Case study for organization

ကျွန်ုပ်တို့အားလုံးသည် လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာပင် မွေးဖွားရှင်သန်လာရင်း၊ အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူရင်း ကျွန်ုပ်တို့၏ဘဝသက်တမ်းအချိန်များစွာကို လူ့ဘောင်အဖွဲ့အစည်း အတွင်းမှာပင် အလုပ်လုပ်ရင်းကုန်ဆုံးလာစေခဲ့သည်။ 

အဖွဲ့အစည်း (Organization) ဆိုတာဘာလဲ။

တူညီသောဘုံရည်မှန်းချက်ကို ရရှိအောင်မြင်ရန် အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းမှ တာဝန် ကိုယ်စီယူ၍ အပြန်အလှန် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်သည့် အစုအဝေးကို အဖွဲ့အစည်းဟုခေါ်သည်။ 

အဖွဲ့အစည်းတစ်ခုစီသည် ဆောင်ရွက်လုပ်ကိုင်သည့် သဘောသဘာဝ၊ ဖွဲ့စည်းပုံ အရွယ်အစား၊ လုပ်ဆောင်သည့်နယ်ပယ်၊ လူဦးရေနှင့် ရည်ရွယ်ချက်မျိုးစုံရှိနိုင်သည်။ အဖွဲ့အစည်းတွင် ပုံစံတကျဖွဲ့စည်း ထားသောအဖွဲ့အစည်း (formal organization)၊ ဖွဲ့စည်းပုံနှင့် စနစ်တကျဖွဲ့စည်းထားခြင်းမရှိသော်လည်း ခင်ရာမင်ရာ တန်ဖိုးထားမှု တူညီရာလူများစုစည်းဆောင်ရွက်သည့်အဖွဲ့အစည်း (informal organization)၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးစသည်ဖြင့် အဖွဲ့အစည်းပုံစံမျိုးစုံ၊ နယ်ပယ်မျိုးစုံရှိနိုင်ပါသည်။ 

Characteristics of Organization ( အဖွဲ့အစည်း၏ ဝိသေသလက္ခဏာများ)

  • မတူကွဲပြားသော စရိုက်၊ အပြုအမူ ကျွမ်းကျင်မှု ရှိသော သူများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း အစုအဝေး ( Social Unique)
  • အဖွဲ့အစည်းတွင် တိကျသော ရေတို၊ရေရှည် ရည်းမှန်းချက်၊ ပန်းတိုင်များချမှတ်ထားခြင်း (Goals)
  • ဝန်ထမ်းရေးရာ အသစ်ခန့်ခြင်း၊ အစားထိုးခြင်း၊ ရာထူးတိုးခြင်းစသည့် ဝန်ထမ်းရေးရာ ပြုပြင်ပြောင်းလဲမှုများရှိခြင်း ( Substitution of Personnel)
  • ဝန်ထမ်းရေးရာဖွဲ့စည်းပုံရှိခြင်း ( Structure)
  • လုပ်ငန်းကဏ္ဍများ၊ ဌာနများအဆင့်ဆင့် အလုပ်တာဝန်ခွဲဝေမှု ရှိခြင်း ( Division of Labour)
  • ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက်လုပ်ပိုင်ခွင့်များအသီးသီး ရရှိထားခြင်း ( Power)
  • အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားခြင်း ( Rules and Regulations)
  • အဖွဲ့ဝင်များအားလုံးအပြန်အလှန်ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်ခြင်း (Co-operation and communication)
  • ပွင့်လင်းမှု ရှိခြင်း (Openness)

Case Study ဆိုတာ ဘာလဲ။

လေ့လာမှုတစ်ခုသည် သင်ကြားပြသမှုဆိုင်ရာ ရည်မှန်းချက်များ အစုံအလင်ကို ထမ်းဆောင်ရန် နှင့် တိုးတက်စေရန်ဖြစ်သည်။ ၎င်းသည် ပြဿနာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အကျပ်အတည်းများကို အဓိကထားလုပ်ဆောင်ခြင်းဖြစ်သည်။   Case  format များစွာ ရှိပါသည်။  သမားရိုးကျ ဖြစ်ရပ်လေ့လာမှုတစ်ခုသည် စီမံခန့်ခွဲမှုပြဿနာကို (သို့မဟုတ်) ဖြေရှင်းရန်နှင့် အရေးယူရန် တောင်းဆိုသည့် ကိစ္စရပ်များကို တင်ပြသည်။   ကုမ္ပဏီတစ်ခု (သို့မဟုတ်) လုပ်ငန်းတစ်ခု၏ လုပ်ငန်းဆောင်ရွက်မှုနှင့် သမိုင်းကြောင်း အကျပ်အတည်းတစ်ခုအား အကိုးအကားမရှိဘဲ တင်ပြခြင်းပါဝင်သည်။   ထို့နောက် နည်းပြဆရာသည် Case Studyကိုလေ့လာစေပြီး ကျောင်းသားများအား Case Studyတွင်ပါဝင်သော အဖွဲ့အစည်း၏လည်ပတ်ပုံကို မှတ်ချက်ပေးရန်၊ အောင်မြင်သည့် အဓိကအချက်များ၊ အရေးကြီးသောဆက်ဆံရေးများနှင့် တန်ဖိုး၏အခြေခံအရင်းအမြစ်များကို ရှာဖွေရန် ကျောင်းသားများအား မှတ်ချက်ပေးရန် တောင်းဆိုမည်ဖြစ်ပါသည်။  

 အဖွဲ့အစည်းအများအပြားသည် စီမံခန့်ခွဲမှုပညာကို အထောက်အကူပြုလိုသော ဆန္ဒဖြင့် ဖြစ်ရပ်လေ့လာမှုများတွင် ပူးပေါင်းဆောင်ရွက်ကြသည်။  စီမံခန့်ခွဲရေးကျောင်းမှ ပါမောက္ခများနှင့် ကျောင်းသားများသည် လက်တွေ့ကျင့်သုံးရန် လိုအပ်ကြောင်း နားလည်ကြသည်။

 စီမံခန့်ခွဲရေးကျောင်း စာသင်ခန်းများတွင် ဖြစ်ရပ်လေ့လာမှုမျာနှင့် ထိတွေ့ခွင့်ရရှိစေရန် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ပါသည်။ ကြားနေလေ့လာသူမှ ရေးသားထားသော ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုကို ဖတ်ရှုခြင်းဖြင့် အဖွဲ့အစည်းများသည် အသုံးဝင်သော ထိုးထွင်းအမြင်များကို ထုတ်ပေးနိုင်သည်။ 

ဖြစ်စဉ်ကို လေ့လာကြရအောင်

  1. Case Study-1 (Scenario about Kyaw Than)

ကျော်သန်းသည် (၂၀၀၀)ပြည့်နှစ်တွင် မြန်မာပြည်မှ ထွက်ခွာပြီးကတည်းက ထိုင်း – မြန်မာနယ်စပ်၌  KRC – EE အဖွဲ့နှင့်အတူ ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေခဲ့သည်။ ZOA နှင့် KRC – EE အဖွဲ့တို့သည် ကလေးများအားလုံး ကျောင်းတက်ရေးကို သေချာလုပ်ဆောင်နေကြသော်လည်း Nu Po ဒုက္ခသည် စခန်းတွင်ရှိသော ကလေးငယ်များဟာ ကျောင်းမတက်ကြကြောင်းကို တွေ့ရှိရပြီး ဘာကြောင့်လဲ ဆိုသည့် အချက်ကို ကျော်သန်းတစ်ယောက် နားမလည်နိုင်ခဲ့ပေ။ Nu Po အဖွဲ့အစည်းက ပြောပြထားသည်မှာ ထိုအဖွဲ့များသည် Nu Po အတွက် ပညာရေးထောက်ပံ့မှု အနေဖြင့် နှစ်စဉ်နှစ်တိုင်း ဘတ်ငွေ ၅၀၀,၀၀၀ ထောက်ပံ့ပေးသွင်းမည်ဖြစ်ပြီး နောက် (၅) နှစ် ဆက်လက် ထောက်ပံ့သွားမည် ဖြစ်သည်။ ကျော်သန်း​၏ တာဝန်မှာ ထိုပိုက်ဆံများကို မည်သို့သော အကောင်းဆုံးနည်းလမ်းများဖြင့် သုံးသင့်သလဲကို စဉ်းစားရန်ဖြစ်သည်။ 

 သုံးသပ်ရန်မေးခွန်းများ

၁။ ကျော်သန်းရှာဖွေနေတဲ့ သတင်းအချက်အလက်က ဘာလဲ။ 

၂။ ထိုသတင်းအချက်အလက်ကို ရရှိရန် သူဘာလုပ်သင့်လဲ။

၃။ သူဘာတွေ ရှာတွေ့မယ်လို့ သင်မျှော်လင့်ထားသလဲ။ 

၄။ ဘာကြောင့် ဒီ Case Study သည် အဖွဲ့အစည်း နှင့် လူထုဖွံ့ဖြိုးဖို့အတွက် အရေးကြီးသလဲ။ 

၅။ တွေ့ရှိမှုတွေဟာ ဒုက္ခသည်စခန်းရှိ ပညာရေးဆိုင်ရာ ထောက်ပံ့မှုများကို ပိုမိုများပြားလာစေရန် advocate လုပ်ရာမှာ ဘာကြောင့် အသုံးဝင်လိမ့်မလဲ။ 

  1. Case study -2 (ဝန်ထမ်း၏ ကိုယ်ရေးကိုယ်တာ အခက်အခဲကို ကူညီဖြေရှင်းပေးသင့်လား။)

ပလက်စတစ် (plastic) နှင့် ဖိုက်ဘာ ( fiber) ပစ္စည်းများ ထုတ်လုပ်ရောင်းချသော နာမည်ကြီး ကုမ္မဏီတစ်ခုတွင် Ravi ဟုခေါ်သောဝန်ထမ်းတစ်ယောက်ရှိသည်။ Raviသည် အလုပ်ကြိုးစားသည်။ ရိုးသားသည်။ အထက်လူကြီး၏ ညွှန်ကြားချက်ကို နာခံလိုက်လျောသည်။ သူသည် ကုန်ပစ္စည်း ထုတ်လုပ်ရေး ဌာနမှအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူ၏အဖွဲ့ဝင်များနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ဤအဖွဲ့အစည်းတွင် နှစ်ပေါင်း ဆယ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့သဖြင့် လုပ်ငန်းကျွမ်းကျင်ပြီး ကုန်ထုတ်လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နိုင်သည်။ အရည်အချင်းရှိသည့် ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း ကြီးကြပ်သူ အထက်အရာရှိနှင့် ကုမ္မဏီ ဝန်ထမ်းများက သိရှိထားကြသည်။ 

Ravi၏ လုပ်အားခသည် မိသားစုအခြေခံ စားဝတ်နေရေးအတွက် အဆင်ပြေသော်လည်း အပိုစုငွေ စုနိုင်သည့် အဆင့်တော့မဟုတ်ချေ။ Ravi၏ သမီးမင်္ဂလာဆောင်ရန် ကိစ္စပေါ်လာသောအခါ Ravi အတွက် မင်္ဂလာစရိတ် လိုအပ်လာသည်။ ထိုငွေအတွက်အတွက် ကုမ္မဏီ အကြီးအကဲထံ ချေးငွေထုတ်ပေးရန် တောင်းခံသော်လည်း အကြီးအကဲကလျစ်လျူရှုခဲ့သည်။ 

နောက်ရက်များတွင် Ravi နှင့်ပက်သက်၍ တိုင်ကြားသည့် အသံကို ကုမ္ပဏီအကြီးအကဲက Ravi ၏ ကြီးကြပ်သူထံမှ ကြားသိရသည်။  Raviသည် အလုပ်ချိန်မမှန်တော့ကြောင်း၊ အလုပ်ပြီး မြောက်မှု အားနည်းလာကြောင်း။ အရက်သောက်တတ်လာကြောင်း တင်ပြလာခြင်း ဖြစ်သည်။ Ravi၏ လုပ်ဖော်ကိုင်ဖက်များက Raviသည် အရင်နှင့် မတူတော့ဘဲ အပြုအမူများ ပြောင်းလဲလာကြောင်း ပြောကြသည်။ Ravi၏ကြီးကြပ်သူ မန်နေဂျာက ဤအခြင်းအရာသည် ဝန်ထမ်းတစ်ဦး၏ သဘောထား ပြောင်းလဲလာခြင်း၏ အစောပိုင်းအဆင့်ဟု ယူဆခဲ့သည်။ 

မန်နေဂျာသည်  Raviအိမ်သို့လိုက်သွားပြီး  Ravi၏ဇနီးနှင့် တွေ့ဆုံစကားပြောခဲ့သည်။ Ravi၏ဇနီးက သမီးဖြစ်သူ မင်္ဂလာဆောင်ကိစ္စအတွက် ငွေကြေးအခက်အခဲ များစွာရှိနေကြောင်း၊  Raviအလုပ်လုပ်နေသော ကုမ္မဏီဘက်မှ ငွေကြေးအကူအညီမရရှိခဲ့ကြောင်း ပြောပြခဲ့သည်။ ထို့ပြင်Ravi၏ဇနီးက Ravi သည် နောက် အလုပ်ပြောင်းရန် ရှာဖွေနေကြောင်း အသိပေးခဲ့သည်။ 

Raviအိမ်မှ ပြန်လာစဉ် မန်နေဂျာသည် ထိုကိစ္စကို အလေးအနက် စဉ်းစားခဲ့သည်။ Ravi ကဲ့သို့ လုပ်ငန်းကျွမ်းကျင်သူတစ်ယောက်ကို မဆုံးရှုံးသင့်ဟု ယူဆခဲ့သည်။ နောက်ရက်တွင် Ravi၏ မိသားစုအခက်အခဲ ကို ကုမ္မဏီ အကြီးအကဲထံ တင်ပြ၍ လိုအပ်သော အကူအညီ ပေးနိုင်ရန် တင်ပြခဲ့သည်။ နောက်ဆုံးတွင် အကြီးအကဲများက Ravi၏ကြိုးစားအားထုတ်မှုအတွက် ထိုက်တန်သော ဆုကြေးပေးသင့်သည်ဟု ဆုံးဖြတ်ခဲ့ပြီး Raviအတွက် ဆုကြေးငွေပေးအပ်ခဲ့သည်။ Raviမိသားစု အလွန်ပျော်ရွှင်ခဲ့သည်။ သမီးဖြစ်သူ မင်္ဂလာကိစ္စ အတွက်လုံလောက်စွာ သုံးစွဲနိုင်ခဲ့သည်။ နောက်ပိုင်းတွင် Ravi သည် အလုပ်ကို သပ်ရပ်စွာ ဝတ်စားဆင်ယင်လာပြီး ယခင်ကဲ့သို့ ပျော်ရွှင်တက်ကြွစွာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ သူ၏မကောင်းသော အပြုအမူများ ကိုလည်းစွန်လွှတ်ခဲ့သည်။ 

 သုံးသပ်ရန်မေးခွန်းများ

၁။ Ravi၏ အပြုအမူနှင့် ကုမ္မဏီ၏ စီမံခန်ခွဲပုံ ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ကြည့်ပါ။ 

၂။ သင်သာRaviနေရာမှာ ရှိခဲ့လျင် သင်မည်ကဲ့သို ပြုမူဆောင်ရွက်မည်နည်း။ 

၃။ ဤ ဖြစ်ရပ်တွင် ဝန်ထမ်းနှင့် အလုပ်ရှင် သဘောထားပြောင်းလဲခဲ့ပါသလား။ သုံးသပ်ပြပါ။  

Video Link – https://www.youtube.com/watch?v=Sv7j4uuu-VY 

Resource 

Sarma V.S. Veluri, “ organizational Behaviour : An Interactive Learning Approach Text and Cases”, 2009