ညှိနှိုင်းဆောင်ရွက်ခြင်းစွမ်းရည်🤝

ညှိနှိုင်းရေး မစတင်မှီ လုပ်ဆောင်ထားသင့်သော အရာများ

ညှိနှိုင်းရေးမစတင်မှီလုပ်ဆောင်ရမည့် အရာများမှာ –

  • သင့် အနေနဲ့ ဘယ် အခန်းကဏ္ဍ ကနေပါဝင်မှာလဲ ဆိုတာရှင်းလင်းအောင်လုပ်ဆောင်ပါ။
  • စေ့စပ်ညှိနှိုင်းသူ အနေနဲ့လား?
  • ကြားဝင်ဖျန်ဖြေသူအနေနဲ့လား?
  • ခုံသမာဓိ အနေနဲ့လား? ဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ဖို့လိုအပ်ပါတယ်။

ကိုယ်လက်ရှိ ပါဝင်ဆောင်ရွက်ရမည့် အနေအထားကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ မိမိ တဦးတည်းအတွက်သော်လည်းကောင်း၊ မိမိ၏မိသားစု (ဒါမှမဟုတ်) မိမိရပ်ကွက်အတွက် ကိုယ်စားသွားပြီး ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုရင်တော့ စေ့စပ်ညှိနှိုင်းရေး နည်းလမ်း ကိုသုံးရမယ်။

အငြင်းပွားနေသူများမှ နှစ်ဖက်သဘောတူ မိမိထံလာရောက်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုလာပါက၊ အငြင်းပွားနေသူတစ်ဖက်ဖက်က တောင်းဆိုလာပါက မိမိအနေဖြင့် လူနှစ်ဦးကြား၊ မိသားစု နှစ်စုကြား (ဒါမှမဟုတ်) ရပ်ကွက် နှစ်ခုကြားကို ညှိနှိုင်းပေးရမယ်ဆိုရင်တော့ ကြားဝင်ဖျန်ဖြေရေး နည်းလမ်းကို သုံးရမှာဖြစ်ပါတယ်။

အငြင်းပွားနေသူများမှ နှစ်ဖက်မှသဘောတူညီမှုယူပြီး သူတို့ရဲ့ ပြဿနာကို သင့်အနေနဲ့ ဆုံးဖြတ်ချက်ချ ပေးဖို့ တောင်းဆိုလာရင်တော့ ခုံသမာဓိ နည်းလမ်း ကို အသုံးပြုရမှာဖြစ်ပါတယ်။


စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ယူဆချက်များ

ပဋိပက္ခဖြေရှင်းနည်းများထဲကမှ စေ့စပ်ညှိနှိုင်းမှုနည်းနဲ့ ‌ဖြေရှင်းရာမှာတော့ နှစ်ဦးနှစ်ဖက်ပိုမိုကောင်းမွန်တဲ့ ရလဒ်ရအောင် ဖြေရှင်းနိုင်ဖို့အတွက် အချို့ယူဆချက်တွေရှိပါတယ်။✨

1️⃣ စေ့စပ်ညှိနှိုင်းမှုမလုပ်ခင်ကြိုတင်ပြင်ဆင်မှုလေးတွေရှိသင့်ပါတယ်။ ကိုယ်ညှိနှိုင်းမယ့်သူရဲ့ characterတွေ၊ စိတ်နေသဘောထား၊ လက်ရှိအခြေနေတွေကို လေ့လာထားခြင်းအားဖြင့် စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်ရောက်ချိန် မိမိ emotionတွေကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်သလို တစ်ဖက်သားရဲ့စိတ်၀င်စားမှုတွေကို နားလည်ဖို့လွယ်ကူနိုင်မှာဖြစ်ပါတယ်​။ 

2️⃣ ညှိနှိုင်းဖက်ရဲ့နေရာ ၀င်ခံစားပြီး နားထောင်ပေးခြင်းအားဖြင့် သူ့လိုအပ်ချက်၊ စိုးရိမ်ပူပန်မှုတွေကို ထပ်တူထပ်မျှခံစားရကြောင်းပြသင့်ပါတယ်နော်​။ 

3️⃣ နောက်ဆုံးအချက်အနေနဲ့ ကိုယ့်လုံခြုံမှု၊ တန်ဖိုးထားမှုတွေနဲ့ဆန့်ကျင်နေတဲ့ သဘောတူညီမှုမျိုး ဖြစ်နေရင်တော့ စေ့စပ်ညှိနှိုင်းရေးကနေဆုတ်ခွာထွက်သွားသင့်ပါတယ်​။ 

အပေါ်မှာပြောပြသွားတဲ့ အကြောင်းအရာတွေကတော့ စေ့စပ်ညှိနှိုင်းရေးတစ်ခု‌ကောင်းမွန်အောင် ဘယ်လို လုပ်သင့်လဲဆိုတဲ့ ယူဆချက်တွေပဲဖြစ်ပါတယ်​။ 

စေ့စပ်ညှိနှိုင်းရေး ဖြစ်စဥ်အဆင့် (၄)ဆင့် 

ခက်ခဲတဲ့ အခြေအနေတွေမှာ အခြားသူတွေနဲ့ သဘောတူညီမှုရဖို့အတွက် ဆက်သွယ်ပြောဆိုရတဲ့အခါ စေ့စပ်ညှိနှိုင်းမှု လုပ်ပန်းစဉ်အဆင့်(၄)ဆင့်ကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

(၁) ကျွန်ုပ်(ME)

  • ကိုယ့်ရဲ့ စိတ်ဝင်စားမှုကို သိရှိနိုင်ဖို့။
  • အခြား နည်းလမ်းတွေကို သိရှိနိုင်ဖို့။

(၂) သင်(YOU)

  • ချဉ်းကပ်မယ့် နည်းလမ်းတွေကို သိရှိနိုင်ဖို့။
  • သူတို့ရဲ့ စိတ်ဝင်စားမှုကို ရှာဖွေဖော်ထုတ်ဖို့။

(၃) အတူတကွ (TOGETHER)

  • ဘုံတူညီမှုကို ရှာဖွေပါ။
  • အတားအဆီးတွေကို အသိအမှတ်ပြုပါ။

(၄)တည်ဆောက်ခြင်း(BUILD)

  • အရင်က အတားအဆီးတွေကို ရှာဖွေဖော်ထုတ်ပါ။
  • အိမ်ဆောက်ပါ။

→လိုအပ်လျှင် ထွက်သွားပါ။


ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခု ရဖို့အတွက် ကိုယ့်မှာ ရှိတဲ့ အခြေနဲ့ ကိုယ်လိုအပ်တဲ့အရာတွေကို အရင်ဆုံး နားလည်အောင် လုပ်ဆောင်ရပါမယ်။  Win to Win ချင်းကပ်နည်းကို အသုံးပြုပြီး ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်ပါ။ လူအများစုက သူတို့ လိုအပ်တာ ဒါမှမဟုတ် လိုချင်တာ တစ်ခုခုရှိတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်ဆောင်မှုတွေကို လုပ်ဆောင် တတ်ကြပါတယ်။

ထိရောက်တဲ့ ဆွေးနွေးညှိနှိုင်းခြင်းရဲ့ အဓိက အချက်တွေကတော့ ( The key components of effective negotiation)  

  • တက်ကြွစွာ နားထောင်ခြင်း။ ။တစ်ဖက်လူပြောတဲ့ အရာတွေကို ဂရုတစ်စိုက် နားထောင်ဖို့က အလွန်အရေးကြီးပြီး သူတို့ လိုအပ်တဲ့ အရာကို ဖော်ထုတ်နိုင်ဖို့ အတွက် Win to Win သဘောတူညီမှုကို တည်ဆောက်ရန် လိုအပ် ပါတယ်။
  • သတ္တိရှိမှု။ ။ကိုယ်လိုချင်တဲ့အရာကို ရဲ့ဝံ့စွာ ဖော်ပြပါ။ 
  • ထိရောက်သော ဆက်သွယ်မှု။ ။သင်လိုချင်တာကို ရှင်းလင်းပြတ်သားစွာ‌ ဖော်ပြသကဲ့သို့ ကိုယ်ပြန်ပေးနိုင်မယ့် အရာကိုလည်း တစ်ဖက်လူကို နားလည်အောင် ရှင်းလင်းပြတ်သားစွာ ဆက်သွယ်ပြောဆိုပါ။
  • ဆုံးဖြတ်ချက်ချခြင်း။ ။ညှိနှိုင်းခြင်းအတွက် မတူညီတဲ့ လုပ်ဆောင်ချက်တွေရဲ့  ကုန်ကျစရိတ်နဲ့ အကျိုးရလဒ်ကို ကြိုတင်တွေးတောပြီး ဆုံးဖြတ်ချက် ချပါ။
  • အပြုသဘောဆောင်တဲ့ စိတ်ထား ။ ။စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်တဲ့အခါမှာ လေးစားမှုရှိပါ။ ကိုယ်လိုချင်တာနဲ့ တက်ဖက်လူ လိုအပ်တာကို ကောင်းစွာ သိမြင် နားလည်ပါ။