September 2022

Google Chrome

၂၁ ရာစုမှာ ဆိုရင် ဘာလိုလို google ရှိတယ်ဆိုပြီး ပြောကြတာကို ကြားဖူးကြမယ်ထင်ပါတယ်၊ Google ရဲ့ Web browserတစ်ခုဖြစ်တဲ့ Google Chrome အကြောင်းကို လေ့လာကြရမှာပါ။ Google Chrome အကြောင်းကို အောက်က ဗီဒီယိုမှာ ကြည့်ကြည်ပါ

Google Chrome Read More »

လူမှုကွန်ယက်တည်ဆောက်မှုစွမ်းရည် (Social Networking Skills)

၂၁ရာစုမှာ နည်းပညာနဲ့ သတင်းအချက်အလက် လူမှုအဖွဲ့အစည်း လုပ်ဆောင်ချက်တွေ များပြားလာတဲ့အခါမှာ လူမှုဆိုရှယ်မီဒီယာမှ တစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတွေအတွက် လူမှုကွန်ယက် တည်ဆောက်ခြင်း စွမ်းရည်တွေက  မရှိမဖြစ် လိုအပ်လာတဲ့အရာ တစ်ခုဖြစ်ပါတယ်။ မိမိမှာ လူမှုကွန်ယက်များစွာ ရှိခြင်း မိမိ ရဲ့ ချမ်းသာ ကြွယ် တစ်ခုပဲဖြစ်ပါတယ်။ အဘယ်ကြောင့် ဆိုသော် လုပ်ငန်းဆောင်ရွက်တွေ အတွက် သက်ဆိုင်ရာ လူမှုကွန်ယက်တွေ များစွာရှိနေမယ်ဆိုပါက ကိုယ့်ရဲ့ လုပ်ငန်းအတွက် တိုးတက်အောင်မြင်မှုတွေ ရရှိမှာပဲဖြစ်ပါတယ်။ Your Network = Your Net Worth လူမှုကွန်ရက်တည်ဆောက်ခြင်းဆိုတာဘာလဲ။ အတွေးအမြင်များ၊ စိတ်ဝင်စားမှုများနဲ့ မိမိရဲ့  လှုပ်ရှားမှုများကို မျှဝေရန်အတွက် အချို့သော ကြားခံများမှတစ်ဆင့် လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများကို စုစည်းထားခြင်း ဖြစ်ပါတယ်။ အင်တာနက်ခေတ် လူမှုကွန်ယက် တည်ဆောင်ခြင်း 

လူမှုကွန်ယက်တည်ဆောက်မှုစွမ်းရည် (Social Networking Skills) Read More »

Clay Workshop by Counselling Corner

Type : Paid Workshop  Description : ရွှံ့စေးကိုအသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာအောင် ဂရုစိုက်နိုင်မည့် Workshop တစ်ခုဖြစ်ပါသည်။  Title : Clay Workshop Date : September 25, 2022 (Sunday)  Time : 10:00 AM – 12:00 PM Language : Myanmar  Participation Fee : 10,000 Ks Place : Counselling Corner   Phone : 09785074173/ 09784509916 Eligibility : စိတ်ပါဝင်စားသူမည်သူမဆို ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ Benefits : 📌 သဘာဝတရားကို ခံစားရင်း စိတ်ပိုင်းဆိုင်ရာဂရုစိုက်နိုင်မည်။ 📌

Clay Workshop by Counselling Corner Read More »

Tiger Protector Programmme by WWF-Myanmar

Type : Free Online Programme Description : သ‌ဘာဝနှင့်တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနယ်ပယ်အသီးသီးက ပညာရှင်များထံမှ ကျားမျိုးစိတ်ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပညာနှင့်ဗဟုသုတများကို အွန်လိုင်းမှတစ်ဆင့် (၅)ရက်တာ အခမဲ့သင်ယူနိုင်မယ့် အစီအစဉ်ဖြစ်ပါသည်။ Topics that will be covered: 1) Tiger and prey ecologies: their roles and conservation needs 2) Challenges and threats to wildlife and habitat conservation 3) Illegal wildlife trade 4) Tigers and our culture Duration : စက်တင်ဘာလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ညစဉ် (၆:၀၀

Tiger Protector Programmme by WWF-Myanmar Read More »

Introduction to Google

Google လို့ပြောလိုက်တာနဲ့ တစ်ခုခုရှာလို့ရတယ်ဆိုတာကို လူတိုင်းက နားလည်ပြီးသားဖြစ်မှာပါ။ Google ရဲ့ လူအသုံးများဆုံး toolsတွေအကြောင်းကို ဗီဒီယိုအတိုလေးနဲ့ ပြပေးထားပါတယ်👇🏻

Introduction to Google Read More »

စီမံခန့်ခွဲမှု စွမ်းရည် (Management Skills)

စီမံခန့်ခွဲမှု စွမ်းရည်ဆိုတာဘာလဲ။ (What are management skills?) စီမံခန့်ခွဲတယ်ဆိုတာ အပြင်ပိုင်းက ကြည့်ရင် လွယ်တဲ့ ပုံပေါက်ပါတယ်။ ဒါပေမယ့် စွမ်းရည်တစ်ခုတည်းနဲ့ မရပါဘူး အများကြီးက ပေါင်းစပ်ထားတာဖြစ်ပါတယ်။ လွယ်လွယ်လေးပြောရရင် စီမံခန့်ခွဲမှု စွမ်းရည်တွေဆိုတာက အလုပ်တွေကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ ရှိသင့်တဲ့ သီးခြားအရည်အချင်းတွေ ဒါမှမဟုတ် စရိုက်လက္ခဏာတွေဖြစ်ပါတယ်။ ဘာတွေပါလဲဆိုတော့ ပြဿနာဖြေရှင်းတာ၊ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အလုပ်တွေလုပ်ဆောင်တာ၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်သမားတွေနဲ့ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲသူ မန်နေဂျာတွေဟာ အမျိုးမျိုးသော ဦးထုပ်တွေကို ဆောင်းရသလို ပုံစံမျိုးစုံဖြစ်နေပါတယ်၊ ပြီးတော့ အဲဒီပုံစံတွေကို ပြီးပြည့်စုံပြီး အံဝင်ဂွင်ကျဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေဟာ ဘယ်အဖွဲ့အစည်းတွက်မဆို အရေးကြီးတဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်၊ သူတို့ကို ကြီးကြပ်ရေးမှူး(Supervisors) နဲ့

စီမံခန့်ခွဲမှု စွမ်းရည် (Management Skills) Read More »

မြေပဲ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံအနေနဲ့ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ဆီအုန်းတို့ကို အဓိက ထား စိုက်ပျိုးကြပြီး ပဲပုပ်နဲ့ ဆီမုန်ညှင်းတို့ကိုလည်း တိုးချဲ့ စိုက်ပျိုးလျက် ရှိပါတယ်။ နှမ်း သီးနှံကို ဧရိယာအများဆုံး စိုက်ပျိုးကြပြီး မြေပဲသီးနှံကို ဒုတိယအများဆုံး စိုက်ပျိုးကြပါ တယ်။ မြေပဲကို အပူပိုင်း၊ အပူသမပိုင်းနဲ့ သမပိုင်းရာသီဥတုရှိတဲ့ နေရာတွေမှာ စိုက်ပျိုးကြ ပြီး ဆီစားသုံးမှုအနေနဲ့ ကမ္ဘာတစ်ဝှမ်း တန်သန်းပေါင်းများစွာ ရှိပါတယ်။ မြေပဲသီးနှံကို မိုး နဲ့ ဆောင်း နှစ်ရာသီလုံးမှာ စိုက်ပျိုးကြပြီး အထက်မြန်မာပြည်မှာ မြေပဲသီးနှံသီးသန့် (သို့) ပဲစဉ်းငုံ၊ နှမ်းတို့နဲ့ သီးညှပ် စိုက်ပျိုးကြပြီး အောက်မြန်မာပြည်မှာ စပါးပြီး သီးထပ် စိုက်ပျိုးကြပါတယ်။ မြေပဲ အဓိကစိုက်ပျိုးတဲ့ ဒေသတွေကတော့

မြေပဲ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

နှမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ နှမ်းကို မိုး၊ မိုးနှောင်းနဲ့ မိုးကြိုရာသီတွေမှာ စိုက်ပျိုးကြပါတယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းတွေမှာ သီးသန့် (သို့) ပဲစင်းငုံနဲ့ သီးညှပ်အနေနဲ့၊ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း တွေမှာ စပါးစိုက်အပြီး သီးထပ်အနေနဲ့ စိုက်ပျိုးကြပါတယ်။ လူတို့အတွက် များစွာအသုံးဝင် ခြင်း၊ ခြောက်သွေ့သောဒေသများတွင် စိုက်ပျိုးနိုင်ခြင်း၊  သီးနှံအမျိုးမျိုးနှင့် လိုက်လျောညီ ထွေစွာ တွဲဖက်စိုက်ပျိုးနိုင်ခြင်း၊ အထူးတလည် တီထွင်ရသော ထွန်ထယ်ကိရိယာများ မလို အပ်ခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ အခြားသီးနှံများထက် ကုန်ကျစရိတ် သက်သာစွာ စိုက်ပျိုး နိုင်ခြင်း၊ အပူဒဏ်၊ မိုးခေါင်မှုဒဏ်၊ ရောဂါနှင့် ပိုးမွှားများကို ခံနိုင်ခြင်း၊ ငှက်၊ ကြွက် ဖျက်ဆီးမှု မရှိခြင်း၊ နှမ်းစိုက်ပြီးနောက် မြေအစိုဓာတ်နှင့် မြေဖွဲ့စည်းမှု ကောင်းသွားသောကြောင့် နောက်စိုက်သောသီးနှံ

နှမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ပဲတီစိမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ပဲတီစိမ်းကို အပူပိုင်း အာရှနိုင်ငံအများအပြားမှာ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံပြည်တွင်း မှာပဲတီစိမ်းကို အသင့်အတင့်သာစားသုံးပြီး ပြည်ပနိုင်ငံတွေကို အဓိကတင်ပို့လျက်ရှိပါတယ်။ အဓိကအားဖြင့် အိန္ဒိယ၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချပေးလျက်ရှိနေပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသော သီးနှံဖြစ်ပါတယ်။ သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်ပြီး ရေ သွင်းနိုင်တဲ့ဒေသတွေမှာ မိုးကြိုသီးနှံ၊  အထက်မြန်မာပြည်မှာ မိုးရေသောက်သီးနှံ စသည်ဖြင့် မိုးဦး/မိုးလယ်မှာ သီးသန့် (သို့) ဝါ၊ ပဲစင်းငုံတို့နဲ့ သီးညှပ်အနေနဲ့ အောက်မြန်မာပြည်မှာ မိုးစပါးအပြီး သီးထပ်အနေနဲ့ စိုက်ပျိုးကြပါတယ်။ အဓိကစိုက်တဲ့နေရာတွေက အထက် မြန်မာပြည်မှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းတို့ဖြစ်ပြီး အောက်မြန်မာပြည်မှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း တို့ ဖြစ်ပါတယ်။ ရာသီဥတု။ ပူနွေးခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး

ပဲတီစိမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ဂျုံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

ရာသီဥတု။ အေးမြစွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။ သမပိုင်းမြက်ခင်းလွင်ပြင်ဒေသ၊  မိုးရေ ချိန် ၁၀-၃၀ လက်မထိ ရွာတဲ့ဒေသတွေမှာ ကောင်းစွာဖြစ်ထွန်းပြီး အပူပိုင်းဒေသတွေမှာ မိုး ရေချိန် ၂၅ လက်မခန့်လိုအပ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အတွင်း စိုက်ပျိုးကြပြီး မိုးရာသီမှာ မိုးရေချိန်နည်းတဲ့ စက်တင်ဘာ ၁၅ ရက်မှစပြီး စိုက်ပျိုးကြပါတယ်။ အနည်းဆုံး အပူချိန် ၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး ၂၅ ဒီဂရီ စင်တီဂရိတ်က အသင့်တော်ဆုံး ဖြစ်ပါတယ်။ နှင်းခါးရိုက်ရင် ပန်းပွင့်တွေ ထိခိုက်တတ်လို့ ဒီဇင်ဘာလ တတိယပတ် နဲ့ ပန်းပွင့်ချိန်လွတ်အောင် ချိန် စိုက်ပျိုးသင့်ပါတယ်။ မြေအမျိုးအစား။ သဲမြေနဲ့ ကျောက်စရစ်မြေမှလွဲပြီး မည်သည့်မြေမျိုးမဆို စိုက်ပျိုးနိုင်ပေမယ့်

ဂျုံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »