Ideas of Community Building and Advocacy

Community (လူမှုဝန်းကျင်/ လူမှုအသိုက်အဝန်း)

Community (လူမှုဝန်းကျင်/လူမှုအသိုက်အဝန်း) ဆိုတာ ဝိသေသလက္ခဏာမျိုးစုံ၊ အသွင်အပြင် မျိုးစုံ စတဲ့ သွင်ပြင် လက္ခဏာ သဘောထားမျိုးစုံရှိကြပြီး တူညီတဲ့ ယုံကြည်ချက်၊ လိုအပ်ချက်နဲ့ တူညီတဲ့ တန်ဖိုးထားမှု ကိုယ်စီ ရှိကြတဲ့ လူ့ဘောင်တစ်ရပ်ပဲဖြစ်ပါတယ်။ 

 Types of Community(လူမှုဝန်းကျင် အမျိုးအစားများ)

  1. Geography Community 
    တူညီတဲ့ ပထဝီဝင်မြေအနေအထားတစ်ခုအပေါ်မှာ အတူတကွနေထိုင်ရတာကြောင့် ထိတွေ့မှု ရှိနေတဲ့ လူမှု ဝန်းကျင်ဖြစ်ပါတယ်။ သို့ပေမယ့် Community လူမှုဝန်းကျင်လို့ခေါ်နိုင်ဖို့ဆိုရင် နေထိုင်သူတွေက ဒီဒေသရဲ့တန်ဖိုးတွေကို သိရှိနားလည်ပြီး မိမိပိုင်(Ownership)ဖြစ်တယ်ဆိုတဲ့ စိတ်တွေ တူညီနေဖို့လိုပါတယ်။ 
  1. Community of Interest
    ဒီလူမှုဝန်းကျင်ကို “Communities Within Communities” (လူမှုဝန်းကျင်ထဲမှ လူမှုဝန်းကျင်များ)လို့ ခေါ်ဆိုနိုင်ပါတယ်။ အခု လူမှုဝန်းကျင်မှာ ပါဝင်ကြသူတွေက တူညီတဲ့ စိတ်ပါဝင်စားမှု၊ (ဒါမှမဟုတ်) တူညီတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာကြောင့် နီးစပ်မှုရှိနေတဲ့ လူမှုဝန်းကျင်ဖြစ်ပါတယ်။ 
  1. One Space Technology (Virtual Communities)
    ဒီလူမှုဝန်းကျင်က နည်းပညာကြားခံတစ်ခုခုကြောင့် ထိတွေ့ရင်းနှီးနေတဲ့ လူမှုဝန်းကျင်မျိုးကို ခေါ်ပါတယ်။ ( ဥပမာ – Online Community)

Ethics in Community Building (လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေးကျင့်ဝတ်များ

  •  လူမှုဝန်းကျင်ရဲ့ ပါဝင်သူတစ်ဦးချင်းစီကို လေးစားရပါမယ်။ 
  • တစ်ဦးချင်းရဲ့ စွမ်းဆောင်နိုင်တဲ့ စွမ်းအားကို အသိအမှတ်ပြုပြီး သူတို့ရဲ့ လိုအပ်ချက်ဆန္ဒတွေကို လေးစား ရပါမယ်။
  • မတူကွဲပြားမှုတွေကို လေးစားပြီး အလွှာစုံလူမှုဝန်းကျင် (Inclusive community)  တစ်ခုဖန်တီးရပါမယ်။ 
  • လူထုရဲ့ လူသားဆိုင်ရာ အခွင့်အရေး (Human Right)၊ ပြည်သူ့အခွင့်အရေး (civil right) နဲ့ ဥပဒေဆိုင်ရာ အခွင့်အရေး(legal right) တွေကို လေးစားရပါမယ်။
  • အခြေအနေပေါ်မူတည်ပြီး လူမှုဝန်းကျင်တစ်ရပ်လုံးအတွက် တတ်နိုင်သမျှ ကောင်းမွန်အောင် တည်ဆောက်ပေးရပါမယ်။ 

Qualities of a Community Builder (လူမှုဝန်းကျင်တည်ဆောက်သူ၏ အရည်အသွေးများ)

  • ရိုးသားဖြောင့်မတ်ခြင်း။
  • မိမိဘာသာဆုံးဖြတ်နိုင်ခြင်း။
  • စွမ်းရည်ပြည့်ဝခြင်း။
  • ပွင့်လင်းခြင်း။
  • မိမိကိုယ်ကို သိရှိနားလည်ခြင်း။
  • လိုက်လျောညီထွေမှုရှိခြင်း။
  • ကိုယ်ချင်စာခြင်း။
  • မှီခိုအားထားနိုင်ခြင်း။
  • လေးစားမှုနှင့် အာရုံခံစားမှု ရှိခြင်း။
  • ပြောင်းလဲမှုနှင့် တန်းတူညီမျှ ပါဝင်မှုအတွက် စိတ်အားထက်သန်ခြင်း။

Community Building တွင် ပါဝင်သော အစိတ်အပိုင်းများ/ အခြေခံသဘောတရားများ

  • လူအများပါဝင်မှုရှိခြင်း။
  • အတူတကွပူးပေါင်းဆောင်ရွက်ခြင်း။
  • စွမ်းရည်မြှင့်တင်ခြင်း။
  • မိမိဘာသာလုပ်ဆောင်နိုင်စွမ်းရှိရန် လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှုများ လေ့ကျင့်ပြင်ဆင်၍ လုပ်ပိုင်ခွင့်များရရှိစေခြင်း။

 Advocacy ဆိုတာဘာလဲ။

စည်းရုံးလှုံ့ဆော်ခြင်းက တစ်စုံတစ်ဦး (ဒါမှမဟုတ်) လူတစ်စုရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။ ထောက်ခံအားပေးသူ (Advocator) ဆိုတာ အကြောင်းပြချက် (ဒါမှမဟုတ်) မူဝါဒ ကို ငြင်းခုံ/ ထောက်ခံသူဖြစ်ပါတယ်။ လူအများရဲ့ စုပေါင်းအသံကို ရှာဖွေနိုင်သူဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Advocacy ဆိုသည်တာ လူတွေကို ထောက်ပံ့ခြင်း၊ ကူညီခြင်း လုပ်ငန်းစဉ်ဖြစ်ပါတယ်။

Advocacy ဆိုသည်မှာ အခြားသူ တစ်ဦးဦး (သို့) အဖွဲ့အစည်း တစ်ခုခုထံမှတဆင့် မိမိအတွေးမြင်၊ ဆန္ဒ များကို ဖော်ပြခွင့်၊ မိမိရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များရရှိပြီး မိမိဘာသာ မှန်ကန်သော နည်းလမ်းများဖြင့် ရပ်တည် ဆောင်ရွက်နိုင်ရန် ကူညီထောက်ပံ့မှုများရရှိခြင်းဖြစ်သည်။ 

Advocacy ၏ အခြေခံသဘောတရားများ 

  • ရည်ရွယ်ချက်ရှင်းလင်းပြတ်သားခြင်း ( Clarity of Purpose)
  • လုံခြုံမှုရှိခြင်း၊ အန္တရာယ်၊ ဆုံးရှုံးမှု၊ အပျက်အစီးတို့မှ ကာကွယ်ထိန်းသိမ်းပေးခြင်း ( Safeguard)
  • ကိုယ်ရေးကိုယ်တာ လျို့ဝှက်မှု ရှိခြင်း ( Confidentiality)
  • သာတူညီမျှရှိခြင်း နှင့် မတူကွဲပြားမှု ပုံစံမျိုးစုံပါဝင်နေခြင်း ( Equality and Diversity)
  • မိမိဘာသာလုပ်ဆောင်နိုင်စွမ်းရှိရန် လိုအပ်သော  အသိပညာ၊ ကျွမ်းကျင်မှု များ ကူညီပံ့ပိုးပေးခြင်းနှင့်  ဖွံ့ဖြိုးတိုးတက်လာစေရန် အခွင့်အလမ်းများဖန်တီးပေးခြင်း ( Putting People First)

Types of Advocacy

  1. Self-advocacy
    Self-advocacy ဆိုသည်မှာ လူတစ်ဦးချင်း၏ အကျိုးစီးပွား၊ လိုအင်ဆန္ဒများ လိုအပ်ချက်များနှင့် အခွင့်အရေးများကို ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုခြင်း၊ ညှိနှိုင်းခြင်းဖြစ်သည်။ လူတစ်ဦး တစ်ယောက် ၏ အားသာချက်များနှင့် လိုအပ်ချက်များကို နားလည်ခြင်း၊ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်များကို ဖော်ထုတ်ခြင်း၊ တရားဝင် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို သိရှိခြင်း နှင့် ယင်းတို့ကို အခြားသူများအားဆက်သွယ်ခြင်းကို ဆိုလိုသည်။ Self-advocacy သည် မိမိကိုယ်ကို ကိုယ်စားပြုသည်။ 
  1. Individual Advocacy
    တစ်ဦးချင်းထောက်ခံအားပေးမှုတွင် လူတစ်ဦး (သို့မဟုတ်) လူတစ်စုသည် သူတို့၏ အားထုတ်မှုအပေါ် လူတစ်ဦး (သို့မဟုတ်) နှစ်ဦးသာ အာရုံစိုက်သည်။ Advocacy for Inclusion အဖွဲ့၏ အဆိုအရ “ အကယ်၍ သင်ဟာ မမျှတဘူးလို့ ထင်ရင် (သို့မဟုတ်) တစ်စုံတစ်ယောက်က သင့်ကိုဆိုးဆိုးဝါးဝါး ဆက်ဆံနေတယ်ဆိုရင် ဒီအပေါ်မှာ သင်ကပြောင်းလဲဖို့ တစ်ခုခုလုပ်ချင်နေတယ်ဆိုရင်  Advocacy က သင့်ဘေးမှာရပ်နေမှာပါ” ဟုပြောကြားခဲ့သည်။ Individual Advocacy ပုံစံနှစ်မျိုးရှိသည်။ မိဘများ၊ မိသားစုဝင်များမှ အားနည်းချက်ရှိသူကို ထောက်ခံပေးခြင်း၊ ကူညီလမ်းညွှန်ပေးခြင်းကို Informal Advocacy ဟုခေါ်သည်။ formal advocacy တွင် advocacy ပြုလုပ်ပေးသော အဖွဲ့အစည်းမှ လူတစ်ဦး (သို့) လူပုဂ္ဂိုလ်တစ်စုအတွက် ထောက်ခံပေးခြင်း၊ ကူညီလမ်းညွှန်ပေးခြင်းဖြစ်သည်။ 
  1. System Advocacy
    System Advocacy သည် လူတစ်ဦး (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်စုအတွက်သာမက သက်ဆိုင်သော ပြည်နယ်၊ ဒေသ စသည်အထိ အကျိုးသက်ရောက်မှုရှိစေနိုင်သည့်မူဝါဒများ၊ ဥပဒေများ (သို့မဟုတ်) စည်းမျဉ်းကို ရေးဆွဲခြင်း၊ အတည်ပြုခြင်း၊ ပြောင်းလဲပေးခြင်းဖြစ်သည်။ ဤအားထုတ်မှုသည် ဒေသဆိုင်ရာ၊ ပြည်နယ် (သို့) အမျိုးသားအဆင့် အထိ ဦးတည်သည်။

Community Building and Advocacy မှာ ဘယ်လိုအဆင့်တွေပါဝင်လဲ။

 ဥပမာ- TVရောဂါ၊ ဆေးလိပ်အန္တရာယ်၊ ဝမ်းလျောရောဂါ၊ လိင်အကြမ်းဖက်မှု (Gender based violence)၊ မျိုးဆက်ခြားကျန်းမာရေးပညာပေး (Sexual Reproductive and Human Right) တို့နှင့်ပက်သက်၍ အသိပညာပေးလိုသည်အခါ အောက်ပါအတိုင်းအဆင့်ဆင့် ဆောင်ရွက်နိုင်သည်။

၁. အသိပညာပေးလိုသော အကြောင်းအရာကို ဒေသ၏ပြောရေးဆိုခွင့်ရှိသူ၊ အကြီးအကဲ၊ ရပ်မိရပ်ဖ အဖွဲ့ဝင်များ မှတဆင့် ဆက်သွယ်သတင်းပေးခြင်း

၂. လက်တွေ့ကျင့်သုံး လိုက်နာရန် လိုအပ်သောမူဝါဒ နှင့် စည်းမျဉ်းစည်းကမ်းများကို လိုအပ်သလိုထည့်သွင်းရန် နှင့် ပြောင်းလဲရန် ပြောရေးဆိုခွင့်ရှိသူ၊ ဆုံးဖြတ်ခွင့်ရှိသူ ရပ်မိရပ်ဖ အကြီးအကဲများနှင့် ဆွေးနွေးညှိ နှိုင်းခြင်း

၃. အများပြည်သူပါဝင်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ပညာပေးဆွေးနွေးခြင်း၊ 

၄.သုတေသန ပြုလုပ်ချက်များမှရရှိလာသော  ပြဿနာ၏ရင်းမြစ်နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အများပြည်သူသိရှိစေရန် ဖြန့်ဝေပေးခြင်း

Why is Advocacy important?

  • လှုံ့ဆော်မှု၊ ထောက်ခံမှု ရရှိစေပြီး ထိခိုက်ခံရသူ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးနိုင်သည်။ 
  • အစောပိုင်းကာလမှာပင် လှုံ့ဆော်မှု၊ ထောက်ခံမှု၊ ကူညီလမ်းညွှန်မှုများပြုလုပ်ပေးနိုင်သောကြောင့် ပိုမိုဆိုးရွား လာနိုင်မည့် တင်းမာမှုများကို ကာကွယ်ပေးနိုင်သည်။ 
  •  အမှုသည်/ဖောက်သည်များနှင့် ဝန်ဆောင်မှု ပေးသူများကြား ဆက်သွယ်မှုကို ပိုကောင်းစေသည်။  
  • သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပံ့ပိုးမှုနှင့် ရပ်ရွာစောင့်ရှောက်မှု အရည်အသွေးကို တိုးတက်အောင်  ပြုလုပ်နိုင်သည်။ 
  • ထိခိုက်ခံစားရသူများကိုယ်တိုင် လိုအပ်ချက်များ၊ အခက်အခဲများ၊ ခံစားချက်များကို ထုတ်ဖော်နိုင်ရန် ယုံကြည်မှု တည်ဆောက်ပေးသည်။ 
  • လူသားတို့အား ၎င်းတို့၏ဘဝကို ကောင်းစွာ တည်ဆောက်စီမံနိုင်ရန် ကူညီပေးသည်။ 

Which tools can we use to advocate?  Advocacy အတွက်ဘယ်လို tools တွေအသုံးပြုနိုင်လဲ။

  •  စာစောင်များ၊ လက်ကမ်းစာစောင်များ။   
  •  သုတေသနစာတမ်းများ၊ ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲ။  
  •  အလုပ်ရုံ ဆွေးနွေးပွဲ။
  • ရုပ်ရှင်။
  • ရုပ်သံ အစီအစဉ်မှ စကားရည်လုပွဲ(Debate)။ 
  • ကြော်ငြာများ။
  •  အများသိစေရန်ကြေညာချက်များ။

How will advocacy help the community? Advocacy ပြုလုပ်ခြင်းက လူ့အဖွဲ့အစည်းကို ဘယ်လို အကူအညီပေးနိုင်လဲ။

Advocacy ပြုလုပ်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွင်းရှိ လူအားလုံးမှ အောက်ပါတို့ကို ပြုလုပ်ရန် သေချာစေသည်။ 

  • လူ့အဖွဲ့အစည်းရှိ လူသားတို့အတွက် အရေးကြီးသော ကိစ္စရပ်များ၊ သူတို့၏အသံ၊ လိုအပ်ချက် အခက်အခဲများကို ကြားသိနိုင်ရန်။
  • လူသားတို့၏အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန်။ 
  • လူသားတို့၏ ဘဝနှင့်ပက်သက်၍ မူဝါဒများ ချမှတ်သည့်အခါတွင်ဖြစ်စေ ဆုံးဖြတ်ချက်များချသည့် အခါတွင် ဖြစ်စေ ၎င်းတို့၏ အမြင်နှင့် အယူအဆများ ကို အမှန်တကယ်ထည့်သွင်းစဉ်းစားပေးရန်။ 
  • လူသားတို့၏ အမြင်များ အတွေးများနှင့် စိုးရိန်ပူပန်မှု များကို ဖော်ပြပေးနိုင်ရန်။
  • ၎င်းတို့အတွက် သင့်လျော်သော၊ အကျိုးရှိသော သတင်းအချက်အလက်၊ အကြံဉာဏ်နှင့် လမ်းညွှန်မှုကို ရရှိရန်။ 
  • ရသင့်ရထိုက်သော ဝန်ဆောင်မှုနှင့် စောင့်ရှောက်မှုအတွက် ရွေးချယ်စရာများကို လမ်းညွှန်ပေးနိုင်ရန်။ 

Resources

Community building Video

Advocacy Video

https://www.unicef.org/wca/media/6451/file/UNICEF-KRC3-KRC4-Toolkit.pdf