Blended Learning
💠 Blended Learning ဆိုတာဘာလဲ Blended Learning ဆိုတာ သမားရိုးကျသင်ကြားမှုစနစ်နဲ့ e-learning သင်ကြားမှုစနစ် ၂ မျိုးရဲ့ ဆုံမှတ်လို့ပြောလို့ရတယ်။ ဒါအပြင် Blended Learning ဆိုတာ သင်ကြား/သင်ယူမှုမှာ သင်ကြားမှုနည်းနစ်တွေ ပေါင်းစပ်အသုံးပြုတာဖြစ်ပြီး သမားရိုးကျသင်ကြားမှုကို အွန်လိုင်း ဒီဂျစ်တယ်မီဒီယာတွေ အသုံးချသင်ကြားပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းစနစ်က သင်ယူသူတွေကို ပိုမိုဆွဲဆောင်နေပြီး သင်ယူသူတစ်ဦးချင်းစီရဲ့ သင်ယူမှု စွမ်းရည်တွေလည်း တိုးတက်စေမှာဖြစ်ပါတယ်။ 💠 Blended Learning ကိုဘာကြောင့်လုပ်ရတာလဲ သမားရိုးကျသင်ကြားမှုစနစ်မှာဆိုရင် သင်ကြားနည်းစနစ်က အတန်းတစ်ခုထဲမှာရှိတဲ့ ကျောင်းသားအားလုံးအတွက် လိုအပ်ချက်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သင်ယူနိုင်မှု တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သင်ကြားပုံတစ်မျိုးတည်းကိုသာ ပံ့ပိုးပေးတဲ့စနစ် ဖြစ်ပါတယ်။ သို့သော် Blended Learning မှာ ဆိုရင် သင်ယူသူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ် […]