Cover Letter Writing

ပညာသင်ဆုလျောက်ခြင်း၊ စေတနာ့ဝန်ထမ်းလျောက်ခြင်း၊ အသင်းအဖွဲ့ဝင်အဖြစ်လျောက်ထားခြင်း နဲ့ အလုပ်လျှောက်တဲ့အခါ သင်ရဲ့ CVက ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် CV နှင့်အတူ Cover Letterကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သည်။ သင်ရဲ့ CVမှာ သင့်လုပ်ငန်း အတွေ့အကြုံ၊ ပညာအရည်အချင်းနဲ့ တတ်မြောက်မှုတွေကို အကျဉ်းချုံး ဖော်ပြပေးရပါတယ်။ Cover Letter မှာလည်း သင် လျှောက်လိုတဲ့ ပညာသင်ဆု၊ အလုပ်အတွက် ဘာကြောင့် ပြည့်စုံကိုက်ညီ သူတစ်ဦးဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့ အခွင့်အရေးပေးပါတယ်။ Cover Letterကောင်းတစ်စောင်က သင်လျှောက်လိုသော ပညာသင်ဆု ဒါမှမဟုတ် အလုပ်နဲ့ ဘယ်လို ကိုက်ညီမှုရှိကြောင်းကိုပါ ညွှန်ပြ ပေးနိုင်ပါတယ်။

Cover Letter ဆိုတာ ဘာလဲ။

Cover Letter က CV နဲ့အတူ ယှဉ်တွဲပေးပို့ရပြီး သင့်ရဲ့ အခြားစွမ်းရည်နဲ့ အတွေ့အကြုံတွေကို ထပ်လောင်း ဖော်ပြနိုင်တဲ့ မှတ်တမ်းတစ်မျိုးဖြစ်ပါတယ်။ Cover Letterမှာ သင်လျှောက်လိုတဲ့ ညာသင်ဆု၊ အလုပ်နေရာအတွက် ဘာကြောင့် အရည်အချင်းပြည့်ဝကြောင်းကို အသေးစိတ် အချက်အလက်ကျကျ ဖော်ပြနိုင်ပါတယ်။ ကောင်းမွန်တဲ့ Cover Letterမှာ သင်လျှောက်လိုတဲ့ လျောက်ထားလိုသော ကိစ္စရပ်တစ်ခု အပေါ် စိတ်ဝင်စားရခြင်း အကြောင်းအရင်း၊ အဲ့ဒီအလုပ်အတွက် သင့်လျော်တဲ့ စွမ်းရည်နဲ့ အတွေ့ အကြုံ ရှိကြောင်း အကျယ်တဝင့် ဖော်ပြနိုင်ပါတယ်။ သင့်ရဲ့ Cover Letterက အင်တာဗျူးခေါ်ယူခံရခြင်း နဲ့ ပယ်ချခံရမှုကြား အကျိုးသက်ရောက်မှု ရှိနိုင်တာဖြစ်လို့ ကောင်းမွန်တဲ့ Cover Letter တစ်စောင်ကို အချိန်ယူ ရေးသားဖို့ လိုအပ်ပါတယ်။

Cover Letterက CV ကို ပုံတူကူးယူတာမျိုး မဟုတ်ဘဲ သင့်ရဲ့ စွမ်းရည်နဲ့ အားသာချက်တွေကို အကျယ်တဝင့် ရေးထားတဲ့ စာတစ်စောင်ဖြစ်ရပါမယ်။ Cover Letterက သင်လျှောက်မယ့် အဖွဲ့အစည်းဆီကို ပထမဆုံးပေးပို့ပြီး သင့်ကို အထင်ကြီးစေနိုင်တဲ့ စာတစ်စောင် ဖြစ်နိုင်ပါတယ်။

ယေဘုယျအားဖြင့် Cover Letter သုံးမျိုးရှိပါတယ်။

(၁) ပညာသင်ဆု၊ စေတနာ့ဝန်ထမ်းအလုပ် ခေါ်ယူတာကြောင့် လျှောက်ထားတဲ့ Cover Letter

(၂) စေတနာ့ဝန်ထမ်း၊ အလုပ် ခေါ်ယူတဲ့ ရာထူးနေရာအတွက် တောင်းဆိုလျှောက်ထားတဲ့ Cover Letter

(၃) ပညာသင်ဆု၊ စေတနာ့ဝန်ထမ်းအလုပ်အတွက် လိုအပ်တဲ့ အချက်အလက်နဲ့ အကူအညီတွေ ရရှိနိုင်ဖို့ မိတ်ဖွဲ့ပေးပို့ထားတဲ့ Cover Letter

အထက်ပါ ရည်ရွယ်ချက်တစ်ခုချင်းစီတိုင်းအတွက် သီးသန့် ပုံစံနဲ့စနစ်တကျ Cover Letter ကို ပြင်ဆင်ဖို့ လိုအပ်သည်။ စာတစ်စောင်တည်းကို အသုံးပြုပြီး အလားအလာရှိနိုင်တဲ့ အဖွဲ့အစည်းတိုင်းကို CV နဲ့ Cover Letter ပေးပို့ခြင်းကို ရှောင်ကြဥ်ရပါမယ်။

Cover Letter အတွက် သတိပြုရန် အချက်များ

  • သင်လျောက်လိုတဲ့ ရာထူး၊ ကျောင်း၊ ပညာသင်ဆု ရာထူးနေရာ
  • တွေ့ဆုံမှု ( သို့) အင်တာဗျူး ခေါ်ယူဖို့ တောင်းဆိုချက်
  • အင်တာဗျူးအတွက် အချိန်သတ်မှတ်ဖို့ သင်ကို ဆက်သွယ်လို့ ရနိုင်ပါတယ် ဆိုတဲ့အကြောင်း
  • သင့်ကို ဘယ်လို ဆက်သွယ် ရမယ်ဆိုတဲ့ ဖော်ပြချက်
  • သင့်လျှောက်လွှာကို သုံးသပ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြချက်

Cover Letter ရေးနည်း

(၁) အံဝင်ခွင်ကျ ဖြစ်အောင် ချိန်ညှိပါ။

သင်ရဲ့ Cover Letterကို အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျ ကိုက်ညီမှု ရှိအောင် အချိန်ယူပြီး ချိန်ညှိရပါမယ်။ Cover Letter ကို စတင်မရေးသားခင် သင်လျှောက်လိုတဲ့ အကြောင်းအရာအတွက် သတ်မှတ်ချက်တွေနဲ့ အဖွဲ့အစည်းရဲ့ လိုအပ်မှုတွေကို စာရင်းပြုစုပါ။ ဒီလိုပြုစုတဲ့အခါ  ကျွမ်းကျင်တဲ့ နယ်ပယ်၊ လုပ်သက်နှစ်၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု၊ သင်ယူလေ့လာနိုင်စွမ်းနဲ့ ကိုယ့်ကျင့်စရိုက်တွေ ပါဝင်ရမည်။ အဲ့ဒီနောက် အကြောင်းအရာ အားလုံးကို သင့်လျော်အောင် စီစဥ်ပြီး အရင်လုပ်ငန်းက အတွေ့အကြုံ ဥပမာကောင်းတွေနဲ့အတူ Cover Letter ပေါ်မှာ ဖော်ပြရမှာဖြစ်ပါတယ်။

(၂) အလုပ်ရှင်၏ လိုအပ်ချက်ကို အလေးထားပါ။

Cover Letterမှာ သင်ရဲ့ လိုအပ်ချက်ကို ဦးစားမပေးပဲ အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကို အလေးပေးဖို့  လိုအပ်ပါတယ်။ သင်ဘာလိုကြောင်း မဖော်ပြဘဲ အဖွဲ့အစည်းအတွက် ဘာလုပ်နိုင်ပေးနိုင်ကြောင်းကိုသာ ဖော်ပြရမှာ ဖြစ်ပါတယ်။ CV ထဲမှာ ပါဝင်တဲ့ စာကြောင်းတွေကို အဖွဲ့အစည်းရဲ့ စစ်ဆေးအကဲဖြတ်သူတွေက မဖတ်ကြတော့တာကြောင့် အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို ဘယ်လို ဖြည့်စွက်ပေးနိုင်ကြောင်းကိုသာ တက်ကြွစွာ ဖော်ပြပေးရပါတယ်။

(၃) မိမိကိုယ်ကို တက်ကြွစွာ ရောင်းချပါ။

သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်ကြောင်းကို ဖော်ပြပါ။ သင့်အရည်အချင်းတွေအပေါ်  ယုံကြည်ချက် အပြည့်အဝထားပြီး အဖွဲ့အစည်းရဲ့ စစ်ဆေးအကဲဖြတ်သူတွေကို သင့်စွမ်းရည်နဲ့ ပတ်သတ်ပြီး အခိုင်အမာ ပြောပြဖို့ လိုအပ်ပါတယ်။

(၄) Cover Letter အတွက် Email ကို အသုံးပြုပါ။

သင့် Cover Letter ကို တိုတို နဲ့ လိုရင်း ရေးသားပြီး အီးမေလ်းထဲမှာ ရေးသားပို့ပေးရပါမယ်။ သီးသန့် တောင်းဆိုချက် မရှိရင်တော့ Attachment နဲ့ ပေးပို့ဖို့ မလိုအပ်ဘူး။

(၅) ရိုးရှင်းပါစေ။

တိုတိုနဲ့ ထိရောက်မှုရှိတဲ့ Cover Letter တွေကို ဖန်တီးပါ။ စာမျက်နှာ တစ်မျက်နှာနဲ့ တစ်မျက်နှာ အောက် လျော့တဲ့ Cover Letter တွေကို ရေးသားပါ။ စာပိုဒ်စီတိုင်းမှာ စာကြောင်းရေ အများဆုံး သုံးကြောင်းကနေ လေးကြောင်းသာ ရေးသင့်ပါတယ်။

(၆) မိတ္တူထားပါ။ ဒါမှမဟုတ် သင့်အီးမေးလ်မှာ Label လေးတွေနဲ့ သီးသန့်ထားပါ။

 ဘယ်အဖွဲ့အစည်းတွေကို လျှောက်ထားကြောင်း ဘာစာတွေ ပို့ထားကြောင်း အလွယ်တကူ သိရှိနိုင်ဖို့ မိတ္တူ ဒါမှမဟုတ် အီးမေးလ်မှာ သေချာ သပ်ရပ်စွာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ အလွယ်တကူ သိရှိနိုင်ဖို့ မိတ္တူ သို့မဟုတ် အီးမေးလ်မှာ သေချာ သပ်ရပ်စွာ သိမ်းဆည်းထားရန် လိုအပ်ပါတယ်။

Cover Letter Sample

https://www.indeed.com/career-advice/cover-letter-samples

https://www.reed.co.uk/career-advice/free-cover-letter-template/

Write an Incredible Cover Letter + FREE Template