသော သင်ကြားရေးဘာသာရပ်(course content) အဖြစ် အသုံးပြုပါသည်။ 

ပြဿနာ အခြေပြု လေ့လာသင်ယူခြင်း(Problem-Based Model)

“ဖောက်သည် (Client)” အတွက် အလုပ်လုပ်နေသော “အကြံပေး (Consultant) ကဲ့သို့ ကျောင်းသားများကလည်း ရပ်ရွာအတွက် အလုပ်လုပ်ပေးသော သူများဖြစ်ပါသည်။ ။ ကျောင်းသားများက Community ရဲ့ သီးခြား ပြဿနာများ နဲ့ လိုအပ်ချက်များကို နားလည်စေရန် Community Member များနဲ့ အလုပ်လုပ်ရသည်။ ဒီပုံစံက ကျောင်းသားများ ပြဿနာတစ်ခုကိုဖြေရှင်းတဲ့တခါ ရပ်ရွာလူထုကိူ ကူညီဖြေရှင်းပေးတဲ့ စွမ်းရည်များ ဖွဲ့ဖြိုးလာမည်ဖြစ်သည်။ ဥပမာ – ဗိသုကာ ကျောင်းသားများသည် ပန်းခြံတစ်ခုကို ဒီဇိုင်းဆွဲနိုင်သည်။ စီးပွားရေး ကျောင်းသားများသည် ဝဘ်ဆိုက်တစ်ခုကို တီထွင်နိုင်သည်။

ဘာသာရပ်နှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်စေခြင်း(Capstone Course Model)

Capstone Course သည် ယေဘုယျအားဖြင့် သတ်မှတ်ထားသော မေဂျာများနှင့် သာမန် ဘာသာရပ်များနှင့်ပတ်သက်၍ လက်တွေ့ပြဿနာများ ဖြေရှင်းတတ်စေရန်နှင့် လူမှုပတ်ဝန်းကျင် အကျိုးပြုနိုင်စေရန်    နောက်ဆုံးနှစ် ကျောင်းသူ/သားများအတွက် ဖန်တီးထားခြင်းဖြစ်ပါ သည်။ ကျောင်းသူ/ သားများသည် Capstone Course အတွင်း ဘာသာရပ်ဆိုင်ရာ အသိပညာများ​ကို ရပ်ရွာရှိ သက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရသည်။ Capstone Course ရဲ့ ရည်ရွယ်ချက်သည် အကြောင်းအရာသစ်တစ်ခု ရှာဖွေခြင်း ဒါမှမဟုတ် ဘာသာရပ်နှင့်ပတ်သက်၍ ကျောင်းသားများ​၏ နားလည်မှုကို ပေါင်းစပ်ခြင်းဖြစ်သည်။ 

လုပ်ငန်းသဘော နားလည်ရန် အလုပ်တွဲလုပ်စေခြင်း(Service Internship Model)

ကျောင်းသားများကို Community တစ်ခုတွင် ရက်သတ္တပတ်လျှင် ၁၀နာရီမှ ၂၀နာရီ အထိ လုပ်ငန်းသဘော နားလည်ရန် အလုပ်တွဲလုပ်စေခြင်း ဖြစ်ပါသည်။   ပုံမှန်အလုပ်များကဲ့သို့ ကျောင်းသား/ သူများက ရပ်ရွာ သို့မဟုတ် လုပ်ငန်းခွင်အတွက် ကောင်းမွန်သော လုပ်ငန်းတစ်ခုကို ပြုလုပ်ရသည်​။ သို့သော် သာမန်အလုပ်များနဲ့ မတူပဲ Service Internship သည် ကျောင်းသားများကို အခြေခံသီအိုရီများ အသုံးပြုပြီး  စိန်ခေါ်မှုရှိသော အတွေ့အကြုံသစ်များကို ခွဲခြမ်းစိတ်ဖြာဆောင်ရွက်ရန် ဆရာများက လမ်းညွှန်ထားသည်။ Service Internship သည် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်အတွက် အဓိကထားပြီး Community နှင့် ကျောင်းသားများကြား အတွေ့အကြုံနှင့် အကျိုးကျေးဇူး  ညီတူညီမျှ ရစေရန် ဖြစ်သည်။ 

ရပ်ရွာ အခြေပြု လုပ်ငန်းသုတေသန (Community-based Action Research Model)

ရပ်ရွာ အခြေပြု လုပ်ငန်းသုတေသနသည် ကျောင်သား/သူ၏ လွတ်လပ်စွာ လေ့လာသင်ယူမှု နှင့်ဆင်တူပြီး ရပ်ရွာလုပ်ငန်းအတွေ့အကြုံ မြင့်မားစေသည်။ ဤလုပ်ငန်းကိုအုပ်စုငယ်များဖွဲ့၍ စုပေါင်း ဆောင်ရွက်လျှင် ပိုမိုထိရောက်သည်။ ဤဖြစ်စဉ်တွင် ကျောင်းသား/သူများသည် ဌာနတွင်းမှအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ပူးပေါင်း၍ သုတေသနနည်းလမ်းများ၊ လုပ်နည်းလုပ်ဟန်များကို အသေးစိတ်လေ့လာပြီး လုပ်ငန်းသုတေသနတွင် အသုံးချနိုင်သည်။ လုပ်ငန်းသုတေသနကို လုပ်ဆောင်ခြင်းသည် ကျောင်းသား/သူများ၏ အချိန် စီမံခန့်ခွဲနိုင်မှု၊  မတူကွဲပြားသော လူ့အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ တိုးတက်လာရန် လေ့ကျင့် ပေးရာလည်း ရောက်သည်။ 

Project လုပ်ငန်းများအတွက် ထပ်ဆောင်း credit ပေးခြင်း (Directed Study Additional/Extra Credit Model)

ကျောင်းသား/သူများသည် theory & practice စာတွေ့လက်တွေ့ပေါင်းစပ်၍ ပိုမို ကျယ်ပြန့်စွာ လေ့လာသင်ယူခွင့်ရရန်နှင့် လက်တွေ့ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဘာသာရပ်နှင့် ဆက်စပ်သော အကြောင်းအရာများကို သက်ဆိုင်ရာလူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရသော community-based project လုပ်ငန်းများကိုပါ စာသင်နှစ်အလိုက် လုပ်ဆောင်ရသည်။ ၎င်းလုပ်ငန်းများကို တစ်ဦးချင်းစီသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း လုပ်ဆောင်ရသည်။ ၎င်းတွင် ကြီးကြပ်သူ ဆရာ၊ဆရာမမှ လိုအပ်ချက်များကို အကြံပြုပေးခြင်းများ၊ လမ်းညွှန်ပေးခြင်းများ ဆောင်ရွက်သည်။  Project များကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပြီး တွေ့ရှိချက်များ၊ ရလဒ်များကို သက်ဆိုင်ရာသို့ တင်ပြ၍ ကြီးကြပ်သူများနှင့် အခြားအုပ်စုများက အမှတ်ပေးခြင်း၊ မေးခွန်းများ မေးခြင်းဆောင်ရွက်သည်။  Project လုပ်ငန်းအတွက် ထပ်ဆောင်း credit ရရှိသည်။ 

 Reference 

https://cft.vanderbilt.edu/guides-sub-pages/teaching-through-community-engagement/