အခြေခံငွေစာရင်းစာအုပ်ရေးဆွဲခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်း

ငွေကြေးစီမံ ခန့်ခွဲခြင်းဆိုတာ ဘာလဲ။
ငွေကြေး စီမံခန့်ခွဲခြင်းဆိုတာ ငွေတွေက ဘယ်နေရာက လာပြီး ဘယ်ကိုသွားတယ်ဆိုတာကို ခြေရာခံခြင်း၊ ထိန်းချုပ်ခြင်းနဲ့ ပုံဖော်ပြီး စာရင်းနဲ့ တကွ မှတ်တမ်း ပြုစုခြင်း အမျိုးမျိုးပဲဖြစ်ပါတယ်။ သင်လမ်းစပျောက်သွားတဲ့ အချိန် ပြန်လည် တည့်မတ်ပေးမယ့် လက်ရှိနဲ့ အနာဂတ် ငွေကြေးစီမံမှုတွေ အတွက်  အစီစဉ်ချတဲ့ ကြီးမားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။

အခြေခံငွေကြေးဆိုင်ရာစီမံခန့်ခွဲခြင်းရဲ့ အရေးပါပုံ။
လုပ်ငန်း လုပ်နေဆဲသူများဖြစ်စေ လူငယ်များအနေနဲ့  မိမိတို့ရဲ့  နေ့စဉ်  အသုံးစရိတ်များ ၊ ၀င်ငွေထွက်ငွေများနဲ့ လုပ်ငန်းရှင်များ အနေနဲ့လည်း မိမိတို့ရဲ့ ကုန်ပစ္စည်း တန်ဖိုး များကို စနစ်တကျ ရေးဆွဲတတ်ရန် လိုအပ်ပါသည်။  အခြေခံကျတဲ့ ငွေစာရင်းရေးဆွဲခြင်း ၊ ကုန်ပစ္စည်းများ ထိန်းသိမ်းခြင်း၊ မိမိရဲ့ နေ့စဉ် လည်ပတ်ဝင်ငွေနဲ့ အသုံးစရိတ် စာရင်းများအား စနစ်တကျ  ရေးဆွဲထားခြင်းမရှိလျှင် မိမိရဲ့ ဝင်ငွေလည်ပတ်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အပြင်  လုပ်ငန်းမှာလည်း  ဆုံးရှုံး မှုများ ဖြစ်နိုင်ပြီး လုပ်ငန်းပိတ်သိမ်းရသည့်အထိ ရောက်ရှိတတ်ပါသည်။ မိမိအနေနဲ့ ကိုယ်ရဲ့ ဝင်ငွေ ထွက်ငွေများကို  တိကျစွာ စားရင်းနဲ့ မှတ်သားထား မှတွေ ရှိမယ်ဆိုရင်  ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာများက ပိုမို တိုးတက်အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံငွေကြေးဆိုင်ရာစီမံခန့်ခွဲခြင်းကို သိရှိတတ်မြောက်ခြင်းက လူတိုင်း အတွက် အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

အခြေခံ ငွေစာရင်းစာအုပ်ရေးဆွဲခြင်း။
အခြေခံ ငွေစာရင်းစာအုပ် ရေးဆွဲခြင်းဆိုသည်မှာ-

  • လုပ်ငန်း၏ နေ့စဥ်ဝင်ငွေထွက်ငွေများကို မှတ်သားထားခြင်း။
  • မှတ်သားထားတဲ့ နေ့စဥ်ဝင်ငွေထွက်ငွေများကို သိရှိနိုင်ပြီး ငွေကြေးစီးဆင်းမူကို စီမံခန့်ခွဲနိုင်ခြင်း။ 
  • အဆင်သင့်ထုတ်‌‌‌‌ဝေထားတဲ့စာရင်းစာအုပ်များကို အသုံးပြုနိုင်သလို မိမိရဲ့ ကိုယ်ပိုင်စာရင်းပုံစံဖြင့်လည်း ရေးဆွဲနိုင်ခြင်း။ 

အခြေခံငွေစာရင်းပုံစံ။

အခြေခံငွေစာရင်း မှတ်တမ်းရေးသွင်းနည်းအဆင့်ဆင့် ။ 

အခြေခံငွေစာရင်း မှတ်တမ်းရေးသွင်းနည်းအဆင့်ဆင့် မှာအောက်ပါအတိုင်းဖြစ်ပါသည်-

  • တစ်နေတာ ဝင်ငွေထွက်ငွေများအား အကြမ်းစာအုပ်တွင် သေချာမှတ်သားထားရန်။
  • ဝယ်အရောင်းဘောက်ချာများအား နံပတ်စဥ်တပ်ထားရန်။
  • လက်ငင်းဘောက်ချာများနှင့် အကြွေးဘောက်ချာများအား သီးခြားမှတ်ထားရန် ။ 
  • အကြွေးဝယ်ဘောက်ချာများမရေးသွင်းရ။ သီးခြားရေးသွင်းရန်။
  • ဘဏ်စာရင်းအသုံးပြုပါက ဘဏ်ကော်လံတွင် ထည့်သွင်းရန် ။
  • ရက်စွဲ ကော်လံတွင် နေ့အလိုက်မှတ်သားရမည် ။
  • အကြောင်းအရာ စာတိုင်းတွင် ငွေရခြင်း ၊ ငွေပေးချေခြင်း အကြောင်းအရာများကို ရေးသွင်းရမည် ။
  • စာရင်း ၊ ဘဏ်စာရင်းကော်လံအလိုက်ထည့်သွင်းရမည် ။
  • တစ်နေတာ စာရင်းသွင်းပြီးလျှင် စာရင်းပိတ်ရမည် ။
  • ငွေစာရင်းပိတ်နည်း ငွေစာရင်းစာအုပ်၏ ရငွေ ဖက်ခြမ်းအား အရင် ပေါင်းပြီး စုစုပေါင်းရလဒ်ကိုရေးပါ။ စာရင်းဖွင့်လက်ကျန်ရှိပါက ငွေစာရင်းစာအုပ်၏ ရငွေ အပေါ်ဆုံးအတန်းတွင်ရေးပါ ။ 
  • ဝင်ငွေစုစုပေါင်းနှင့်စာရင်းဖွင့်လက်ကျန်ကိုပေါင်းပါ။ထိုစုစုပေါင်းငွေစာရင်းအားပေးသွင်းရသော အခြမ်းရှိစုစုပေါင်းနေရာတွင်ကူးရေးပါ။ပြီးလျှင်စုစုပေါင်းပေးငွေကိုနှုတ်ပါ။စုစုပေါင်းလက်ကျန်ငွေရရှိပါသည်။ ထိုစုစုပေါင်းလက်ကျန်ငွေသည် နောက်နေ့၏ စာရင်းဖွင့်လက်ကျန်ဖြစ်ပါသည်။ 

နေ့စဥ်အရောင်းစာရင်းရေးသွင်းခြင်း။

နေ့စဥ် အရောင်း စာရင်းရေးသွင်း ခြင်းအားဖြင့် မိမိတို့လုပ်ငန်း၏ ရောင်းအားကို သိရှိနိုင်ပါသည်။ နေ့စဥ်လက်ငင်းရောင်းချရငွေ ၊ အကြွေးရောင်းချရငွေများကိုလည်းသေချာသိရှိနိုင်ပါသည်။ နေ့စဥ်အရောင်းရေးသွင်းရာတွင် လက်ငင်းရောင်းချခြင်း နှင့် အကြွေးရောင်းချရခြင်းကို ခွဲခြားရေးဆွဲရပါမည်။

(၁)လက်ငင်းအရောင်းစာရင်းရေးသွင်းသောပုံစံ။ 

(၂) အကြွေးအရောင်းစာရင်းရေးသွင်းသောပုံစံ

အရောင်းစာရင်းသွင်းပုံအဆင့်ဆင့်။

  • အဝယ်အရောင်းဘောက်ချာများအား ခွဲခြားထားရှိရန် ။
  • လက်ငင်းအဝယ်အရောင်း ၊ အကြွေး အဝယ်အရောင်းခွဲခြားပါ ။
  • ရက်စွဲအလိုက် ၊ ဘောက်ချာနံပတ်စဥ်ဖြင့်သက်ဆိုင်ရာစာတိုင်တွင် ရေးဖြည့်ပါ ။
  • တစ်ရက်စာရင်းသွင်းပြီးတိုင်း ရောင်းရငွေများကို ပေါင်းပါ ။

ကုန်ပစ္စည်းများအားနေစဥ်အဝင်အထွက်ရေးသွင်းခြင်း။

လုပ်ငန်း၏ အရှုံးအမြတ် ရေးဆွဲရာတွင်လည်း အရေးပါသောစာရင်း တစ်ခုဖြစ်ပါသည်။ ထို့ကဲ့သို စာရင်းမှတ်သားခြင်း အားဖြင့် ကုန်ပစ္စည်း၏ သက်တမ်းကုန်ဆုံး မည့်ရက်စွဲများကိုလည်း သိရှိနိုင်ပါသည် ။ 

လတစ်လ၏ နောက်ဆုံးရက်များတွင် မိမိတို့လုပ်ငန်း၏ ဂိုဒေါင်တွင်ရှိသော မျက်မြင်အရေအတွက်နှင့် စာရင်းတွင်ရှိသေ, အရေအတွက်များကို ကိုက်ညီမူရှိမရှိစစ်ဆေးနိုင်ပါသည် ။ စာရင်းများကို သေချာမ ထားရှိပါက မိမိတို့တွင် မည့်သည် ကုန်ပစ္စည်းများက များနေပြီး မည့်သည့်ကုန်များက နည်းနေသည်ကို မသိရှိနိုင်ပါ  ။ မလိုအပ်ပဲ ကုန်ပစ္စည်းများကို ၀ယ်ယူခြင်းမှလည်း ရှောင်ရှားနိုင်မည်ဖြစ်ပါသည် ။

ကုန်ပစ္စည်းအားမှတ်သားထားသောပုံစံအမျိုးမျိုးရှိပါသည်။ သင်ခန်းစာတွင်ရို ရှင်းလွယ်ကူသောစာရင်းပုံစံများကို ပြသထားပါသည်။

အသုံးစရိတ်များ မှတ်သားခြင်း။

အသုံးစရိတ်များကို ခေါင်းစဥ်ခွဲ ပြီး စာရင်း ရေးသွင်းခြင်းအားဖြင့်လုပ်ငန်းတွင် ကုန်ကျနေသောအသုံးစရိတ်များကို သေချာသိရှိနိုင်ပြီး မည့်သည့်အသုံးစရိတ်ကိုလျော့ရမည့် ကိုလည်းသိရှိလာမည်ဖြစ်ပါသည်။ အသုံးစရိတ်များကို သေချာ မမှတ်သားထားပါက လုပ်ငန်းတွင် ငွေယိုပေါက်များစွာ ဖြစ်နိုင်ပါသည် ။ 

လုပ်ငန်းတွင်ရှိသင့်သောအသုံး  စရိတ် နာမည်များကို အောက်တွင်ဖော်ပြထားပါသည် ။
၁။ သယ်ယူစရိတ်
၂။ ၀န်ထမ်းလစာ
၃။ မီတာခ
၄။ ရေခွန် ၊ သန့်ရှင်းရေးခွန်
၅။ အလုပ်သမားခ
၆။ ကုန်၀ယ်တန်ဖိုး
၇။ ဆိုင်ခန်းဌားခ
၈။ စာရေးကိရိယာ 
၉။ ဧည့်ခံကျွေးမွေးစရိတ်
၁၀။ ကော်မရှင်ခ
၁၁။ ကားပြင်ခ၊ ဆိုင်ကယ်ပြင်ခ
၁၂။ ကားဆီဖိုး၊ ဆိုင်ကယ်ဆီဖိုး
၁၃။ အထွေထွေအသုံးစရိတ်———————–အစရှိသည်တို့ဖြစ်သည် ။

(က) အသုံးစရိတ်ရေးသွင်းခြင်းပုံစံ။

ပုံပြထားတဲ့အတိုင်း ကိုယ့်ရဲ့အသုံးစရိတ်တွေကိုတစ်လချင်းတွက်ချက်ဆန်းစစ်ဖို့.အကြံပြုချင်ပါတယ်။

Financial literacy applications 

နည်းပညာ တိုးတက်လာတဲ့ ခေတ်မှာ ဒီဂျစ်တယ် ကိရိယာတွေကို အသုံးချပြီး မိမိရဲ့ နေ့စဉ် အသုံး အပြင် ငွေကြေးလည်ပတ်ပုံတွေကို စီမံခန့်ဖို့ အောက်ပါဖော်ပြထားတဲ့ အယ်ပလီကေးရှင်း တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ 

Shwe Su Boo 
Shwe Su Boo က  မိုဘိုင်းအယ်ပလီကေးရှင်း တစ်ခုပါ။ သူ့ကသုံးစွဲသူများအား ထွက်ငွေ စာရင်းအား မှတ်သားနိုင်ခြင်း၊ အသုံးစရိတ် ကို ပမာဏ ကန့်သတ် ၍ ချွေတာ သုံးစွဲ ရန် ကူညီနိုင်ခြင်း၊ နေ့စဉ် ငွေလဲနှုန်း များ၊လောင်စာဆီ ဈေးနှုန်း များကြည့်ရှု နိုင်ခြင်း အစရှိသည်တို့ကိုလွယ်ကူစွာအသုံးပြုနိုင်ရန်ရည်ရွယ်သည်။

Money Manager
Money Manager က သင်ရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု  များကို ထိရောက်စွာခြေရာခံရန်ကူညီပေးတဲ့  မိုဘိုင်းအယ်ပလီကေးရှင်း တစ်ခုဖြစ် ပါတယ်။ သူ့ရဲ့ ရိုးရှင်တဲ့  ဒီဇိုင်းကပေါ့ပါးပြီးအသုံးပြုရလွယ်ကူစေတယ်။ ဒီအယ်ပလီကေးရှင်းမှာ လစဉ် ဝင်ငွေ၊ ထွက်ငွေများကို အချိန်နဲ့  အမျိုးအစားအလိုက်ကုန်ကျစရိတ်များနှင့် ပတ်သက်ပြီး  Excel နဲ့ လစဉ်အစီရင်ခံစာများထုတ်ယူနိုင်ခြင်း၊  လက်ကျန်ငွေ ဘယ်လောက်ကျန်လဲဆိုတာ အလွယ်တကူ စစ်ဆေးတာတွေ ပြုလုပ်လို့ရပါတယ်။