တာဝန်သိဒစ်ဂျစ်တယ်နိုင်ငံသား🧑‍💼

တာဝန်သိ ဒစ်ဂျစ်တယ် နိုင်ငံသားတစ်ယောက် ဖြစ်ခြင်းဆိုတာ ဘာလဲ။

နိုင်ငံသားကောင်း တစ်ယောက် ဖြစ်ဖို့ အရေးကြီး သလိုပဲ ဒီဂျစ်တယ် နိုင်ငံသားကောင်းတစ်ဦး ဖြစ်ဖို့ဟာလဲ ထပ်တူ အရေးကြီးပါတယ်။ နည်းပညာ တိုးတက်တာလာ ခြင်းနှင့်အတူ အင်တာနက်ကို မှီခိုအားထားမှုတွေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ နေ့စဉ် လူမှုဘဝ အဖြာဖြာတို့ကို အွန်လိုင်းပေါ်မှာ လုပ်ဆောင် လာကြပါတယ်။ ထိုသို့ လုပ်ဆောင်မှုတွေ အပေါ်တွင် တစ်ဦးနှင့် တစ်ခု လေးစားမှုရှိပြီး မိမိရဲ့ လုပ်ဆောင်ချက် တစ်ခုစီတိုင်းကို စဉ်းစား တွေးခေါ်နိင်လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီဂျစ်တယ် နိုင်ငံသားကောင်း တစ်ဦးမှာ ရှိတဲ့ အရည်းအသွေးတွေကို အောက်ဖော်ပြပါ အချက်တွေနဲ့ မိမိ ကိုယ်ကိုကိုယ် သုံးသပ်ပြီး အတည်ပြုနိုင်ပါတယ်။

လေးစားမှုရှိခြင်း။

သူ/သူမကို ဆက်ဆံလိုတဲ့ ပုံစံနဲ့ အခြားသူတွေကို ဆက်ဆံတယ်။ မူပိုင်ခွင့်နှင့် ဉာဏပိုင်ဆိုင်မှုပစ္စည်းကို မခိုးယူဘူး။

ဝေဖန်တွေးခေါ်တတ်သူ

ကြိုက်(like)၊ မှတ်ချက်(comment)၊ စာပြန်(reply)၊ လင့်ခ်တစ်ခုကို မနှိပ်ခင် (သို့) ဘယ်အချက်အလက်ကိုမဆို အွန်လိုင်းမှာ မမျှဝေ(share)ခင် လေးလေးနက်နက် စဉ်းစားပြီး အချက်အလက်ကို စစ်ဆေးတယ်။

မိမိကိုယ်တိုင် သတိရှိသူ

သတင်းအချက်အလက်ကို အွန်လိုင်းပေါ်မှာ အသုံးပြုတဲ့အခါ  မိမိရဲ့ ဘက်လိုက်မှုကို သိပြီး မေးခွန်းထုတ်ဖို့ ကြိုးစားပါ။ ကနဦးတုံ့ပြန်မှု(rapid response)ကို စစ်ဆေးပါ။

မှန်တဲ့အရာအတွက် ရပ်တည်ပေးသူ

ဆိုက်ဘာအနိုင်ကျင့်မှုနဲ့ မဟုတ်မမှန် သတင်းတွေကို မြင်တဲ့အခါမှာ အတူတူ ရပ်တည်ပြီး ဖြေရှာပေးတယ်။

နည်းပညာကို အကျိုးရှိရှိသုံးသူ

နည်းပညာနဲ့ ဆိုရှယ်မီဒီယာကို အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေအတွက် အသုံးချပြီး မကောင်းတာမှန်သမျှကို မပြုလုပ်ဘူး။

လုံခြုံမှုရှိသူ

သူတို့ကိုယ် တိုင်ရော  အခြားသူတွေ အတွက်ပါ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ် ပေးပါတယ်။

အချက်အလက် စစ်ဆေးခြင်း။

သတင်းခေါင်းစီးများ၏ နောက်ကွယ်

သတင်းခေါင်းစီးများ၏ နောက်ကွယ် အင်ဖိုဂရုပ်ဖစ်ကို ဖတ်ရှူသူများသည် အချက်အလက် စစ်ဆေးပြီး ၎င်းတို့၏ တွေ့ရှိချက်များကို နှိူင်းယှဥ်နိုင်သည့် အွန်လိုင်းသတင်း အတည်ပြုဂိမ်းအဖြစ် ဖန်တီးထားသည်။

စာသင်ခန်းအတွင်း၌ အသုံးပြုရန် ညွန်ကြားချက်

၁။ သုံးယောက် သို့မဟုတ် လေးယောက် အုပ်စုဖွဲ့ပါ။

၂။ စစ်ဆေးရန် သတင်းစာစောင်ကို ပါဝင်သူများထံ ဝေပါ။

၃။ ပါဝင်သူများက သတင်းကို အမှတ် ၂၀ စီ ပေး၍ ပုံပါ သက်ဆိုင်ရာ အမျိုးအစားအလိုက် စိစစ်ပါ။

၄။ တွေ့ရှိချက်များကို တင်ပြပါ။

၅။ အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရမှတ်များကို နှိူင်းယှဥ်ပြီး ၎င်းတို့၏ အကြောင်းတရားများကို ကောက်ချက်ချ ဆွေးနွေးပါ။

နမူနာ သတင်း

https://www.bbc.com/burmese/in-depth-52517316

ခေါင်းစီး

ခေါင်းစီးတွင် အကုန်လုံး စာလုံး အကြီး သို့မဟုတ် လွန်ကျွံသော punctuation ဥပမာ !!!??? ကို သုံးသည်။ (-၁)
ခေါင်းစီးတွင် လျှို့ဝှက်ချက်၊ အထိတ်တလန့်၊ ပျော်ရွှင်မှု၊ ဒေါသ ကို ဖော်ပြသည်။ (-၂)

URL

ထုတ်ဝေမှုတွင် ၎င်း၏ ကိုယ်ပိုင် ဒိုမိန်း မရှိပါ သို့မဟုတ် အခမဲ့ ပလက်ဖောင်းကို သုံးသည်။ (-၁)
ဒိုမိန်းသည် အတုဆန်သည်။ ဥပမာ .bbc.com.co (-၂)

စာရေးသူ

စာရေးသူ၏ နမူနာ စာစောင်များ အွန်လိုင်းပေါ်တွင် ရှာမရပါ။ (-၁)
စာရေးသူကို ဖော်ပြခြင်း မရှိပါ သို့မဟုတ် အမည်ဝှက်ကို သုံးသည်။ (-၂)

ရက်စွဲ

စာဆောင်တွင် ရက်စွဲ မပါပါ။ (-၂)
စာဆောင်ပါ အချက်အလက်သည် လက်ရှိနှင့် မသက်ဆိုင်တော့ပါ။ (-၂)

ပုံ

ပုံသည် စတော့ ပုံ ဖြစ်သည် (ကိုယ်တိုင် ရိုက်ကူးထားခြင်း မဟုတ်ပါ) သို့မဟုတ် ပုံတွင် စာသား Caption မပါပါ။ (-၁)
ပုံသည် ကွဲပြားသော အဖြစ်အပျက်ကို ဖော်ပြသည်။ (-၂)

ကြော်ငြာ

စာစောင်ကို ကုမ္ပဏီတစ်ခုက စပွန်ဆာ ပေးသည်။ (-၁)
ကြော်ငြာစာတန်း အများကြီး ပါသည် သို့မဟုတ် ကြော်ငြာများသည် ပေါပြီး မေးခွန်း ထုတ်ချင်စရာ ကောင်းသည်။ (-၂)

စာသား

သတ်ပုံ သို့မဟုတ် သဒ္ဒါအမှား များ ပါသည် သို့မဟုတ် အပြင်အဆင်သည် ပရော်ဖက်ရှင်နယ် မဆန်ပါ။ (-၁)
စာသားသည် ခံစားလွယ်သော ရေးဟန်ကို သုံးသည်။ (-၂)

ရှာဖွေမှု

အရင်းအမြစ် လင့်ခ် မပါပါ သို့မဟုတ် လင့်ခ်သည် မေးခွန်းထုတ်ဖွယ် အရင်းအမြစ်ကို ညွှန်သည်။
ဤအကြောင်းအရာနှင့် ခပ်ဆင်ဆင် စာစောင်များကို အွန်လိုင်းပေါ်တွင် ရှာမရပါ။ 

အင်တာဗျူးနှင့် ထင်မြင်ချက်များ

စာစောင်သည် ကိုးကားချက်များနှင့် အမည်များကို ဖော်ပြသည်။ (+၂)
အင်တာဗျူးဖြေဆိုသူသည် အကြောင်းအရာနှင့် ပက်သက်၍ အရည်အချင်း ပြည့်မှီသည် သို့မဟုတ် စာစောင်တွင် ထင်မြင်ချက် တစ်ခုထက် ပို၍ ဖော်ပြသည်။ (+၃)

ဂရပ်ဖ်နှင့် ကိန်းဂဏန်းဆိုင်ရာ

အမည်ဖော်ပြရုံသာမက လင့်ခ်ပါ ချိတ်ဆက်ထားသော လေ့လာချက် စာတမ်းကို ညွှန်းဆိုသည် သို့မဟုတ် ညွှန်းဆိုထားသော လေ့လာချက် စာတမ်းကို အွန်လိုင်းပေါ်တွင် ရှာဖွေနိုင်သည်။ (+၂)
လေ့လာချက် စာတမ်း၏ ရလာဒ် သို့မဟုတ် ဂရပ်ဖ်နှင့် ကိန်းဂဏန်းဆိုင်ရာကို တိကျ ရှင်းလင်းစွာဖော်ပြသည်။ (+၃)
ထုတ်ဝေမှုကို မည်သူ ပိုင်ဆိုင်ကြောင်း သင် ရှာဖွေနိုင်ပါသလား။ 
ရှာဖွေနိုင်ပါက (+၃)
မရှာဖွေနိုင်ပါက (-၃)