July 2022

ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills)

🧩ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည်(Problem Solving Skills) သည် လူတိုင်းကျွမ်းကျင်ထားရမယ့် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုစွမ်းရည် တစ်ခုဖြစ်ပါတယ်။ သင်ကိုယ်တိုင် သင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းခြင်းဖြင့် သင့်ရဲ့ Problem Solving Skills ကို တိုးတက်အောင်ပြုလုပ်လို့ရပါတယ်။ အသစ်သစ်သော ပြဿနာများ ကြုံတွေ့ရလေ သင်ရဲ့ Problem Solving Skills စွမ်းရည်က ပိုပြီးတိုးတက်လာလေပဲဖြစ်ပါတယ်။ 🧩လူတွေက သင့်ကို အဆိုးဆုံးသော အရာတွေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင့်ကို မျှော်လင့်နေမှာဖြစ်ပါတယ်။ လူအများနဲ့ ပြောဆို ဆက်သွယ်ရလေ သင့်အတွက် အသစ်သစ်သော ပြဿနာများ တိုးပွားလာလေပဲဖြစ်ပါသတယ်။ ဒီလို ပြဿနာများကို များများထိတွေ့ရလေလေ ပြဿနာဖြေရှင်းနိုင်သူ (Problem Solver)တစ်ယောက် ဖြစ်လာပြီး သင့်ရဲ့ တွေးခေါ်မှုစွမ်းရည်၊ တည်တည်ငြိမ်ငြိမ်သတိရှိရှိ လုပ်ဆောင်နိုင်သောစွမ်းရည်များကို လက်တွေ့ […]

ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills) Read More »

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills)

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) ဆိုတာဘာလဲ။ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းသည် ပြဿနာတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်နားလည်ဖို့အတွက် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ရပ်တစ်ခုဖြစ်သည်။ ယူဆချက် နှင့် အချက်အလက်များရှိ ဆက်သွယ်ချက်များကို နားလည်စေရန် ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်တဲ့ စွမ်းရည်တစ်ခု ဖြစ်သည်။ ကောင်းစွာ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းရှိသူသည် အခက်အခဲပြဿနာများ၏ ရင်းမြစ်နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ယုတ္တိရှိရှိ စနစ်တကျ ဝေဖန်ဆန်းစစ်၍ အသင့်တော်ဆုံး နည်းလမ်းကို မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်သည်။ အချက်အလက်များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာခြင်းနှင့်  ရွေးချယ် ဆုံးဖြတ်ခြင်း ပြုလုပ်ရာတွင် မိမိ၏ ပုဂ္ဂလိကအမြင်၊ ကိုယ်ရေးကိုယ်တာ ခံစားချက်တို့မှ မလွှမ်းမိုးဘဲ ဓမ္မဓိဋ္ဌာန် ကျကျ ဆုံးဖြတ်နိုင်ခြင်း က အရေးကြီးပါသည်။   ဥပမာအားဖြင့်၊ သင်သည် လူ့စွမ်းအားအရင်းအမြစ်ဌာန( Human

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) Read More »

အချိန် စီမံခန့် ခွဲမှု (Time Management)

“အချိန် စီမံခန့်ခွဲမှု” ဆိုသည်မှာ သင်၏ အချိန်ကို အလုပ်တာဝန်များနှင့် အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ စီစဉ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ ကောင်းမွန်သော အချိန်စီမံခန့်ခွဲမှုကို လုပ်ဆောင်သည့်အခါ အဓိကအားဖြင့် လုပ်ဆောင်မှု (action) အဆင့်မှ ရလဒ် (Result) အဆင့်သို့ ရောက်ဖို့လိုသည်။ အလုပ်များ ခြင်းသည် အချိန်ကို စနစ်တကျ စီမံခန့်ခွဲမှု မဟုတ်ပေ။ တိုးတက်လိုသူတစ်ဦးအနေဖြင့် ရှိရမည့်အရေးကြီးသော အရည်အချင်းတစ်ခုမှာ အချိန်စီမံခန်ခွဲမှုပင်ဖြစ်သည်။ အချိန်စီမံခန်ခွဲမှုဆိုသည်မှာ တစ်ရက်တာအချိန် ၂၄ နာရီကို အကျိုးရှိစွာ အသုံးပြုခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။  ပထမဦးစွာ အောက်ပါမေးခွန်းများဖြင့်  အချိန်စီမံခန့်ခွဲမှု အလေ့အထကို ပြန်လည်စဉ်းစားသုံးသပ်ကြည့်ပါ။ ကောင်းမွန်သော အချိန်စီမံခန့်ခွဲမှုတွင် အဓိကပါဝင်သောအချက်များ အချိန်စီမံခန်ခွဲမှု၏ အခြေခံယူဆချက်မှာ မိမိတွင်ရှိသော အချိန်အတိုင်းအတာအတွင်း အတတ်နိုင်ဆုံး အလုပ်များများပြီးအောင် လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါသည်။ ကောင်းမွန်သော

အချိန် စီမံခန့် ခွဲမှု (Time Management) Read More »

The United Nations – Nippon Foundation Fellowship

Type : Fully Funded Description : UN မှကျင်းပသည့် နိုင်ငံတကာမှ Marine Science Field မှ ဘွဲ့ရထားသော လူငယ်များအတွက် Research Skill  အပြင် Network ရရှိစေနိုင်သော Fellowship ကို USA တွင်တက်ရောက်နိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ပါသည်။ Duration : 3months – 6 months Deadline : 14th September 2022  Eligibility : Application လျှောက်သည့်ကာလနှင့် workshop လုပ်သည့်ကာလအတွင်း အသက်၂၅-၄၀ နှစ်အတွင်းဖြစ်ရမည်။ Marine Science နယ်ပယ်တွင် ဘွဲ့ရရှိဖူးပြီး သက်ဆိုင်ရာအတွေ့အကြုံရှိထားရမည်။ အင်္ဂလိပ်စာ အရေးအသားနှင့် အပြောအဆိုကျွမ်းကျင်သူဖြစ်ရမည်။ အဆင့်မြင့်ပညာရပ်ဆိုင်ရာ သုတေသနနှင့်

The United Nations – Nippon Foundation Fellowship Read More »

VCDNP Paid Internship Program 

Type : Fully Funded Description : နိုင်ငံတကာမှ Fresh Graduate များအတွက်  fully funded အစီအစဉ်ဖြင့် Australia နိုင်ငံတွင် ၆လတာ အလုပ်လုပ်ကိုင်နိုင်မည့် internship တစ်ခုဖြစ်ပါသည်။ စက်တင်ဘာလတွင်စတင်မည်ဖြစ်သည်။ Duration : 6 months Deadline : 31st July 2022  Eligibility : Science & Policy နယ်ပယ်များမှ Fresh Graduate များလျှောက်ထားနိုင်ပါသည်။  သက်ဆိုင်ရာနယ်ပယ်များနှင့်မူ၀◌ါဒများဆိုင်ရာ စိတ်၀◌င်စားမှုကို  သရုပ်ပြနိုင်စွမ်းရှိရမည်။ English Writing နှင့် Speaking ကျွမ်းကျင်မှုရှိရမည်။ အင်္ဂလိပ်စာအပြင် အခြားဘာသာစကားများပိုမိုကျွမ်းကျင်ပါက ဦးစားပေးမည်။ Ms Excel, MS Word, MS PowerPoint,

VCDNP Paid Internship Program  Read More »

Hurford Youth Leadership Exchange Program 2022

Type : Fully Funded Description : ကမ္ဘာတစ်၀ှမ်းမှ လူငယ်များအတွက်  အမေရိကန်နိုင်ငံတွင်ပြုလုပ်မည့်  Hurford Youth Fellowship ကို ၃လကြာ တက်ရောက်နိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ပါသည်။ Duration : 3 months Deadline : 31st July 2022 (March 1st, 2022 to 31st May 2022)  Eligibility : အသက်၃၀အောက် ဖြစ်ရမည်။  လျှောက်ထားသူများသည် လူမှုပတ်၀◌န်းကျင် သို့မဟုတ် ကမ္ဘာတစ်ဝှမ်းရှိ လူမှုရေး သို့မဟုတ် ဒီမိုကရေစီ လှုပ်ရှားမှုများကို သရုပ်ပြနိုင်သူ ဖြစ်ရမည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသော လူငယ်ခေါင်းဆောင်များအား လျှောက်ထားနိုင်ပါသည်။ အင်္ဂလိပ်စာအထူးကျွမ်းကျင်ရန်လိုအပ်သည်။  Benefits : Monthly

Hurford Youth Leadership Exchange Program 2022 Read More »

World Forum for Democracy 2022

Type : Fully Funded Description : ပြင်သစ်နိုင်ငံတွင်ပြုလုပ်မည့် Word Forum for Democracy 2022 ကို fully funded အစီအစဉ်ဖြင့် ရက်တာတက်ရောက်နိုင်မည့်  အခွင့်အလမ်း တစ်ခုဖြစ်ပါသည်။ Duration : 7 days (4th November 2022 – 10th November 2022) Deadline : 2nd August 2022  Eligibility : အသက် ၁၈-၃၀နှစ်ဖြစ်ရမည်။ အင်္ဂလိပ်စာ အရေးအသားနှင့် အပြောအဆိုကျွမ်းကျင်သူဖြစ်ရမည်။ လူငယ်နှင့် ဒီမိုကရေစီဆိုင်ရာ အတွေးအမြင်သစ်များ ဖော်ထုတ်ရာတွင် ပါဝင်ကူညီလိုစိတ်ရှိရမည်။ (issue များအသေးစိတ်ကို official websiteတွင်ကြည့်နိုင်သည်) ဒီမိုကရေစီနှင့် စပ်လျဉ်း၍ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို

World Forum for Democracy 2022 Read More »

Empower Youth and Team

လူငယ်စွမ်းအားမြင့်တင်ရေး (Youth Empowerment) ဆိုတာဘာလဲ။ လူငယ်စွမ်းအားမြင့်တင်ရေးဆိုတာက လူငယ်တွေက သူတို့ရဲ့ ဘဝတာဝန်တွေကို ကိုယ်တိုင် တာဝန်ယူတတ်စေဖို့ တွန်းအားပေးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ လူငယ်တွေကို သူတို့ရဲ့  ဘဝအခြေအနေကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေပြီး သူတို့မှာရှိတဲ့ အရည်အချင်း၊ အရင်းမြစ်တွေကို အသုံးပြုပြီး တစ်ခုခုလုပ်ဆောင်နိုင်ဖို့နဲ့ သူတို့ရဲ့ ယုံကြည်ချက်၊ သဘောထား၊ တန်ဖိုးထားမှုတွေကို အခြေခံပြီး ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲဖို့ လူငယ်စွမ်းအားမြှင့်တင်ရေးကို လုပ်ဆောင်ကြတာဖြစ်ပါတယ်။ လူငယ်စွမ်းအားမြင့်တင်ရေးက ဘာကြောင့်အရေးပါတာလဲ။  (Purpose of Youth Empowerment)  လူငယ်စွမ်းအားမြင့်တင်ရေးက ကောင်းမွန်တဲ့ လူနေမှုဘဝကို မြင့်တင်ရန် ရည်ရွယ်သည်။ လူငယ်စွမ်းရည် မြင့်တင်ရေးလုပ်ဆောင်တဲ့ ပရိုဂရမ်တွေမှာ တောက်လျှောက်  ပါဝင်စေခြင်းဖြင့် လူငယ်စွမ်းရည်မြင့်တင်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ လူငယ်စွမ်းရည်မြှင့်တင်ရေးလှုပ်ရှားမှု ( Youth Empowerment Movement) စွမ်းရည်မြင့်တင်မှုဆိုင်ရာ

Empower Youth and Team Read More »

Team Building

အဖွဲ့တည်ဆောက်ခြင်း(Team Building) ဆိုတာဘာလဲ။ အဖွဲ့တည်ဆောက်ခြင်း(Team Building)ဆိုတာ အဖွဲ့အစည်းအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရတဲ့ ဖြစ်စဉ်ဖြစ်ပြီး အုပ်စုလုပ်ငန်းတွေ ထိရောက် အောင်မြင်စေရဖို့ ကူညီပံ့ပိုးပါတယ်။ တစ်နည်းအားဖြင့် အဖွဲ့ရဲ့  ဘုံရည်မှန်းချက်(common goals)တေါ အောင်မြင်ဖို့ အဖွဲ့ဝင်များ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဖွဲ့တည်ဆောက်ခြင်းမှာ သက်ရှိသက်မဲ့ အရင်းမြစ်တွေနဲ့ အချက်အလက်တွေကို သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး ဒါ့အပြင် အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ ထင်မြင်ယူဆချက်တွေကို အုပ်စုအတွင်း မျှဝေခြင်း၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် ယုံကြည်ပြီး ပံ့ပိုးကူညီမှုရှိခြင်း အပြင် တစ်ဦးချင်းစီရဲ့ မတူကွဲပြားမှုကိုလည်း လေးစားမှုရှိရပါမယ်။ Richard Hackman ၏  အဆိုအရ စွမ်းဆောင်ရည်မြင့်မားတဲ့ အသင်းအဖွဲ့တစ်ခုဟာ အဖွဲ့တွင်းမှာရှိတဲ့ အဖွဲ့ဝင်တွေနဲ့ ပြင်ပမှာရှိတဲ့ မိတ်ဖက်များအားလုံးကို စိတ်ကျေနပ်ပျော်ရွှင်မှုရစေပါတယ်။ အနာဂတ်

Team Building Read More »

Youth Capacity Building

What is Capacity? (စွမ်းဆောင်နိုင်စွမ်း ဆိုတာဘာလဲ။)  Oxford dictionary၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ Capacity စွမ်းဆောင်နိုင်စွမ်းဆိုသည်မှာ တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခု၏ လုပ်ဆောင်နိုင်သော စွမ်းရည်ပမာဏဖြစ်ပါသည်။  Capacity Building စွမ်းရည်တည်ဆောက်ခြင်းသည် အလိုအလျောက်ဖြစ်တည်လာခြင်းမဟုတ်ပါ။ စိတ်ဆန္ဒထက်သန်မှု၊ အားစိုက်ထုတ်မှု၊ အစပျိုးမှု နှင့် ဦးဆောင်မှု တို့အပေါ် အခြေခံ၍ ပျိုးထောင်ရမည် ဖြစ်သည်။ Capacity Building (လူငယ်စွမ်းရည်တည်ဆောက်ခြင်း) ဆိုတာ ဘာလဲ။  Capacity Building သည်  Capacity Development စွမ်းရည်မြှင့်တင်ခြင်းနှင့် သဘောတရားတူသည်။ Capacity Building ၏ အဓိကအနှစ်သာရမှာ လူသားတို့၏ စွမ်းဆောင်ရည်တိုးတက်ရေးကို နှောင့်နှေးစေသည့် အခက်အခဲ အတားအဆီးများကို သဘောပေါက်နားလည်လာစေရန်နှင့် ၎င်း အခက်အခဲများကို ကျော်လွန်ရန် လိုအပ်သော

Youth Capacity Building Read More »