Community Building

လူမှုအသိုင်းဝိုင်းဆိုတာ ဘာလဲ။ ( What is community?)

လူမှုအသိုင်းဝိုင်းတစ်ခုဆိုတာဟာ လူအများက တူညီတဲ့စိတ်ဝင်စားမှု၊ တူညီတဲ့ပန်းတိုင်တွေ (သို့မဟုတ်/နှင့်) အတွေ့အကြုံတွေကို မျှဝေကြတဲ့ အွန်လိုင်း (Virtual) သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ(Physical) သို့မဟုတ် နေရာနှစ်ခုလုံး ဖြစ်နိုင်ပါတယ်။ အချင်းချင်း အပြန်အလှန် မျှဝေဖို့၊ ချိတ်ဆက်ဖို့၊ ဖလှယ်ဖို့နဲ့ တူညီတဲ့ပန်းတိုင်တွေဆီရောက်ဖို့အတွက် အတူတကွ လက်တွဲလုပ်ဆောင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ လူမှုအသိုင်းဝိုင်းတွေက တည်ရှိနေကြတာဖြစ်ပါတယ်။

အမြစ်တွယ်နေတဲ့ မညီမျှမှုတွေနဲ့ အားနည်းချက်ပုံစံတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းနေတာကြောင့် လူမှုအသိုင်းဝိုင်းတည်ဆောက်ခြင်းက အချိန်တိုအတွင်း ပြီးမြောက်တဲ့ လုပ်ငန်းစဉ် မဟုတ်ပါဘူး။ ပါဝင် ပတ်သက်နေတဲ့ လူ့အဖွဲ့အစည်းအပေါ် မူတည်ပြီး မြင်သာထင်သာရှိတဲ့ရလဒ်တွေ ရရှိစေဖို့ အချိန်အတိုင်းအတာ တစ်ခု လိုအပ်တယ်လို့ သက်မှတ်ထားပါတယ်။ လူမှုအသိုင်းဝိုင်းတည်ဆောက်ခြင်းဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို မတူညီတဲ့အဖွဲ့အစည်းတွေက ပုံစံအမျိုးမျိုးနဲ့ အသုံးပြုကြတဲ့အခါ အဓိပ္ပါယ်ဖွင့်ဆိုချက်က ပုံမှန်အားဖြင့် လိုအပ်ချက်တွေရှိပါတယ်။ ဒီမှာကတော့ IGI global က သတ်မှတ်ထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောပြချင်ပါတယ်။

လူမှုအသိုင်းဝိုင်းတည်ဆောက်ခြင်းဆိုတာက ဒေသဆိုင်ရာနယ်မြေတစ်ခု ( ဥပမာ- ရပ်ကွက်တစ်ခုလိုမျိူး) အတွင်း မိမိနေထိုင်တဲ့ လူမှုအသိုင်းတစ်ခု ဖွဲ့ဖြိုးတိုးတက်ဖို့အတွက် တစ်ဦးနဲ့တစ်ဦးစုပေါင်းပြီး အသိုက်အဝန်းတစ်ခု ဖန်တီးခြင်း သို့မဟုတ် ဖွံ့ဖြိုးတက်ခြင်းကို ဦးတည်ပြီး လက်တွေ့ကျကျ တည်ဆောက်ပေးတဲ့ ကဏ္ဍ တစ်ခုဖြစ်ပါတယ်။

Why Building Community Is So Important?လူမှုအသိုင်းအဝိုင်းတည်ဆောက်ခြင်းက ဘာကြောင့် အရေးကြီးတာလဲ။

  • COMMUNITY-BUILDING (CB) FOSTERS CONNECTION (ခိုင်မြဲတဲ့ ချိတ်ဆက်မှုတွေရှိခြင်း။)
    လူသားတွေဖြစ်တဲ့ ကျွန်ုပ်တို့အတွက် လူမှုဆက်ဆံဆိုင်ရာ လုပ်ငန်းစဉ်တွေ ( မိမိ ပတ်ဝန်းကျင်ထဲမှာရှိတဲ့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး။ ပညာရေး) က လူမှုအသိုင်းအဝိုင်းထဲမှာပဲလုပ်ဆောင်ရတာဖြစ်တယ်။ ဒီအရာတွေကတော့ စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဘုရားကျောင်း၊ ဇာတိမြေတွေနဲ ကောင်းမွန် ခိုင်မြဲ ချိတ်ဆက်ဆောင်ရွက်ခြင်းတွေပဲဖြစ်ပါတယ်။
  • COMMUNITY-BUILDING (CB) CREATES SPACE FOR SHARING (မျှဝေခြင်းဆိုင်ရာ လုပ်ငန်းစဉ် များအတွက် ဖန်တီးပေးခြင်း။)
    လူမှုအသိုင်းအဝန်း တစ်ခုကို လုံခြုံမှု ၊ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်တဲ့ ညှိနှိုင်းတွေမှု ရှိတဲ့ ရပ်ဝန်းလေး တစ်ခုအဖြစ် လူများအတွက် ဖန်တီးထားမယ်ဆိုရင် သူတို့ကိုယ်တိုင်က ကြုံတွေ့ခဲ့ရတဲ့ အရာတွေ ၊ သူတို့မှာ ရှိတဲ့ အသိပညာတွေကို မျှဝေနိုင်ပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် သင်ယူလေ့လာမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို မျှဝေခြင်းတွေက လူမှုအသိုင်းအဝန်း တစ်ခုကို လုံခြုံမှု ၊ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်တဲ့ ညှိနှိုင်းတွေမှု ရှိတဲ့ ရပ်ဝန်းလေး တစ်ခုအဖြစ် လူများအတွက် ဖန်တီးထားမယ်ဆိုရင် သူတို့ကိုယ်တိုင်က ကြုံတွေ့ခဲ့ရတဲ့ အရာတွေ ၊ သူတို့မှာ ရှိတဲ့ အသိပညာတွေကို မျှဝေနိုင်ပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် သင်ယူလေ့လာမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို မျှဝေခြင်းတွေက လူတွေကို ပိုပြီး ယုံကြည်မှုတွေ မြင့်မားလာစေပြီး မိမိ ကိုယ့်ကိုကိုယ် လုံခြုံမှုရှိတယ်လို့ခံစာရခြင်းအပြင်ဒီလိုမျှဝေခြင်းတွေမှာ စုပေါင်းပါ၀င်လုပ်ဆောင်ရခြင်းအပေါ်မှာလည်း ပျော်ရွင်လာစေ‌ခြင်း စတဲ့အရာ ကောင်းမွန်တဲ့အရာတွေအပေါ် ဦးတည်စေပါတယ်။ အချင်းချင်း မျှဝေသင်ယူမှုတွေ လုပ်ခြင်းမှ တစ်ဆင့် နောက်ထပ် မသိသေးသူများပြန်လည်မျှဝေခြင်းတွေ လုပ်ဆောင်နိုင်မှာဖြစ်တယ်။
  • COMMUNITY-BUILDING (CB) IS ABOUT COLLECTIVE LEARNING ( စုပေါင်းသင်ယူများ လုပ်နိုင်ခြင်း။)
    လူမှုအသိုင်းအဝိုင်းရပ်ဝန်း တစ်ခုဆိုတာ အသိုင်းအဝိုင်းထဲမှာ ရှိတဲ့ လူအချင်းချင်း မိမိရဲ့ အတွေ့ကြုံတွေကို အပြန်အလှန် မျှဝေဖလှယ်ခြင်းများ၊ အသိပညာဗဟုတတ ရခြင်းတွေကို ဖော်ဆောင်နိုင်တဲ့ အရာတစ်ခုဖြစ်တယ်။
  • COMMUNITY-BUILDING (CB) ENGAGES WITH COLLECTIVE GROWTH (တစ်စုတစ်စည်းတည်း တိုးတက်လာမှုကို ချိတ်ဆက်ပေးနိုင်ခြင်း။)
    Collective Learning ဆိုသည်မှာ စုပေါင်းတိုးတက်မှုကို ဆိုလိုသည်။ ဆွေးနွေး‌ပွဲများ၊ လူမှုအသိုက်အဝိုင်း လှုပ်ရှားမှုများ၊ အသိပညာမျှဝေခြင်းများနဲ့ အတွေ့ကြုံမျှဝေခြင်းများ လုပ်ဆောင်ခြင်းက တစ်စုတစ်စည်းတည်း တိုးတက်မှုကို ချိတ်ဆက်ပေး တဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။
  • COMMUNITY-BUILDING (CB) IS ABOUT EXPERIENCE ( ကောင်းမွန် အတွေ့အကြုံများ ရခြင်း။ )
    လူမှုအသိုင်းအဝိုင်းတစ်ခုမှာ ပါဝင်ဆောင်ရွက်ခြင်းက အတွေ့အကြုံတွေကို ရစေပြီး ဒီအတွေ့ကြုံက လူ့မှုအသိုင်းဝိုင်းထဲမှာရှိတဲ့ သူတွေကို တိုးတက်စေပါတယ်။ ဒီလို တိုးတက်လာခြင်းနှင့်အတူ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ကောင်းမွန်တဲ့ ရလဒ်တွေ ဖော်နိုင်ပါတယ်။ ဒါကြောင့် လူ့အသိုင်းအဝိုင်းဆိုတာ အတွေ့ကြုံတွေရပြီး ဒီအတွေ့ကြုံတွေကို အကောင်ထည်ဖော်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် လူမှုအသိုင်းဝိုင်းတစ်ခု တည်ဆောက်ရေးမှာ လူတွေကို ဖွံ့ဖြိုးတိုးတက်စေမှုသာမက အတွေ့ကြုံကောင်းတွေကို ဖော်ဆောင်ပေးဖို့ သတိပြုမိဖို့ လိုအပ်ပါတယ်။
  • COMMUNITY-BUILDING (CB) ALLOWS TRUST-BUILDING ( ယုံကြည်မှုများ တည်ဆောက်ပေးခြင်း။)
    စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ ၀န်ဆောင်‌မှုပေးတဲ့ လုပ်ငန်းများ အနေနဲ့ လူမှုအသိုင်းအဝိုင်းတည်ဆောက်ခြင်း နည်းဗျူဟာတွေကို တည်ဆောက်တဲ့အခါ မိမိတို့ရဲ့ ဖောက်သည်များ၊ သုံးစွဲသူများနဲ့ မိတ်ဖွဲ့လုပ်ငန်းရှင်များနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အလွန်‌အရေးကြီးပါတယ်။ ဒါအပြင် လူမှုအသိုင်းဝိုင်း အတွင်း အတွေ့ကြုံများ မျှဝေခြင်း၊ စုပေါင်းသင်ယူလေ့လာခြင်း၊ ချမှတ်ထားတဲ့ပန်းတိုင်များကိုအတူတူပူပေါင်း ကြိုးစားအားထုတ်မှုတွေက ယုံကြည်မှုအပြင် သစ္စာရှိမှုတွေကိုပါ ခိုင်မြဲစေမှာဖြစ်ပါတယ်။
  • COMMUNITY-BUILDING (CB) IS MOVEMENT FORMATION (အရွေ့တစ်ခုကို ပုံစံချပေးခြင်း။)
    လူ့အသိုင်းဝိုင်းများကို တည်ဆောက်ရာမှာ ပါဝင်လှုပ်ရှားမှုများနဲ့ ဖော်ဆောင်ထားပါတယ်။ လူတွေက အတူတကွ ပါဝင်ဆောက်ရွက်တဲ့ အခါ ပွင့်လင်းမြင်သာမှုတွေ၊ ပိုပြီး သန်မာလာမယ်၊ လူအသိုင်းဝိုင်းအတွင်း တွင်ကျယ်စွာ ရှင်သန်လာနိုင်မှာ ဖြစ်ပါတယ်။ လူမှုအသိုင်းဝိုင်း တစ်ခုစီတိုင်းမှာ အလားအလာရှိတဲ့ ရည်မှန်းချက် ပန်းတိုင်များ ရှိပါတာကြောင့် အကျိုးသက်ရောက်မှု ရှိတဲ့ပြောင်းလဲခြင်း များနဲ့အတူ လူထုက လိုလားစွာပါ ဝင်လှုပ်ရှားဆောင်ရွက်မှုတွေ၊ ရိုးရှင်းတဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေ တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
  • COMMUNITY-BUILDING (CB) FOSTERS INNOVATION ( တီထွင်ဆန်းသစ်မှု လုပ်ဆောင်ဖို့ တွန်းအားပေးခြင်း)
    လူမှုအသိုင်းတွေမှာ မတူညီတဲ့ ရှုထောင့်တွေ၊ နောက်ခံများ၊ အတွေ့ကြုံများနဲ့ ထင်မြင်ယူဆချက်များ စွာရှိတာကြောင့် ဆန်းသစ်တီထွင်မှုများကို ဖန်တီးနိုင်တဲ့ ကြီးမားတဲ့ အလားလားရှိတဲ့ အသိုက်အဝန်း တစ်ရပ်ဖြစ်တယ်။ တွေးခေါ်နိုင်စွမ်းရှိတဲ့ ဦးနှောက်များ၊ ခံစားမှုများ၊ ရှုထောင့်များစွာ နဲ့ တီထွင်ဆန်းသစ်မှုကို ပေါင်းစည်း လုပ်ဆောင်တဲ့အခါ ကြုံတွေနိုင်တဲ့ ပြဿနာရပ်တွေ စိန်ခေါ်မှုတွေကို အတူတကွ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။

10 Ways to Build Community ( လူမှုအသိုက်ဝန်း တည်ဆောက်ရန် နည်းလမ်း ၁၀ခု)

သင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ လူမှုအသိုင်းဝိုင်းတစ်ခုထဲ ပါဝင်လုပ်ဆောင်မှုတွေ မစခင်မှာ အောက်ဖော်ပြပါ အချက် (၃) ချက်ကို သိထားဖို့ လိုအပ်ပါတယ်။

  1. Know that each of us makes a positive difference in the lives we touch. (ကျွန်ုပ်တို့ တစ်ဦးစီတိုင်း လူတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါ အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များကို ကွဲပြားအောင်လုပ်ဆောင်ရမည်။)
  2. Time, talent, or treasure—measure out what works. ( ကိုယ်လုပ်ဆောင်တဲ့ အလုပ်တိုင်းကို တိုင်းတာမှုလုပ်ပါ။ ဥပမာ – အချိန်၊ အရည်သွေး)
  3. Learn how to give as well as to receive. ( လူတွေကို ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေကို ဘယ်မျှမလဲဆိုတာရယ် ကိုယ်ကိုကိုယ်ကလည်း သူတို့ဆီက ဘယ်လို လက်ခံရယူမလဲ ဆိုတာကို သင်ယူပါ။

အထက်ဖော်ပြပါ အချက်တွေကို အကြံပြုချက်တွေမှတ်သားထားပြီး အောက်ဖော်ပြပါ အချက်တွေကတော့ လူမှုအသိုင်းအသိုက်ဝန်းတစ်ခုထဲ ပါဝင်ဆောင်ရွက်တဲ့အခါ ဘယ်လိုပါဝင်ဆောင်ရွက်မလဲဆိုတဲ့ နည်းလမ်း၁၀ခုပဲ ဖြစ်ပါတယ်။

Neighborhood Involvement ( ကိုယ့်ရဲ့ အိမ်နီးချင်းများအတူ ပါဝင်ဆောင်ရွက်ခြင်း။)

  • Build a Community Garden ( ကိုယ့်အိမ်နီးချင်းများနဲ့ အသိုက်ဝန်းတစ်ခု တည်ဆောက်ခြင်း)
  • Start an Ongoing Conversation ( ဆက်သွယ်ပြောဆိုခြင်းများ စတင်ခြင်း။)
  • Time Banks ( အချိန်အများစုကို နှစ်မြုပ်ခြင်း။)
  • Volunteering ( ပရိဟိတလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခြင်း။)

For Parents/Guardians of Young Children ( ကလေးငယ်များ၏ မိဘများ သို့မဟုတ် အုပ်ထိန်းသူများအတွက်

  • Mommy and Me/Daddy and Me (မိဘနဲ့သားသမီး ဆက်ဆံအရေး)
  • Babysitting Co-op ( ကလေးထိန်းကျောင်းများ သို့မဟုတ် မူကြို)
  • After-school and Extra-curricular Events( စာသင်ခန်းပြင်ပ လှုပ်ရှားမှုများ၊ အခမ်းအနားပွဲများ)
  • Parent Teacher Association(PTA)/ Parent Teachers Student Association (PTSA)(မိဘဆရာများအသင်း / မိဘဆရာ ကျောင်းသားများအသင်း)

Business Outreach (စီးပွားရေးလုပ်များ ချဲ့ထွင်ခြင်း သို့မဟုတ် မိမိစီးပွားရေးကို လူအများသိအောင် ပြုလုပ်ခြင်း။)

  • One-day Events ( တစ်ရက်တာ ပွဲများပြုလုပ်မှု)ဥပမာ – သင်က လုပ်ငန်းတစ်ခုကို စတင်တည်ထောင်သူဆိုရင် သူလုပ်ငန်းမှ ဘယ်လို ဝန်ဆောင်မှု တွေရလဲဆိုတာကို လူအများသိစေဖို့ Business Event တွေပါ ပါဝင်မှုများလုပ်ခြင်း။
  • Charity Events ( ပရိဟိတ ဆိုင်ရာ ပွဲများပြုလုပ်ခြင်း)ဥပမာ – သင့်လုပ်ငန်းကို လူသိစေဖို့ ဟိုတယ်တစ်ခုမှာ အစားသောက် စုံလင်စွာဖြင့် လူများဖိတ်ကြားပြီး သင့်လုပ်ငန်းရဲ့ ဝန်ဆောင်မှုများကို မိတ်ဆက်ခြင်း။

Video Link – https://www.youtube.com/watch?v=cP_ZCatOnFA+

ကိုးကားချက် – https://www.igi-global.com/dictionary/community-building/4701

https://fairforceberlin.medium.com/why-building-community-is-so-important-6f1a3953c1d7

https://cmxhub.com/build-a-thriving-community-from-scratch/
https://www.thinkific.com/blog/how-to-build-an-online-community/https://www.greenamerica.org/green-living/10-ways-build-community