ပရော်ဖယ်ရှင်နယ်ကျကျ ပြုမူနေထိုင်မှုပုံစံ

လုပ်ငန်းခွင်အတွင်း စွမ်းရည် တိုးတက်မှုတွေမှာ ကိုယ့်ရဲ့ လုပ်ဆောင်မှု စွမ်းရည်တစ်ခုသာ မြင့်မားနေခြင်းသာ မဟုတ်ပဲ ကိုယ့်ရဲ့ ဝတ်စား ဆင်ယင်မှု ပြောဆို ဆက်ဆံမှု လူအများအပေါ် စာနာ ထောက်ထားခြင်း တွေ ပြည့်ဝမှသာ လုပ်ငန်းခွင်အတွင်း ပရော်ဖက်ရှင်နယ် တစ်ယောက် အနေနဲ့ ရပ်တည်နိုင်ပြီး လုပ်ငန်းတိုးတက်မှုတွေလည်း ပိုမိုရရှိ လာမှာဖြစ်ပါတယ်။

ပရော်ရှင်နယ် တစ်ယောက်မှာ ထားရှိရမယ့် အချက်တွေကတော့

၁။ လေးစားမှုထားရှိခြင်း (Be Respectful)

လူမှုဆက်ဆံရေးနယ်ပယ်တွေ အချင်းချင်း လေးစားမှုရှိခြင်းက ကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးနေခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ သင်ကိုယ်တိုင်က လုပ်ငန်းခွင်မှာ အထက်အရာရှိ တစ်ဦး ဖြစ်နေသည် ဖြစ်စေ ကိုယ့်ရဲ့ လက်အောက်ငယ်များအပေါ် လေးစားမှုထားရှိရမှာ ဖြစ်ပါတယ်။ လက်အောက်ငယ်သားတွေရဲ့ အကြံပြုချက်တွေ လေးစားနားထောင်ပြီး ကောင်းမွန်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ဖော်ဆောင်နိုင်ပြီး ဖွံ့ဖြိုးတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။ ကိုယ့်လက်အောက်ငယ်သားတွေအပေါ်မှာ အထက်စီးဆန်မှုထားရှိမယ်ဆိုရင် သင်ဟာ ပရော်ဖက်ရှင်နယ် တစ်ယောက်အနေနဲ့ ရပ်တည်လာနိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ 

၂။ အောင်မြင်မှု အတွက် ဝတ်ဆင်ပါ။ (Dress for Success)

လူမှာ အဝတ် တောင်းမှာ အကွပ် ဆိုတဲ့အတိုင်း ဝတ်စားဆင်ယင်မှု ပုံစံက လုပ်ငန်းခွင်မှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်ရာမှာ များစွာသော ကိုယ်မသိရတဲ့ လူအများစုနဲ့ ပြောဆို ညှိနှိုင်းဆောင်ရွက်မှုတွေ  လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ကိုယ်ဘယ်လို ဝတ်ဆင်လဲဆိုတာက ကိုယ့်ရဲ့ စွမ်းရည်ဆောင်တာ မှုတွေကလည်း များစွာ သက်ရောက်နေပါတယ်။ ဥပမာ ။ ကိုယ်က ထုတ်ကုန် တစ်ခုအတွက် ကိုယ့်ရဲ့ စီးပွားမိတ်ဖက်တစ်ယောက်နဲ့ အစည်းအဝေးတစ်ခုလုပ်ရမယ်ဆိုရင် ဒီအစည်းအဝေး အတွက် ဝတ်ဆင်ရမယ့် ဝတ်စားဆင်ယင်မှုကို သေချာ ရွေးတတ်ဖို့ လိုအပ်ပါတယ်။

ဝတ်စားဆင်ယင်မှု ပုံစံတွေကို အောက်ဖော်ပြပါအတိုင်း လေ့လာလို့ရပါတယ်

Casual
Smart Casual 

လုပ်ငန်းခွင်အတွင်းဝတ်ဆင်ရမယ့် အနောက်တိုင်းဝတ်စုံများ

Business Casual
Business Professional
Business Formal 

လုပ်ငန်းခွင်အတွင်းဝတ်ဆင်ရမယ့် မြန်စာဝတ်စုံများ

၃။ တန်ဖိုး၊ သဘောထားမှု များနဲ့ လုပ်ဆောင်မှု စွမ်းရည်များ။

တန်ဖိုးက လူတိုင်းအတွက် အရေးကြီးဆုံး အရာဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ အရာတွေက လူတွေရဲ့ ဘဝနေထိုင်ပုံကို  တိုက်ရိုက်လမ်းညွှန်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ တန်ဖိုး အများစုက ယုံကြည်ချက်တွေမှ ပေါက်ဖွားလာခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ –

  • သမာဓိ – ရိုးသားမှု၊ တာဝန်သိမှု၊ တသတ်မတ်တည်း ဖြစ်မှု၊ ကတိတည်မှု။
  • လွတ်လပ်မှု – ကိုယ်ပိုင်လွတ်လပ်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်မှု။
  • ငြိမ်းချမ်းမှု – စည်းလုံးမှု၊ ငြိမ်ချမ်းမှု၊ ငြိမ်သက်ခြင်း။

သဘောထား ဆိုတာကတော့ မတူညီတဲ့ အခြေနေတွေမှာ မိမိတို့ရဲ့ တန်ဖိုးထားပုံ၊  သို့မဟုတ် အသုံးချပုံဖြစ်ပါတယ်။ စိတ်နေသဘောထား တွေက သတ်မှတ်ထားတဲ့ အခြေနေတွေမှာ မိမိကိုယ်တိုင် မည်သို့တွေးခေါ်ခြင်း၊ ခံစားခြင်း သို့မဟုတ် ဘယ်လို ပြုမူမလဲ ဆိုတာကိ ဖော်ပြခြင်းပဲဖြစ်ပါတယ်။ အခြေနေများပေါ် မူတည်ပြီး သဘောထားတွေက ပြောင်းလဲနိုင်ပါတယ်။

အပြုအမူများ ဆိုတာကတော့ စိတ်နေသဘောထားအရ ဖြစ်ပေါ်လာတဲ့ လုပ်ဆောင်ချက်တွေကို ပြုမူ ဆောင်ရွက်တာ ဖြစ်ပြီး မိမိအနေနဲ့ ကိုယ့်ရဲ့ ပြုမူ နေထိုင်မှုက အများနဲ့ အံဝင်ဂွင်ကျဖြစ်ခြင်းအပြင် မိမိ ရဲ့ လက်အောက်ငယ်သားတွေ အပေါ်မှာလည်း ပြုမူဆက်ဆံမှုတွေက အရမ်းကို အရေးကြီးပါတယ်။ 

အောက်ဖော်ပြပါ ဥပမာတွေကို ကြည့်ပြီး မိမိဘယ်လို ပြုမူမလဲဆိုတာ သုံးသပ်ကြည့်ရအောင်။

  • နောက်ကျတဲ့ လူကို ပြောဆိုခြင်း
  • လုပ်ငန်းတစ်ခုစတင်ခြင်း
  • အစည်းအဝေးအတွက် ဝတ်စားဆင်ယင်ခြင်း။

References
Myanmar Photos
https://www.frontiermyanmar.net/en/myanmar-101-how-to-dress-like-a-man/
https://www.frontiermyanmar.net/en/myanmar-101-say-yes-to-the-myanmar-dress/