Stakeholder Relationship Management

Stakeholders (ပါဝင်ပတ်သက်သူများ) ဆိုတာဘာလဲ။

Stakeholder- ပါဝင်ပတ်သက်နိုင်သူများ ဆိုသည်မှာ စီမံကိန်းတစ်ခု၊ အကြောင်းအရာတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုအပေါ်တွင် ဘုံ စိတ်ဝင်စားမှုရှိသော၊ စိုးရိမ်ပူမှုရှိသော၊ ကောင်းပြစ်/ဆိုးပြစ်များကို ဘုံသက်ရောက်မှုရှိသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အုပ်စုများ၊ အဖွဲ့အစည်းများကို ဆိုလိုသည်။ Stakeholder တို့တွင် စိတ်ဝင်စားမှု နှင့် လွှမ်းမိုးနိုင်မှု အဆင့်များ ကွဲပြားနိုင်ပြီး စီမံကိန်း၊ အလုပ်၊ အဖွဲ့အစည်း တို့၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရန် Stakeholder တို့၏ လိုအပ်ချက်နှင့် မျှောလင့်ချက်များ ပြည့်မီစေရေး ကောင်းစွာ စီမံခန့်ခွဲရန် လိုအပ်ပါတယ်။

Stakeholder လို့ပြောရင် ဥပမာအားဖြင့်

  • Owners/Shareholder
  • Employees
  • Customers
  • Local Community တွေဖြစ်နိုင်ပါတယ်။

Stakeholder (ပါဝင်ပတ်သက်သူများ) နဲ့ ချိတ်ဆက်ဆောင်ရွက်မှုကို စီမံခန့်ခွဲခြင်းဆိုတာဘာလဲ။

Stakeholder Relationship Management ဆိုတာကတော့ မတူညီတဲ့ Stakeholderတွေ မတူညီတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ သင့်ရဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကို စီမံခန့်ခွဲတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မတူညီတဲ့ Stakeholder တွေဖြစ်တဲ့ Government, Employees, Customers တွေနဲ့ ဆက်သွယ်ရတဲ့အခါ မလိုလားအပ်တဲ့ အခြေအနေတွေ မဖြစ်ရအောင် Stakeholder တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားဖို့လိုပါတယ်။ Stakeholder Relationship Management ပြုလုပ်ရတဲ့ အဓိကပန်းတိုင်ကတော့ ပါဝင်ပတ်သက်သူများရဲ့ လိုအပ်ချက်နဲ့ မျော်မှန်ချက်တွေ ထိမိစေဖို့ သူတို့ရဲ့ စီမံကိန်းအောင်မြင်မှုအပေါ် လွှမ်းမိုးမှုနဲ့ သက်ရောက်မှုတွေကို ကောင်းစွာစီမံခန့်ခွဲဖို့ဘဲဖြစ်ပါတယ်။

ကောင်းမွန်တဲ့ Stakeholder Relationship Management စနစ်တစ်ခုဖြစ်ဖို့ဆိုရင် ပါဝင်ပတ်သက်မှုရှိနိုင်သူအားလုံးကို စာရင်းပြုစုရမယ်၊ သူတို့ကို ခွဲခြမ်းစိတ်ဖြာကြည့်ရမယ်၊ ဘယ်သူ့ကိုဘယ်အချိန်မှာ ဆက်သွယ်ပြောဆိုဖို့လိုတယ်ဆိုတာကို စီမံထားရမယ်၊ ပွင့်လင်းမြင်သာသော ဆက်ဆံရေးထူထောင်ရမယ်၊ ဆက်ဆံဆောင်ရွက်မှုအားလုံးကို ပြန်လည်သုံးသပ်တတ်ရပါမယ်။

Stakeholder(ပါဝင်ပတ်သက်သူများ)နဲ့ချိတ်ဆက်ဆောင်ရွက်မှုစီမံခန့်ခွဲခြင်းရဲ့ အကျိုးကျေးဇူးများ။

ကောင်းမွန်တဲ့ Stakeholderဆက်ဆံရေးကို တည်ဆောက် ထိန်းသိမ်းခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ 

  • ပရောဂျက်တစ်ခုမှာ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို နည်းပါးအောင် ကူညီပေးခြင်း။ (Helping to lower project risks)
  • သင့်ရဲ့ ပရောဂျက်ကို အကောင်အထည်ပေါ်လာစေခြင်း၊ အဖွဲ့အစည်းရဲ့ လုပ်ဆောင်နိုင်စွမ်း (ဂုဏ်သတင်း) သို့မဟုတ် တိုးတက်မှုတွေကို တည်ဆောက်ပေးခြင်း။ (Building your project or organization’s reputation)
  • ပတ်သက်သူများ၏ ပံ့ပိုးမှု၊ အာမခံမှု၊ တုန့်ပြန်မှု အပြည့်အဝရှိသော ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေခြင်း (Gaining useful buy-in)
  • လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်နိုင်ခြင်း။ (Meeting regulatory requirements)
  • လုပ်ငန်းတစ်ခုနဲ့တစ်ခု ယှဉ်ပြိုင်နေတာထက် ပိုမိုကောင်းမွန်တဲ့ အခြေနေတွေကို ဖန်တီးနိုင်ခြင်း။ (Gaining competitive advantages)

Stakeholder(ပါဝင်ပတ်သက်သူများ)ဆိုတာဘာလဲ နဲ့ Stakeholder(ပါဝင်ပတ်သက်သူများ)နဲ့ ချိတ်ဆက်ဆောင်ရွက်မှု စီမံခန့်ခွဲခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိသွားပြီဆိုရင် ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကို အောက်ဖော်ပြထားတဲ့ အဆင့် (၇) နဲ့ ရှင်းပြထားပါတယ်။

Stakeholder(ပါဝင်ပတ်သက်သူများ) နဲ့ ချိတ်ဆက်ဆောင်ရွက်မှု စီမံခန့်ခွဲခြင်းအတွက် လိုအပ်တဲ့  အဆင့်(၇) ဆင့်။

၁။ သင့်ရဲ့ Stakeholder(ပါဝင်ပတ်သက်သူများ) တွေက ဘယ်သူတွေလဲဆိုတာကို သတ်မှတ်ပါ။ (Identify Your Stakeholders)

သင့်အနေနဲ့ Stakeholder relationship ကို အသေးစိတ် မတည်ဆောက်ခင်မှာ ပထမဆုံး တွေးတောရမှာက ဒီချိတ်ဆက်ဆောင်ရွက်မှုကို ဘယ်လို တည်ဆောက်မလဲ၊ ဘယ်သူတွေက သင့်ရဲ့ အဖွဲ့အစည်းအတွက် သင့်တော်ပြီး အလားအလာရှိတဲ့ Stakeholderတွေ ဖြစ်မလဲဆိုတာကို သတ်မှတ်ဖို့လိုပါတယ်။ ဒီအချက်ကို လုပ်ဆောင်တဲ့အခါမှာ သင့်ရဲ့ အဖွဲ့သားတွေနဲ့ ဘယ်လူပုဂ္ဂိုလ်/အဖွဲ့အစည်းတွေက ကောင်းနိုင်မလဲ ဆိုးနိုင်မလဲဆိုတာကို ဆွေးနွေးပါ။ သင့်လုပ်ဆောင်မယ့် ပရောဂျက်က Stakeholder တွေအတွက် ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိနိုင်လဲ စတဲ့ အချက်တွေကို စဉ်းစားထားဖို့လိုပါတယ်။

၂။ ပါဝင်ပတ်သက်သူများကို ဆန်းစစ်သတ်မှတ်ခြင်း ( Map Your Stakeholders)

Mendelow’s Power-Interest Matrix က stakeholder mapping လုပ်တဲ့အခါမှာ လူသိများပြီး အသုံးဝင်ဆုံး နည်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ stakeholder တွေက သင့်ရဲ့ ပရောဂျက်အပေါ် ထားရှိတဲ့ level of interest(high/low) နဲ့ level of influence (high/low) ကို အခြေခံထားပြီး stakeholder တွေကို ခွဲခြားသတ်ပေးပါတယ်။ ဒီလို ခွဲခြားနိုင်ခြင်းက သင့် ပရောဂျက်မှာ ဘယ်လို အရင်းမြစ်တွေ သုံးရမလဲ ၊ ငွေကြေး (Budget) ဘယ်လောက်သုံးရမလဲဆိုတာတွေကို သိရှိနိုင်ပါတယ်။

၃။ Stakeholders အကြောင်းကို လေ့လာပါ။ (Learn About Your Stakeholders)

 Stakeholder တွေရဲ့ အကြောင်းတွေကို သိဖို့ လေ့လာရမယ့် အချက်တွေကတော့

  • သင့်ရဲ့ ပရောဂျက်အပေါ်မှာ ကောင်းမွန်တဲ့ သက်ရောက်မှု သို့မဟုတ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိတဲ့သူလား။
  • သင့်ရဲ့ အဖွဲ့အစည်း သို့မဟုတ် ပရောဂျက် အပေါ် သူတို့ရဲ့ လက်ရှိအမြင်က ဘယ်လိုရှိသလဲ။
  • သင့်ရဲ့ ပရောဂျက်ပေါ်မှာ သူတို့ရဲ့ စိတ်ဝင်စားတဲ့အရာတွေက ဘယ်အရာတွေလဲ။ စတဲ့ အရာအချက်တွေကို သိဖို့လိုပါတယ်။

သင့်ရဲ့ ပရောဂျက်အပေါ် ဘယ်လောက်ထိ မှီခိုနေနိုင်လဲဆိုတာကို သိရှိနိုင်ဖို့ အရေးကြီးတာကြောင့် ဒီအချက်တွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင့် သင့်ရဲ့ Stakeholders တွေကို ဘယ်လို ဆွဲဆောင်ရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Stakeholderနဲ့ ယုံကြည်မှုတွေ ပိုမို တည်ဆောက်နိုင်ဖို့အတွက် ဒီအချက်က အဓိကတွေးတော့ရမယ့် အချက်ပဲဖြစ်ပါတယ်။

၄။ ဗျုဟာကျကျ ဘယ်လို ဖော်ဆောင်မလဲဆိုတာကို သင့်အဖွဲ့သားတွေနဲ့ စီစဉ်ပါ။ (Plan with Your Team on How to Strategically Proceed)

ပရောဂျက်တစ်ခု လုပ်ဆောင်တဲ့ သို့မဟုတ် စနစ်တစ်ခု ဖော်ဆောင်တဲ့ အခါမှာ အစီစဉ်ရေးဆွဲခြင်းက မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ Stakeholder က ဘယ်လို ပုံစံထဲကလဲဆိုတာ သိပြီဆိုရင် ဘယ်လို ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်မလဲ၊ အစီတွေကို ဘယ်လို ချမလဲဆိုတာကို သင့်ရဲ့ အဖွဲ့နဲ့ ပြင်ဆင်နိုင်ပါတယ်။

ဒီလို အစီစဉ်ချခြင်းအားဖြင့် စီမံကိန်းအတွက် အရေးပါတဲ့ အရင်းအမြစ်ကြွယ်ဝတဲ့ Stakeholder တွေနဲ့ ဦးစွာတွေ့ဆုံပြောဆိုနိုင်ပြီး စီမံကိန်းအောင်မြင်နိုင်မှုကို အထောက်အကူ ပြုမှာဖြစ်ပါတယ်။ ဥပမာ – သင်က သင့်ရဲ့ Stakeholders တွေကိုလေ့လာခြင်းအားဖြင့် သင့်အဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးတဲ့အခါမှာ Stakeholdersတွေဆီက ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ် သူတို့ဆီက ရနိုင်မဲ့ အထောက်အပံ့တွေလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို သိခြင်းအားဖြင့် ဖြစ်နိုင်ချေရှိတဲ့ ပြသနာတွေကို အစီစဉ်ဆွဲနိုင်ပြီး အခက်ခဲတွေကို နည်းပါးအောင် လုပ်ဆောင်နိုင်မှာ ဖြစ်သလို လိုအပ်တဲ့ အရင်းအမြစ်ရှိတဲ့သူတွေနဲ့လည်း တွဲဖက်လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။

၅။ ပါဝင်ပတ်သက်သူများနှင့် ပိုမိုထိရောက်စွာ ဆက်ဆံပါ။ (Engage more Effectively with Your Stakeholders)

Stakeholders တွေနဲ့ တိုက်ရိုက်ချိတ်ဆက်စကားပြောတဲ့ အချိန်ကို ရောက်လာတဲ့အခါမှာ သင့်အနေနဲ့ အောက်ဖော်ပြထားတဲ့ အချက်တွေကို ထည့်သွင်း တွေးတောဖို့ လိုအပ်ပါတယ်။

၁။ Stakeholders တွေအနေနဲ့ သင့်အဖွဲ့ဆီက ဘယ်အရာတွေကို သိချင်ကြားချင်တာလဲ။ (What do stakeholders need to hear from your organization?)
၂။ Stakeholders တွေက တူညီတဲ့ အသိပေးချက်သို့မဟုတ် အကြောင်းအရာတွေကိုပဲ သိချင်တာလား။ (Do all your stakeholders need to hear the same messaging?)
၃။ Stakeholders တွေနဲ့ အကြိမ်ဘယ်လောက် ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်မှာလဲ။ (How often will you be engaging with stakeholders?)
၄။ Stakeholders တွေနဲ့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်မှာလဲ။ (How will you be engaging with stakeholders? (e.g., Brochures, town halls, emails etc.)

Stakeholders တွေနဲ့ စတင်ချိတ်ဆက်ပြောဆိုတော့မယ်ဆိုရင် သင်အနေနဲ့ အောက်ဖော်ပြထားတဲ့ အချက်တွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။

၁။ ပါဝင်ပတ်သက်သူတွေရဲ့ အမြင်တွေ အကျိုးစီးပွားတွေ စိုးရိမ်ပူပန်မှုတွေနဲ့ သက်ဆိုင်တဲ့ အဓိကမက်ဆေ့ခ်ျတွေကိုအသုံးပြုပြီး ဆက်သွယ်ပြောဆိုပါ (Communicating key messages relevant to your stakeholders’ perspectives, interests and concerns)
၂။ ပရောဂျက်ရဲ့ လတ်တလောအခြေအနေနဲ့ တိုးတက်မှုတွေကို ပေးပို့ပါ။ (Providing relevant project updates)
၃။ သူတို့ရဲ့ မေးခွန်းတွေနဲ့ မရှင်းလင်းမှုတွေကို ဖြေကြားပေးပါ။ (Answering their questions and concerns)
၄။ လက်ရှိ သို့မဟုတ် ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းပါ။ (Dealing with current or potential issues)

Stakeholders တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့အခါမှာ သူတို့အပေါ် လေးစားမှုရှိရှိ၊ ရည်ရွယ်ချက်ရှိရှိနဲ့ တစ်သတ်မတ်တည်း ဆက်ဆံပြောဆိုမယ်ဆိုရင် သင့်အပေါ် ယုံကြည်မှုပိုရှိလာပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်လာနိုင်မှာဖြစ်တယ်။ ဒါ့အပြင် Stakeholders က သူတို့ရဲ့ အခြေအနေတွေကိုလည်း သင့်ဆီလာပြီး ယုံကြည်စွာ ဆွေးနွေးမှု ပြုလုပ်မှာဖြစ်ပါတယ်။

၆။ Stakeholder တွေကို စောင့်ကြည့်ခြင်း။ (Monitor Your Stakeholders )

လုပ်ငန်းလုပ်ဆောင် နေစဉ်အတွင်း လုပ်ဆောင်ချက်တွေက ပြောင်းလဲနိုင်ပြီး သင့်အနေနဲ့ သင့်ရဲ့ Stakeholders တွေကို ပြောင်းလဲမှုတွေကို အသိပေးဖို့အတွက် Stakeholder တွေနဲ့ အမြဲ ဆက်သွယ်ပြီး သူတို့ရဲ့ အခြေနေတွေကိုလည်း စောင့်ကြည့်နေဖို့ (Monitoring) လိုအပ်ပါတယ်။ စောင့်ကြည့်လေ့လာခြင်းလို့ခေါ်တဲ့ Monitoring ကို လုပ်ဆောင်နေစဉ် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။

၁။ Stakeholders တွေရဲ့ ထင်မြင်ချက်များ ပြောင်းလဲမှုရှိလား။ (Have stakeholders’ opinions changed)
၂။ သင် မသတ်မှတ်ထားတဲ့ Stakeholders အသစ်တွေ ရှိသေးလား။ (Are there any new stakeholder you hadn’t initially identified)
၃။ ရှိပြီးသား Stakeholders တွေထဲက လက်ရှိလုပ်ဆောင်နေတဲ့ ပရောဂျက်ရဲ့ မတူညီတဲ့ အပိုင်းတွေကို ကူးပြောင်းသွားတာမျိုးရှိလား။ Have any stakeholders moved into different categories

ပရောဂျက်အစမှာ တစ်ချို့Stakeholders တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှု ချက်ချင်းမလုပ်နိုင်ပေမယ့် တစ်ဖြည်းဖြည်းနဲ့ ပုံမှန် ဆက်သွယ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ ပရောဂျက်မှာ ပါဝင်ဆောင်ရွက်ဆောင်နေတဲ့ Stakeholder တွေရဲ့ အခြေအနေကို နားလည်ပြီး သူတို့နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

၇။ Stakeholder တွေရဲ့ အချက်အလက်တွေကို ရေးသားပြုစုခြင်း။ (Report on Your Stakeholder Information)

သင့်ပရောဂျက်ရဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ Stakeholders တွေရဲ့ အချက်အလက်တွေကို အောက်မှာ ဖော်ပြထားတဲ့အတိုင်း စုဆောင်းဖို့ လိုအပ်ပါတယ်။

၁။ Stakeholders တွေကို ဆက်သွယ်နိုင်ရန် အသေးစိတ်အချက်အလက်များ (Stakeholder contact details) (ဥပမာ – နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ လိပ်စာ အစရှိသဖြင့်)
၂။ Stakeholders တွေနဲ့ ဆက်သွယ်ပြောဆိုထားတဲ့ မှတ်တမ်းများ ( Stakeholder communication records)
၃။ Stakeholders တွေ ရင်ဆိုင်ရတဲ့ ပြသနာများ (Stakeholder issues)
၄။ စိတ်ဝင်စားသည့်နေရာများ သို့မဟုတ် ထိတွေ့ဆက်ဆံမှုနေရာပြ မြေပုံများ ( Maps of areas of interest or engagement locations)
၅။ Stakeholders တွေရဲ့ အကြောင်းကို မှတ်စုရေးသားထားခြင်း။(Notes about your stakeholders)
၆။ Stakeholders တွေရဲ့ ကတိကဝတ် ထားရှိနိုင်မှုများ။ (Stakeholder commitments or promises)
၇။ သင့်နဲ့ သင်အဖွဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များ။ (Tasks assigned to you and your team)

ဒီအချက်တွေကို အဖြစ်မနေ လုပ်ဆောင်ပြီး Stakeholders တွေရဲ့ အချက်အလက်တွေကို စုဆောင်းခြင်းက နောက်ထပ် ပရောဂျက်တွေ လုပ်ဆောင်တဲ့အခါမှာ ပြန်လည်အသုံးပြုနိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် ဒီလိုစုဆောင်းခြင်းက Stakeholders တွေကို သင့်အဖွဲ့သားနည်းတူ တစ်ပြေးညီတန်းတူ ထားနိုင်ပြီး သူတို့ရဲ့ အသစ်သစ်သော ပြောင်းလဲမှုတွေကို လွယ်ကူစွာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

နားလည်လွယ်ပြီး ထင်သာမြင်သာရှိတဲ့ အချက်အလက်တွေကို စုဆောင်းခြင်းအားဖြင့် Stakeholders များနဲ့ ချိတ်ဆက်ဆောင်ရွက်တွေကို ထိရောက်စွာပြုလုပ်နိုင်ပြီး သင့်အဖွဲ့သားများနဲ့လည်း သင့်ရဲ့ ပရောဂျက်တွေကို ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Video Link – https://www.youtube.com/watch?v=Rd0kpJECKMg 

3-1 Stakeholder Relationship Management Theory

Resources – 

https://blog.jambo.cloud/7-key-steps-in-stakeholder-relationship-management