စေ့စပ်ညှိနှိုင်းခြင်း၏ အင်္ဂါရပ် (၇) ချက်နှင့် တန်ဖိုးပုံဖော်မှုစက်ဝန်း💡

ကျွန်တော်တို့ ဘယ်သူမှ Perfect ဖြစ်တယ်ရယ်လို့ မရှိပေမယ့် လေ့လာသင်ယူလိုက်တဲ့အခါ တိုးတက်လာတာမျိုးကိုတော့ အားလုံးကြုံဖူးကြမယ်လို့ ယုံကြည်ပါတယ်။

စေ့စပ်ညှိနှိုင်းခြင်းမှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေ၊ လေ့လာမှုတွေကနေ ကျွန်တော်တို့ရဲ့စေ့စပ်ညှိနှိုင်းမှုစွမ်းရည်ကိုတိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။

ဒီနေ့တော့ ကျွန်တော်က စေ့စပ်ညှိနှိုင်းမှုစွမ်းရည် တိုးတက်လာဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့ စေ့စပ်ညှိနှိုင်းခြင်း အင်္ဂါရပ်(၇)ချက်အကြောင်းကို‌ မျှဝေပေးချင်ပါတယ်။

စေ့စပ်ညှိနှိုင်းခြင်းရဲ့ အင်္ဂါရပ်(၇)ချက်ကဘာတွေလဲ❓

(၁) စိတ်ဝင်စားမှု

(၂) အရံရွေးချယ်စရာ

(၃) ရွေးချယ်စရာ

(၄) တရားမျှတသောစံနှုန်း

(၅) ကတိပေးလုပ်ဆောင်မှု

(၆) ဆက်ဆံရေး နှင့်

(၇) ဆက်သွယ်ရေးတို့ပဲဖြစ်ပါတယ်။

ဒီစေ့စပ်ညှိနှိုင်းခြင်းအင်္ဂါရပ်(၇)ချက်ကို တန်ဖိုးပုံဖော်မှုစက်ဝန်းမှာ အပိုင်း(၃)ပိုင်းအနေနဲ့ လက်တွေ့အသုံးချနိုင်ပါတယ်။

1️⃣ အလုပ်အတူလုပ်ရန်ဖြစ်စဉ်ဖန်တီးခြင်း

စေ့စပ်ညှိနှိုင်းခြင်းမှာ မိမိကိုယ်တိုင်နှင့်တစ်ဖက် ညှိနှိုင်းဖက်တို့ ပါဝင်လာပြီဖြစ်လို့‌ ‌ရှေ့ဆက်အလုပ်အတူလုပ်ရန်မှာ ဆက်ဆံရေးနှင့် ဆက်သွယ်ရေးကောင်းမွန်နေဖို့လိုအပ်ပါတယ်။ နှစ်ဦးနှစ်ဖက်ကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ဖြစ်စေရုံသာမကပဲ ပိုမိုကောင်းမွန်တဲ့ အပြန်အလှန်ဆက်သွယ်ရေးကိုပါအား ကောင်းလာစေခြင်းဟာ ကျွန်တော်တို့ရဲ့စေ့စပ်ညှိနှိုင်းရေးမှာ များစွာအထောက်အကူပြုနိုင်မှာပါ။

2️⃣ အကောင်းဆုံးအဖြေရှာခြင်း

စေ့စပ်ညှိနှိုင်းမှုလုပ်တဲ့အခါ ကျွန်တော်တို့ဟာ မိမိရဲ့စိတ်ဝင်စားမှုအပြင် တစ်ဖက်လူရဲ့စိတ်ဝင်စားမှုကိုပါသိရှိနေဖို့လိုပါတယ်။ ဒါမှသာ မိမိတို့စိတ်ဝင်စားမှုများကို ဖြည့်ဆည်းပေးနိုင်မယ့် နှစ်ဦးနှစ်ဖက်ရွေးချယ်စရာတွေကို သိရှိနိုင်ပြီး တရားမျှတတဲ့စံနှုန်းတွေကိုရရှိအောင် ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

3️⃣ ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

ဒီအခြေအနေမှာတော့ မိမိတို့ညှိနှိုင်းဖက်နဲ့ သဘောတူညီမှုမရခဲ့ရင် မိမိတို့ရဲ့စိတ်ဝင်စားမှုတွေကို အခြားသူတွေရဲ့သဘောတူညီမှုမပါဘဲ ဖြည့်ဆည်းနိုင်မယ့် အရံရွေးချယ်စရာတွေ ရှိနေဖို့လိုပါတယ်။ အကယ်၍ သဘောတူညီမှုရပြီဆိုရင်တော့ မိမိတို့ရဲ့စေ့စပ်ညှိနှိုင်းမှုအတွက် နှစ်ဦးနှစ်ဖက်လုပ်ဆောင်မယ့်အရာ၊ မလုပ်ဆောင်မယ့်အရာ စသဖြင့် ကတိပေးလုပ်ဆောင်မှုတွေ လုပ်ရတော့မှာပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းခြင်းအင်္ဂါရပ်(၇)ချက်နဲ့ တန်ဖိုးပုံဖော်မှုစက်ဝန်းကိုအသုံးပြုခြင်းအားဖြင့် မိမိတို့ပြဿနာတွေကိုပြင်ဆင်နိုင်လာမယ်၊ မတူညီတဲ့ရွေးချယ်မှုဖြစ်စဉ်တွေကိုသဘောပေါက်နားလည်လာမယ်။ အဲ့ဒါအပြင် ခက်ခဲတဲ့နည်းလမ်းတွေကိုပါရှာဖွေဖော်ထုတ်နိုင်လာပြီး ပြဿနာတွေကိုပိုမိုကောင်းမွန်စွာ‌ကိုင်တွယ်ဖြေရှင်းနိုင်လာပါလိမ့်မယ်။

ဒီနေ့ပြောပြပေးသွားတဲ့စေ့စပ်ညှိနှိုင်းခြင်းအင်္ဂါရပ်(၇)ချက်နဲ့ တန်ဖိုးပုံဖော်မှုစက်ဝန်းကို လက်တွေ့အသုံးချတတ်ရုံသာမက အတူတကွ နှင့် တည်ဆောက်ခြင်းအကြောင်းအရာတွေကိုပါ သိရှိနားလည်ပြီး အကျိုးပြုနိုင်စေဖို့ လေ့လာလိုက်ကြရအောင် နော်။

အတူတကွ (TOGETHER) နှင့် တည်ဆောက်ခြင်း (BUILD)

စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင်တဲ့အခါ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ အတူတူလုပ်ဆောင်ကြတာက တစ်ခါတစ်လေမှာ နှစ်ဖက်စလုံးကို အကူအညီဖြစ်စေနိုင်သလို တစ်ချိန်တည်းမှာပဲ ခက်ခဲနိုင်တယ်ဆိုတာကို သိထားရမှာဖြစ်ပါတယ်။

စေ့စပ်ညှိနှိုင်းရေးမှာ အပြန်အလှန်အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းမှုမှာဆိုရင် ကိုယ့်ရဲ့ အပြုအမူတွေက တစ်ဖက်လူအပေါ်မှာ အကျိုးသက်ရောက်ရှိပါတယ်၊ လူတွေအများကြီး ပါဝင်နေတာဖြစ်လို့ အပြန်အလှန်ကူညီထောက်ပံမှုတွေ အများကြီးဖြစ်နိုင်တယ်၊ ကိုယ့်ရဲ့ထိန်းချုပ်မှု အလွန်မှာ ဘယ်လိုသက်ရောက်မှု၊ အကျိုးဆက်တွေ ရှိနေနိုင်မလဲ ဆိုတာကို သတိထားရမှာဖြစ်ပါတယ်။

တကယ်လို့ ညှိနှိုင်းဖက်နဲ့ အတူတကွ လုပ်ဆောင်ပေမယ့်လည်း ညှိနှိုင်းဖက်က မကူညီဘူးဆိုရင် ညှိနှိုင်းတဲ့အခါ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ အနိုင်-အနိုင် ဖြစ်စေမယ့် သဘောတူညီဖို့ရဖို့ဆိုရင် အရမ်းကို ခက်ခဲနိုင်ပါတယ်။

ဒါကြောင့် ညှိနှိုင်းဖက်က မပါဝင်လာဘူး၊ ဘယ်လိုပဲ ဆွဲခေါ်ဆွဲခေါ် မပါလာဘူးဆိုရင်တော့ ကိုယ့်အနေနဲ့ ဘာလုပ်မှာလဲ ဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

📌စေ့စပ်ညှိနှိုင်းတာကို နှစ်ဖက်စလုံးအနိုင်ရမယ့် အခွင့်အလမ်းတွေအဖြစ် စဉ်းစားတယ်ဆိုရင် စကားပြောဆို၊ ယုံကြည်မှုတည်ဆောက်ခြင်းနဲ့ ပိုပိုကောင်းမွန်တဲ့ စေ့စပ်ညှိနှိုင်းမှုကို ဦးတည်စေနိုင်ပါတယ်။

Finding Common Ground- ဘုံတူညီမှုကို ရှာဖွေခြင်း

ဘုံတူညီချက်ဆိုတာ ဆွေးနွေးညှိနှိုင်းမှုတစ်ခုမှာ ပါဝင်နေကြတဲ့ သူတွေ ကြားမှာ တူညီနေတဲ့ အရာတွေဖြစ်ပြီး အဲဒီအရာတွေက သူနဲ့ ကိုယ်ကြားမှာ သဘောတူညီမှုရလာအောင် ကူညီလုပ်ဆောင်ပေးမယ့်အရာတွေဖြစ်တယ်။

Don’t push them away- ညှိနှိုင်းဖက်ကို အဝေးဆီ တွန်းမပို့လိုက်ပါနဲ့

🎯နှစ်ဖက်စလုံးရဲ့ ရပ်တည်ချက်က ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် စိတ်ဝင်စားမှုတွေက တူညီနိုင်တယ်။

🎯ဖြစ်နိုင်ချေရှိတဲ့ တူညီမှုတွေ မြင်သာအောင် ကူညီပေးဖို့လိုပါတယ်။ စကားလုံးတွေကို သေချာရွေးချယ်အသုံးပြုဖို့ လိုပါတယ်။

🎯”ငါထင်တာက မင်းဟာ ငါနဲ့ မတူဘူး(ကွဲပြားခြားနားနေတယ်)” ဆိုတာနဲ့ပဲ အဆုံးသတ်လေ့ရှိတယ်၊ “ငါတို့က တူညီတဲ့ အရာတွေကို အလေးထားတယ်လို့ ငါထင်တယ်” လို့ ပြောင်းပြီးပြောပါ။

🎯စကားလုံးရွေးချယ်မှုက အရေးကြီးတယ်၊ သူနဲ့ကိုယ် ပိုပြီး နီးကပ်အောင် ဘယ်လိုစကားလုံးတွေကို ရွေးချယ်ရမလဲ ဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

🎯စကားလုံးတွေကို သေချာဂရုတစိုက် အသုံးပြုခြင်းအားဖြင့် တူညီတဲ့ ပန်းတိုင်တွေရှိတယ်ဆိုတာကို ညှိနှိုင်းဖက်ကနေ သိရှိနိုင်ဖို့ ကူညီနိုင်ပါတယ်။

📌ညှိနှိုင်းဖက်ကို အဝေးဆီတွန်းပို့မယ့်အစား ဘုံတူညီချက်ကို အလေးထားပြီး နီးကပ်လာအောင် စကားလုံးတွေ သုံးနိုင်တယ်။

အတားအဆီးတွေကို အသိမှတ်ပြုပါ

ဘုံတူညီမှုကို အခြားသူနဲ့ အတူရှာပြီးတဲ့ နောက်မှာ ကွဲကွာအောင် လုပ်နေတဲ့ အရာတချို့လည်း ရှိသေးတယ်ဆိုတာကို ရှာတွေ့နိုင်တယ်။ စေ့စပ်ညှိနှိုင်းမှုမှာ လူနှစ်ဦးကို သဘောတူညီမှု မရစေတဲ့ အရာကို “road block””အတားအဆီး”လို့ခေါ်ပါတယ်။

ဖြစ်ရပ်ဖြင့်လေ့လာခြင်း

📰သင်က ကျောင်းသွားဖို့ ဘတ်စ်ကားငယ်လေးပေါ်မှာလို့ စိတ်ကူးကြည့်ပါ။ ဘတ်စ်ကားက အရှိန်နဲ့မောင်းလာနေရင်းနဲ့ ရုတ်တရက် ထိုးရပ်သွားတယ်။ ဘတ်စ်ကားပေါ်က လူတွေက ခန္ဓာကိုယ်တွေရွေ့သွားပြီး တစ်ယောက်နဲ့တစ်ယောက် ခိုက်မိကြလို့ လန့်အော်ပြီး စကားများကြတယ်။

♟️ဒီအချိန်မှာ ဘာလုပ်သင့်လဲဆိုတော့ အချင်းချင်း ရန်ဖြစ်စကားများနေမယ့်အစား ရှေ့က အိမ်စီးကားလေးက ဘာကြောင့်ရပ်သွားလဲ ဆိုတာကို သတိထားဖို့လိုပါတယ်။

♟️သင်စေ့စပ်ညှိနှိုင်းမှုပြုလုပ်တဲ့ လူတစ်ယောက်လိုပဲ သူနဲ့ ကိုယ်နဲ့က စကားပြောလို့ ညှိလို့ အဆင်မပြေတော့ဘူး ဆိုရင် သူနဲ့ကိုယ်နဲ့က ကွဲနေတယ်(ပြဿနာ)လို့ပဲ မြင်တယ်။ သူနဲ့ကိုယ်ကြားက ဘုံတူညီမှုတွေက ဘာတွေလဲ၊ ဘာအတားအဆီးအဟန့်အတားတွေရှိနေသလဲ ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့မေ့နေတတ်ကြတယ်။ လူအပေါ်မှာ အပြစ်တွေ မြင်လာတတ်ကြပါတယ်။

ပိတ်ဆို့နေသည့် အရာများ၊ အတားအဆီးများ

🪵အခုဘတ်စ်ကားပေါ်က လူတစ်ယောက် ဆင်းပြီး ကြည့်လိုက်တဲ့အခါ အဲဒီကားရှေ့မှာ သစ်ပင်တစ်ပင် လဲကျနေတာကို တွေ့ရတယ်။ အဲဒီပင်က လမ်းပိတ်ဆို့သူပဲ၊ အဲဒါက ကားထိုးရပ်သွားတာရဲ့ အဓိကပြဿနာဖြစ်တယ်။

🪵ကားကိုပဲ ဟွန်းတီးနေ အော်နေတာထက် ဘတ်စ်ကားပေါ်က လူတွေဟာ ယာဉ်မောင်းနဲ့အတူ အဲဒီအပင်ကို ဖယ်ရှားသင့်တယ်။ ဒါမှ လမ်းပိတ်ဆို့တဲ့ သစ်ပင်ကို ဖယ်ပြီး သူတို့လိုရာလမ်းခရီးကို ဆက်သွားနိုင်မှာပါ။

🪵လူနဲ့ ငြင်းခုံနေမယ့်အစား လမ်းပိတ်ဆို့မှုကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားဖို့လိုတယ်။

🪵သူတို့ရဲ့ “မဟုတ်ဘူး။ မလုပ်ဘူး”ဆိုတဲ့ နောက်ကွယ်မှာ သစ်ပင်က လမ်းကို ပိတ်ဆို့နေသလိုမျိုး ဆွေးနွေးညှိနှိုင်းသူတွေမှာလည်း သူတို့ကို ရပ်တန့်စေတဲ့ ခက်ခဲမှုအကြောင်းအရင်းတွေရှိတတ်တယ်။

🪵သင်ကသာ လမ်းပိတ်ဆို့တဲ့အရာကို သိမြင်တယ်ဆိုရင် အခြားလူကလည်း သင်အလေးထားတဲ့ အရာကို အလေးထားနေတာကို တွေ့မြင်လိမ့်မယ်။ ဥပမာ ရှေ့ကားကလည်းပဲ ဘတ်စ်ကားလိုပဲ ရှေ့ကို ဆက်သွားချင်တယ်ဆိုတာပါပဲ။ လူတွေက လမ်းပိတ်ဆို့နေတဲ့ အရာကို ဖယ်ရှားသလိုမျိုး ဆွေးနွေးညှိနှိုင်းတဲ့အခါ ဖြေရှင်းဖို့နည်းလမ်းတွေကို အတူတကွရှာဖွေနိုင်ပါတယ်။

📌တစ်ခါတစ်လေမှာ သဘောတူညီချက်ရဖို့ တွန်းအားဖြစ်တဲ့ အခြားသော ပြင်ပအကြောင်းအရာတွေလည်းရှိနိုင်တယ်၊ ပိတ်ဆို့နေတဲ့ အရာတွေကို ဖယ်ရှားမှသာ အခြားလူက ကူညီချင်တယ်ဆိုတာကို ရှာတွေ့နိုင်တယ်။

📌သင်ရဲ့ကိုယ်ပိုင် စိတ်ဝင်စားမှုတွေကို နားလည်ဖို့လိုတယ်၊ ဒါမှသာ အခြားလူရဲ့ စိတ်ဝင်စားမှုကိုလည်း ရှာတွေ့နိုင်မယ်။ ဘုံတူညီတဲ့ စိတ်ဝင်စားမှုတွေကို ရှာဖွေဖို့ အတူတူလုပ်ဆောင်နိုင်မယ်။ ဒါဆိုရင် နှစ်ဖက်စလုံးက သဘောတူညီချက်တည်ဆောက်နိုင်အောင် ကြိုးစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Brainstorming-ဦးနှောက်မုန်တိုင်းဆင်ခြင်း

ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေ ကိုယ့်ရဲ့ လိုအပ်ချက်တွေ ပြည့်ဝဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေကို ရှာဖွေဖော်ထုတ် လုပ်ဆောင်တာကို ဦးနှောက်မုန်တိုင်းဆင်ခြင်းလို့ခေါ်ပါတယ်။ ဦးနှောက်မုန်တိုင်းဆင်ခြင်းက ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာဖွေဖော်ထုတ်ကြတာဖြစ်ပါတယ်၊ ဒီနည်းလမ်းက ကောင်းမကောင်း ဆိုတာကို ဆုံးဖြတ်/သုံးသပ်ခြင်းတွေ လုပ်ဖို့ မလိုအပ်ပါဘူး။

တီထွင်ဆန်းသစ်ပါ။ အသစ်ဖြစ်တဲ့ လုပ်လေ့လုပ်ထမရှိတဲ့ အရာတွေ ထွက်လာပါစေ။ ဥပမာ- အခြားမြို့မှာရှိတဲ့ အဒေါ်ဆီ အလည်သွားချင်ပေမယ့်လည်း လမ်းက ပိတ်ထားတယ်၊ အခြား ဘာနည်းလမ်းတွေနဲ့ သွားနိုင်မလဲဆိုတာ စဉ်းစားဖို့လိုတယ်။

📌ဦးနှောက်မုန်တိုင်းဆင်ခြင်းအားဖြင့် အတိတ်က ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ အကူအညီဖြစ်စေပြီး သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ တစ်ဖက်လူရဲ့ စိတ်ဝင်စားမှုတွေကို ဖြည့်ဆည်းပေးနိုင်မယ့် အဖြေတွေကို သဘောတူညီမှု ရလာဖို့ အတူတကွ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

📌တကယ်လို့ သင်က အခြားလူရဲ့ စိတ်ဝင်စားမှုကို ရှာတွေ့တယ်၊ ပြီးတော့ သင့်ရဲ့ စိတ်ဝင်စားမှုကို ဖြည့်ဆည်းပေးနိုင်တဲ့ အဖြေအတွက် နည်းလမ်းတွေ စဉ်းစားမယ်ဆိုရင်၊ အနိုင်-အနိုင်ရတဲ့ အဖြေအတွက် နှစ်ယောက်လုံး သဘောတူညီတဲ့ အချက်ကို ရရှိနိုင်မှာဖြစ်လို့၊ ငြင်းခုံနေစရာမလိုတော့ပါဘူး။

တည်ဆောက်ခြင်း (Build)

အတိတ်က ပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး သဘောတူညီချက်ရလာဖို့အတွက် စိတ်ကူးတွေကို ဦးနှောက်မုန်တိုင်းဆင်ခြင်းကို “တည်ဆောက်ခြင်း”လို့ခေါ်တယ်။

ပိတ်ဆို့နေတဲ့ အရာတွေကို သတိမူပြီး ဘုံတူညီချက်ကို ရှာတွေ့နိုင်ဖို့ အတူတကွ ဦးနှောက်မုန်တိုင်းဆင်ခြင်းနဲ့ အနိုင်-အနိုင် အဖြေမျိုးကို ရရှိနိုင်ပါတယ်။ 

📌သင်က ညှိနှိုင်းဖက်ရဲ့ စိတ်ဝင်စားမှုကို ထိမိတဲ့ စိတ်ကူးတွေနဲ့ စဉ်းစားပြီး ဦးနှောက်မုန်တိုင်းဆင်နိုင်တဲ့ အခါ သူနဲ့ ငြင်းခုံနေစရာမလိုတော့ဘူး။ သူတို့ရဲ့ စိတ်ဝင်စားမှုက အဲဒီအဖြေထဲမှဦ ပါနေတဲ့အခါ သူတို့က အဘောတူချင်လာမှာပဲ။

Building a House – အိမ်တစ်လုံးကို တည်ဆောက်ခြင်း

အတူတကွ အနိုင်-အနိုင်ဖြစ်အောင် ဖန်တီးပါ။ နှစ်ဖက်စလုံးရဲ့ စိတ်ဝင်စားမှုတွေကို ထည့်သွင်းတည်ဆောက်ပါ။

Checklist: မိမိတို့ ဖြစ်စေချင်တဲ့ အရာအားလုံးပါဝင်စေဖို့ စာရင်းပြုစုပါ။

ဘုံတူညီမှုရှာဖွေခြင်းနှင့် အတားအဆီးတွေကို အသိအမှတ်ပြုခြင်း

🤝အတူတကွ အဆင့်ရဲ့ ဒုတိယအစိတ်အပိုင်းက သဘောတူညီမှု မရအောင် ပိတ်ဆို့နေတဲ့ အရာတွေကို သိမြင်ခြင်းဖြစ်ပါတယ်။

🤝အတားအဆီးတွေက ထပ်တူမကျတဲ့ စိတ်ဝင်စားမှုတွေသာဖြစ်တယ်။

အနှစ်ချုပ်

📌အတူတကွနဲ့ တည်ဆောက်ခြင်းဆိုတဲ့ အဆင့်၂ဆင့်ကို လေ့လာခဲ့ကြတယ်။

📌အတိတ်က ပိတ်ဆို့မှုတွေဖယ်ရှားနိုင်စေတဲ့ (ဒါမှမဟုတ်) သဘောတူညီမှုမရအောင် အတားအဆီးဖြစ်စေတဲ့အရာတွေအတွက် ဆန်းသစ်တဲ့ အဖြေတွေအတွက် ဦးနှောက်မုန်တိုင်းဆင်ခြင်းကိုလေ့လာခဲ့ကြတယ်။

📌တည်ဆောက်ခြင်းဆိုတဲ့ စကားလုံးအောက်မှာ အတိတ်ရဲ့ ပိတ်ဆို့မှုတွေကို ဦးနှောက်မုန်တိုင်းဆင်ပါဆိုတာရယ် အိမ်တစ်လုံးဆောက်ပါဆိုတာကို မှတ်သားထားပါ။

(၁) ကျွန်ုပ်(ME)

  • ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုကို နားလည်ပါ။
  • အခြား ရွေးချယ်စရာတွေကို သိပါ။။

(၂) သင်(YOU)

  • ချဉ်းကပ်မယ့် နည်းလမ်းတွေကို ရွေးချယ်ပါ။
  • သူတို့ရဲ့ စိတ်ဝင်စားမှု​တွေကို ရှာဖွေဖော်ထုတ်ပါ။

(၃) အတူတကွ (TOGETHER)

  • ဘုံတူညီမှုကို ရှာဖွေပါ။
  • အတားအဆီးတွေကို အသိအမှတ်ပြု(သိမြင်)ပါ။

(၄)တည်ဆောက်ခြင်း(BUILD)

  • အတိတ်က အတားအဆီးတွေကို ဦးနှောက်မုန်တိုင်းဆင်ပါ။
  • အိမ်တစ်လုံးဆောက်ပါ။