ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းခြင်း💭

အရှေ့ကသင်ခန်းစာတွေမှာစေ့စပ်ညှိနှိုင်းခြင်းရဲ့အဓိကအင်္ဂါရပ်တွေကိုလည်းလေ့လာပြီးသွားပြီ။

စေ့စပ်ညှိနှိုင်းတဲ့အခါဘယ်လိုအရာတွေကကြိုပြင်ဆင်ထားရမယ်၊ ဘယ်လိုအချက်တွေကိုသတိထားရမယ်ဆိုတာ လေ့လာပြီးသွားပြီဆိုတော့ အခုဒီတစ်ခါတော့ “ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း”ဆိုတဲ့အကြောင်းကိုလေ့လာကြရအောင်ပါ​။ 

သူငယ်ချင်းတို့အနေနဲ့ “ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း”ဆိုတာ ဘယ်လိုနားလည်ကြလဲ​။

“ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း”ဆိုတာ ဆွေးနွေးညှိနှိုင်းတဲ့အခါ ကိုယ်ကိုင်စွဲထားတဲ့ သတ်မှတ်ချက်၊ ရပ်တည်ချက်တစ်ခုကိုပဲ အလေးပေးညှိနှိုင်းတာမျိုးကိုခေါ်ဆိုပါတယ်။ 

ဥပမာပေးရမယ်ဆိုရင် သံပယိုသီးတစ်လုံးရှိတယ်ဆိုပါစို့။ 🍋 အဲ့ဒီသံပယိုသီးကို ညီမနှစ်ယောက်ကလိုချင်နေကြတယ်။ ဒါပေမယ့်ခက်တာက လိုချင်တဲ့သူကနှစ်ယောက်၊ သံပယိုသီးကတစ်လုံးပဲရှိတယ်။ ဆိုတော့ “လိုချင်တယ်”ဆိုတဲ့ရပ်တည်ချက်တစ်ခုကိုပဲ ဦးစားပေးညှိနှိုင်းမယ်ဆိုရင် သံပယိုသီးတစ်လုံးကို ညီအစ်မနှစ်ယောက် တစ်ခြမ်းစီခွဲ‌ကြမလား ဒါမှမဟုတ် ဒီတစ်ခါတော့အရင်တွေ့တဲ့သူဖြစ်ဖြစ်၊ အကြီးမကိုဦးစား‌ပေး ပေးလိုက်တာပဲဖြစ်ဖြစ် ဆုံးဖြတ်လိုက်ပြီး နောက်တစ်ခါမှ နောက်တစ်ယောက်ကိုပြန်ပေးဖို့ဆုံးဖြတ်လိုက်တာမျိုးတွေ ရှိရတော့မှာပါ။

အဲ့ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက်ခြိမ်းခြောက်တာတွေရှိလာရင် ပြဿနာ‌ပဲဖြစ်လာပြီး စေ့စပ်ညှိနှိုင်းတာကအလုပ်မဖြစ်တော့ဘူးပေါ့။

အဲ့လိုဆုံးဖြတ်မှုတွေမှာတော့    အဝေတည့်သွားတာလည်းရှိသလို၊ တစ်ယောက်နဲ့တစ်ယောက်ပြဿနာဖြစ်ပြီးဆွေးနွေးညှိနှိုင်းတာအဆင်မပြေတာမျိုးလည်းရှိမှာအသေအချာပါပဲ။

အခု ကျွန်တော်ပြောသွားတဲ့ ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်းအကြောင်းကို နားလည်မယ်လို့ယုံကြည်ပါတယ်​။