အပြန်အလှန် ပူးပေါင်းပါဝင်မှုရှိသည့် ပံ့ပိုးကူညီမှုနှင့် သင်ကြားသင်ယူမှု လုပ်ငန်းများ/နည်းလမ်းများ
- Energizers and ice-breakers
သင်ကြားသင်ယူသူနဲ့ ကူညီပံ့ပိုးသူတို့ကြားတွင် ပို၍ရင်းနှီးမှုရှိစေရန်နှင့် အုပ်စုတွင်း သက်တောင့်သက်သာ ဆွေးနွေးသင်ကြားနိုင်ရန် Ice-breaking Activities များကို အသုံးပြုနိုင်ပါတယ်။
- Sharing participant expectations and goals
သင်ကြားသင်ယူမှု လုပ်ငန်းစဉ်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်သူ တစ်ဦးချင်းစီရဲ့ တက်ရောက်လာရတဲ့ (သို့မဟုတ်) သင်ယူလေ့လာရတဲ့ အကြောင်းအရင်းတွေနဲ့ ၎င်းတို့ရဲ့ သင်တန်းနဲ့ဆွေးနွေးပွဲအပေါ်ထားရှိတဲ့ မျှော်မှန်းချက်တွေကို သိရှိနိုင်ဖို့ သင်တန်းပေးသူနဲ့ ပံ့ပိုးကူညီသူတွေက ထုတ်ဖော်ပြောဆိုခွင့်ပေးဖို့လိုအပ်ပါသည်။ ဒါမှသာ တက်ရောက်လာတဲ့ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ပံ့ပိုးကူညီသူတွေက အကောင်းဆုံးပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။
- Stimulating discussion
အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေမှာ တက်ရောက်လာသူအားလုံး ပါဝင်ဆွေးနွေးနိုင်ဖို့အတွက် ကူညီပံ့ပိုးသူက အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ တက်ရောက်သူ တစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေကို တလေးတစား နားထောင်ပေးတာ၊ လုံခြုံစိတ်ချရတဲ့ သင်ယူမှု ပတ်ဝန်းကျင်ကို ဖန်းတီးပေးတာ၊ မတူကွဲပြားတဲ့ တုံ့ပြန်မှု အမျိုးမျိုးကို လက်ခံပေးတာ၊စတာတွေ ဆောင်ရွက်ပေးခြင်းအားဖြင့် သင်တန်းသားတွေအားလုံး တက်ကြွစွာ ပါဝင်ဆွေးနွေးလာနိုင်ပါတယ်။
- Encouraging participative listening
အလုပ်ရုံဆွေးနွေးပွဲတွေ သင်တန်းတွေမှာ တက်ရောက်လာသူတစ်ဦးချင်းစီကို နားထောင်သူကောင်းတစ်ယောက်ဖြစ်လာစေဖို့လည်းပံ့ပိုးပေးနိုင်ပါတယ်။ တစ်ဦးရဲ့ဆွေးနွေးချက်တွေကို အခြားသူတွေက ဂရုတစိုက် နားထောင်ပေးတာ၊ လိုအပ်ချက်တွေကို ပြန်လည်ဆွေးနွေးမေးမြန်းတာ စတာတွေပြုလုပ်ပေးခြင်းအားဖြင့် တက်ရောက်သူတွေကြားမှာ အပြန်အလှန် နားလည်မှု၊ ပံ့ပိုးပေးနိုင်မှုတွေ တိုးတက်လာစေမှာဖြစ်ပါတယ်။
- Working in small team
အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေမှာ တက်ရောက်လာတဲ့သူတွေကို အုပ်စုငယ်တွေဖွဲ့ပြီး အုပ်စုအလိုက်ဆွေးနွေးရမယ့် ခေါင်းစဉ်တွေ သတ်မှတ်ပေးတာ၊ ခေါင်းစဉ်တွေကို အတွင်းကျကျ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေပြီးမှ တက်ရောက်သူအားလုံးကို ပြန်လည်ဝေမျှတာ၊ စတာတွေလုပ်ဆောင်နိုင်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ပါဝင်သူတစ်ဦးချင်းစီဟာ မိမိရဲ့ အုပ်စုငယ်အတွင်းမှာ တက်တက်ကြွကြွပါဝင်ဆွေးနွေးလာနိုင်မှာဖြစ်ပါတယ်။
- Team reports
အုပ်စုအလိုက် တာဝန်တွေ ခွဲဝေပေးပြီး ပြီးမြောက်မှုရလဒ်များ ကို အုပ်စုအလိုက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်အသီးသီးက ပြန်လည်တင်ပြဆွေးနွေးတင်ပြရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့်အဖွဲ့သားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသပေးနိုင်ပါတယ်။
- Avoiding power spots
အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများတွင် နေရာထိုင်ခင်း အစီအစဉ်များကို မကြာခဏ ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲပေးခြင်းအားဖြင့် တက်ရောက်သူအားလုံး ညီတူညီမျှ ပါဝင်လာစေနိုင်သလို၊ ဦးဆောင်သူအခန်းကဏ္ဍကို အလှည့်ကျတာဝန်ယူဆောင်ရွက်စေခြင်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
- Sharing responsibility
အဖွဲ့လိုက် လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အဖွင့်ဝင်တစ်ဦးချင်းစီဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်တွေကို အလှည့်ကျတာဝန်ယူစေခြင်းအားဖြင့် တစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှုနယ်ပယ်ကို ကျယ်ပြန့်လာစေပါတယ်။ ဥပမာ အုပ်စုမှတ်တမ်းရေးသူ၊ ဦးဆောင်သူ၊ ပံ့ပိုးကူညီသူ၊ မိတ်ဖက်များနှင့် ဆက်သွယ်ဆောင်ရွက်သူ စတဲ့ အခန်းကဏ္ဍ အမျိုးမျိုးကို တစ်ဦးချင်းစီက အလှည့်ကျ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပါတယ်။
- Participant evaluation
အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပြုလုပ်ရတဲ့ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များနဲ့ ပါဝင်တက်ရောက်သူ တစ်ဦးချင်းစီရဲ့ မျှော်မှန်းချက်များ ဘယ်အတိုင်းအတာထိ ထိရောက်အောင်မြင်မှု ရှိသလဲဆိုတာကို ပံ့ပိုးကူညီသူ(Facilitator) သာမက ပါဝင်တက်ရောက်သူအားလုံးကပါ စစ်ဆေး အကဲဖြတ်နိုင်မယ့် အခွင့်အလမ်းမျိုး ရရှိဖို့လိုအပ်ပါတယ်။
ထိရောက်သော အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲများအတွက် နည်းလမ်းကောင်းများ။
- အုပ်စုအလိုက် Mind Mapping ရေးဆွဲခြင်းများကို လုပ်ဆောင်ခြင်း။
- အွန်လိုင်းသင်တန်းများတွင် Online Ice-breaking အစီအစဉ်များထည့်သွင်းခြင်း။
- Break Room များခွဲ၍ အုပ်စုအလိုက်ဆွေးနွေးစေခြင်း။
- တစ်ဦးချင်းစီ၏ အကြံဉာဏ်များ အတွေးခေါ်များကို ဒီဇိုင်းဆွဲစေပြီး ပြန်လည်ဆွေးနွေးတင်ပြစေခြင်း။
- Design Thinking အစီအစဉ်များထည့်သွင်းခြင်း။
- ပါဝင်သူများ၏ စိတ်ခံစားချက်အခြေအနေများကို စစ်ဆေးသည့် Color Cardsများအသုံးပြုခြင်း။
- အွန်လိုင်းတင်ဆက်မှုတွင် ထင်သာမြင်သာရှိပြီး ဆွဲဆောင်မှုရှိသော Visuals, Pictures, Bar chart, Graphsများအသုံးပြုပြီး တင်ပြဆွေးနွေးခြင်း။
- Online Video-Conferencing toolsများတွင်ပါရှိသော polls, chat, Voting, Reactions စသည်တို့ကို အသုံးပြုခြင်း။
- Quizဖြေသည့် အစီအစဉ်များ ထည့်သွင်းခြင်း။
Reference
https://blog.toasty.ai/ten-creative-ideas-for-virtual-workshops/
Video Link – https://www.youtube.com/watch?v=gcy-pkwLjXE