Empower Youth and Team

လူငယ်စွမ်းအားမြင့်တင်ရေး (Youth Empowerment) ဆိုတာဘာလဲ။

လူငယ်စွမ်းအားမြင့်တင်ရေးဆိုတာက လူငယ်တွေက သူတို့ရဲ့ ဘဝတာဝန်တွေကို ကိုယ်တိုင် တာဝန်ယူတတ်စေဖို့ တွန်းအားပေးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ လူငယ်တွေကို သူတို့ရဲ့  ဘဝအခြေအနေကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေပြီး သူတို့မှာရှိတဲ့ အရည်အချင်း၊ အရင်းမြစ်တွေကို အသုံးပြုပြီး တစ်ခုခုလုပ်ဆောင်နိုင်ဖို့နဲ့ သူတို့ရဲ့ ယုံကြည်ချက်၊ သဘောထား၊ တန်ဖိုးထားမှုတွေကို အခြေခံပြီး ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲဖို့ လူငယ်စွမ်းအားမြှင့်တင်ရေးကို လုပ်ဆောင်ကြတာဖြစ်ပါတယ်။

လူငယ်စွမ်းအားမြင့်တင်ရေးက ဘာကြောင့်အရေးပါတာလဲ။  (Purpose of Youth Empowerment) 

လူငယ်စွမ်းအားမြင့်တင်ရေးက ကောင်းမွန်တဲ့ လူနေမှုဘဝကို မြင့်တင်ရန် ရည်ရွယ်သည်။ လူငယ်စွမ်းရည် မြင့်တင်ရေးလုပ်ဆောင်တဲ့ ပရိုဂရမ်တွေမှာ တောက်လျှောက်  ပါဝင်စေခြင်းဖြင့် လူငယ်စွမ်းရည်မြင့်တင်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။

လူငယ်စွမ်းရည်မြှင့်တင်ရေးလှုပ်ရှားမှု ( Youth Empowerment Movement)

စွမ်းရည်မြင့်တင်မှုဆိုင်ရာ လှုပ်ရှားမှုတွေမှာ လူငယ်တွေရဲ့ စွမ်းဆောင်နိုင်မှု၊ အစပြုမှုတွေကနေ အရှိန်အဟုန် မြင့်မားလာမှုတွေ အဖွဲ့အစည်းဆိုင်ရာဖြစ်ပေါ်လာမှုတွေ ပါဝင်ပါတယ်။ မျိုးဆက်သစ် ညီမျှမှု၊ ရပ်ရွာလူထုနဲ့ချိတ်ဆက်ဆောင်ရွက်မှု၊ ဒီမိုကရေစီ တည်ဆောက်ရေးတို့အတွက် လူငယ်တွေရဲ့ စွမ်းဆောင်နိုင်မှုက တံခါးပေါက်တစ်ခုပဲဖြစ်တယ်။ ဒီလိုလှုပ်ရှားမှုများတွေက အသိုက်အဝန်းရဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်(community decision making)တွေမှာ လူငယ်ဦးဆောင်တဲ့ မီဒီယာတွေ၊ လူငယ်အခွင့်အရေး၊ လူငယ်ကောင်စီ၊ လူငယ်များတက်ကြွလှုပ်ရှားမှု၊   လူငယ်ပါဝင်မှုတွေကို အဓိကထားပါတယ်။

လူငယ်စွမ်းဆောင်ရည်မြှင့်တင်ခြင်း အမျိုးအစားများ
လူငယ်စွမ်းရည်မြင့်တင်ရေးလှုပ်များအတွက်

  • စိတ်ပိုင်းဆိုင်ရာ (psychological)၊
  • လူမှုအဖွဲ့စည်း (community) ၊
  • အဖွဲ့အစည်းဆိုင်ရာ (organizational) ၊
  • စီးပွားရေး (economic)၊
  • လူမှုရေးနှင့်ယဉ်ကျေးမှု (Social and Cultural) တွေ စတဲ့ အမျိုးအစား ၆ ခုရှိပါတယ်။

၁။ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် (Psychological Empowerment)
တစ်ဦးချင်းရဲ့ အသိဉာဏ်၊ မိမိကိုယ်ကို စွမ်းဆောင်နိုင်မှုအပေါ် ယုံကြည်ချက်ရှိမှု၊ ပြဿနာတွေရဲ့ ဖြေရှင်းချက်များကို သိရှိနားလည်မှု နဲ့ လူတစ်ဦးချင်းစီရဲ့  ဘဝအရည်အသွေးကို ထိခိုက်စေတဲ့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပုံတွေကို သိရှိစေရန် မြင့်တင်ပေးတယ်။

၂။ ရပ်ရွာဆိုင်ရာ စွမ်းဆောင်ရည်(Community Empowerment)
ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်မှု၊ ကောင်းမွန်ချိတ်ဆက်ဆောင်ရွက်မှုများ၊ ရပ်ရွာလူထုကို စည်းရုံးရန် ပံ့ပိုးကူညီမှုကွန်ရက်တစ်ခု ဖန်တီးခြင်း မှတစ်ဆင့် ရပ်ရွာကို မြှင့်တင်ရန် ဖြစ်သည်။

၃။ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် (Organizational Empowerment)
အခွင့်အာဏာကိုင်စွဲထားခြင်းမရှိသူတွေကို ကာကွယ်ရန်၊ မြှင့်တင်ရန်နှင့် ထောက်ခံအားပေးရန် ရည်ရွယ်ပြီး အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေနဲ့ အသင်းအဖွဲ့များအပါအဝင် ရပ်ရွာတစ်ခုအတွက် အရင်းအမြစ်တွေကို အခြေခံကစပြီး ဖန်တီးဖို့ ရည်ရွယ်တယ်။

၄။ စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည် (Economic Empowerment)
စွန့်ဦးတီထွင်မှုဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ မိမိမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကတစ်ဆင့် ဝင်ငွေ ဖူလုံမှုရရှိအောင် ဖန်တီးဖို့ ရည်ရွယ်ပါတယ်။

၅။  လူမှုရေးဆိုင်ရာ စွမ်းဆောင်မှုဆိုတာ (Social Empowerment )
လူငယ်တွေကို  လူမှုရေးဆိုင်ရာ ပါဝင်မှုနှင့် စာတတ်မြောက်မှုအကြောင်း သင်ကြားပေးတာအပြင် လူငယ်တွေကို သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းတွင် တက်ကြွစွာပါဝင်စေဖို့ရည်ရွယ်ပါတယ်။

၆။ ယဉ်ကျေးမှုဆိုင်ရာ စွမ်းဆောင်မှုဆိုတာ (Cultural Empowerment) 
လူငယ်တွေအတွက် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ပြန်လည်ဖန်တီးရန်၊ ယဉ်ကျေးမှုစည်းမျဉ်းတွေနဲ့ စံနှုန်းတွေကို ပြန်လည်သတ်မှတ်ဖို့ ရည်ရွယ်ပါတယ်။

Reference- https://sia.or.tz/youth-empowerment

VideoLink-https://www.youtube.com/watch?v=ZJnLaj7fRZg
https://www.youtube.com/watch?v=3MrF8JuLJK4