Analytical Skill (SWOT)

💠SWOT Analysis ဆိုတာဘာလဲ။

SWOT ဆိုတာ အားသာချက်များ၊ အားနည်းချက်များ၊ အခွင့်အလမ်းများနှင့် ခြိမ်းခြောက်မှုများကို ဖော်ထုတ်သုံးသပ်ရန်အတွက်ဖြစ်တယ်။ ဥပမာ မိမိကို အွန်လိုင်းကြားရေးအတွက် ပြင်ဆင်ရန် တာဝန်ပေးအပ်ခံသည်ဆိုပါစို့။ ပြင်ဆင်နိုင်ဖို့အတွက် မိမိမှာ အားသားချက်ဘာတွေရှိလဲ၊ အတားအဆီးဖြစ်နိုင်မဲ့ အားနည်းချက်ဘာတွေရှိလဲ၊ အခွင့်အလမ်းအနေနဲ့ အလွယ်တကူသုံးနိုင်တဲ့  App တွေသုံးလို့ရတာလား၊ သင်တန်းတက်ခွင့်ရမှာလား၊ တတ်မြောက်သွားရင် ကိုယ်ပိုင်အတန်းတွေဖွင့်နိုင်မှာလား၊ ခြိမ်းခြောက်မှုတွေအနေနဲ့က ဒေတာဖိုးဈေးကြီးတာလား၊ အင်တာနက်ရဖို့ခက်တာလား စတာတွေဖော်ထုတ်ပြီး မိမိကို ပေးအပ်တဲ့တာဝန် လုပ်ငန်းကို အောင်မြင်ဆောင်ဖော်ဆောင်နိုင်ဖို့ SWOT ကိုသုံးနိုင်ပါတယ်> အားသာချက်များနဲ့ အားနည်းချက်တွေက မိမိလက်တွင်းရှိနေပြီး မိမိဘာသာထိန်းချုပ် နိုင်တယ် ပြောင်းလဲနိုင်တယ်။ အခွင့်အလမ်းများနဲ့ခြိမ်းခြောက်မှုများက အပြင်ဘက်မှာ ဖြစ်ပေါ်နေသည့်အရာတွေဖြစ်ပါတယ်။ သင်က အခွင့်အလမ်းတွေကို အခွင့်ကောင်းယူပြီး ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ပေမဲ့လည်း ဒါတွေကို ပြောင်းလဲလို့မရပါ။ ဥပမာအနေနဲ့ ပြိုင်ဘက်များ၊ ကုန်ကြမ်းတွေရဲ့ ဈေးနှုန်းများနှင့် ဝယ်ယူသူရဲ့ စျေးဝယ်လမ်းကြောင်းတို့ပဲဖြစ်ပါတယ်။

💠အဘယ်ကြောင့် SWOT Analysis လုပ်သလဲ။

အောင်မြင်ရန် သင်လုပ်ဆောင်ရမယ့မယ့် အရာအားလုံးကို သင်သိပြီးသားဟု သင်ထင်ကောင်း ထင်နိုင်သော်လည်း SWOT ခွဲခြမ်းစိတ်ဖြာခြင်းက သင့်ကိုယ်သင် နည်းလမ်းသစ်များနှင့် လမ်းကြောင်းသစ်များမှ ကြည့်ရှုရန် တွန်းအားပေးမည်ဖြစ်တယ်။ သင်ရဲ့ အားသာချက်များနှင့် အားနည်းချက်များကို ကြည့်ပြီး ပြင်ပမှာရှိတဲ့ အခွင့်အလမ်းများကို ရယူနိုင်ရန်နှင့် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန် မည်ကဲ့သို့ အသုံးချနိုင်သည်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

 💠SWOT Analysis ကိုဘယ်လိုအသုံးပြုရမလဲ။

SWOT Analysis က တစ်ဦးချင်းစီအတွက် မိမိလုပ်နိုင်စွမ်းကိုအကဲဖြတ်ရန်၊ အားသာချက်၊ အားနည်းချက်များကိုဖော်ထုတ်ရန်နဲ့ သင့်လျော်သောဖြေရှင်းနည်းများကို အကဲဖြတ်နိုင်ရန် အထောက်အကူ ပြုပါတယ်။ SWOT ခွဲခြမ်းစိတ်ဖြာနည်းသည် မိမိ၏အားသာချက်၊ အားနည်းချက်များကို သိမြင် နိုင်စေပြီး အခွင့်အရေးများရယူတတ်စေရန်နှင့် ခြိမ်းခြောက်မှုများကို ကြိုတင်ပြင်ပြီး ပြောင်းလဲနိုင်ရန် ကူညီပေးသောနည်းလမ်းကောင်း ဖြစ်ပါတယ်။ ထို့ပြင် အားနည်းချက်များကိုလည်း အားသာချက်ဖြစ်အောင် ပြောင်းယူနိုင်ပြီး ခြိမ်းခြောက်မှုများကိုလည်း အခွင့်အရေး အဖြစ် တတ်နိုင်သမျှ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – မိမိကို ကျောင်းအုပ်ဆရာကြီးက အွန်လိုင်းသင်တန်းပို့ချဖို့တာဝန်ပေးအပ်တယ်ဆိုပါဆို့ ဒါကို SWOT နဲ့ ခွဲ့ခြမ်းစိတ်ဖြာကြည့်ကြရအောင်

သင့်အားသာချက်အနေနဲ့

  • Digital tools များသိရှိခြင်း
  • အွန်လိုင်းမှသင်တန်းပို့ချရန်သင်တန်းတက်ဖူးခြင်း
  • ကွန်ပြူတာဆိုင်ရာပညာရပ်များကျွမ်းကျင်ခြင်း
  • Graphic & Video Editing ကျွမ်းကျင်ခြင်း

သင့် အားနည်းချက်အနေနဲ့

  • ကိုယ်ပိုင်ကွန်ပျူတာမရှိခြင်း
  • အွန်လိုင်းမှအတန်းစီမံခန့်ခွဲမှုမသိရှိသေးခြင်း
  • စိတ်အာရုံအပြောင်းအလဲမြန်ဆန်ခြင်း
  • အွန်လိုင်းမှသင်ကြားပေးဖူးသည့်အတွေ့အကြုံမရှိခြင်း

အခွင့်အလမ်းများအနေနဲ့

  • နိုင်ငံရပ်ခြားတွင် သင်တန်းတက်ရောက်ခွင့်
  • ကွန်ယက်ချဲ့ထွင်နိုင်ခွင့်
  • အနာဂတ်တွင်ဖြစ်လာမည့်သင်ကြားမှုစနစ်

ခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုများအနေနဲ့

  • တက္ကသိုလ်/ကျောင်းတွင်ကောင်းမွန်သော အင်တာနက်ကွန်ယက်မရှိခြင်း
  • ကျောင်းသားများအတွက် ဒေတာဖို့ကုန်ကျနိုင်ခြင်း
  • အွန်လိုင်းအကဲဖြတ်မှုစနစ် နှင့် စီမံခန့်ခွဲမှုစနစ်မရှိသေးခြင်း

💠ဘယ်သူက SWOT Analysis လုပ်သင့်လဲ။

SWOT ခွဲခြမ်းစိတ်ဖြာမှု ထိရောက်စေရန်အတွက် မိမိကိုယ်ကို SWOT Analysis ဖြင့် အထက်ပါ နည်းအတိုင်းဆန်းစစ်နိုင်သည့်အပြင် အဖွဲ့အစည်းဦးဆောင်သူများ ထဲထဲဝင်ဝင် ပါဝင်ပြီး SWOT Analysis လုပ်ဖို့ လိုအပ်ပါတယ်။ ဒီအလုပ်က အခြားသူများကို လွှဲအပ်နိုင်သော အလုပ်မဟုတ်ပါ။ သင်ကိုယ်တိုင် လုပ်ငန်းတစ်ခု စတင်ခြင်း သို့မဟုတ် လည်ပတ်နေပါက၊ သင်က SWOT ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်နိုင်ပါတယ်။ သင့်လုပ်ငန်း၊ သင့်စာရင်းကိုင် သို့မဟုတ် ရောင်းချသူများနှင့် ပေးသွင်းသူများသာမက သင့်လုပ်ငန်းအကြောင်း အနည်းငယ်သိသော သူငယ်ချင်းများထံမှ နောက်ထပ်အမြင်များကို ရယူပါ။ အဓိကမှာ မတူညီသည့် အမြင်ရှိဖို့ဖြစ်ပါတယ်။ ရှိပြီးသားစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏လက်ရှိအခြေအနေကို အကဲဖြတ်ရန် SWOT ခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုကာ ဆုံးဖြတ်နိုင်တယ်။ သို့သော်အခြေအနေ အကြောင်းအရာများ အဆက်မပြတ်ပြောင်းလဲနေသောကြောင့် SWOT ခွဲခြမ်းစိတ်ဖြာမှုအသစ်ဖြင့် ၆ လမှ ၁၂ လကြာတိုင်း သင့်မဟာဗျူဟာကို ပြန်လည်အကဲဖြတ်ရန်လိုပါတယ်။

💠SWOT ခွဲခြမ်းစိတ်ဖြာနည်းကို မှန်မှန်ကန်ကန်လုပ်နည်း

1. မှန်ကန်သောလူများကိုစုဆောင်းပါ။

သင့်အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအသီးသီးမှ လူများကို စုစည်းပါ ။(ဌာနဆိုင်ရာနှင့် အဖွဲ့တိုင်းမှ ကိုယ်စားလှယ်များ ပါရှိရန် သေချာပါစေ။) အဖွဲ့အစည်းအတွင်းရှိ မတူညီသောအုပ်စုများက SWOT ခွဲခြမ်းစိတ်ဖြာမှုကို အောင်မြင်စေရန်အတွက် အလွန်အရေးကြီးသော မတူညီကွဲပြားခြားနားသော သုံးသပ်မှုများ ရှိသည်ကို သင်တွေ့ရပါမယ်။

2. စိတ်ကူးများကိုဖော်ထုတ်ပါ။

လူတိုင်းကို sticky-notes စာရွက်တစ်ခု ပေးကာ အရာအားလုံးကို စတင်ရန်အတွက် လူတိုင်းကို စဉ်းစားချိန် မိနစ်အနည်းငယ်ပေးပါ။ ငါးမိနစ် မှဆယ်မိနစ်အထိ သီးသန့် စဥ်းစားပြီးနောက်၊ စတစ်ကာမှတ်စုများအားလုံးကို နံရံပေါ်တွင် တင်ကာ အလားတူ စိတ်ကူးစိတ်သန်းများကို တစ်စုတစ်စည်းတည်း လုပ်ဆောင်ပါ။ အတွေးသစ်တစ်ခု ဖြစ်ပေါ်လာပါက ထိုနေရာမှာ နောက်ထပ်မှတ်စုများ ထည့်ခွင့်ပြုပါ။

3. စိတ်ကူးအိုင်ဒီယာများကို အဆင့်သတ်မှတ်ပါ။ 

အကြံဥာဏ်များအားလုံးကို စုစည်းပြီးသည်နှင့် စိတ်ကူးများကို အဆင့်သတ်မှတ်ရန် အချိန်ရောက်ပါပြီ။ စိတ်ကူးများကို အဆင့်သတ်မှတ်ရန်နှင့် ဦးစားပေးရွေးချယ်နိုင်ရန် မဲပေးစနစ်ကို ကျင့်သုံးနိုင်ပါသည်။

💠သင်၏ ခွဲခြမ်းစိတ်ဖြာမှုကို လှုံ့ဆော်ပေးနိုင်သော မေးခွန်းများ

သင်၏ SWOT ခွဲခြမ်းစိတ်ဖြာမှုကို တည်ဆောက်နေချိန်မှာ သင့်အဖွဲ့အား မေးခွန်းအချို့ မေးနိုင်ပါတယ်။ ဒီမေးခွန်းများက ကဏ္ဍတစ်ခုစီကို ရှင်းပြပြီး တီထွင်ဖန်တီးမှုဆိုင်ရာ တွေးခေါ်မှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။

🔹အားသာချက်များကိုဖော်ထုတ်မည့်မေးခွန်းများ
အားသာချက်များသည် သင့်အဖွဲ့အစည်း အတွင်းပိုင်း၊ အပြုသဘောဆောင်သော အရည်အချင်းများ ဖြစ်ပါတယ်။ ဒီအားနည်းချက်တွေက သင်လိုသလို ထိန်းချုပ်နိုင်ပါတယ်။ 

  • ဘယ်လုပ်ငန်း စဉ်တွေ အောင်မြင်လဲ။
  • သင့်အသင်းသားများတွင်/သင့်တွင် မည်သည့်ပိုင်ဆိုင်မှုများ ရှိသနည်း။ (ဆိုလိုသည်မှာ အသိပညာ၊ ပညာရေး၊ ကွန်ရက်၊ ကျွမ်းကျင်မှုနှင့် ဂုဏ်သတင်း)
  • ဖောက်သည်များ၊ စက်ကိရိယာများ၊ နည်းပညာများ၊ ငွေသားနှင့် မူပိုင်ခွင့်များကဲ့သို့သော သင့်တွင် မည်သည့်ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများ ရှိပါသလဲ။
  • မင်းရဲ့ပြိုင်ဆိုင်မှုအပေါ်မှာ ဘယ်လိုအားသာချက်တွေရှိလဲ။

🔹အားနည်းချက်များကိုဖော်ထုတ်မည့်မေးခွန်းများ
အားနည်းချက်များသည် သင်၏ အားသာချက်များကို နှောင့်နှေးစေသော အနုတ်လက္ခဏာများ ဖြစ်သည်။ ဒါတွေက အပြိုင်အဆိုင်ဖြစ်ဖို့၊ မြှင့်တင်ဖို့ လိုအပ်တဲ့အရာတွေပါ။

  • သင့်လုပ်ငန်းသည် ပြိုင်ဆိုင်ရန် လိုအပ်သည့်အရာများ ရှိပါသလား။
  • ဘယ်လုပ်ငန်း စဉ်တွေ တိုးတက်ဖို့ လိုလဲ။
  • ငွေကြေး သို့မဟုတ် စက်ကိရိယာများကဲ့သို့သော သင့်ကုမ္ပဏီအတွက် လိုအပ်သော မြင်သာထင်သာရှိသော ပိုင်ဆိုင်မှုများ ရှိပါသလား။
  • သင့်အဖွဲ့တွင် ကွာဟချက်ရှိပါသလား။
  • ရည်မှန်းထားသည့် အောင်မြင်မှုနှင့်လက်ရှိ အခြေအနေကိုက်ညီပါသလား။

🔹အခွင့်အလမ်းများကိုဖော်ထုတ်မည့်မေးခွန်းများ 
အခွင့်အလမ်းများသည် သင်၏အောင်မြင်မှုကို အထောက်အကူဖြစ်စေမည့် သင့်လုပ်ငန်းပတ်ဝန်းကျင်ရှိ ပြင်ပအချက်များဖြစ်ပါတယ်။

  • သင့်စျေးကွက်ကြီးထွားလာနေသလား၊ သင်ရောင်းနေတဲ့အရာတွေကို လူတွေပိုဝယ်ဖို့ တွန်းအားပေးမယ့် လမ်းကြောင်းတွေရှိပါသလား။
  • သင့်အဖွဲ့အစည်းက လုပ်ငန်းတိုးတက်စေရန်အတွက် အခွင့်ကောင်းယူနိုင်သည့် လာမည့်ဖြစ်ရပ်များ ရှိပါသလား။
  • သင့်အဖွဲ့အစည်းကို အပြုသဘောဆောင်သော သက်ရောက်မှုရှိစေမည့် စည်းမျဉ်းများဆိုင်ရာ အပြောင်းအလဲများ ရှိပါသလား။
  • သင့်လုပ်ငန်းသည် လည်ပတ်နေပါက၊ ဖောက်သည်များက သင့်အပေါ် အထင်ကြီးနေပါသလား။

🔹ခြိမ်းခြောက်မှုများကိုဖော်ထုတ်မည့်မေးခွန်းများ
ခြိမ်းခြောက်မှုများက သင်ထိန်းချုပ်နိုင်စွမ်းမရှိသော ပြင်ပအချက်များဖြစ်ပါတယ်။

  • သင့်စျေးကွက်သို့ ဝင်ရောက်နိုင်သည့် အလားအလာရှိသော ပြိုင်ဘက်များ ရှိပါသလား။
  • ပေးသွင်းသူများက သင်လိုအပ်သော ဈေးနှုန်းများဖြင့် သင်လိုအပ်သော ကုန်ကြမ်းများကို အမြဲတမ်း ပံ့ပိုးပေးနိုင်လား။
  • အနာဂတ်တွင် နည်းပညာတိုးတက်မှုများသည် သင့် စီ့းပွားရေးလုပ်ပုံကို ပြောင်းလဲနိုင်ပါသလား။
  • စားသုံးသူအမူအကျင့်က သင့်လုပ်ငန်းကို အပျက်သဘောဆောင်သော အကျိုးသက်ရောက်စေသည့် နည်းလမ်းဖြင့် ပြောင်းလဲနေပါသလား။

လေ့ကျင့်ရန်

၁။ SWOT Analysis ကိုအသုံးပြု၍ မိမိလုပ်ဆောင်နိုင်စွမ်းကိုအကဲဖြတ်ကာ မိမိ၏အားသာချက်များ၊ အားနည်းချက်များ၊ မိမိအတွက်ရရှိနိုင်သော အခွင့်အလမ်းများ၊ မိမိကိုခြိမ်းခြောက်နေသော စိန်ခေါ်မှုများကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာသုံးသပ်ပါ။ သုံးသပ်ချက်များကို စာရင်းပြုစုပြီး အုပ်စုတွင်းပြန်လည် ဆွေးနွေး တင်ပြပါ။

၂။ စီးပွားရေးလုပ်ငန်းကို လူသိများပြီး ဝယ်ယူသုံးစွဲသူများပြားလာအောင်ပြုလုပ်ခြင်း
သင့်ဘဝတွင် (သို့မဟုတ်) သင့်ပတ်ဝန်းကျင်တွင် သင်သတိပြုမိသော ဝယ်ယူသုံးစွဲသူများအား ဆွဲဆောင် နိုင်အောင်ပြုလုပ်သည့် လှုပ်ရှားဆောင်ရွက်မှုများ၊ နည်းလမ်းများ (သို့မဟုတ်) promotion ပွဲများအကြောင်းကို စဉ်းစားပါ။ ၎င်းတို့မှာ သင့်အပေါ်၊ အခြားသူများအပေါ်နှင့် လူမှုဝန်းကျင်အဖွဲ့အစည်းများအပေါ် မည်သို့သော အကျိုးသက်ရောက်မှုများရှိကြောင်း အုပ်စုတွင်းဆွေးပြီး ပြန်လည်ပြောပြပါ။

Video Link – https://www.youtube.com/watch?v=JXXHqM6RzZQ