Youth Capacity Building

What is Capacity? (စွမ်းဆောင်နိုင်စွမ်း ဆိုတာဘာလဲ။) 

Oxford dictionary၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ Capacity စွမ်းဆောင်နိုင်စွမ်းဆိုသည်မှာ တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခု၏ လုပ်ဆောင်နိုင်သော စွမ်းရည်ပမာဏဖြစ်ပါသည်။  
Capacity Building စွမ်းရည်တည်ဆောက်ခြင်းသည် အလိုအလျောက်ဖြစ်တည်လာခြင်းမဟုတ်ပါ။ စိတ်ဆန္ဒထက်သန်မှု၊ အားစိုက်ထုတ်မှု၊ အစပျိုးမှု နှင့် ဦးဆောင်မှု တို့အပေါ် အခြေခံ၍ ပျိုးထောင်ရမည် ဖြစ်သည်။

Capacity Building (လူငယ်စွမ်းရည်တည်ဆောက်ခြင်း) ဆိုတာ ဘာလဲ။ 

Capacity Building သည်  Capacity Development စွမ်းရည်မြှင့်တင်ခြင်းနှင့် သဘောတရားတူသည်။ Capacity Building ၏ အဓိကအနှစ်သာရမှာ လူသားတို့၏ စွမ်းဆောင်ရည်တိုးတက်ရေးကို နှောင့်နှေးစေသည့် အခက်အခဲ အတားအဆီးများကို သဘောပေါက်နားလည်လာစေရန်နှင့် ၎င်း အခက်အခဲများကို ကျော်လွန်ရန် လိုအပ်သော အသိပညာ ကျွမ်းကျင်မှုများကို မြှင့်တင်၍ တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။

လေ့ကျင့်သင်တန်းပေးခြင်းသည် လူငယ်များ စွမ်းရည် မြှင့်တင်ခြင်း လုပ်ငန်းတွင် အဓိကအရေးပါသည်။ သင်တန်းပေးခြင်းသည် ပညာပေးရန်၊ သင်ကြားပေးရန်၊ အသစ်အသစ်သော အသိပညာ၊ အတတ်ပညာ ဗဟုသုတများ တိုးပွားရရှိရန် နှင့် တိုးတက်ကောင်းမွန်သော  ပြုမူဆောင်ရွက်ချက်များအဖြစ် ပြောင်းလဲလာရန် ဖြစ်သည်။  လူငယ်များကို လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှုများကို လေ့ကျင့်သင်တန်းပေးခြင်းဖြင့် လူငယ်များနှင့် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို ဟန့်တားနေသော အတားအဆီး များကို ဖယ်ရှားနိုင်သည်။ 

Why is it important? (Capacity building ဘာကြောင့် အရေးကြီးတာလဲ။) 

Capacity Building (စွမ်းရည်တည်ဆောက်ခြင်း) မရှိပါက အောက်ပါအကျိုးဆက်များ ကြုံတွေ့နိုင်ပါသည်။

  • မိမိကိုယ်ကို ယုံကြည်မှု အားနည်းခြင်း။ 
  • အခြားလူငယ်များနည်းတူ ရင်ဘောင်တန်းနိုင်ရန် တွန့်ဆုတ်နေခြင်း။ 
  • ဘဝရှေ့ရေးအတွက် ပူပန်ရခြင်း။ 
  • မိမိနှင့် ကိုက်ညီသည့် အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးရခြင်း။ 
  • မလုံခြုံသည့် စိတ်ကြောင့် ပတ်ဝန်းကျင်အပေါ် အကောင်းမြင်စိတ် လျော့နည်းလာခြင်း။ 

 Capacity Building (စွမ်းရည်တည်ဆောက်ခြင်း) ရှိပါက အောက်ပါအကျိုးကျေးဇူးများ ရနိုင်ပါသည်။

  • Capacity Building (စွမ်းရည်တည်ဆောက်ခြင်း) ကြောင့် လူငယ်များအနေဖြင့် မိမိကိုယ်တိုင်အတွက် သာမက မိမိပတ်ဝန်းကျင်အတွက်ပါ ရေရှည်အကျိုးဆက်များ ရရှိခြင်း။
  • မိမိကိုယ်ကို ယုံကြည်မှု မြင့်တက်လာ၍ ဗဟုသုတများတိုးပွားလာပြီး လူထုဝန်းကျင်၏ လိုအပ်ချက်များကိုပါ ဖြည့်ဆည်း ပေးနိုင်ခြင်း။
  • ဆီလျော်ကောင်းမွန်သော အခွင့်အလမ်းများကို ဖမ်းဆုပ်လာနိုင်ခြင်း။
  • စွမ်းရည်တည်ဆောက်ခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်၊ ခေါင်းဆောင်မှု စိတ်ဓာတ်များကို ရှင်သန်အားကောင်းစေသည့်အပြင် အနာဂတ်လူ့စွမ်းအားနှင့် လူငယ် အရင်းအမြစ်များကို တိုးမြှင့်စေနိုင်ခြင်း။

Tips for Capacity Building (စွမ်းရည်တည်ဆောက်ဖို့ ဘာတွေ လုပ်ရမလဲ။ )

  1. Focus (အာရုံစိုက်ခြင်း)
    မိမိ၏ အားသာချက် အားနည်းချက်များအပေါ်မူတည်၍ ပျိုးထောင်တည်ဆောက်လိုသည့် လုပ်နိုင်စွမ်း တစ်ခုအပေါ် အာရုံစိုက်ရန် လိုအပ်သည်။ မိမိဆန္ဒနှင့် ဝါသနာအရ အမှန်တကယ်တည်ဆောက်လိုသည့် စွမ်းရည်သာလျှင် ပဓာနဖြစ်သည်။ မိမိအားသာချက်၊ အားနည်းချက်များကို စိစစ်ရန်    SWOT Analysis ကဲ့သို့သော နည်းလမ်းများကို အသုံးပြုနိုင်သည်။ 
  1. Invest ( မြှပ်နှံခြင်း)
    စွမ်းရည်တစ်ရပ်ရပ်ကို ပြောင်မြောက်အောင်မြင်သည်ထိ ပျိုးထောင်တည်ဆောက်နိုင်ရန် ရင်းနှီးစိုက်ထုတ်မှု လိုအပ်သည်။ (ဥပမာ အင်အားစိုက်ထုတ်မှု၊ အချိန်ကာလ ရင်းနှီးမြှပ်နှံမှု) စွမ်းရည်တည်ဆောက်ခြင်းသည် အချိန်ခဏအတွင်း ပြီးမြောက်နိုင်မည် မဟုတ်သည့်အတွက် လိုအပ်သော စွမ်းရည်၊ ဗဟုသုတများ ဖြည့်ဆည်းရန် အချိန်ပေး လေ့လာရမည်ဖြစ်သည်။ 
  1. Desire (စိတ်ဆန္ဒ)
    အထက်တွင် ဖော်ပြထားသည့်အတိုင်း စွမ်းရည်တည်ဆောက်ခြင်းသည် အချိန်ယူ ပျိုးထောင်ရသည့်အတွက် ခိုင်မာသည့် စိတ်ဆန္ဒရှိရန်လည်း အရေးကြီးသည်။   
  1. Take Risk (စွန့်စားမှု)
    စွန့်စားမှု များများ ယူလေလေ သင်ယူရရှိမှု ပိုများလေလေ ဖြစ်သည့်အတွက် စွန့်စားရန် မကြောက်ပါနှင့်။ တစ်ခါတရံ မအောင်မြင်ခြင်းမှ သင်ခန်းစာကောင်းများ ရရှိတတ်၍ အမှားလုပ်မိခြင်းကိုလည်း အလွန်အမင်း စိုးရိမ်ရန်မလိုပေ။ အမှားလုပ်မိခြင်းသည် သဘာဝတရားသာ ဖြစ်၍ အမှားမှ သင်ခန်းစာ ယူရန်သာ အရေးကြီးသည်။ 
  1. Find Network ( ချိတ်ဆက် ဆောင်ရွက်ခြင်း)
    မိမိနှင့် ရည်မှန်းချက် ဦးတည်ချက်ချင်းတူညီသည့် ပတ်ဝန်းကျင်တွင် စွမ်းရည်တည်ဆောက်ခြင်းမှာ ပိုမိုထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ အဆိုပါ အချိတ်အဆက်များမှတစ်ဆင့် မိမိအတွက် အကူအညီနှင့် အခွင့်အလမ်း များစွာ ရရှိနိုင်မည် ဖြစ်သည်။ 
  1. Develop (ဆက်လက်ပျိုးထောင်ခြင်း)
    မိမိတည်ဆောက်ထားသည့် စွမ်းရည်များကို ပိုမို တိုးတက်စေပြီး ကျွမ်းကျင်သည်အထိ ဆက်လက် ပျိုးထောင်ရမည်။ သို့မှသာ မိမိ ဝန်းကျင်အပေါ် ရေရှည်အကျိုးသက်ရောက်မှု ရှိနိုင်မည်ဖြစ်သည်။ 
Positive Youth Development (PYD)ကောင်းမွန်သော  လူငယ်စွမ်းဆောင်ရည်တိုးတက်ဖွံ့ဖြိုးလာစေရန် လိုအပ်သော အင်္ဂါရပ်တွေက  ဘာတွေလဲ ။

ကောင်းမွန်သော စွမ်းဆောင်ရည်တိုးတက်ဖွံ့ဖြိုးလာစေရန် Internal capacity building အနေဖြင့် အောက်ပါ အင်္ဂါရပ်များလိုအပ်ပါသည်။

  1.  ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ဘေးကင်းမှု၊ လုံခြုံ စိတ်ချမှုရှိခြင်း (Physical and Psychological Safety)
  2. မိမိဘဝ၊ မိမိဖြစ်တည်မှု အပေါ် အဓိပ္ပါယ်ရှိရှိ တန်ဖိုးထားခံစားတတ်ခြင်း (Meaningful Existence) 
  3. မိမိထက် အသက်ရွယ်ကြီးသူ၊ အတွေ့အကြုံ ရှိသူများနှင့် အပြန်အလှန် ပံ့ပိုးကူညီမှုရှိသော ဆက်ဆံရေး ရှိခြင်း (Supportive Relationship with Adults)
  4. ကောင်းမွန်သင့်တော်သော လူမှုရေး စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာခြင်း (Positive Social Norms)
  5. စွမ်းရည်မြှင့်တင်ခြင်းနှင့် ကျွမ်းကျင်မှုအတွက် အခွင့်အလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေခြင်း (Opportunities for Skills Building and Mastery)
  6. မိသားစု နှင့် ကောင်းမွန်နွေးထွေးသော ဆက်ဆံရေးရှိခြင်း (Strong Connection with Family)
  7.  မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေသော အခွင့်အလမ်းများရရှိခြင်း (ဥပမာ – မိမိလုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုရှိလာစေရန်အတွက် တာဝန်ယူနိုင်သော အလုပ်များကို ငယ်စဉ်ကပင် မိမိဘာသာ တာဝန်ယူ ဖြေရှင်းဆောင်ရွက်တတ်ခြင်း (Opportunities to Develop self-efficacy) 
  8. မိမိဘဝကို မိမိကောင်းမွန်စွာ ပုံဖော်တည်ဆောက်နိုင်သည်ဟု ယုံကြည်ချက်ရှိခြင်း (Personal Control)
  9. အခက်အခဲ၊ အပြောင်းအလဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခြင်း (Building Resilience)
  10. စာနာရိုင်းပင်း ကူညီတတ်ခြင်း  (Caring/ Compassion)

Capacity Building အောင်မြင်ရန် လိုအပ်ချက်များ

  • ရေရှည်အတွက်ရည်ရွယ်၍ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်း။
  • သက်ဆိုင်သူများနှင့်ပူးပေါင်းအဖြေရှာခြင်း။
  • သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်အပေါ် အလေးထားခြင်း။
  • နည်းပညာပိုင်း အပြင် ခေတ်စနစ် နှင့် လိုက်လျောညီထွေသော စွမ်းရည်များကို တည်ဆောက်ခြင်း။
  • သာတူညီမျှသော စွမ်းရည်မြှင့်တင်ရေးကို အခြေခံထားခြင်း။
  • စွမ်းရည်မြှင့်တင်ရေးအတွက် မိတ်ဖက်များနှင့် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်း။

သုတေသနများအရ အဓိကဆောင်ရွက်သည့် လုပ်ငန်းခွင် စွမ်းရည်မြှင့်တင်ရေး နည်းလမ်းများမှာ

  • အလုပ်ရုံဆွေးနွေးပွဲသင်တန်းများ (Workshops)
  • လုပ်ငန်းခွင်တွင်းသင်ယူမှု (In-service Training)
  • လမ်းညွှန်ပေးမှု (Guidance)
  • ဝန်ထမ်းများ စည်းဝေးတွေ့ဆုံဆွေး‌နွေးခြင်း (Staff Meeting)
  • လုပ်ငန်းခွင်အတွင်း လှည့်လည် သင်ယူလေ့လာခြင်း၊ လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ခြင်း (Field Trip)

စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းအမျိုးအစားများ ( Types of Capacity Building Activities)

  1. သတင်းအချက်အလက်နှင့် ရင်းမြစ်များကို အသုံးပြုခွင့်ပေးခြင်း  (Providing access to repositories of information and resources (for example; databases, libraries, and websites)
  2.  အများပြည်သူများသိရှိ လေ့လာရန် ထုတ်ဝေခြင်း/ ထုတ်ပြန် ကြေညာခြင်း (Publication)
  3. သင်တန်းများပေးခြင်း ( Training: public, customized or online)
  4. တိုင်ပင်ဆွေးနွေးခြင်း၊ လမ်းညွှန်ခြင်း၊ အကြံဉာဏ်များပေးခြင်း ( Consultation, for example; coaching, facilitating, and expert advice )
  5. မိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း (Coordinating alliances)

Resources
https://managementhelp.org/misc/fp-capacity-building-types.pdf
Positive Youth development
https://dalitfoundation.net/types-of-capacity-building-programmes/
capacity building
https://youtu.be/4Gy2-6GuDv8
https://docs.google.com/document/d/1YeKQJOOKj4oPhQxc430CeIeGllwmg_iwUIek4aTDzCM/edit