လိုက်လျောညီထွေစွာ နေထိုင်တတ်ခြင်းစွမ်းရည် 🙆‍♀️

သင့်ကို လုပ်ငန်းဆိုင်ပိုင်းရာ ကျွမ်းကျင်သူတစ်ဦးအဖြစ် ရှိလာစေနိုင်တဲ့ အဓိကအချက်ကတော့ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်အပေါ် လိုက်လျောညီထွေမှုရှိရှိနဲ့ အလုပ်လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ လိုက်လျောညီထွေမှုရှိအောင် နေထိုင်နိုင်ခြင်းက ပွင့်လင်းပြီး သင်ယူမှုအသစ်များ နဲ့ စိန်ခေါ်မှုအသစ်တွေကို လက်ခံလာနိုင်စေပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ လူအများနဲ့အတူ လိုက်လျောညီ​ထွေဖြစ်အောင်  စနစ်တကျ ကြိုးစားလုပ်ဆောင်ခြင်းက  လူအချင်းချင်းကြား ပြောဆိုဆက်သွယ်ရေး နဲ့ လူမှုရေးရာ ကျွမ်းကျင်မှုတွေ ရှိလာနိုင်သလို soft skills မှာလည်း တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ 

ဒီသင်ခန်းစာမှာတော့ လိုက်လျောညီထွေမှုဆိုတာ ဘာလဲ၊ လိုက်လျောညီထွေမှု ရှိလာအောင် မြှင့်တင်တဲ့ နည်းလမ်းတွေနဲ့ စွမ်းရည်တွေကို လေ့လာသွားရမှာ ဖြစ်ပါတယ်။

လိုက်လျောညီထွေမှုဆိုတာ ဘာလဲ။

လိုက်လျောညီထွေမှုဆိုတာ အများနည်းတူ အတူတကွ နေထိုင်နိုင်ခြင်း၊ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေ၊ အချက်အလက်တွေနဲ့အတူ လိုက်လျောညီထွေစွာနဲ့ နေထိုင်ခြင်းကို ဆိုလိုပါတယ်။ လုပ်ငန်းတိုင်းရဲ့ တန်ဖိုးအထားဆုံး စွမ်းရည်တွေထဲမှာ လိုက်လျောညီထွေမှုရှိရှိ ပြုမှုနေထိုင်နိုင်ခြင်းက စွမ်းရည်တစ်ခုအနေနဲ့လည်း ပါဝင်ပါတယ်။

လိုက်လျောညီထွေ‌ရှိမှု စွမ်းရည်တွေက ဘာတွေလဲ။

လိုက်လျောညီထွေမှုစွမ်းရည်က ပတ်ဝန်းကျင်မှာ ပြောင်းလဲနေတဲ့ အရာတွေနဲ့ အတူယှဥ်တွဲပြီး နေထိုင်နိုင်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေမှုရှိအောင် နေထိုင်ခြင်းက ပြောင်းလဲတဲ့ အတွေးအမြင်တွေ၊ တာဝန်တွေ၊ မျှော်မှန်းချက်တွေ၊ ခေတ်ရေစီးကြောင်းတွေ၊ နည်းဗျူဟာတွေ နဲ့ အခြားလုပ်ငန်းစဥ်တွေအပေါ် လျင်လျင်မြန်မြန် ပြုမှုဆောင်ရွက်နိုင်ပါတယ်။ လိုက်လျောညီထွေအောင် ပြုမှုနေထိုင်မယ်ဆိုရင် ပြဿနာတွေကို လွယ်လင့်တကူ ဖြေရှင်းလာနိုင်ခြင်း၊ ဆန်းသစ်တီထွင်နိုင်တဲ့ အတွေးအမြင်တွေ ရှိလာခြင်း၊ ပြောဆိုဆက်သွယ်ရေးအပြင် လူမှုရေးရာ ကဏ္ဍတွေမှာလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း ပရောဂျက်တွေ ပြုလုပ်ခြင်း၊ နည်းဗျူဟာတွေနဲ့အတူ မတူညီတဲ့ ချဥ်းကပ်ဆောင်ရွက်မှုတွေ ပြုလုပ်၊ အကောင်အထည်ဖော်ခြင်းများ ရှိတဲ့အခါ လိုက်လျောညီထွေမှုရှိတဲ့ စွမ်းဆောင်ရည်က အရေးကြီးတဲ့ နေရာကနေ ပါဝင်ပါတယ်။  

လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေမှုရဲ့ အရည်အချင်းများ

အခုပြောပြသွားမှာကတော့ လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေမှုရှိလာနိုင်အောင် ကူညီပေးမယ့် အချက်အလက်တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။  

  • လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေရဲ့ လုပ်ထုံးလုပ်နည်းများ၊ ပြောင်းလဲတဲ့ လုပ်ငန်းစဉ်များအပေါ် အကောင်းဆုံး ပြီးမြောက်ဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မန်နေဂျာတွေကို လုပ်ငန်းသဘောတရားတွေ မေးမြန်းပြီး ရှင်းပြပေးဖို့ အကူအညီတောင်းခံပါ။
  • သင်အနေနဲ့ လုပ်ငန်းသစ်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးများကို ‌‌တောင်းဆိုနိုင်သလို လုပ်ငန်းအပေါ် လိုအပ်တဲ့ ဖန်တီးမှုအသစ်များ ပြုလုပ်နိုင်ဖို့ လုပ်ဆောင်ပေးနိုင်တဲ့ အရာတွေနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ပါ။
  • သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အတွေးအမြင်တွေကို မျှဝေတာ၊ဖလှယ်ရတာ ကြိုက်တယ်ဆိုရင် အသင်းအဖွဲ့လုပ်ငန်းစဥ်တွေ၊ အစည်းအဝေးတွေမှာ ကူညီဆောင်ရွက်ပေးနိုင်ဖို့နဲ့ ပူပေါင်းဆောင်ရွက်ဖို့အတွက် ပန်းတိုင်တစ်ခု ချမှတ်ပါ။
  • အလုပ်အတွင်းမှာ အကူးအပြောင်းတွေရှိလာတဲ့အခါ လုပ်ငန်းစဥ်တွေ၊ လုပ်ငန်းအတွင်း လိုအပ်တဲ့ စာရွက်စာတမ်းအချက်အလက်တွေ၊ ပရောဂျက်တွေအပြင် လုပ်ငန်းပိုင်းဆိုင်ရာ အခြားအကြောင်းအရာများနဲ့ ပတ်သက်တဲ့အရာများကို စနစ်တကျ စီစဥ်နိုင်အောင် ကြိုးစားပါ။ 
  • ယဥ်ကျေးမှုအရ လိုက်ရောညီထွေစွာနေနိုင်ခြင်းက လုပ်ငန်းခွင်အတွင်း စိန်ခေါ်မှုတွေနဲ့ ရလဒ်ကောင်းတွေကို ရှာဖွေဖို့အတွက် တွန်းအားပေးပါတယ်။ နိုင်ငံတကာ ဆက်သွယ်ရေးတွေမှာသာမက အဖွဲ့အသီးသီးအတွင်းမှာလည်း မတူကွဲပြားတဲ့ ယဥ်ကျေးမှုအပေါ် လိုက်လျောညီထွေမှုရှိတဲ့ ပြောဆိုဆက်သွယ်နည်းကို လေ့လာကျင့်သုံးခြင်းကနေ အဖွဲ့တိုင်းတွက် အကျိုးရလဒ်ကောင်းတွေ ရရှိလာအောင် ပြုလုပ်ပါ။
  • မန်နေဂျာအသစ် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်အသစ်တွေ ဝင်ရောက်လာတဲ့အခါ မတူညီတဲ့ အမြင်တွေနဲ့ပေါင်းစပ်ပြီး လုပ်ငန်းစဥ်များအပေါ် အကောင်းမွန်ဆုံး ပြီးမြောက်နိုင်တယ်ဆိုတာက လိုက်လျောညီထွေမှုရှိအောင် လေ့ကျင့်ထားခြင်းဖြစ်ပြီး ပြောင်းလဲမှုတွေအတွက် လျင်လျင်မြန်မြန် တုန့်ပြန်နိုင်အောင် ကိုင်တွယ်ခြင်းဖြစ်ပါတယ်။ ဒီလို အချိန်တိုအတွင်း လျင်မြန်စွာ ပြီးမြောက်နိုင်ဖို့ဆိုရင် ပွင့်ပွင့်လင်းလင်းရှိဖို့နဲ့ အတွေးအမြင် ရှုထောင့်တွေကို မျှဝေနိုင်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ 

လိုက်လျောညီထွေမှုရှိအောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းများ

လိုက်လျောညီထွေမှုစွမ်းရည်ကို တခြားစွမ်းရည်းတွေလိုမျိုး မြှင့်တင်နိုင်ပါတယ်။ လိုက်လျောညီထွေအောင် နေနိုင်ခြင်းက အောင်မြင်မှုတွေထဲမှတစ်ခုဖြစ်ပြီး သင့်ရဲ့ အလုပ်ရာထူး ဒါမှမဟုတ် ကျွမ်းကျင်တဲ့ နယ်ပယ်အတွက် ကိုယ်ရေးအကျဥ်းရေးတဲ့အခါ အကောင်းဆုံးတိုးတက်မှုတွေကို ဖော်ပြလို့ ရပါတယ်။ soft skills နဲ့ ပတ်သက်ပြီး လေ့လာသင်ယူဖို့ နဲ့ လုပ်ကိုင်ဖို့အတွက် အချိန်ရှိတယ်ဆိုရင်တော့ အဲ့တာတွေနဲ့အတူ နေသားကြအောင် ပြုလုပ်ပါ။

လိုက်လျောညီထွေမှု စွမ်းရည်ကို အဆင်မြှင့်တင်ဖို့ အခုပြောပြသွားမယ် အချက်တွေကို မှတ်သားထားပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

၁. မေးခွန်းများများ မေးပါ။
မျှော်မှန်းထားတဲ့ လုပ်ငန်းစဥ်တွေကို ‌သေသေချာချာ လုပ်ဆောင်ဖို့ ပါဝင်ရမယ့် အခန်းကဏ္ဍများကို ရှင်းရှင်းလင်းလင်းသိမထားရင် ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လိုအပ်တဲ့အခါ မေးခွန်းများမေးဖို့လိုသလို၊ မေးခွန်းမေးခြင်းက လုပ်ကိုင်ရမယ့် လုပ်ငန်းအပေါ် အတွေးအမြင် ကြံဆချက်တွေရရှိ​စေပြီး အကောင်းဆုံး လုပ်ဆောင်နိုင်တာကြောင့် သင့်အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းများ ရရှိလာနိုင်ပါတယ်။

၂. ကျရှုံးမှုများကို လက်ခံပြီး ဆန်းစစ်ပါ။
သင့်ခေါင်းထဲမှာ ပုံဖော်ထားတဲ့ အကြံဉာဏ်နဲ့ အစီအစဉ်တွေက မျှော်မှန်းထားတဲ့အတိုင်းအတိအကျ ထွက်လာမှာ​တော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကျရှုံးမှုတွေအပေါ်ကို အဆိုးမြင်ဖို့လည်း မလိုပါဘူး။ ကျရှုံးမှုတွေက သင်ယူဖို့အတွက် ရှိနေတာဖြစ်ပြီး၊ အမှားတွေထဲကနေ တိုးတက်တွေရှိလာအောင် လုပ်ဆောင်ဖို့ နဲ့ အမှားကတစ်ဆင့် အနာဂတ်အတွက် အောင်မြင်စေဖို့ အခွင့်အရေးတွေကို ပေးပါတယ်။ အောင်မြင်သွားတဲ့အခါမှာလည်း ဘာကြောင့် အောင်မြင်မှုရရှိသွားတာလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်ခြင်းက နောက်တကြိမ် တိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။

၃. ပုံမှန်နဲ့ မတူတဲ့ အရာတွေကို လုပ်ပါ။
လုပ်ငန်းတစ်ခုကို အချိန်အကြာကြီး လုပ်နေမယ်ဆိုရင် နည်းလမ်းတစ်ခုတည်းနဲ့ အနေသားကျနေနိုင်ပါတယ်။ အမြဲလုပ်နေကျ နည်းလမ်းအတိုင်း လုပ်ကိုင်ဖို့ အဆင်ပြေနေရင်တောင်မှ တခြားမတူညီတဲ့ နည်းလမ်းတွေကို စဥ်းစားဖို့ လိုအပ်ပါတယ်။ အလုပ်သေးသေးလေးတွေ ပုံစံပြောင်းပြီး လုပ်ကိုင်ခြင်းက အတွေးခေါ် ကောင်းလာဖို့  လှုံဆော်ပေးနိုင်သလို ကုန်ထုတ်လုပ်မှု စွမ်းအားလည်း မမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သင်နဲ့ ရင်းနှီးတဲ့ အစီအစဥ်များကို ပြောင်းလဲနေချိန်မှာ မမျှော်လင့်ထားတဲ့ အရာများ ဖြစ်လာတဲ့အခါ သင်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်များ လစ်ဟာမှုမရှိအောင် မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

၄. စွန်းစားကြည့်ပါ။ 
လိုက်လျောညီထွေရှိခြင်းနဲ့ အောင်မြင်မှုများက တီထွင်ဆန်းသစ်တဲ့ အတွေးအမြင်များကြောင့် ဖြစ်ပါတယ်။ အခက်အခဲ မရှိတဲ့ ဘက်(safe side)မှာပဲ အမြဲရပ်တည် လုပ်ဆောင်ခြင်းက လိုက်လျောညီထွေမှုကို ကန့်သတ်ထားသလိုပါပဲ။ သတိမပြုမိဘဲ လုပ်ဆောင်လိုက်တဲ့ စွန့်စားမှုတွေက သင့်အတွက် အန္တရာယ်ရှိလာနိုင်ရင်တောင် အခြားဖြစ်စေနိုင်တဲ့ အန္တရာယ်နဲ့ စိန်ခေါ်မှုများက သင်နဲ့ သင့်အဖွဲ့အစည်းအတွက် ဘာ ကောင်းကျိုးတွေ ရရှိလာနိုင်မလဲ ဆိုတာကို အကဲဖြတ်ကြည့်ပါ။ သင့်ရဲ့ သက်‌တောင့်သက်သာရှိတဲ့ အဝန်းဝိုင်းထဲကနေ အပြင်ကို ထွက်လိုက်ခြင်းအားဖြင့် ဆန်သစ်တီထွင်မှုတွေဖြစ်အောင် လုပ်နိုင်လာဖို့အတွက် နေရာအလွတ်တွေ ရှိနေမှာ ဖြစ်ပါတယ်။

၅. ပြောင်းလဲမှုနဲ့အတူ ယှဥ်တွဲနေပါ။ 
ပြောင်းလဲခြင်းကို သင်ယူဖို့အတွက် သဘောထားများကို သိထားဖို့ လိုပါတယ်။ အဲ့ဒီအရာတွေက ခက်ခဲပြီး ကြောက်စရာလည်းကောင်းနေတတ်ပါတယ်။ ပြောင်းလဲခြင်းကို လိုက်ရောညီထွေမှု ရှိလာတဲ့အခါ ဒါမှမဟုတ် နောက်ဆုံးပြောင်းလဲလိုက်တဲ့ ပြောင်းလဲခြင်းအပေါ် တသားမှတ်တည်း တည်မြဲမယ်လို့ မှတ်ယူလိုက်ပြီးမှ ထင်မှတ်မထားတဲ့ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ လိုက်လျောညီထွေဖြစ်မှု စွမ်းရည်ကို တိုးတက်စေပါတယ်။ 

၆. သင်ယူလိုစိတ် ရှိပါ။
လူတိုင်းက အရာအားလုံးအပေါ် သိကျွမ်းမှု မရှိပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးက နေ့စဥ်ပြောင်းလဲနေတာကြောင့် ပြောင်းလဲလာတဲ့ အသစ်သစ်တွေကို လေ့လာနိုင်ဖို့အတွက်ဆိုရင် သင်ယူမှုအတွက် ပွင့်ပွင့်လင်းလင်း အမြဲရှိနေဖို့ လိုပါတယ်။ ဒီလိုအရာတွေအတွက် သင့်ရဲ့ ဗဟုသုတနဲ့ သိမြင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ဖို့ အားလပ်ချိန်​တွေမှာ  သင်ယူလေ့လာနိုင်ပြီး စူးစမ်းရှာဖွေခြင်းကို ပြုလုပ်နိုင်ပါတယ်။ စူးစမ်း သိမြင်လိုစိတ်က တိုးတက်မှုကို မြှင့်တင်ပေးပါတယ်။ လေ့လာလိုစိတ် ပိုမိုပြင်းထန်လာခြင်းက သင့်ကို ထူးချွန်စေပြီး လိုက်လျောညီထွေမှု ရှိတဲ့ ဝန်ထမ်းကောင်းအဖြစ် ရှိလာစေမှာပဲ ဖြစ်ပါတယ်။

၇. နားထောင်ခြင်း စွမ်းရည်ကို မြှင့်တင်ပါ။
လိုက်လျောညီထွေမှုရှိအောင် မြှင့်တင်ဖို့ တခြားအစွမ်းရည်တွေ ရှိပါသေးတယ်။ ဒါပေမယ့် နားထောင်ခြင်း စွမ်းရည်က လိုက်လျောညီထွေမှုရှိအောင် အကောင်းဆုံး မြှင့်တင်ပေးနိုင်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ စိတ်ပါဝင်စားစွာ တက်တက်ကြွကြွနားထောင်ခြင်းက စကားနဲ့ပြောတဲ့ အကြောင်းအရာအပြင် စကားလုံးတွေနဲ့ မဖော်ပြတဲ့ အခြားအကြောင်းအရာများကိုပါ သိမြင် ခံစား နားလည်စေနိုင်ပါတယ်။ နားထောင်မှု စွမ်းရည်ကို စနစ်တကျ လေ့ကျင့်ခြင်းက ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပြဿနာတွေ၊ လုပ်ငန်းတာဝန်တွေကို အလုံးစုံသိမြင် နားလည်လာနိုင်ပြီး လိုက်လျောညီထွေဖြစ်မှုများ ရှိလာစေပါတယ်။  

၈. အပြုသဘောဆောင်ပါ။
ခက်ခဲတဲ့ အခြေအနေတွေကို အသိမှတ်ပြု နားလည်လက်ခံပြီး အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားရှိခြင်းက လိုက်လျောညီထွေမှု စွမ်းရည်ကို ထိန်းသိမ်းပြီး မြှင့်တင်ပေးနိုင်ပါတယ်။ မျက်နာသုတ်ပဝါ တစ်ခုတည်းနဲ့ ပင်လယ်ရေလောက်များပြားတဲ့ ရေများကို ရှင်လင်း သုတ်သင်ပြီး ခမ်းခြောက်သွားအောင် လုပ်လို့ မရနိုင်သလို၊ ရပ်တန့်မသွားတဲ့ ပြဿနာတွေကိုလည်း တစ်ဦးတယောက်တည်းနဲ့ ပြဿနာအားလုံးကို ပြီးဆုံးသွားအောင် ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့် ပြဿနာတွေကို အစီအစဥ်တကျ ဖြေရှင်းနိုင်ဖို့ နဲ့ လိုက်လျောညီထွေမှုဖြစ်လာနိုင်ဖို့အတွက်ဆိုရင် အပြုသဘောဆောင်တဲ့  အမြင်နဲ့ ပြဿနာအားလုံးကို အပြုသဘောဆောင်တဲ့စိတ်နဲ့ ထိုးဖောက်ကြည့်နိုင်ဖို့ လိုပါတယ်။

လုပ်ငန်းခွင်မှာ လိုက်ရောညီထွေမှုကို ဘယ်လို ပြသမလဲ။

လုပ်ငန်းအပေါ် အပြုသဘောဆောင်ပြီး လုပ်နိုင်တယ်ဆိုတာက မျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ပြီး လိုက်လျောညီထွေမှုရှိအောင် နေတာဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့ အရာတွေကို အာရုံစိုက်နေတာမျိုး မလုပ်ဘဲ ကိုယ်လုပ်ရမယ့်အလုပ်ကိုသာ ပြီးမြောက်အောင် လုပ်ကိုင်ခြင်းကလည်း လိုက်လျောညီထွေမှုရှိခြင်းကို ပြသတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

လိုက်လျောညီထွေမှု စွမ်းရည်က ဘာကြောင့် အရေးကြီးတာလဲ။

လိုက်လျောညီထွေမှု စွမ်းရည်က အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘာကြော့င်လဲဆိုရင် အဲ့ဒီအရာကနေ ယုံကြည်စိတ်ချမှု ရနိုင်ပြီး သင်နဲ့အတူ အလုပ်လုပ်ရတာက လုပ်ရကိုင်ရတာအဆင်ပြေတဲ့သူအဖြစ် ရှိလာစေပါတယ်။ လိုက်လျောညီထွေမှု ရှိလာတာကြောင့် အလုပ်လုပ်တဲ့အခါ သင့်ရဲ့ အလုပ်ရှင်က လုပ်ငန်းတာဝန်တွေအပေါ် ယုံကြည်မှု ပေးလာနိုင်ပါတယ်။ အဲ့ဒီ အကြောင်းအရင်းက ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး ကျွမ်းကျင်တတ်မြောက်မှုတွေကို အမှားအယွင်းမရှိ လုပ်ဆောင်နိုင်တာကြောင့် လုပ်ငန်းများအပေါ် လိုက်လျောညီထွေမှုရှိကြောင်းကို သင့်က ပြသခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် လိုက်‌လျောညီထွေမှု ရှိခြင်းက အလုပ်လုပ်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးအဖြစ် ရှိလာစေပါတယ်။

ဘာကြောင့် အလုပ်ရှင်တိုင်းအတွက် လိုက်လျောညီထွေမှု စွမ်းရည်က အဓိက ဖြစ်ရသလဲ။

လိုက်လျောညီထွေမှုက အဓိက အရေးပါတဲ့ အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုက်လျောညီထွေမှု များများရှိလာလေလေ ပိုမိုကောင်းမွန်တဲ့ ဝန်ထမ်းကောင်းတစ်ဦး ဖြစ်လာနိုင်တာကြောင့် ဖြစ်ပါတယ်။ လိုက်လျောညီထွေမှုရှိခြင်းက ခေါင်းဆောင်မှု ပြုနိုင်တဲ့နေရာများအတွက် အကိုက်ညီဆုံး အရာဖြစ်ပါတယ်။ အလုပ်ရှင်ကို လိုက်လျောညီထွေမှုရှိတဲ့ အရည်အချင်း နဲ့ စွမ်းရည်တွေ များများပြသခြင်းက စိတ်ချယုံကြည်ရတဲ့ ဝန်ထမ်းကောင်း တစ်ဦးဖြစ်လာနိုင်သလို မျှော်လင့်မထားတဲ့ အခြေအနေများမှာလည်း ပြဿနာများနဲ့ အခွင့်အရေးများအပေါ် ကောင်းကောင်း တုန့်ပြန်နိုင်ပါတယ်။