စီမံခန့်ခွဲမှု စွမ်းရည် (Management Skills)

စီမံခန့်ခွဲမှု စွမ်းရည်ဆိုတာဘာလဲ။ (What are management skills?)

စီမံခန့်ခွဲတယ်ဆိုတာ အပြင်ပိုင်းက ကြည့်ရင် လွယ်တဲ့ ပုံပေါက်ပါတယ်။ ဒါပေမယ့် စွမ်းရည်တစ်ခုတည်းနဲ့ မရပါဘူး အများကြီးက ပေါင်းစပ်ထားတာဖြစ်ပါတယ်။ လွယ်လွယ်လေးပြောရရင် စီမံခန့်ခွဲမှု စွမ်းရည်တွေဆိုတာက အလုပ်တွေကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ ရှိသင့်တဲ့ သီးခြားအရည်အချင်းတွေ ဒါမှမဟုတ် စရိုက်လက္ခဏာတွေဖြစ်ပါတယ်။ ဘာတွေပါလဲဆိုတော့ ပြဿနာဖြေရှင်းတာ၊ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အလုပ်တွေလုပ်ဆောင်တာ၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်သမားတွေနဲ့ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲသူ မန်နေဂျာတွေဟာ အမျိုးမျိုးသော ဦးထုပ်တွေကို ဆောင်းရသလို ပုံစံမျိုးစုံဖြစ်နေပါတယ်၊ ပြီးတော့ အဲဒီပုံစံတွေကို ပြီးပြည့်စုံပြီး အံဝင်ဂွင်ကျဖြစ်အောင် လုပ်ဖို့လိုပါတယ်။

ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေဟာ ဘယ်အဖွဲ့အစည်းတွက်မဆို အရေးကြီးတဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်၊ သူတို့ကို ကြီးကြပ်ရေးမှူး(Supervisors) နဲ့ ပရောဂျက်မန်နေဂျာတွေလိုမျိုး ရာထူးအမျိုးမျိုးအတွက် လိုအပ်သလို ထိပ်တန်းစီမံခန့်ခွဲရေး အခန်းကဏ္ဍတွေအတွက်လည်း လိုအပ်ပါတယ်။

စီမံခန့်ခွဲမှုစွမ်းရည် အမျိုးအစား ၃ မျိုး(Three Types of Managerial Skills)

Robert Katz က အောင်မြင်တဲ့ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုသုံးမျိုးကို ဖော်ထုတ်ခဲ့ပါတယ်။

  1. နည်းပညာကျွမ်းကျင်မှု (Technical skills)
  2. အလုပ်နှင့်ပတ်သက်သော အတွေးအခေါ်အယူအဆ ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည် (Conceptual skills)
  3. လူမှုဆက်ဆံရေးကျွမ်းကျင်မှု  (Human or interpersonal management skills.)
https://www.entrepreneurshipinabox.com/wp-content/uploads/Managerial-Skills-Katz.jpg.webp

1. Technical skills (နည်းပညာ ကျွမ်းကျင်မှု)

နည်းပညာနဲ့ဆိုင်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုတွေက မန်နေဂျာတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ နည်းပညာပိုင်းကျွမ်းကျင်မှုရှိသလဲဆိုတာနဲ့ အများကြီး ဆက်နွယ်နေပါတယ်၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်တဲ့ စွမ်းရည်လို့ ပြောလို့ရပါတယ်၊ ဒီကျွမ်းကျင်မှုစွမ်းရည်တွေက ကုမ္ပဏီကို စတင်လုပ်ဆောင်ဖို့၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတွေကို တည်ဆောက်ဖို့နဲ့ ကုမ္ပဏီအတွင်း စနစ်တွေကို ဒီဇိုင်းဆွဲဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။

စီမံခန့်ခွဲသူ မန်နေဂျာတစ်ယောက်ဟာ အလုပ်လုပ်ဖို့ လိုအပ်တဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ နည်းပညာပိုင်းတွေနဲ့ ကိရိယာ(tools)တွေကို အသုံးပြုနိုင်ရပါမယ်၊ တကယ်လို့ အဖွဲ့အစည်းအတွင်း ဆက်သွယ်ပြောဆိုမှုအတွက် slackကို သုံးတယ်ဆိုရင် မန်နေဂျာအသစ်တစ်ယောက်အနေနဲ့ slackကို ဘယ်လိုသုံးရမလဲဆိုတာကို မသိတာက ကောင်းတဲ့အရာမဟုတ်ပါဘူး၊ အထူးသဖြင့် အထူးသီးသန့် ဆော့ဖ်ဝဲနဲ့ ကိရိယာ(tools)တွေအတွက်ဆို ဒါကပိုမှန်ပါတယ်။ ဒါ့အပြင် စျေးကွက်ရှာဖွေရေး၊ ဒီဇိုင်း၊ ဘဏ္ဍာရေး၊ အိုင်တီ၊ ထုတ်ကုန်နဲ့ အရောင်းကဏ္ဍတွေလိုမျိုး သီးခြားစီမံခန့်ခွဲမှုဆိုင်ရာ အခန်းကဏ္ဍတွေအတွက် နည်းပညာကျွမ်းကျင်မှုတွေဟာလည်း လိုအပ်ပါတယ်။

2. ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည် (Conceptual skills)

ကျွမ်းကျင်မှုနဲ့ဆိုင်တဲ့ စွမ်းရည်တွေဆိုတာက ခြုံငုံသုံးသပ်စဉ်းစားမှုတွေ အတွက် စီမံခန့်ခွဲသူ မန်နေဂျာတစ်ယောက်ရဲ့ လုပ်နိုင်စွမ်း (သို့) အသိပညာတွေဖြစ်ပါတယ်၊ ဆိုလိုတာက အခြေအနေအမျိုးမျိုးအပေါ်မှာ ပြဿနာတွေရှာဖွေတာ ဆင်ခြင်သုံးသပ်တာတွေကနေ တဆင့် အလုံးစုံကို လွယ်လွယ်ကူကူ သိမြင်နိုင်တယ်ဆိုတာပါပဲ။ ဒီနည်းလမ်းနဲ့ လုပ်ငန်း (သို့) ဌာန၊ တစ်ခုလုံးရဲ့ အနာဂတ်ကို ခန့်မှန်းနိုင်ပါတယ်။ ဒီလိုမျိုး ကျွမ်းကျင်မှုတွေက မန်နေဂျာတစ်ဦးကို အကဲဖြတ်ဖို့၊ အစီအစဉ်ဆွဲဖို့နဲ့ ဗျူဟာမြောက်ရေးဆွဲနိုင်ဖို့ ကူညီပေးပါတယ်။ အထူးသဖြင့် ထိပ်တန်းမန်နေဂျာရာထူးတွေမှာ တန်ဖိုးရှိပါတယ်။

3. လူလူခြင်းဆက်ဆံမှုဆိုင်ရာ / လူမှုဆက်ဆံရေးကျွမ်းကျင်မှု (Interpersonal / human relations skills)

ဒီအရည်အချင်းက အရမ်းရေးကြီးပေမမယ့် တစ်ခါတစ်လေ သတိမပြုမိကြပါဘူး။ မန်နေဂျာအများစုက သူတို့ရဲ့ အရင်ရာထူးတွေမှာ ကောင်းမွန်တဲ့အရာတွေကို အောင်မြင်ခဲ့ပြီးဖြစ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်စွမ်းလိုမျိုး အရည်အသွေးတွေကို အလွယ်တကူ မေ့လျော့သွားနိုင်ပါတယ်။

လူလူခြင်းဆက်ဆံမှုဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းရည်က ကုမ္ပဏီအတွင်း အရေးကြီးတဲ့ လူမှုရေးလုပ်ငန်းစဉ်တွေကို စီမံခန့်ခွဲတာနဲ့ ဆက်စပ်နေပါတယ်။ ဒီကျွမ်းကျင်မှုတွေက မန်နေဂျာတစ်ဦးရဲ့ အသိပညာရယ် လူအများနဲ့ လက်တွဲလုပ်ဆောင်နိုင်မှုကို ဖော်ပြပေးတာဖြစ်ပါတယ်။ အရေးကြီးဆုံး စီမံခန့်ခွဲမှုအလုပ်တွေထဲမှ တစ်ခုကတော့ လူအများနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ လူမရှိဘူးဆိုရင် စီမံခန့်ခွဲမှု သို့မဟုတ် မန်နေဂျာလဲ လိုအပ်မှာမဟုတ်ပါဘူး။

ဒီအရည်အချင်းတွေက မန်နေဂျာတွေကို ခေါင်းဆောင်တွေဖြစ်လာစေပြီး ပိုမိုမြင့်မားတဲ့အောင်မြင်မှုတွေရရှိဖို့ ဝန်ထမ်းတွေကို စိတ်ခွန်အားပေးနိုင်ပါတယ်။ ဒါ့အပြင်၊ သူတို့က ကုမ္ပဏီမှာရှိတဲ့ လူသားတွေရဲ့ အလားအလာတွေကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒီအရာတွေက ကုမ္ပဏီရဲ့ အထက်တန်းအဆင့်အားလုံးမှာရှိတဲ့ မန်နေဂျာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတွေဖြစ်ပါတယ်။

မန်နေဂျာတစ်ဦးမှာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ ကျွမ်းကျင်မှုရှိခြင်းဟာ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ကုမ္ပဏီက အလုပ်ထွက်မယ့် ဝန်ထမ်းအရေအတွက်ကိုတောင်မှ လျှော့ချပေးနိုင်ပါတယ်။ ဒီအချက်က သဟဇာတဖြစ်အောင် ဖန်တီးပေးပြီး လုပ်ငန်းအတွက် ငွေကို သက်သာစေပါတယ်။

အဖွဲ့အစည်းတစ်ခု သို့မဟုတ် ဌာနတစ်ခုကို အောင်မြင်စွာ လည်ပတ်နိုင်စေရန် မန်နေဂျာတစ်ယောက်တွင် မရှိမဖြစ်လိုအပ်သော အရည်အချင်းများ။ (Essential management skills)

1. အစီအစဥ်ရေးဆွဲခြင်း နှင့် ဗျူဟာမြောက်တွေးခေါ်မှု (Planning and strategic thinking )

အချို့မန်နေဂျာတွေက ကုမ္ပဏီမူဝါဒနဲ့ မဟာဗျူဟာရေးဆွဲရာမှာ ပါဝင်ခြင်းမရှိပေပယ့်လည်း၊ အစီအစဉ်ဆွဲနိုင်မှုက မရှိမဖြစ်လိုအပ်နေပါသေးတယ်။ ဘတ်ဂျက် (သို့) အချိန်ကန့်သတ်ချက်အတွင်း ရှိနေစေဖို့ လုပ်ငန်းတာဝန်တွေကို ပေးအပ်ဖို့၊ ရည်မှန်းချက်တွေ ပြည့်မီဖို့နဲ့ ပရောဂျက်တွေ အပြီးသတ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ မန်နေဂျာတစ်ဦးမှာ တာဝန်ရှိပါတယ်။ မန်နေဂျာတွေက အခြေအနေအသစ်တွေနဲ့ ကိုက်ညီဖို့အတွက် ရှိပြီးသား အစီအစဉ်တစ်ခုကို ပြုပြင်ပြောင်းလဲဖို့ လိုက်လျောညီထွေမှုရှိဖို့လည်း လိုအပ်ပါတယ်။

2. ဆက်သွယ်ပြောဆိုခြင်း (Communication )

မန်နေဂျာတွေက ဆက်သွယ်ပြောဆိုရေး အမျိုးအစားအားလုံးကို ကျွမ်းကျင်ရမှာဖြစ်တဲ့အတွက်ကြောင့် ဒီအချက်က အရေးကြီးပါတယ်။  စာနဲ့ရေးသားဆက်သွယ်တာနဲ့ နှုတ်နဲ့ပြောဆိုဆက်သွယ်တာကိုပဲ ပြောချင်တာမဟုတ်ပါဘူး နားထောင်နိုင်စွမ်းလည်းရှိဖို့လိုပါတယ်။ မန်နေဂျာတွေက ရာထူးအနိမ့်ဆုံးအဆင့် ဝန်ထမ်းတွေကနေ အမှုဆောင်အရာရှိချုပ်(CEO)နဲ့ ဖောက်သည်တွေအထိ လူမျိုးစုံကို နေ့စဉ်နှင့်အမျှ စကားပြောဆိုဖို့အတွက် အီးမေးလ် (သို့) မက်ဆေ့ချ်ပို့ဖို့လည်း လိုအပ်ပါတယ်။

ဆက်သွယ်ပြောဆိုခြင်းက ဝန်ထမ်းတွေနဲ့ ယုံကြည်စိတ်ချရပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးကို ဖန်တီးတဲ့ရာမှာ အဓိကသော့ချက်ဖြစ်ပါတယ်။ မန်နေဂျာတွေ အဖြစ်များဆုံးသော ဆက်သွယ်ပြောဆိုရေးပြဿနာအချို့မှာဆိုရင် နားထောင်မှုစွမ်းရည်မရှိတာ၊ အခြားသူများကို စကားပြောဆိုနေချိန် စကားဖြတ်ပြောတာ၊ တစ်သမတ်တည်း မက်ဆေ့ချ်မပို့တာ(စိတ်ပါမှ ပို့တာ) မေးခွန်းတွေကို လုံလောက်အောင်မမေးတာတွေ ပါဝင်ပါတယ်။

3. ဆုံးဖြတ်ချက်ချခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Decision-making and problem-solving)

ကျွန်ုပ်တို့အားလုံးက ကျွန်ုပ်တို့ရဲ့ အလုပ်မှာဖြစ်စေ အိမ်တွင်းမှာဖြစ်စေ ပြဿနာတွေကို နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်များချပြီး ဖြေရှင်းနေကြရပါတယ်။ ဒါပေမယ့် မန်နေဂျာတွေက ဒီစွမ်းရည်ကို နောက်တစ်ဆင့်တက်ဖို့ နဲ့  အခြေအနေအရ ကောင်းစွာ ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းတွေ ရှိရမှာဖြစ်ပါတယ်။ ပြဿနာဖြေရှင်းရာမှာ များသောအားဖြင့် ဆုံးဖြတ်ချက်များချတာတွေလည်း ပါဝင်လေ့ရှိပေမယ့် မန်နေဂျာတွေက ဆုံးဖြတ်ပြီး ရွေးချယ်လိုက်တဲ့အရာတွေရဲ့ ရှည်လျားတဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

သူတို့က ကုမ္ပဏီနဲ့ ဝန်ထမ်းတွေကို ထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ မကြာခဏချရတာကြောင့် တစ်ဦးချင်းစီရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ချိန်ဆနိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲသူတွေက ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချပြီး အဲဒီဆုံးဖြတ်ချက်ကို လိုက်နာခြင်းအားဖြင့် ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ အသေးငယ်ဆုံးသော ဆုံးဖြတ်ချက်(လက်ဖက်ရည်လား ကော်ဖီလား)ကို ဆုံးဖြတ်ဖို့ အများကြီးစဉ်းစားယူရတဲ့ လူတစ်ယောက်ကို ကျွန်ုပ်တို့အားလုံး ကြုံဖူးမှာပါ၊ ဒီအချက်က သူတို့ကိုယ်သူတို့ ရှေ့တန်းမတင်ကြဘဲ ဒုတိယနေရာမှာသာ စဉ်းစားတတ်ကြလို့ပါပဲ။  မန်နေဂျာကောင်းတစ်ယောက်ကတော့ ဒီလိုမလုပ်လို့မရပါဘူး။

4. အလုပ်တာဝန်ခွဲဝေခြင်း (Delegating)

မန်နေဂျာအချို့က အလုပ်တစ်ခုကို မှန်ကန်စွာ ပြီးမြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းက သူတို့ ကိုယ်တိုင်လုပ်ဖို့ဖြစ်ပြီး လွှဲအပ်ခြင်းက အားနည်းခြင်းရဲ့ လက္ခဏာဖြစ်တယ်လို့ ထင်မြင်ကြပါတယ်။ ဒီအချက်က မမှန်ပါဘူး။ ဘယ်အချိန်မှာ ဘယ်ကို လွှဲပေးရမယ်ဆိုတာ သိခြင်းဟာ အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုပါ။ စာရေးဆရာလည်းဖြစ် အတိုင်ပင်ခံလည်းဖြစ်သူ John Baldoni ရဲ့ စကားတွေမှာဆိုရင် “မင်း တစ်ပတ်မှာ နာရီ ၁၆၀ အလုပ်လုပ်ချင်တယ်ဆိုရင် တာဝန်လွှဲမပေးပါနဲ့။ ဒါပေမယ့် မင်း ခြေကုန်လက်ပမ်းကျသွားပါလိမ့်မယ်။” အလုပ်တာဝန် ခွဲဝေခြင်းကို လုပ်ဆောင်ဖို့ ငြင်းဆိုခြင်းဟာ ဝန်ထမ်းတစ်ဦးအနေနဲ့ ကောင်းကောင်းလုပ်နိုင်တဲ့ အလုပ်တစ်ခုကို လုပ်ခိုင်းဖို့ အယုံအကြည်မရှိဘူးဆိုတာကို ပြနေပြီး နားကြည်းမှုဖြစ်သွားနိုင်တဲ့အပြင်၊ စိတ်မချမ်းသာမှုနဲ့ ယုံကြည်မှုကင်းမဲ့တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

5. အကောင်းဆုံးနည်းလမ်းဖြင့် စိတ်ခွန်အားပေးခြင်း ( Motivating in the best way)

အခြားသူတွေကို စိတ်ခွန်အားပေးနိုင်မှုက မန်နေဂျာတစ်ဦးရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို စမ်းသပ်မယ့် မှန်ကန်တဲ့ စစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်ချက်(Necessity)က တီထွင်ဖန်တီးမှုရဲ့ မိခင်ဖြစ်နိုင်ပေမယ့်လည်း စိတ်ခွန်အားပေးခြင်းက ကျွန်ုပ်တို့ရဲ့ ပန်းတိုင်တွေဆီကို တွန်းပို့ပေးပါတယ်။ သင့်ရဲ့ ဝန်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ခွန်အားပေးတဲ့ အရည်အချင်းရှိခြင်းက သူတို့ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာဖြစ်ပြီးတော့ ပိုမိုပျော်ရွှင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖြစ်စေတဲ့အပြင် ကုမ္ပဏီကိုလည်း အကျိုးရှိစေမှာဖြစ်ပါတယ်။

ဒီမှာပြောခဲ့တာက “အကောင်းဆုံးနည်းနဲ့ လှုံ့ဆော်ခြင်း(စိတ်ခွန်အားပေးခြင်း)” လို့ဆိုတာကို သတိပြုပါ။ အပြစ်ပေးခံရမှာကို ကြောက်တာ၊ ဝန်ထမ်းများအချင်းချင်း ခိုင်းနှိုင်းတာ၊ စိတ်ကြိုက်ဂိမ်းကစားတာ လူတွေကို နှိမ့်ချဆက်ဆံတာစတဲ့ မန်နေဂျာတွေက စိတ်ခွန်အားပေးလှုံ့ဆော်ဖို့ ကြိုးပမ်းကြတဲ့ မကောင်းတဲ့နည်းလမ်းတွေ ရှိပါတယ်။

ဟုတ်ပါတယ်၊ ဒီအချက်တွေက မင်းရဲ့ဝန်ထမ်းတွေကို နောက်အလုပ်တစ်ခုရှာဖို့ သေချာပေါက် လှုံ့ဆော်ပေးပါလိမ့်မယ်။

အရမ်းတော်တဲ့ မန်နေဂျာကြီးတွေက အခြားသူတွေကို အတုယူပြီး စံနမူနာပြကာ သူရဲ့ ဝန်ထမ်းတွေကို တရားမျှတမှုရှိပြီး လေးစားမှုနဲ့ ဆက်ဆံပါတယ်။ သူတို့အဖွဲ့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိလာပြီး ဆန့်ကျင်တာထက် သူတို့နဲ့ လက်တွဲအလုပ်လုပ်ပါ။ စိတ်အားထက်သန်တဲ့အဖွဲ့က တောင်တွေကို ရွှေ့နိုင်တယ် ဒါမှမဟုတ် ကြယ်တွေဆီကိုတောင် ရောက်နိုင်ပါတယ်။

ဆိုးဝါးတဲ့ စီမံခန့်ခွဲမှု၏ အကျိုးဆက်များ (The impact of bad management)

ဆိုးဝါးတဲ့ စီမံခန့်ခွဲမှုက ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေမှာရော အလုပ်သမားတွေရဲ့ အကျင့်စာရိတ္တပိုင်းမှာရော အများကြီး သက်ရောက်မှုရှိပါတယ်၊ စိတ်ဖိစီးမှုပြဿနာတွေ ကျန်းမာရေးပြဿနာတွေနဲ့ ဖျားနာနေချိန်တွေအပြင် ဝန်ထမ်းအပြောင်းအလဲတွေ များလာမှုတွေက မကောင်းတဲ့ မန်နေဂျာတွေရဲ့ အမှတ်အသားအနေနဲ့ ချန်ထားခဲ့တဲ့ နည်းလမ်း အချို့ သာဖြစ်ပါတယ်။ 

Reference

https://www.testgorilla.com/blog/types-of-management-skills

https://www.entrepreneurshipinabox.com/202/managerial-skills/