သီးနှံအထွက်နှုန်းကောင်းဖို့ ဘယ်အချက်တွေက သက်ရောက်နေပါသလဲ
သီးနှံအထွက်နှုန်းကို အဓိကသက်ရောက်နေတဲ့အချက် နှစ်ချက် ရှိပါတယ်။ Internal factors လို့ခေါ်တဲ့ ပင်ပိုင်းအတွင်းအကြောင်းအရင်းနဲ့ External factors လို့ခေါ်တဲ့ ပင်ပိုင်းပြင်ပအကြောင်း အရင်း တွေပါ။
ပင်ပိုင်းအတွင်းအကြောင်းအရင်း ဆိုတာ အဓိကကတော့ မျိုးစေ့အရည်အသွေး၊ အထွက်နှုန်း၊ အပင် အတွင်း ဓာတုပစ္စည်းများပါဝင်မှု (အဆီ၊ ကဆီဓာတ် စတာတွေ)၊ ရင့်မှည့်မှု၊ အပူချိန်မြင့် မားမှု၊ ရေကြီးရေလျှံဖြစ်မှု၊ ဆားပေါက်မှု၊ ရောဂါပိုးမွှားများ ကျရောက်မှုဒဏ် စတာတွေကို ခံနိုင်ရည်ရှိမှု စတဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
ပင်ပိုင်းအပြင်အကြောင်းအရင်း ဆိုတာ ရာသီဥတု၊ မြေဆီလွှာ၊ ဇီဝပိုင်းဆိုင်ရာဖြစ်စဉ်၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ် နဲ့ လူမှုစီးပွားရေးဆိုင်ရာအခြေအနေတွေပဲ ဖြစ်ပါတယ်။
သီးနှံအထွက်နှုန်းကောင်းဖို့ ဘယ်အချက်တွေက အလွယ်တကူမြင်သာသလဲ
ရာသီဥတုဆိုင်ရာ အကြောင်းအချက်များ ဆိုတာ ဒေသနဲ့ကိုက်ညီတဲ့ သီးနှံရွေးချယ်ရာမှာ အရေးကြီး တဲ့ မိုးရေ၊ ဆီးနှင်း၊ မိုးသီး၊ မြူနှင်း၊ မြူမှုန် စတာတွေ အားလုံး ပါဝင်တဲ့ မိုးရွာသွန်းမှု ပမာဏ နဲ့ မိုးရွာသွန်းမှု ပုံစံ။ အညှောင့်ပေါက်ခြင်း၊ အပင်ကြီးထွား ခြင်းနဲ့ သီးနှံဖွံ့ဖြိုး ကြီးထွားခြင်း တွေအပေါ် လွှမ်းမိုးနေတဲ့ အပူချိန်။ သီးနှံအထွက်တိုးနှုန်းကို အထောက်အပံ့ပြုနေတဲ့ စိုထိုင်းဆ။ အစာချက်လုပ်ခြင်း၊ မြေဆီလွှာ၊ အပင်နှင့် ပတ်ဝန်းကျင် အတွင်း ဖြစ်ပေါ် ပြောင်း လဲလျက်ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်များအပေါ် သက်ရောက်နေတဲ့ နေရောင်ခြည်။ အစိုဓာတ် (မိုးရွာသွန်းမှု)၊ အပူ နဲ့ အပင်တွေ အစာချက်လုပ်ရင် လိုအပ်တဲ့ CO2 ကို သယ်ယူ ပို့ဆောင် ပေးနေတဲ့ လေတိုက်နှုန်း။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင် စတဲ့ အပင်တွေအတွက်လိုအပ်တဲ့ လေထုအတွင်းမှာရှိတဲ့ဓာတ်ငွေ့များ။ စတာ တွေဖြစ်ပါတယ်။
မြေဆီလွှာ ဆိုတာ အစိုဓာတ်၊ မြေဆီလွှာအတွင်းရှိလေ၊ အပူချိန်၊ ကြေကွဲပျက်စီးနေတဲ့သတ္တုများ (mineral matter)၊ မြေဆွေး (organic matter)၊ ဇီဝသက်ရှိတွေနဲ့ မြေဆီလွှာအတွင်း ဓာတ်ပြုမှုတွေ စတဲ့ အပင်တွေကြီးထွားဖို့နဲ့ သီးနှံအထွက်တိုးဖို့ အထောက်အကူပြုနေတဲ့ အရာဖြစ်ပါတယ်။
ဇီဝပိုင်းဆိုင်ရာဖြစ်စဉ်များ ဆိုတာ သီးနှံပင်တွေအပေါ် အပင်နဲ့တိရစ္ဆာန်တွေလို အခြား ဇီဝသက်ရှိ တွေကြောင့် ဖြစ်စေတဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ခေါ်တာပါ။
ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်များ ဆိုတာ တောင်စောင်း၊ လျှောစောက်၊ လေကြောင်းကျသောနေရာ စတဲ့ မြေမျက်နှာသွင်ပြင်ဆိုင်ရာ အချက်အလက်တွေ ဖြစ်ပါတယ်။
လူမှုစီးပွားရေးဆိုင်ရာ အခြေအနေများ ဆိုတာ လုပ်ငန်းတာဝန်ခွဲဝေထားမှု၊ အလုပ်သမား ရရှိမှု၊ မြေယာ ပိုင်ဆိုင်မှု၊ စက်ပစ္စည်းများသုံးစွဲနိုင်မှု နဲ့ ကိရိယာများပိုင်ဆိုင်မှု၊ သယ်ယူပို့ဆောင်ရေး အခြေ အနေ၊ ဈေးကွက်စီးပွားရေး အခြေအနေ စတဲ့ စိုက်ပျိုးမြေ အသုံးချမှု၊ စိုက်ပျိုးတဲ့ပုံစံ နဲ့ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေ ဖြစ်ပါတယ်။
အပင်များအတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်တွေက ဘာတွေလဲ
အပင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ် ၁၆ မျိုး ရှိပါတယ်။ အဲ့ဒီထဲကမှ ကာဗွန်၊ ဟိုက်ထရိုဂျင် နဲ့ အောက်ဆီဂျင် အာဟာရဓာတ် ၃ မျိုးကို လေ နဲ့ ရေ ထဲက အလွယ်တကူ ရနိုင်ပါတယ်။ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆာလဖာ၊ ဘိုရွန်၊ ဇင့်၊ ကော့ပါး၊ မဂ္ဂနိ၊ သံ၊ ကလိုရိုက်ဒ်၊ မော်လဒီနမ် ၁၃ မျိုးကို မြေကြီးထဲက ရယူကြပါတယ်။
အပင်များတွင် အာဟာရဓာတ်များချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ယေဘုယျလက္ခဏာများနှင့် အကြောင်းအရင်းများ၊ ပြန်လည်ထိန်းသိမ်းနိုင်သော နည်းလမ်းများ
အာဟာရဓာတ်တွေ ချို့တဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ မြေကြီးထဲမှာ သက်ဆိုင်ရာ အာဟာရဓာတ်တွေ နည်းပါးလို့ နဲ့ မြေဩဇာကျွေးပုံ နည်းမကျလို့ ဖြစ်ပါတယ်။ ထုံးထည့်တာများပြီး မြေငန်ရင် မဂ္ဂနိပါဝင်မှုနည်းနိုင်ပါတယ်။ မြေကြီးမှာ မြေဆွေးပါဝင်မှု မြင့်မားလွန်းရင်လဲ ကော့ပါး ဓာတ် နည်းနိုင်ပါတယ်။ သဲဆန်သောမြေတွေမှာ ဘိုရွန်ဓာတ် အားနည်းတာ အဖြစ်များပါတယ်။ မြေကြီးမှာ ဖော့စဖော်ရပ်ဓာတ်မြင့်လွန်းရင်၊ မြေငန်ရင်၊ ဇင့်ဓာတ် ပါဝင်မှု နည်းနိုင်ပါတယ်။
အာဟာရဓာတ် | ယေဘုယျ လက္ခဏာများ | ပြန်လည် ထိန်းသိမ်းခြင်းနည်းလမ်းများ |
နိုက်ထရိုဂျင်(N) | အရွက်ဝါ၊ အပင်ပု၊ အောက်အရွက်များ ညိုလာ၊ အရွက်ကြွေ၊ ပန်းပွင့် နဲ့ အသီး အရေအတွက်လျော့သွား | သဘာဝမြေသြဇာ၊ သစ်ရွက်ဆွေး သဘာဝ မြေသြဇာ၊ ပုလဲဓာတ်မြေသြဇာ များကျွေးခြင်း၊ (သို့) ပဲမျိုးစုံစိုက်ပျိုးခြင်း |
ဖော့စဖောရပ်(P) | ရွက်သစ်များအစိမ်းရောင်ဖျော့သွား၊ ရွက် ဟောင်းများ ခရမ်းရောင်သန်းလာ၊ အပင် ကြီးထွားမှုနှေးကွေး၊ ကြံခိုင်မှုအားနည်း၊ အပင်သေး၊ ပု၊ အရွက်ထွက်နည်းပါး၊ | အရိုးမှုန့်၊ သဘာဝမြေသြဇာ၊ တီစူပါ ဓာတ်မြေသြဇာ ထည့်သွင်းခြင်း |
ပိုတက်ဆီယမ်(K) | အပင်သေးငယ်၊ အောက်ရွက်နားများ အညိုရောင်ဖြစ်၊ ပင်စည်အားနည်း၍ သေးငယ်၊ ယိုင်လဲ၊ အထွက်နှုန်းကျ၊ အရည်အသွေးကျ | ပြာ၊ သဘာဝမြေသြဇာ၊ ပိုတက်ရှ် ဓာတ်မြေသြဇာ ထည့်သွင်းခြင်း |
ကယ်လ်ဆီယမ်(Ca) | အပင်သေးငယ်၊ အဖူးငုံများပုံစံပျက်၊ အသီးဖြစ်ထွန်းမှုအားနည်း | ထုံး၊ ကယ်လ်ဆီယမ် ပါဝင်သော ဓာတ်မြေသြဇာ ထည့်သွင်းခြင်း |
မဂ္ဂနီဆီယမ်(Mg) | အောက်ရွက်များ ရွက်ကြောနေရာများ သာစိမ်းပြီး ကျန်နေရာများဝါ | မဂ္ဂနီဆီယမ်ပါသော ဓာတ်မြေသြဇာ ထည့်သွင်းခြင်း |
ဆာလဖာ(S) | အပင်ဝါ၊ ကြီးထွားမှုနှေး၊ သန်စွမ်းမှု အားနည်း၊ ထွက်နှုန်းနဲ့အရည်အသွေးကျ | ဆာလဖာပါသော မြေသြဇာ ထည့်သွင်းခြင်း |
မဂ္ဂနိ(Mn) | ရွက်ကြောများကြား ဝါခြင်း၊ အပင်ပုခြင်း၊ အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းခြင်း | မြေချဉ်ငန်ဓာတ်ကို လျှော့ချခြင်း၊ မဂ္ဂနိပါသော ရွက်ဖြန်းဆေး (သို့) မြေသြဇာ ထည့်သွင်းခြင်း |
ကော့ပါး(Cu) | အပင်ကြီးထွားမှုနှေး၊ ရွက်ဖျားများမှစ၍ ခြောက်သွေ့လာ၊ ရွက်ဖျားများ ကွေးကျ လာ၊ အရွက်များ ပျက်စီး | ကော့ပါးဓာတ် ပါဝင်သော ရွက်ဖြန်း မြေသြဇာ အသုံးပြုခြင်း (သို့) မြေသြဇာထည့်ခြင်း |
ဘိုရွန်(B) | ထိပ်ဖျားအဖူးများသေ၊ အပင်ပု၍ ကိုင်း ခွဲများစွာထွက်၊ အသီးများသေး၍ပုံပျက်၊ အသီးပေါ်မှာ အစက်အပြောက်များ ပေါ်လာ | ဘိုရွန်ဓာတ်ပါဝင်သော ရွက်ဖြန်း မြေသြဇာ အသုံးပြုခြင်း (သို့) မြေသြဇာထည့်ခြင်း |
ဇင့်(Nn) | အရွက်ပေါ်မှာ အဝါကွက်များနဲ့ ရွက် ကြော နဲ့အပြိုင် အဖြူရောင်အဆင်းများ ပေါ်လာ၊ အပင်ကြီးထွားမှုနှေး၊ | မြေချဉ်ငန်ဓာတ်ကို လျှော့ချခြင်း၊ ဇင့်ဓာတ်ပါဝင်သော ရွက်ဖြန်း (သို့) မြေသြဇာထည့်သွင်းခြင်း၊ |
မြေဆီလွှာ ချဉ်ငံဓာတ်ဆိုတာ ဘာလဲ။ မြေချဉ်ငံဓာတ်က ဘာ့ကြောင့် အရေးပါတာလဲ
မြေချဉ်ငံဓာတ် (Soil pH – potential of Hydrogen) ဆိုတာ မြေကြီးရဲ့ ချဉ်မှု/ငန်မှုကို တိုင်းတာခြင်း ဖြစ်ပါတယ်။ မြေဆီလွှာချဉ်ငံဓာတ်ပေါ် မူတည်ပြီး အပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ် ပျော်ဝင်မှု ကွာခြားပါတယ်။ မြေဆီလွှာထဲ အာဟာရဓာတ်တွေ ပျော်ဝင်မှသာ အပင် တွေက စားသုံးနိုင်ကြတာပါ။
မြေချဉ်ငံဓာတ် ခွဲခြားခြင်းဇယား
၄.၅ အောက်နည်း | ၄.၅-၅.၅ | ၅.၆-၆.၀ | ၆.၁-၆.၅ | ၆.၆-၇.၃ | ၇.၄-၇.၈ | ၇.၉-၈.၄ | ၈.၅ နှင့် အထက် |
ပြင်းထန်စွာ ချဉ် | အလွန် ချဉ် | အသင့် အတင့်ချဉ် | အနည်း ငယ်ချဉ် | သမအခြေအနေ | အနည်း ငယ်ငန် | အသင့် အတင့်ငန် | ပြင်းထန် စွာငန် |
စိုက်ပျိုးပင်များ အကောင်းဆုံး ရှင်သန်ကြီးထွားနိုင်ရန်အတွက် ရှိသင့်သော မြေချဉ်ငံဓာတ်
အမျိုးအစား | ချဉ်/ငံကိန်း | အမျိုးအစား | ချဉ်/ငံကိန်း | အမျိုးအစား | ချဉ်/ငံကိန်း | ||
စပါး | ၅.၅-၇.၅ | ငရုတ်ကောင်း | ၅.၅-၇.၀ | နာနတ် | ၄.၅-၆.၅ | ||
ယာစပါး | ၅.၀-၈.၀ | ဇာတိပ္ဗိုလ် | ၄.၅-၆.၀ | စပျစ် | ၆.၀-၇.၅ | ||
ဂျုံ | ၆.၀-၇.၀ | လေးညှင်း | ၅.၅-၆.၅ | ဆီးသီး | ၆.၀-၈.၀ | ||
ပြောင်းဖူး | ၅.၀-၆.၅ | ကြက်သွန်နီ | ၅.၅-၇.၀ | လိုက်ချီးသီး | ၅.၅-၇.၀ | ||
နှံစားပြောင်း | ၅.၅-၇.၅ | ကြက်သွန်ဖြူ | ၅.၀-၆.၅ | နှင်းသီး | ၆.၀-၇.၀ | ||
နှမ်း | ၆.၀-၇.၅ | နံနံ | ၆.၀-၆.၅ | လိမ္မော်သီး | ၅.၅-၆.၅ | ||
မြေပဲ | ၅.၅-၇.၀ | တရုပ်နံနံ | ၅.၅-၆.၅ | ကဗ္ဘလာသီး | ၅.၀-၆.၅ | ||
နေကြာ | ၆.၀-၈.၀ | ဂျင်း | ၆.၀-၇.၀ | သံပုရာသီး | ၅.၅-၇.၀ | ||
ဆီအုန်း | ၅.၅-၇.၀ | အာလူး | ၄.၅-၆.၀ | သံပုရိုသီး | ၅.၅-၇.၀ | ||
ကြက်ဆူ | ၅.၅-၈.၀ | ကန်စွန်းဥ | ၄.၅-၆.၅ | ရှောက်သီး | ၅.၅-၆.၅ | ||
ကြံ | ၆.၀-၇.၅ | ချဉ်ပေါင် | ၆.၀-၇.၀ | ကျွဲကောသီး | ၅.၅-၇.၀ | ||
အုန်း | ၆.၀-၈.၅ | ဆူးပန်း | ၆.၀-၇.၅ | ရှောက်ပန်းသီး | ၅.၀-၆.၅ | ||
ဂုန်လျှော် | ၆.၀-၈.၀ | ဆလပ် | ၆.၀-၇.၀ | သရက်သီး | ၅.၅-၇.၅ | ||
ဝါ | ၅.၅-၇.၀ | မုန်လာဥ | ၆.၅-၈.၀ | ပန်းသီး | ၅.၀-၇.၀ | ||
ချဉ်ပေါင်လျှော် | ၆.၀-၇.၀ | ဂေါ်ဖီထုပ် | ၅.၅-၇.၀ | သစ်တော်သီး | ၅.၀-၆.၀ | ||
နာနတ်လျှော် | ၅.၀-၆.၀ | မုန်ညင်း | ၆.၀-၇.၀ | ဩဇာသီး | ၅.၀-၆.၀ | ||
ပိုးစာ | ၆.၀-၇.၅ | ဘူးသီး | ၆.၀-၇.၀ | ဒူးရင်းသီး | ၅.၅-၇.၀ | ||
ပဲပုပ် | ၅.၅-၇.၀ | ရွှေဖရုံသီး | ၆.၀-၇.၅ | ထောပတ်သီး | ၆.၀-၇.၀ | ||
ပဲလွန်း | ၆.၀-၇.၀ | ကျေက်ဖရုံသီး | ၆.၅-၇.၀ | ပိန္နဲသီး | ၅.၅-၆.၅ | ||
ပဲကတ္တီပါ | ၅.၅-၇.၀ | သခွားသီး | ၆.၀-၇.၀ | မာလကာသီး | ၅.၅-၈.၀ | ||
စားတော်ပဲ | ၆.၀-၇.၀ | ခရမ်းသီး | ၅.၀-၇.၀ | သကြားသီး | ၅.၅-၇.၀ | ||
ဗိုလ်စားပဲ | ၅.၅-၇.၀ | ခရမ်းချဉ်သီး | ၅.၅-၇.၅ | သလဲသီး | ၅.၅-၇.၀ | ||
စွန်တာနီ/ပြာ | ၅.၅-၆.၀ | ပန်းမုန်လာ | ၆.၀-၇.၀ | မက်မန်းသီး | ၅.၅-၆.၅ | ||
ထောပတ်ပဲ | ၅.၅-၆.၀ | ခါကြက်ဥ | ၅.၅-၇.၅ | မက်မွန်သီး | ၅.၅-၆.၅ | ||
ပဲတီစိမ်း | ၆.၀-၇.၀ | မုန်လာဥ | ၆.၀-၇.၅ | နဂါးမောက် | ၅.၅-၇.၀ | ||
မတ်ပဲ | ၅.၀-၆.၅ | ငှက်ပျော | ၄.၅-၇.၅ | ကြယ်ပဲ | ၅.၅-၆.၅ | ||
ကော်ဖီ | ၅.၀-၆.၅ | သင်ဘော | ၅.၅-၆.၅ | ဆေးရွက်ကြီး | ၅.၅-၇.၀ | ||
လက်ဖက် | ၄.၅-၆.၀ | ဖရဲ | ၆.၀-၇.၀ | ကွမ်း | ၆.၀-၇.၀ | ||
ကိုကိုး | ၄.၀-၆.၅ | စတော်ဘယ်ရီ | ၅.၅-၆.၅ | ရဲယို | ၆.၀-၇.၅ | ||
ငရုတ် | ၅.၅-၇.၀ | သခွားမွှေး | ၆.၀-၇.၀ | မက္ကဒေးမီးယား | ၅.၀-၅.၅ | ||
သစ္စာပန်း | ၅.၀-၇.၀ | ဒေလီယာပန်း | ၅.၀-၆.၅ | မေမြို့ပန်း | ၆.၀-၇.၀ | ||
ဂန္ဓမာပန်း | ၆.၀-၇.၅ | နှင်းဆီပန်း | ၅.၅-၇.၅ | သစ်ခွ | ၄.၀-၅.၅ |