စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ယူဆချက်များ🤗

ကျွန်တော်တို့ဟာ ပြဿနာတွေ၊ ပဋိပက္ခတွေ ရင်ဆိုင်ရတိုင်း အကောင်းဆုံးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ကြိုးစားကြပါတယ်။

ပဋိပက္ခဖြေရှင်းနည်းများထဲကမှ စေ့စပ်ညှိနှိုင်းမှုနည်းနဲ့ ‌ဖြေရှင်းရာမှာတော့ နှစ်ဦးနှစ်ဖက်ပိုမိုကောင်းမွန်တဲ့ ရလဒ်ရအောင် ဖြေရှင်းနိုင်ဖို့အတွက် အချို့ယူဆချက်တွေရှိပါတယ်။✨

1️⃣ စေ့စပ်ညှိနှိုင်းမှုမလုပ်ခင်ကြိုတင်ပြင်ဆင်မှုလေးတွေရှိသင့်ပါတယ်။ ကိုယ်ညှိနှိုင်းမယ့်သူရဲ့ characterတွေ၊ စိတ်နေသဘောထား၊ လက်ရှိအခြေနေတွေကို လေ့လာထားခြင်းအားဖြင့် စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်ရောက်ချိန် မိမိ emotionတွေကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်သလို တစ်ဖက်သားရဲ့စိတ်၀င်စားမှုတွေကို နားလည်ဖို့လွယ်ကူနိုင်မှာဖြစ်ပါတယ်​။ 

2️⃣ ညှိနှိုင်းဖက်ရဲ့နေရာ ၀င်ခံစားပြီး နားထောင်ပေးခြင်းအားဖြင့် သူ့လိုအပ်ချက်၊ စိုးရိမ်ပူပန်မှုတွေကို ထပ်တူထပ်မျှခံစားရကြောင်းပြသင့်ပါတယ်နော်​။ 

3️⃣ နောက်ဆုံးအချက်အနေနဲ့ ကိုယ့်လုံခြုံမှု၊ တန်ဖိုးထားမှုတွေနဲ့ဆန့်ကျင်နေတဲ့ သဘောတူညီမှုမျိုး ဖြစ်နေရင်တော့ စေ့စပ်ညှိနှိုင်းရေးကနေဆုတ်ခွာထွက်သွားသင့်ပါတယ်​။ 

အပေါ်မှာပြောပြသွားတဲ့ အကြောင်းအရာတွေကတော့ စေ့စပ်ညှိနှိုင်းရေးတစ်ခု‌ကောင်းမွန်အောင် ဘယ်လို လုပ်သင့်လဲဆိုတဲ့ ယူဆချက်တွေပဲဖြစ်ပါတယ်​။ 

ဆက်ပြီးတော့ စေ့စပ်ညှိနှိုင်းရေး ဖြစ်စဉ် အဆင့်(၄)ဆင့်ကို ဆက်ပြီး ရှင်းပြချင်ပါတယ်။

စေ့စပ်ညှိနှိုင်းရေး ဖြစ်စဥ်အဆင့် (၄)ဆင့် 

ခက်ခဲတဲ့ အခြေအနေတွေမှာ အခြားသူတွေနဲ့ သဘောတူညီမှုရဖို့အတွက် ဆက်သွယ်ပြောဆိုရတဲ့အခါ စေ့စပ်ညှိနှိုင်းမှု လုပ်ပန်းစဉ်အဆင့်(၄)ဆင့်ကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

(၁) ကျွန်ုပ်(ME)

  • ကိုယ့်ရဲ့ စိတ်ဝင်စားမှုကို သိရှိနိုင်ဖို့။
  • အခြား နည်းလမ်းတွေကို သိရှိနိုင်ဖို့။

(၂) သင်(YOU)

  • ချဉ်းကပ်မယ့် နည်းလမ်းတွေကို သိရှိနိုင်ဖို့။
  • သူတို့ရဲ့ စိတ်ဝင်စားမှုကို ရှာဖွေဖော်ထုတ်ဖို့။

(၃) အတူတကွ (TOGETHER)

  • ဘုံတူညီမှုကို ရှာဖွေပါ။
  • အတားအဆီးတွေကို အသိအမှတ်ပြုပါ။

(၄)တည်ဆောက်ခြင်း(BUILD)

  • အရင်က အတားအဆီးတွေကို ရှာဖွေဖော်ထုတ်ပါ။
  • အိမ်ဆောက်ပါ။

→လိုအပ်လျှင် ထွက်သွားပါ။

ကျွန်ုပ်(ME)

ကျွန်ုပ်(ME)အကြောင်းကို လေ့လာမယ်ဆိုရင် အောက်က အချက်(၄)ချက်ကို သိရှိနားလည်ထားဖို့လိုပါတယ်။

(၁) မိမိရဲ့ စိတ်ဝင်စားမှု(အကျိုးစီးပွား)ကို နားလည်ခြင်း။

(၂) အခြား ရွေးချယ်စရာနည်းလမ်းတွေကို သိရှိခြင်း။

(၃) ဆုတ်ခွာထွက်သွားခြင်း။

(၄) စိတ်ခံစားချက်တွေကို စီမံခန့်ခွဲခြင်း။

(၁) မိမိရဲ့ စိတ်ဝင်စားမှု(အကျိုးစီးပွား)ကို နားလည်ခြင်း။

စိတ်ဝင်စားမှု(အကျိုးစီးပွား) ဆိုတာက မိမိဂရုစိုက်နေတဲ့ အရာတွေနဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ အောက်က ပုံလေးမှာဆိုရင် ရပ်တည်ချက်နဲ့ စိတ်ဝင်စားမှုရဲ့ ကွဲပြားပုံကို လေ့လာနိုင်ပါတယ်။

📌ရပ်တည်ချက်တွေအစား စိတ်ဝင်စားမှုအပေါ် အခြေခံပြီး ပြောဆိုနေတာဟာ ကောင်းမွန်တဲ့ သဘောတူညီမှုတွေ ရရှိနိုင်တဲ့အတွက် စေ့စပ်ညှိနှိုင်းရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

📌စေ့စပ်ညှိနှိုင်းရေးအစပျိုးဖို့အတွက် သင့်ရဲ့ စိတ်ဝင်စားမှုကို နားလည်သိရှိထားဖို့လိုအပ်ပြီး အခြားသူ(ညှိနှိုင်းဖက်)တွေ သိနိုင်အောင်လည်း ပြောဆိုဆက်သွယ်ထားဖို့ လိုအပ်ပါတယ်။

(၂) အခြား ရွေးချယ်စရာနည်းလမ်းတွေကို သိရှိခြင်း။

အခြားရွေးချယ်စရာနည်းလမ်းတွေကို သိရှိခြင်းဆိုတာက စေ့စပ်ညှိနှိုင်းမှုဆက်မလုပ်ဘဲ ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေ ပြည့်ဝဖို့အတွက် အကောင်းဆုံးဘယ်လိုရယူလို့ရမလဲ (ဒါမှမဟုတ်) ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည့်ဝအောင်လုပ်တာပဲ ဖြစ်ပါတယ်။ 

📌တချို့ စေ့စပ်ညှိနှိုင်းမှုအခြေအနေတွေမှာ အခြားရွေးချယ်စရာ ဘာမှမရှိတော့ဘူးလို့ ထင်ကြတယ်၊ ဒါက အခြားသူ(ညှိနှိုင်းဖက်)တွေ ပြောသမျှ သဘောတူရတော့မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အမှန်တော့ အခြားရွေးချယ်စရာ နည်းလမ်းတွေ ရှိနေသေးတယ်ဆိုတာကို အမှတ်ရနေဖို့ အရေးကြီးပါတယ်။

📌အခြားရွေးချယ်စရာနည်းလမ်းတွေ ရှိနေတာကို သိရှိခြင်းက ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေကို မဖြည့်ဆည်းပေးနိုင်တဲ့ (ဒါမှမဟုတ်) ကိုယ့်ကို နာကျင်စေမယ့် နည်းလမ်းတစ်ခုခုကို သဘောတူညီဖို့ လုံးဝမလိုဘူးဆိုတာကို ပြောပြနေခြင်းပါပဲ။

📌အခြားရွေးချယ်စရာနည်းလမ်းနဲ့ ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေကို နားလည်သဘောပေါက်ခြင်းက ဘယ်အချိန်မှာ စေ့စပ်ညှိနှိုင်းမှုက ဘယ်အချိန်ထွက်ခွာသင့်သလဲ၊ ဘယ်အချိန်မှာ ဆက်လက်ညှိနှိုင်းသင့်သလဲ ဆိုတာကို သိနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

(၃) Walk away: ဆုတ်ခွာထွက်သွားခြင်း။

ဆုတ်ခွာထွက်သွားခြင်းဆိုတာ စေ့စပ်ညှိနှိုင်းမှု မလုပ်တော့ဘဲ ကိုယ့်ရဲ့ အခြားရွေးချယ်စရာ နည်းလမ်းတွေကိုပဲ ရွေးချယ်လုပ်တောင်တော့မယ်ဆိုတာကို ပြောတာပါ။

လေ့ကျင့်ခန်း

ကိုကို 👨 : နင်သိလား၊ နင်လိုနေတဲ့ ဖုန်းမျိုးကို ငါနင့်ကို ပေးလို့ရတယ်၊ ငါ့အလုပ်ကနေ ငါရနိုင်တယ်။

မမ👩 : တကယ်! ဘယ်လောက်ပေးရမလဲ။

ကိုကို 👨 : နိုး နိုး မလိုပါဘူး၊ ငါ နင့်ကို အလကားပေးမှာလေ။

မမ👩 : အိုး! ဖုန်းတစ်လုံးကို အလကား ဘယ်ကရမလဲဟ။ အနည်းဆုံး ၃ သိန်းလောက်ရှိတဲ့ဟာကို။

ကိုကို 👨 : အင်း၊ စနေနေ့ညမှာ ငါနဲ့အတူ အပြင်ထွက်သောက်မယ်ဆိုတာကို ကတိပေးမယ်ဆိုရင်တော့ ငါနင့်ကို အလကားပေးမှာပါ။ ငါဖုန်းယူလာပြီး နင့်ကို လာကြိုမယ်လေ။

မမ👩 : အမ်း……….

ကိုကို 👨 : အဲတော့၊ သဘောတူတယ်ပေါ့။(သဘောတူလား)

မမ👩 : နိုးပါ၊ ဒါက ကောင်းတဲ့အရာတော့(သဘောတူရမယ့်အရာ) မဟုတ်လောက်ဘူးလို့ ငါထင်တယ်။ နင်က ငါ့ရဲ့ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး အလဲအလှယ်လုပ်ခိုင်းနေတာပဲ။ ပြီးတော့ အဲဒီအတွက် ဘာတန်ဖိုးမှလည်း မရှိဘူး။ ငါ့ရဲ့ သူငယ်ချင်း တစ်ယောက်ယောက်ဆီက သုံးပြီးသားဖုန်းကိုပဲ ဝယ်တော့မယ်။

“No”ပြောဖို့ အားသာချက်(ငြင်းဆန်ခြင်း)

ဘာကြောင့်”No”လို့ပြောမလဲ၊ ငြင်းဆန်မှုပြုလုပ်မလဲ။

📌စိတ်ဝင်စားမှု(ကိန်းအောင်းနေတဲ့ လိုအပ်ချက်၊တန်ဖိုး)တွေကို ဖြည့်ဆည်းဖို့အတွက် “No”(ငြင်းဆန်မှု) လို့ပြောနိုင်တာကို ပြောခဲ့ကြပြီးပြီ။

📌လိုအပ်ချက်၊ တန်ဖိုးထားမှုတွေကို ကာကွယ်ဖို့ “No”လို့ ပြောလိုက်တာဟာ သင်ဂရုစိုက်တဲ့ တန်ဖိုးထားမှုတွေအတွက် “Yes”လို့ပြောလိုက်တာပါပဲ။ ဒါက “No”လို့ပြောလိုက်ခြင်းရဲ့ အားသာချက်ပဲပေါ့။

(၃) ဆုတ်ခွာထွက်သွားခြင်း။

ဆုတ်ခွာထွက်သွားရမယ့် နည်းလမ်းတွေက ဘာတွေလဲ။

၁။ လှည့်ထွက်သွားမယ် (ရုပ်ပိုင်းဆိုင်ရာအရ)။

၂။ “No”၊ ကျေးဇူးပါနော်။ ဟင့်အင်း၊ ကျေးဇူးပါ။

၃။ ဘာကို “Yes”လို့ပြောသလဲဆိုတာကို ရှင်းပြပါ။(ကိုယ့် စိတ်ဝင်စားမှု၊ တန်ဖိုး)

📌အခြား ရွေးချယ်စရာတွေ အမြဲတမ်းရှိပါတယ်။

📌အခြား ရွေးချယ်စရာတွေ ရှိနေခြင်းက ဘယ်အချိန်မှာ ဆုတ်ခွာထွက်သွားရမလဲ ဆိုတာကို သိစေပါတယ်။ ညှိနှိုင်းမယ့်အစား ဘာလုပ်သင့်သလဲဆိုတာကို သိစေပါတယ်။

📌တစ်ခါတစ်လေ ဆုတ်ခွာထွက်သွားခြင်းက ရေရှည်စိတ်ဝင်စားမှုတွေကို ပြည့်ဝနိုင်ဖို့ တစ်ခုတည်းသော တည်းလမ်းဖြစ်ပါတယ်။

📌အခြားရွေးချယ်စရာနည်းလမ်းတွေ ရှိနေသေးတယ်ဆိုတာကို သိရှိခြင်းက သင့်ရဲ့ စိတ်ဝင်စားမှုတွေကို မဖြည့်ဆည်းပေးနိုင်တဲ့(ဒါမှမဟုတ်) သင့်ကို ထိခိုက်နာကျင်စေမယ့် နည်းလမ်းတစ်ခုခုကို သဘောတူညီဖို့ လုံးဝမလိုဘူးဆိုတာကို ပြောပြနေခြင်းပါပဲ။

📌တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ “No” ပြောခြင်းဖြင့် ကိုယ့်ရဲ့ တန်ဖိုးထားမှုအတွက် “Yes’လို့ပြောလိုက်တာပါ။

📌အချို့ အခြေအနေတွေမှာ ညှိနှိုင်းဖက်က အကျိုးအကြောင်း မညီညွတ်တော့ဘူးဆိုရင် သင်ဟာ မစေ့စပ်မညှိနှိုင်းတော့ဘဲ ဆုတ်ခွာထွက်သွားရပါလိမ့်မယ်။ 

📌နှစ်ဦးနှစ်ဖက်လုံးရဲ့ လိုအပ်ချက်တွေကို  ဖြည့်ဆည်းပေးနိုင်မယ့် သဘောတူညီမှုမျိုး မရှိတော့ရင်လည်း သင်ဟာ ဆုတ်ခွာထွက်သွာရပါလိမ့်မယ်။

📌ကိုယ့်ရဲ့ လုံခြုံမှု၊ တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်နေတဲ့ သဘောတူညီမှုမျိုး ဖြစ်နေရင်တော့ စေ့စပ်ညှိနှိုင်းရေးကနေ ဆုတ်ခွာထွက်သွားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အကြောင်းအရာတော်တော်များများမှာတော့ ဆုတ်ခွာထွက်သွားမှဒ မပြုခင် စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားကြပါတယ်။

တချို့အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်ရအောင်

  • ဆွေးနွေးမှု လုပ်နေတုန်း ဒေါသတကြီးနဲ့ ထွက်လာခဲ့ဖူးလား။
  • စေ့စပ်ညှိနှိုင်းမယ့်အစား ဒေါသတကြီးနဲ့ အော်တာ၊ ငိုတာတွေ ဘာကြောင့်လုပ်တတ်တယ်လို့ ထင်ပါသလဲ။ 
  • ဆွေးနွေးဖို့ လုပ်ထားပေမယ့် သင်ဆွေးနွေးဖို့ စိတ်ခံစားမှု အရမ်းမြင့်တက်နေတဲ့ အခြေအနေမျိုးကြုံဖူးလား။
  • ဒေါသတကြီးနဲ့ အော်ခံလိုက်ရတဲ့ အဖြစ်အပျက်နဲ့ ကြုံဖူးလား။ ဘယ်လိုခံစားရလဲ။ အဲဒီအချိန် သင်ဘာလုပ်မှာလဲ။

(၄) စိတ်ခံစားချက်တွေကို စီမံခန့်ခွဲခြင်း။ Take 5

  • “Take 5” နဲ့ မိတ်ဆက်ပေးပါ့မယ်။
  • ခံစားမှုတွေကို တည်ငြိမ်လာဖို့ သင့်ကိုသင် အချိန်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
  • ဘယ်လိုလုပ်မလဲ။
    • စကားပြောတာကို ရပ်ပြီး ၁ ကနေ ၅ အထိ ဖြည်းဖြည်းချင်းရေတွက်ပါ။ ပြီးရင် ဘာဆက်ပြောမလဲ ပြန်စဉ်းပါ။ ငါးစက္ကန့်အတွင်း ဒါတွေကို မေးပါ။
    • စေ့စပ်ညှိနှိုင်းမှုက ထွက်သွားဖို့ ငါဘာကြိုးစားနေတာလဲ၊ အခြားသူတစ်ယောက်ကို နားလည်ဖို့ ငါဘာတွေ ကြိုးစားနေတာလဲ။
    • အခြားသူတစ်ယောက်က ငါနဲ့ အလုပ်အတူတွဲလုပ်ဖို့ ဆန္ဒရှိတယ်လို့ထင်လား။ ငါထွက်ခွာသွားသင့်လား။ (ဒါမှမဟုတ်) ညှိနှိုင်းဖို့ကရော ထိုက်တန်နေသေးလား။

📌စေ့စပ်ညှိနှိုင်းမှုစွမ်းရည်ကောင်းတွေ အသုံးပြုနိုင်ဖို့ စိတ်ခံစားချက်တွေအတိုင်း ဆက်သွားရာကနေ ရပ်လိုက်ရပါမယ်။

📌ခံစားမှုတွေ ပြေပျောက်ဖို့(ကောင်းလာဖို့)အတွက် ဆိုရင်တော့ “TAKE 5”ကို လုပ်ပါ။

📌စက္ကန့်အနည်းငယ်အတွင်း “Take 5”ကို လုပ်နိုင်ပါတယ်။ (ဒါမှမဟုတ်) နားချိန်ယူပါ။

📌”Take 5” လုပ်နေတဲ့အခါ ငါ ညှိနှိုင်းဖို့ကရော ထိုက်တန်နေသေးလားလို့ ကိုယ့်ကိုယ်ကို မေးပါ။

📌ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး ကိုယ်လိုအပ်တာတွေကို ပြောနေခြင်းက Win-Win ရလဒ်ကို ရစေနိုင်ပါတယ်။

အနှစ်ချုပ်

📌ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေကို မဖြည့်ဆည်းပေးနိုင်တဲ့ (ဒါမှမဟုတ်) ကိုယ့်ကို နာကျင်စေမယ့်နည်းလမ်းတစ်ခုခုကို သဘောတူညီဖို့ လုံးဝမလိုဘူးဆိုတာကို ပြောပြနေခြင်းပါပဲ။

📌အခြား ရွေးချယ်စရာနည်းလမ်းနဲ့ ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေကို နားလည်သဘောပေါက်ခြင်းက ဘယ်အချိန်မှာ စေ့စပ်ညှိနှိုင်းမှုက ထွက်ခွာသွားသင့်သလဲ။ ဘယ်အချိန်မှာ ဆက်လက်ညှိနှိုင်းမှသင့်သလဲ ဆိုတာကို သိနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

📌ဆုတ်ခွာထွက်သွားခြင်းက ရေရှည်စိတ်ဝင်စားမှုတွေကို ပြည့်ဝနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။📌ခံစားမှုတွေ ပြေပျောက်ဖို့(ကောင်းလာဖို့)အတွက်ဆိုရင်တော့ “Take 5”ကို လုပ်ပါ။ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး ကိုယ်လိုအပ်တာတွေကို ပြောနေခြင်းက Win-Win ရလဒ်ကို ရစေနိုင်ပါတယ်။