ဆုံးဖြတ်ချက်ချခြင်းစွမ်းရည် 💪

ဆုံးဖြတ်ချက်တွေသည် ဖွဲ့စည်းခြင်း၊ ၊ ဦးဆောင်ခြင်းနှင့် ထိန်းချုပ်ခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက် အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဆုံးဖြတ်ချက် ချက်ရတဲ့ အခါတွင် များသောအားဖြင့် အစီအစဉ်ဆွဲခြင်း ဆိုင်ရာ လုပ်ဆောင်ချက်များနှင် ဆက်စပ်နေသောကြောင့်  ၎င်းသည် အစီအစဉ်ဆွဲခြင်းဆိုင်ရာ လုပ်ငန်းများအတွက်  အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုပဲဖြစ်ပါတယ်။ 

ဆုံးဖြတ်ချက်ချခြင်းကို တိကျခိုင်မာမှုရှိတဲ့ အရာများစွာမှ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတစ်ခုကို ရွေးချယ်သည့် လုပ်ဆောင်ချက် တစ်ခုလို့ ခေါ်ဆိုပါသည်။

ဆုံးဖြတ်ချက် ချနိုင်ခြင်း စွမ်းရည်ဆိုတာဘာလဲ။ 

ဆုံးဖြတ်ချက် ချနိုင်ခြင်းစွမ်းရည်သည် အခြေခံကျတဲ့  လိုအပ်ချက်များကို နားလည်နိုင်ပြီး နှိုင်းယှဉ်နိုင်သော ရွေးချယ်မှုများကို အကဲဖြတ်ရန်နှင့် အကောင်းဆုံးရွေးချယ်မှုတစ်ခုသို့ ကျဉ်းမြောင်းသည့်စွမ်းရည်ဖြစ်သည်။ 

ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်သည် သုတေသနပြုခြင်း၊ စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ပဓာန ထားပြီး ကောင်းမွန်သော နောက်ဆုံးရလဒ်အတွက် မှန်ကန် တိကျတဲ့ စီရင်ဆုံးဖြတ်မှုတွေကို ကောက်ချချက်နိုင်ခြင်း ဖြစ်ပါသည်။ 

လုပ်ငန်းခွင်မှာတော့ ဒီစွမ်းရည်သည် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရန် လုပ်ငန်းရဲ့ ပြသနာများကို အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် ဝန်ထမ်းများ အနေနဲ့ မဖြစ်မနေ ရှိထားသင့်တဲ့ စွမ်းရည် တစ်ခု ဖြစ်ပါသည်။

ကောင်းမွန်တဲ့  ဆုံးဖြတ်ချက်ချ နိုင်မှုစွမ်းရည်တစ်ခုသည် မည်သည့် ပြသနာရပ်များမဆို ထိရောက်မှု၊စွာ ဖြေရှင်းနိုင်ပြီး လုပ်ငန်းစဉ်များကိုလည်း တိုးတက်စေပြီး လုပ်ငန်းဝင်ငွေတိုးစေသည်။

ဆုံးဖြတ်ချက် ချခြင်းရဲ့ အရေးကြီးသော ကဏ္ဍ။

ဝန်ထမ်းတိုင်းသည် ၎င်းတို့၏ ရာထူး နှင့် တာဝန်ယူနိုင်မှု  များပေါ်မူတည်၍ မတူညီသော အလုပ်တွေကို တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ လုပ်ငန်းတာဝန်တိုင်းမှာ နောက်ဆုံး ရလဒ်မှာ အောင်မြင်မှုရရှိဖို့အတွက် ရွေးချယ်စရာတွေက အမြဲတမ်းရှိပါတယ်။ 

သို့သော်လည်း  လုပ်ဆောင်တွေမှာ တစ်ချို့ကအရာတွေက ကုန်ကျစရိတ်ကို မူတည်ပြီး သက်ရောက်မှုခြင်း၊ တစ်ချို့အရာတွေက အချိန်ယူပြီး လုပ်ဆောင်ရခြင်း ၊ တစ်ချို့လုပ်ဆောင်ချက်တွေက လူအင်အားများများ လိုအပ်ခြင်းတွေကြောင့် ရွေးချယ်အားလုံးတိုင်းသည် ဖြစ်နိုင်ခြေကို တိုက်ရိုက် အချိုးကျမည် မဟုတ်ပေ။ ဒါကြောင့် ဆုံးဖြတ်ချက်ချင်း စွမ်းရည်သည် ဝန်ထမ်းတွေအတွက် ဒီလို ရွေးချယ်စရာတွေ ပြုလုပ်တဲ့ အခါမှာ အလွန် အရေးကြီးပါသည်။

ဝန်ထမ်းများ သည် မိမိ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် တစ်ခုရဲ့ ရည်မှန်းချက်ကို နားလည်ပြီး  ဖြစ်နိုင်ခြေရှိသော ရွေးချယ်မှုများအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အားသာချက်များနှင့် အားနည်းချက်များကို အကဲဖြတ်ကာ ကုမ္ပဏီ၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရန် လိုအပ်သည်။

Decision Making Skills
                                                    Fig. 1 Effective Decision Making Skills

ထိရောက်သော ဆုံးဖြတ်ချက်များချရန် အရေးကြီးဆုံး လက္ခဏာရပ်များ

မှန်ကန်ပြီး ထိရောက်သော ဆုံးဖြတ်ချက်များချရန် လူတစ်ဦး လိုအပ်သည့်  အရေးကြီးဆုံး လက္ခဏာရပ်တွေကတော့ –

  1. Critical Thinking ဝေဖန်းပိုင်းခြား တွေးခေါ်နိုင်ခြင်းစွမ်းရည်
  2. Problem Solving ပြသနာ ဖြေရှင်းနိုင်ခြင်း စွမ်းရည်
  3. Logical & Analytical Thinking  ကျိုးကြောင်းစီလျော်စွာ တွေးခေါ်နိုင်ခြင်း စွမ်းရည်
  4. Listening Effectively ထိရောက်စွာ နားထောင်ခြင်း စွမ်းရည်
  5. Leadership ခေါင်းဆောင်မှု စွမ်းရည်
  6. Interpersonal Skills  လူအချင်းချင်း သင့်တင့်လျောက်ပတ်စွာ နေထိုင်မှု စွမ်းရည်
  7. Time Management  အချိန်စီမံခန့်ခွဲ နိုင်ခြင်း 
  8. Team Collaborationလု ပ်ဖော်ကိုင်ဖက်များနဲ့   ပူးပေါင်းဆောင်ရွက်နိုင်ခြင်း 

ဒီစွမ်းရည်အားလုံးသည် ဝန်ထမ်းတိုင်းအတွက် ကုမ္ပဏီအတွင်း လုပ်ငန်းစဉ်များ ဆောင်ရွက်မှုတွင် လိုအပ်တဲ့ ဆုံးဖြတ်ချက် ချခြင်းတွေ အတွက် ထိရောက် သေချာမှုရှိတဲ့ စွမ်းရည်များပဲ ဖြစ်ပါသည်။

ဆုံးဖြတ်ချက်ချခြင်းကျွမ်းကျင်မှုဆိုင်ရာ ဥပမာရပ်များ။

ဆုံးဖြတ်ချက်ချခြင်းသည် နောက်ဆုံးရလဒ်ထက် များစွာ အရေးကြီး ပါသည်။ ခွဲခြမ်းစိတ်ဖြာခြင်း၊  တီထွင်ဖန်တီးနိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များ စသည် စွမ်းရည်အားလုံးသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှု အမျိုးအစားများစွာတွင် ပါဝင်ပါသည်။

ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်။

 ခွဲခြမ်းစိတ်ဖြာခြင်း စွမ်းရည်သည် ဆုံးဖြတ်အခိုင်အမာ ချခြင်း မပြုလုပ်ခင်မှာ အချက်အလက်များကို စုဆောင်းပေးခြင်း အတွက် အထောက်အကူ ပြုစေမှာ ဖြစ်ပါသည်။ ခွဲခြမ်းစိတ်ဖြာသူသည် ပြသနာရပ်တိုင်းမှာ အချက်အလက်များကို ရှု့ထောင့်မျိုးစုံဖြင့် အချက်အလက် အားလုံးကို ကြည့်မြင်နိုင်ပြီး တွေ့ရှိချက်များကို အကောင်ထည့် ဖော်နိုင်ရန် ကြိုးစားကြပါသည်။ ဤကျွမ်းကျင်မှုမျိုးများသည် ယုတ္တိဆန်တဲ့ တွေးခေါ်မှုကို အသုံးပြု၍ အချက်အလက်အခြေခံ ဆုံးဖြတ်ချက်များချရာတွင် ကူညီပေးပါသည်။ Logical Thinking

တီထွင်ဖန်တီးမှုစွမ်းရည်။

 ဆုံးဖြတ်ချက်ချခြင်းသည် အချက်အလက်အားလုံးနှင့် ကိန်းဂဏန်းများ ရရှိမှုသာမက၊ ရိုးရှင်းပြီး သမားရိုးကျမဟုတ်သော ဖြေရှင်းနည်းများကို ဖောက်ထွင်းစဉ်းစားရန် အတွက် တီထွင်ကြံဆမှုများ လိုအပ်ပါသည်။ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်သူများသည် ယခင်က အတွေ့အကြုံများအပြင် ပြဿနာများကို ဖြေရှင်းရန်အတွက် ရှိရင်းစွဲစိတ်ကူးများနှင့် ဖြေရှင်းချက်များကို တီထွင်ဖန်တီးကြသည်။ ထို့အပြင် ၎င်းတို့သည် ပွင့်လင်းမြင်သာပြီး အသစ်သော အရာများကို ကြိုးစားလိုစိတ်ရှိကြသည်။ ရှု့ထောင့်မျိုးစုံကို လည်း ဘက်စုံမှ တွေးတော ကြံဆကြပါသည်။ 

ပူပေါင်းဆောင်ရွက်နိုင်ခြင်းစွမ်းရည်။

ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တိုင်းသည် အယူအဆ နှင့် အတွေးအမြင်မျိုးစုံကို ပေါင်းစည်းထားပါသည်။ ပူးပေါင်းလုပ်ဆောင်မှုစွမ်းရည်က တစ်ဦး သို့မဟုတ် တစ်ခုထက်ပိုသော အသင်းအဖွဲ့များနှင့်  ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကောင်းမွန်တဲ့ အဖြေကိုရှာဖွေရန် အထောက်အကူ ပြုပါသည်။ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်တွင် လူအများအပြား ပါဝင်ခြင်းက အခြားသောပြဿနာဖြေရှင်းနည်းများနှင့် တွေးခေါ်ပုံနည်းလမ်းများကို ဖော်ထုတ်ပေးကာ မတူညီသောကျွမ်းကျင်မှုအစုံများကို စုစည်းပေးနိုင်ပါသည်။

ခေါင်းဆောင်မှုစွမ်းရည်။

ပူးပေါင်းဆောင်ရွက်ခြင်းသည် ဆုံးဖြတ်ချက်ကောင်းများ ချမှတ်ရာတွင် အရေးကြီးသော်လည်း တစ်စုံတစ်ဦးမှ ဦးဆောင်ပြီး တိကျမှန်ကန်စွာ ဆုံးဖြတ်ချက်ချရမည် ဖြစ်တာကြောင့်  ခေါင်းဆောင်မှုစွမ်းရည်သည် ရှုထောင့်အားလုံးကိုသုံးသပ်ပြီး အဖွဲ့သားများ၏ စိတ်ကူးများကို အကောင်းဆုံး ကိုယ်စားပြုသည့် တစ်ခုတည်းသော အဖြေတစ်ခုအပေါ် ဆုံးဖြတ်ရန် အထောက်ကူပြု ပါသည်။

ပြသနာ ဖြေရှင်းနိုင်ခြင်းစွမ်းရည်။

ပြဿနာဖြေရှင်းနိုင်မှု စွမ်းရည်ရှိခြင်းသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုအတွက် အရေးကြီးတဲ့  ဆုံးဖြတ်ချက်များ ချနိုင်စေပါတယ်။ ပြသနာများကို ထိထိရောက်ရောက်  ဖြေရှင်းတဲ့ ခေါင်းဆောင်တစ်ဦးသည် စိတ်ခံစားမှုနဲ့ ကိုယ်ရေးကိုယ်တာများကို မတွေးတောပဲ ကုမ္ပဏီကို အကျိုးပြုသည့် ဆုံးဖြတ်ချက်များကို ချမှတ်ပါသည်။ ဒါ့အပြင် အနာဂတ်မှာ ထပ်ဖြစ်လာနိုင်ခြေ ရှိသော အလားတူပြဿနာများကိုလည်း ဖြစ်နိုင်ခြေကို နည်းပါးစေတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်သည်။

အတူတကွဆောင်ရွက်ခြင်း။

 ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်တချို့ချတဲ့အခါ တခြားဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းများဆီမှ သင့်အကြံဥာဏ်များကို ဝေဖန်ချက်များ သို့မဟုတ် သင့်ဆုံးဖြတ်ချက်၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သော စိတ်ကူး အကြံဉာဏ်သစ်များ သို့မဟုတ် အကြံပြုချက်များကို ရရှိနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ 

ဥပမာအားဖြင့်၊ သင်သည် မားကတ်တင်းအဖွဲ့ရဲ့ မနေဂျာ ဖြစ်သည် ဆိုပါစို့၊ လစဉ် ကုမ္ပဏီ၏ ဝင်ငွေတိုးရန်အတွက် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများ၏ အရောင်းမြှင့်တင်နည်းကို သင့် လက်အောက်ငယ်သားများနှင့် အကြံဥာဏ်များ ဆွေးနွေးချက်များကို  ဖလှယ်နိုင်သည်။ 

ဆုံးဖြတ်ချက်ချရာတွင် အခြားဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဝန်ထမ်းများ အနေနဲ့  ၎င်းတို့၏ထည့်သွင်းမှုများကို တန်ဖိုးထားပြီး ပေါင်းစပ်သည်ဟု ခံစားမိသောကြောင့် သင်နှင်ါအတူ ဆုံးဖြတ်ချက်ချခြင်း လုပ်ဆောင်ချက်များကို တက်ကြွစွာ ပါဝင်ကူညီ စဉ်းစား တွေးတော ကြံဆများ ပြုလုပ်ပေးမည် ဖြစ်ပါသည်။ လူတွေကို လူလို့ မြင်ပေးခြင်းဖြင့် လူတွေရဲ့  အတွေးအမြင် မတူညီမှု အားလုံးကို ပေါင်းစပ်ခြင်းဟာ ကောင်းမွန်တဲ့ ရလဒ်တွေကို ဖန်တီးနိုင်ပါသည်။

စိတ်ခံစားချက်များကို ဆင်ခြင်သိရှိနိုင်ခြင်းစွမ်းရည်။ ဆင်ခြင်တုံ့ပြန်နိုင်ခြင်း စွမ်းရည်။

 ဆင်ခြင်တုံ့ပြန်နိုင်ခြင်း စွမ်းရည်သည် ဆုံးဖြတ်ချက်ချခြင်းကို ထိရောက်စွာ ပြုလုပ်နိုင်သည်ဟု  ပညာရှင် တစ်ချို့က အဆိုပြုထားပါသည်။ ဆင်ခြင်တုံ့ပြန်နိုင်ခြင်း စွမ်းရည် မြင့်ခြင်းအားဖြင့် ဝန်ထမ်းများ၏ နှုတ်မမှ အဖော်ပြနိုင်ရင်တောင့် သင့်အနေနဲ့ သူတို့၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အပြုမူတွေကို အလိုလို သိမြင်နိုင်ပြီး  အန္တရာယ်ရှိသော ဆုံးဖြတ်ချက်များချခြင်းကို ရှောင်ကြဉ်နိုင်ပါသည်။

အချိန်စီမံ ခန့်ခွဲနိုင်ခြင်း။

ဝန်ဆောင်မှု ရယူသော သူများ၏ ရယူလိုတဲ့ သတ်မှတ်ရက် ပြည့်မီကြောင်း သေချာစေရန် ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အချိန်ဇယားကို သတ်မှတ်ထားရန် လိုအပ်ပါသည်။  ဆုံးဖြတ်ချက် အချိန်ပိုလိုအပ်ကြောင်း သတိပြုရပါမည်။ ဆုံးဖြတ်ချက်ချရာတွင် အချိန်စီမံခန့်ခွဲမှုသည် ဆုံးဖြတ်ချက်တစ်ခုချရန် မည်သို့စီစဉ်ရန်နှင့် မည်သည့်အချိန်ဘောင်အတွင်းတွင် ရှိရမည်ဆိုတာကို ကူညီပေးပါသည်။ တစ်လအတွင်း ဆုံးဖြတ်ချက်ချရမည်ဆိုပါက၊ ဖြစ်နိုင်ချေရှိသော လုပ်ဆောင်ချက်များ သို့မဟုတ် ဖြေရှင်းချက်များကို ဖော်ဆောင်ရန်အတွက် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်၏ အဆင့်တစ်ခုစီတိုင်းအတွက် အချိန်ခွဲဝေမှုများ ထားရှိရမည်ဖြစ်သည်။

ပဋိပက္ခ ဖြေရှင်းခြင်း စွမ်းရည်။

လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် သဘောတူညီ ကွဲပြားမှုများ တစ်ခါတစ်ရံ ကြုံရမည် ဖြစ်ပါသည်။ ခေါင်းဆောင် တစ်ယောက် အနေနဲဖြင့် ပဋိပက္ခဖြေရှင်းရေးစွမ်းရည်များသည် ဆုံးဖြတ်ချက်များချရာတွင်  ဝန်ထမ်းများနှင့် သင့်တော်တဲ့ လုပ်ဆောင်ချက်တွေကို ဦးစားပေး တွေးတောပြီး အကျိုးကြောင်း ဆီလျော်စွာ ဆင်ခြင်နိုင်စေပါသည်။ သို့မှသာ ကုမ္ပဏီ၏ ရည်မှန်းချက်များကို အကောင်ထည် ဖော်နိုင်မည် ဖြစ်ပါသည်။

Organization အဖွဲ့အစည်း။

ဆုံးဖြတ်ချက်ချတဲ့အခါ အဖွဲ့အစည်း၏ တည်ဆောက်ပုံသည် အလွန်အရေးပါသည်။ ကုမ္ပဏီ၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် ဖောက်သည်များထံမှ အကြုံပြုချက်များ ရယူမယ်ဆိုပါက မိမိ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုများနဲ့ ကိုက်ညီသော  ဖောက်သည်များကို ပစ်မှတ်ထားရပါမည်။ ဒီ သတ်မှတ်ထားသော ဖောက်သည်များအတွက် လိုအပ်သောအချက်အလက်အားလုံးကို စုဆောင်းပြီး စေ◌ျးကွက်ရှာဖွေရေးကမ်ပိန်းများဖြင့် ဖောက်သည်များ၏ လိုအပ်ချက်များကို လုပ်ဆောင်ရပါမည်။

ဆုံးဖြတ်ချက်ချခြင်း စွမ်းရည်ကို ကောင်းအောင် ဘယ်လို လုပ်မလဲ။

ဆုံးဖြတ်ချက်များချရာတွင် ကျွမ်းကျင်မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်နှင့်အမျှ အဆိုပါ ကျွမ်းကျင်မှုများကို လေ့ကျင့်ရန် စွန့်စားမှုများသော အလုပ်ပတ်၀န်းကျင် ဖြစ်နေဖို့က အဓီက မဟုတ်ပါ။ သင့်ရဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်း စွမ်းရည်ကို သင့်အနေနဲ့ သင့်ရဲ့ ညစာအတွက် ပြင်ဆင်ချိန်မှာလည်း ပြင်ဆင်လို့ရပါသည်။ ဥပမာ _ ဒီည ဘာစားမလဲ ဆိုတာကို ဆုံးဖြတ်ချက်ရာတွင် သင့်အနေနဲ့ အချက်အလက်များကို ထည့်သွင်းစဉ်းစားခြင်း၊ တစ်ဖက်လူရဲ့ အကြံပြုချက်တွေကို တောင်းခံခြင်း၊  သင့်ဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို လက်တွေ့ လုပ်ဆောင်ခြင်းက သင်သည် ဆုံးဖြတ်ချက်ချနိုင်ခြင်းကို လက်တွေ့အသုံးနေတာပဲ ဖြစ်ပါသည်။

ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်မှာ ရှိတဲ့ အဆင့်များ။

Step DetailExample
1.အခြေအနေကို အသိအမှတ်ပြုပြီး သတ်မှတ်ပါ။ဆုံးဖြတ်ချက်ချခြင်းက တစ်စုံတစ်ခုမှ သို့မဟုတ်တစ်စုံတစ်ရာမှ စတင်ပြီး ဖြစ်ပေါ်လာတဲ့ တွန်းအားပေးလာတဲ့  အရာတွေကို ဆုံးဖြတ်ချက်ချပြီး လုပ်ငန်းစဉ် ပြီးမြောက်ဖို့ စတင်လာခြင်းဖြစ်ပါသည်။ ဒီ တွန်းအားပေးမှုတွေသည် ကောင်းတဲ့ဘက်မှ ရှိနိုင်သလို ဆိုးတဲ့ဘက်မှာလည်း ရှိနိုင်ပါသည်။စက်ရုံမန်နေဂျာက ဝန်ထမ်းတွေရဲ့ လည်ပတ်မှုဟာ ၅ ရာခိုင်နှုန်း တိုးလာတယ်လို့ မြင်တယ်။
2.အခြားရွေးချယ်စရာများ ဖော်ဆောင်ခြင်း။ သိသာထင်ရှားမှု နှင့် ဖန်တီးမှုဆိုင်ရာ အခြား ရွေးချယ်စရာ နှစ်ခုလုံးကို လိုချင်သည်။ ယေဘုယျအားဖြင့်၊ ဆုံးဖြတ်ချက်ပိုသိသာလေ၊အခြားရွေးချယ်စရာများကို ပိုပြီး စစ်ထုတ်နိုင် ခြင်း ပဲဖြစ်ပါသည်။စက်ရုံမန်နေဂျာသည် လုပ်ခတိုးမြှင့်ပေးခြင်း၊ အကျိုးခံစားခွင့်များ တိုးမြှင့်ခြင်း သို့မဟုတ် ငှားရမ်းမှုစံနှုန်းများကို ပြောင်းလဲနိုင်သည်။
3.အခြားရွေးချယ်စရာများကို အကဲဖြတ် တိုင်းတာခြင်း။ရွေးချယ်မှုတစ်ခုစီသည် ၎င်း၏ဖြစ်နိုင်ခြေ၊၎င်း၏ကျေနပ်နိုင်မှုနှင့် ၎င်း၏အကျိုးဆက်များကို ဆုံးဖြတ်ရန် အကဲဖြတ်သည်။အကျိုးခံစားခွင့်များ တိုးလာခြင်းသည် မဖြစ်နိုင်ပါ။ လစာတိုးမြှင့်ခြင်းနှင့် အလုပ်ခန့်ထားမှုစံနှုန်းများ ပြောင်းလဲခြင်းသည် အခြေအနေအားလုံးကို ကျေနပ်စေနိုင်သည်။
4.အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခြင်း။အခြေနေအရ သင့်တော်တဲ့ ချက်များအားလုံးကို ထည့်သွင်းစဉ်းစားပြီး ကိုက်ညီမှုရှိဆုံး ရွေးချယ်စရာကို ရွေးချယ်ပါ။အလုပ်ခန့်ထားမှု စံချိန်စံညွှန်းများ ပြောင်းလဲခြင်းသည် လုပ်ငန်းလည်ပတ်မှု ဖြတ်တောက်ရန် သက်တမ်းတိုးရမည်ဖြစ်ပြီး၊ ထို့ကြောင့် လုပ်ခလစာ ကို တိုးမြှင့်ပါ။
5. ရွေးချယ်ထားသော အရာများကို အကောင်အထည်ဖော်ပါ။ရွေးချယ်ထားသောအစားထိုးရွေးချယ်မှုကို အဖွဲ့အစည်းစနစ် တွင် အကောင်အထည် ဖော်သည်။စက်ရုံမန်နေဂျာသည် ကော်ပိုရိတ်ရုံးချုပ်ထံမှ ခွင့်ပြုချက် လိုအပ်နိုင်သည်။ ဝန်ထမ်းဌာနသည် လစာဖွဲ့စည်းပုံအသစ်ကို ရေးဆွဲသည်။
6. နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အရာမျာကို အကဲဖြတ် တိုင်းတာခြင်း။အဆင့် ၄ တွင် ရွေးချယ်ထားသော အစားထိုးရွေးချယ်မှုနှင့် အဆင့် ၅ တွင် အကောင်အထည်ဖော်ခဲ့သည့် အတိုင်းအတာကို ဆန်းစစ်သင့်သည်။ခြောက်လအကြာတွင် ကုန်သွယ်မှုပမာဏသည် ယခင်အဆင့်သို့ ကျဆင်းသွားကြောင်း စက်ရုံမန်နေဂျာက မှတ်ချက်ပြုသည်။

Steps to Improve Decision Making Skills

  • Review Strong Decision-Making Skills
  • Take Your Time အချိန်ယူခြင်း။
  • Start with the Desired Outcome လိုချင်သောရလဒ်ဖြင့်စတင်ခြင်း။
  • Weigh the Pros and Cons  အားသာချက်များနှင့် အားနည်းချက်များကို ချိန်ဆခြင်း။
  • Get a Second (or Third) Opinion If You Need It ထင်မြင်ချက်များကို ရွေးချယ် တိုင်းတာနိုင်ခြင်း။
  • Use Past Experience as a Guideline  ပြီးခဲ့တဲ့ အတွေ့အကြုံများကို လမ်းညွန်ချက်များ အနေနဲ့ အသုံးချခြင်း။
  • Measure the Results  ရလဒ်များကို တိုင်းတာခြင်း။
  • Learn from Your Mistakes  အမှားများကို သင်ယူနိုင်ခြင်း။

Types of Decision Making ဆုံးဖြတ်ချက်ချခြင်း အမျိုးအစားများ

ဆုံးဖြတ်ချက်များချမှတ်နိုင်တဲ့ နည်းလမ်းများသည် အမျိုးအစားများစွာရှိတာကြောင့်  လူတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချနိုင်မလဲဆိုတာ အောက်ပါအတိုင်း ကျယ်ကျယ်ပြန့်ပြန့် အမျိုးအစားခွဲထားပါတယ် –

1. Analytical ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည် – အချက်အလက်စုဆောင်းခြင်း၊ ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနှင့် တွက်ချက်ဆုံးဖြတ်ခြင်းအပေါ် အခြေခံခြင်း။

2. Directive ညွန်ကြားချက်များ – အများအားဖြင့် လုပ်ငန်းစဉ်များနှင့် စည်းမျဉ်းများစွာအပေါ် အခြေခံပြီး အဆုံးပန်းတိုင်ကို အာရုံစိုက်ခြင်း။

3. Conceptual ယူဆချက်များ ရှု့မြင်ခြင်း – အခြားသူတွေရဲ့  ဆုံးဖြတ်ချက်အပေါ် ဘယ်လို အကျိုးသက်ရောက်သွားနိုင်မလဲဆိုတာကို ရှု့ထောင် မျိုးစုံဖြင့် ထည့်သွင်းစဉ်းစားခြင်။

4. Behavioral အပြုမူဆိုင်ရာ – လူတစ်ဦးရဲ့ အမူအကျင့်တွေ၊ စိတ်နေသဘောထားတွေနဲ့ သူ့ရဲ့သဘာဝအပေါ်မူတည်ပြီးတော့ ဖြစ်လာတဲ့ အပြုအမူဆိုင်ရာကို ထည့်သွင်း စဉ်းစားခြင်း။

အထက်ပါ ဖော်ပြပါ အချက်အားလုံးသည် ရိုးရှင်းလွယ်ကူစွာ ဆုံးဖြတ်ချက်ချတဲ့ အမျိုးအစားဖြစ်ပြီး  လူအများ အနေနဲ့ မိမိတို့ရဲ့ ရှိရင်းစွဲ ပင်ကိုယ်စရိုက်များကို အခြေပြုပြီး လူ့ကျင့်ဝတ်ကို ပဓာန ထားဖို့ လိုအပ်ပါသည်။ သို့မှသာ  လုပ်ငန်းအတွက် အကောင်းဆုံး ရလဒ်များကို ရရှိနိုင်ရန်အတွက် သင့်တော်သော အရင်းအမြစ်များ၊  အထောက်အထား အချက်အလက်များဖြင့် တိကျမှန်ကန်မှု ရှိတဲ့  ဆုံးဖြတ်ချက်ချနိုင်ခြင်းကို လုပ်ဆောင်နိုင်ပါသည်။ 

ကိုးကားချက်များ