ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills)

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) ဆိုတာဘာလဲ။

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းသည် ပြဿနာတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်နားလည်ဖို့အတွက် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ရပ်တစ်ခုဖြစ်သည်။ ယူဆချက် နှင့် အချက်အလက်များရှိ ဆက်သွယ်ချက်များကို နားလည်စေရန် ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်တဲ့ စွမ်းရည်တစ်ခု ဖြစ်သည်။

ကောင်းစွာ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းရှိသူသည် အခက်အခဲပြဿနာများ၏ ရင်းမြစ်နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ယုတ္တိရှိရှိ စနစ်တကျ ဝေဖန်ဆန်းစစ်၍ အသင့်တော်ဆုံး နည်းလမ်းကို မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်သည်။ အချက်အလက်များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာခြင်းနှင့်  ရွေးချယ် ဆုံးဖြတ်ခြင်း ပြုလုပ်ရာတွင် မိမိ၏ ပုဂ္ဂလိကအမြင်၊ ကိုယ်ရေးကိုယ်တာ ခံစားချက်တို့မှ မလွှမ်းမိုးဘဲ ဓမ္မဓိဋ္ဌာန် ကျကျ ဆုံးဖြတ်နိုင်ခြင်း က အရေးကြီးပါသည်။  

ဥပမာအားဖြင့်၊ သင်သည် လူ့စွမ်းအားအရင်းအမြစ်ဌာန( Human Resource Department )တွင် အလုပ်လုပ်နေပြီး ဝန်ထမ်းနှစ်ဦးကြား ပဋိပက္ခကို ဖြေရှင်းရန် လိုအပ်ပါက၊ ပဋိပက္ခ၏သဘောသဘာဝကို နားလည်ရန်နှင့် အခြေအနေကို ဖြေရှင်းရန် မည်သည့်လုပ်ဆောင်ချက်ကို လုပ်ဆောင်သင့်သည်ကို သင်က ဝေဖန်ပိုင်းခြားတွေးခေါ်ရမည်ဖြစ်သည်။ အလုပ်တွင် ပြဿနာဖြေရှင်းခြင်းအတွက် ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို အသုံးပြုသောအခါတွင် သင်လုပ်ဆောင်ရမည့် အဆင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။ 

  1. “တကယ့်ပြဿနာကဘာလဲ” ဆိုတာကို ဖော်ထုတ်ပါ။ 
  2. “ပြဿနာ ဘာကြောင့်ဖြစ်ရတာလဲ”နှင့် “ဘယ်လိုဖြေရှင်းနိုင်မလဲ”စသော ကောက်ချက်များကို ဖန်တီးပါ။
  3. ပြဿနာဆိုင်ရာ အချက်အလက် (သို့မဟုတ်) အချက်အလက်များကို ရှာဖွေ စုဆောင်းပါ။ 
  4. အချက်အလက်များနှင့် တွေ့ရှိချက်များကို စုစည်းပြီး စီစစ် ပါ။ 
  5. ပြဿနာဖြေရှင်းနည်းလမ်းများကို တွေး‌တာ ကြံဆပါ။ 
  6. ဘယ်လို ဖြေရှင်းနည်းတွေက အလုပ်ဖြစ်သည် (သို့မဟုတ်) အလုပ်မဖြစ်သည်ကို ကျိုးကြောင်း ဆီလျော်စွာ ဝေဖန်ဆန်းစစ်ပါ။

ဒီအချက်များကို လိုက်နာခြင်းအားဖြင့် ကိုယ်ရေးကိုယ်တာ ဘက်လိုက်မှု၊ စိတ်ခံစားမှု (သို့မဟုတ်) ယူဆချက်များက သင်မည်သို့တွေးခေါ်ပုံကို မလွှမ်းမိုးပဲ ပြဿနာကို ပိုင်းခြားစိတ်ဖြာခြင်းဟု ဆိုလိုသည်။ ဝေဖန်ပိုင်းခြားသော တွေးခေါ်ရှင်တစ်ဦးအနေနဲ့  ဘက်မလိုက်သော အကြောင်းအရာနှင့် အချက်အလက်များ အပေါ် အခြေခံ၍ ပြဿနာတစ်ခုကို ပိုင်းခြားစိတ်ဖြာနိုင်ရမည်ဖြစ်သည်။ 

Critical Thinking သည်

  • Self-directed ( မိမိကိုယ်ကို ညွှန်ပြသော)
  • Self-disciplined ( မိမိကိုယ်ကို ဆုံးမသော)
  • Self-monitored ( မိမိကိုယ်ကို စောင့်ကြည့်သော)
  • Self-corrective ( မိမိကိုယ်ကို အမှားပြင်ဆင်သော) စဥ်းစားတွေးခေါ်နည်းဖြစ်သည်။

ဘာကြောင့် ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်းက အရေးကြီးလဲ။

  • ဆုံးဖြတ်ချက်များကို တိုးတက် ကောင်းမွန်စေသည်။
  • ဝေဖန်ပိုင်ခြား တွေးခေါ်တတ်သူများက ပိုပြီး ပျော်ရွင်ရသည်။ 
  • ပြည့်စုံကောင်းမွန်စွာ သိရှိစေသည်။ 
  • မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းကို အားကောင်းစေသည်။ 
  • အကျိုးရှိသော ပြောဆိုဆက်ဆံရေးနှင့် ထိရောက်သော ပြဿနာ ဖြေရှင်းခြင်း စွမ်းရည်များကို တိုးတက်စေသည်။

 ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း စွမ်းရည် တိုးတက်အောင် ဘယ်လို လုပ်မလဲ။

  •  သတင်းအချက်အလက် အသစ်များကို ဝေဖန်ဆန်းစစ်ပါ။
  • သတင်းအရင်းအမြစ်များကို တွေးတော ချိန်ဆပါ။
  • မေးခွန်းများ မေးပါ။
  • နောက်ဆက်တွဲ စူးစမ်းလေ့လာခြင်းများ ပြုလုပ်ပါ။

Steps of Critical Thinking (Critical Thinking အဆင့်များ)

(၁) ပြဿနာများ ခွဲခြားသတ်မှတ်ခြင်း။ (Identify the problem)

(၂) အချက်အလက်များ ၊ ထင်မြင်ယူဆချက်များ နှင့် အငြင်းပွားနေသော အချက်များကို စုစည်းခြင်း။ (Research and collect the data)

(၃) အချက်အလက်များ ကိုက်ညီမှု ရှိမရှိကို သတ်မှတ်ခြင်း။ (Determine data relevance)

(၄) အကောင်းဆုံးအဖြေကို ထုတ်ဖော်ခြင်း။ (Identify the best solution)

(၅) ဆုံးဖြတ်ချက်ကို သုံးသပ်ခြင်း။ (Analyze the decision)

(၆) ဖော်ထုတ်တင်ပြခြင်း။ (Present the solutions)

Characteristics of Critical Thinking Skills
(ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည်၏ ဝိသေသလက္ခဏာများ)

  • ဝေဖန်ပိုင်ခြားနိုင်ခြင်း။
  • မိမိကိုယ်ကိုကိုယ် ထိန်းညှိနိုင်ခြင်း။
  • မတူကွဲပြားသော အတွေးအခေါ်၊ အယူအဆများကိုလက်ခံနိုင်ခြင်း။
  • ပြဿနာများကိုမှန်ကန်စွာဖြေရှင်းနိုင်ခြင်း။
  • အကျိုးသင့် အကြောင်းသင့် တွေးခေါ်နိုင်ခြင်း။
  • ဆုံးဖြတ်ချက်ချနိုင်ခြင်း။   

Reference Video

This tool will help improve your critical thinking – Erick Wilberding

Creative thinking – how to get out of the box and generate ideas: Giovanni Corazza at TEDxRoma

https://www.rasmussen.edu/student-experience/college-life/critical-thinking-skills-to-master-now/