ပဋိပက္ခတွေကိုကိုင်တွယ် ဖြေရှင်းနည်း🛣

လူမှုအသိုင်းအဝိုင်းနဲ့ နေရတာနဲ့အမျှ၊ လူတွေနဲ့ဆက်ဆံရသမျှ ကျွန်တော်တို့ဟာ တစ်နေ့မဟုတ်တစ်နေ့ ပဋိပက္ခဖြေရှင်းနည်းတွေ လိုအပ်လာ‌နေဦးမှာဖြစ်ပါ တယ်။ ဒါကြောင့် ပဋိပက္ခဖြေရှင်းဖို့ နည်းလမ်းကောင်းတွေကို သိထားဖို့က အရေးကြီးပါတယ်။

ပဋိပက္ခ ဖြေရှင်းဖို့နည်းလမ်းကောင်းဆိုတာ သဘောမတူညီမှုတွေများစွာထဲကမှ နှစ်ဖက်လုံးက ကျေကျေနပ်နပ်နဲ့ လက်ခံနိုင်မယ့် သဘောတူမှုကို ရှာဖွေနိုင်ခြင်းဟာဆိုရင်  ပဋိပက္ခဖြေရှင်းနိုင်ရန် နည်းလမ်း ကောင်းလို့ခေါ်လို့ရပါတယ်။

သဘောမတူညီမှုဆိုတာဟာ ကိုယ်ရေးကိုယ်တာကိစ္စ၊ ငွေရေးကြေးရေး၊ နိုင်ငံရေး၊ စိတ်ခံစားချက်စတဲ့ ကိစ္စများစွာ ဖြစ်နိုင်ပါတယ်။

ဒီလိုမတူညီတဲ့ သဘောမတူညီမှု၊ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့အကောင်းဆုံးနည်းက စေ့စပ်ညှိနှိုင်းရေးပဲ ဖြစ်ပါတယ်။

စေ့စပ်ညှိနှိုင်းရမယ်ဆိုတာ သိရုံနဲ့ ပဋိပက္ခ‌တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မဟုတ်ပဲ ပဋိပက္ခတွေကို အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်ဖို့ဆိုရင်  ကျွနိုပ်တို့မှာ တစ်ချို့အရည်အချင်း တွေကိုလည်းမြှင့်တင် ထားဖို့လိုပါတယ်။

 ဥပမာ-

1. လူမှုဆက်ဆံရေးကောင်းမွန်မှု (communication skill)

2. စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်မှု (emotional management)

3.တစ်ဖက်သားနေရာ၀င်ခံစားပေးနိုင်မှု (empathy)

ဒီအရည်အချင်းတွေကို မြှင့်တင်ထားမယ်ဆိုရင် တော့ ပဋိက္ခတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။

ပဋိပက္ခတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ ဆိုတဲ့ Conflict Resolution အကြောင်းကို အောက်ဖော်ပြပါ နည်းလမ်းများကို လေ့လာစေလိုပါတယ်။

ပထမဦးစွာ ကျွန်ုပ်တို့ Paper Game တစ်ခုကို စံနမူနာ ထားပြီး တွေးကြည့်ရအောင်။

စာရွက်တစ်ရွက်ကို ယူပြီး အစိတ်စိတ် အမွှာမွှာ ဖြဲကြည့်ပါ။ ထို့နောက် အစိတ်စိတ် အမွှာမွှာဖြစ်နေတဲ့ စာရွက်တွေကို ပြန်ဆက်ဖို့ ကြိုးစားကြည့်ရအောင်။ ထပ်ထပ်ခါ ဆက်ကြည့်တဲ့အခါမှာ နဂိုမူလ အတိုင်းဖြစ်အောင် ပြန်တည်ဆောက် ခက်ခဲသွားပြီဆိုတာ သင့်အတွေးထဲ ထင်ပေါ်လာပြီ ဖြစ်ပါတယ်။

ဒီနမူနာကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခတွေသည် မဖြစ်ခင်က ကြိုတင် ပြင်ဆင်ပြီး ဖြေရှင်းတာက ကောင်းမွန်တဲ့ အရာတစ်ခုပြီး အစိတ်စိတ် မွှာမွှာ ဖြစ်သွားတဲ့ ရလဒ်တွေက နဂိုမူလအတိုင်း ပြန်ရဖို့က ခက်ခဲပါတယ်။ နောက်တစ်ခုအနေနဲ့ ဒီစာရွက်လေးတွေက နဂိုမူလအတိုင်း ပြန်မရပေမယ့် ဒီအပိုင်းစလေးတွေကို မိမိရဲ့ စိတ်ကူးအယူအဆများနဲ့ ပုံဖော်ကွန့်မြူးပြီး မိမိ အတွေးမှာ မြင်တဲ့ပုံစံလေးတွေကို ပုံဖော်ပြီး ဖြေရှင်းချက်‌တွေကို ဖော်ထုတ်နိုင်ပါတယ်။ 

ဒါကြောင့် ပဋိပက္ခ တစ်ခု ဖြစ်သွားတဲ့အခါ မူလ အခြေနေတစ်ခုကို ပြန်မရနိုင်ပေမယ့် အခြေနေဆီတစ်ခုကို ကောင်းမွန်စွာ ရောက်သွားနိုင်အောင် ပြုပြင်သွားလို့ရပါတယ်။ 

ပဋိပက္ခ ဆိုတဲ့ စကားလုံးဖြစ်ပေါ်လာပုံကတော့ Conflict ဆိုတဲ့ စကားလုံးက လက်တင်ဘာသာ စကားဖြစ်တဲ့ Conflictus ဆိုတဲ့ စကားလုံးက စတင်လာတာ ဖြစ်ပါတယ်။ Conflict  ဆိုတဲ့ စကားလုံးမှာ ပါဝင်တဲ့ စကားလုံးတွေကတော့

  • Shock
  • Combat
  • Struggle
  • Reaction after a feeling of threat. စတဲ့ စကားလုံးတွေဖြစ်ပါတယ်။

အမြင်ကွဲပြားမှုများ

လူအမျိုးမျိုး စိတ်အထွေထွေဆိုသည့်အတိုင်း လူတွေမှာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေက မတူညီကြခြင်းတွေ ရှိပါတယ်။ ဒီလို မတူခြင်းတွေက အဓီက ပြသနာမဟုတ်ပဲ ကိုမြင်ထဲအရာတွေပေါ်မှပဲ မှန်ကန်တယ်ယူဆပြီး ကောက်ချက်တွေ ချခြင်းက တစ်ခြားတစ်ဖက်မှာ အငြင်းပွားမယ်ဆိုရင်တော့  ပဋိပက္ခ ပိုပြီးတော့ ဆိုးဝါးလာမှာ ဖြစ်ပါတယ်။ ထို့အတူ ပဋိပက္ခ တစ်ခုဖြစ်ပွားအခါမှာ ထိုပဋိပက္ခ ကို မြင်တဲ့ ရှု့ထောင့်တွေကို နားလည်နိုင်ရန် လိုအပ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မတူညီတဲ့ အမြင်တွေရယ် လက်ခံနိုင်မှုတွေက ကွဲခြားနေတာ ကြောင့်ဖြစ်ပါတယ်။ 

ဘယ်အရာတွေက ပဋိပက္ခ  ဖြစ်စေလဲ။ ( What’s cause Conflicts?)

  • လူနှစ်ဦး သို့မဟုတ် လူအုပ်စုနှစ်စုတွင် ထိုအုပ်စုတွေမှာ ကွဲပြားသော သို့မဟုတ် ဆန့်ကျင်ဘက်နေသော စိတ်ဝင်စားမှု ( အကျိုးစီးပွား) များရှိနေသည်ဟု ယုံကြည်သောအခါတွင် ပဋိပက္ခမျာ ဖြစ်ပေါ်စေသည်။
  • ပဋိပက္ခစေသော  ဖြစ်နိုင်ချေရှိတဲ့ အရင်းအမြစ်တွေကတော့
    • လူမှုရေးဆိုင်ရာ ( Social)
    • နိုင်ငံရေးဆိုင်ရာ ( Political)
    • စီးပွားရေးဆိုင်ရာ ( Economic)
    • ဂေဟဗေဒဆိုင်ရာ (Ecological) တို့ပဲဖြစ်ပါတယ်။

အကြမ်းဖက်သော ပဋိပက္ခ  (Violence Conflicts)

  • ပဋိပက္ခ အားလုံးသည် အကြမ်းဖက်မှုကို ဖြစ်ပေါ်လာစေရန် ဖြစ်နိုင်ချေရှိပြီး လူအများစုက အကြမ်းဖက်မှုကို ပိုမို နားလည် သဘောပေါက်ကြသည်။
  • ပဋိပက္ခ သည် အကြမ်းဖက်မှုကို အမြဲတမ်းမဟုတ်ရင်တောင် ဖြစ်ပေါ်နိုင်ချေရှိသည်။
  • ထို့ကြောင့် အဓီက သော့ချက်မှာ ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။
  • စီးပွားရေး ကြပ်တည်းသော နေရာတွင်လည်းကောင်း၊ ပဋိပက္ခ အခြေနေမှ ပြန်လည်ကုစားနေရသော နေရာတွင် သော်လည်းကောင်း၊ သို့မဟုတ် လူမှုသဟဇာတ ဖြစ်မှု အားနည်းသော နေရာတွင်သော်လည်းကောင်း စသည့်နေရာများတွင် တင်းမာမှုနှင့် သဘေထားကွဲမှုများသည် အကြမ်းဖက်မှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်သည့် အန္တာရယ်များ ဖြစ်ပါသည်။

ပဋိပက္ခ စက်ဝန်း

 ပဋိပက္ခကိုင်တွယ်သည့် ချဉ်းကပ်မှုနည်းလမ်းများ။

  • တိုက်ယူ – ငါနိုင်စေ၊ သူရှုံးစေ။
    • မိမိသည် အမြဲအနိုင်ရအောင် လုပ်တတ်ခြင်းမှာ အားသာပေမယ့် ထိုအရာက တစ်ချို့သော အခြေနေများတွင် တစ်ပါးသူရဲ့ ဆုံးဖြတ်ချက်ရရှိမှုမရှိခြင်း၊ တစ်ပါးသူနဲ့ အမြင်တွေကွဲလွဲတာ ဖြစ်သွားနိုင်ပါတယ်။
  • လိုက်လျော – ငါရှုံးစေ၊ သူနိုင်စေ။
    • လိုက်လျောခြင်းက ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားနိုင်ခြင်း၊ တစ်ခြားသူတွေရဲ့ ခင်မင်ရင်းနှီးမှုကို ပိုမိုရရှိစေခြင်း။ သတိထားရမယ့်အချက်က မိမိရဲ့ လိုချင်တာကို တစ်ချိန်ထဲမရှိခြင်း‌တွေ များလာတာနဲ့အမျှ နောင်တစ်ချိန်မှာ ပေါက်ကွဲလာနိုင်ပါတယ်။
  • ရှောင်ရှား – သူရှုံးစေ၊ ငါရှုံးစေ။
    •  ပဋိပက္ခ သေးသေးလေကို တစ်ချိန်တည်းမှာ မရှင်းသည့်အခါ နောင်တစ်ချိန်မှာ ထို ပဋိပက္ခက ကြီးထွားလာနိုင်ပါတယ်။
  • အပေးယူလုပ် – ငါမရှုံး၊ မင်းလည်းမနိုင်။
    • ယာယီဖြေရှင်းမှုအတွက်သာ ထိရောက်နိုင်ပြီး တစ်ချိန်မှာ ထို ပဋိပက္ခ ပြန်ဖြစ်ပေါ်လာနိုင်ပါတယ်။
  • ပူးပေါင်းခြင်း – ငါနိုင်စေ၊ မင်းလည်းနိုင်စေ။
    • ပူးပေါင်း အဖြေရှာပြီး ဖြေရှင်းခြင်းသည် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနိုင်ပြီး ရေရှည်အတွက် ခိုင်မာမှုတွေ ရှိနိုင်ပါတယ်။ ပူးပေါင်းအဖြေရှာခြင်းသည် အရေးပေါ်အခြေနေတွင် အချိန်လိုသည့်အတွက် ထိုအချိန်တွေမှာ မသင့်တော်တာမျိုး ဖြစ်နိုင်ပါတယ်။ 

ဒါကြောင့် အထက်ပါ အချက်တွေကို မိမိကိုယ်တိုင် သုံးသပ်ပြီး မိမိသည် ဘယ်အရာမှာ အားသာ ဘယ်အရာမှာ အားနည်းလဲဆိုတာကို တွေးတောပြီး  ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်း နိုင်ပါတယ်။

ပဋိပက္ခရဲ့ သဘောသဘာဝတွေဖြစ်တဲ့ The Three N of conflict  လို့ခေါ်တဲ့ N သုံးလုံးနဲ့ ကိုယ်စားပြုထားတာကို အောက်ဖော်ပြပါ အချက်များတွင် လေ့လာနိုင်ပါတယ်။

ပဋိပက္ခဆိုတာ

  • သဘာဝ ( Natural)
    • ပဋိပက္ခဆိုတာ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ လူသားတွေ ရှိနေမြဲအမျှ  သဘောထားမတိုက်ဆိိုင်မှုတွေဟာ ရှိနေခြင်းကြောင့် ပဋိပက္ခဆိုတာ ရှိနေမြဲ ဖြစ်ပါတယ်။
  • သာမန် ( သဘာဝ)
    • ပဋိပက္ခဆိုတာ သာမန် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဘာမှ ထူးထူးခြားခြား မဟုတ်တာကြောင့် ပုံမှန် ဖြစ်နေ ဖြစ်ရိုးစဉ်တစ်ခုပဲအနေနဲ့  တည်ရှိနေမှာ ဖြစ်ပါတယ်။
  • ကြားနေ ( Neutral)
    • ပဋိပက္ခဆိုတာ ကြားနေဖြစ်စဉ်တစ်ခုဖြစ်ပြီး အပေါင်းနုတ် သဘောတရားတွေမရှိ၊ အကောင်းအဆိုးတွေ ရှိမည်မဟုတ်ခြင်း။ အကောင်းအဆိုးတွေက ပဋိပက္ခကို မိမိ ဘယ်လို ကိုင်တွယ်မလဲဆိုသည့် အပေါ်မူတည်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်။ 
    • ပဋိပက္ခကို ကောင်းမွန်သည့် အခွင့်အလမ်းတစ်ခုအနေနဲ့ အသုံးချသွားမည်ဆိုပါက ကျွန်ုပ်တို့သည် ကောင်းမွန်တဲ့ အခြေနေတစ်ခု အပေါ် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
    • ထိုသို့မဟုတ်ပဲ အကြမ်းဖက်မှုနဲ့ အဆုံးသတ်မည်ဆိုပါက ပဋိပက္ခသည် အဆိုးဘက်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

အပြုသဘောဆောင်တဲ့ ပဋိပက္ခရဲ့ အဓိပ္ပါယ်

  • ပဋိပက္ခသည် သင့်အား ပြသနာတစ်ခု ရှိခဲ့သည်ကို သိရှိနားလည်စေနိုင်သည်။
  • ပဋိပက္ခသည် ပြောဆို ဆက်သွယ်မှုပြုရန် လိုအပ်ကြောင်း မီးမောင်းထိုးပြနိုင်သည်။၏
  • ပဋိပက္ခသည် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို ယူဆောင်ပေးနိုင်ပြီး အခြားသူများ၏ သဘောထား အမြင်များကိုလည်း သိရှိစေရန် ကူညီပေးနိုင်သည်။
  • ပဋိပက္ခများသည် အခွင်အလမ်းများကို ပေးစွမ်းနိုင်သော်လည်း အကြမ်းဖက်သော ပဋိပက္ခများသည် မည်သို့မျှ အကောင်းမဖြစ်နိုင်ကြောင်းကိုလည်း မေ့ထားခြင်း မပြုရန်။
  • ပဋိပက္ခအတွင်းမှ ဘယ်အရာတွေက ကောင်းသလဲဆိုတာက ကြိုးစားရှာဖွေနိုင်ကြောင်းကိုလည်း သတိထားရှိရမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုနဲ့  ငြိမ်းချမ်းခြင်းကို ရှာဖွေရန် အခွင့်အလမ်းတစ်ခုပင် ဖြစ်ပါတယ်။

အနှစ်ချုပ်အားဖြင့် ပဋိပက္ခသည် လူတွေကြားမှာရှိတဲ့ မတူညီတဲ့ အကျိုးစီးပွားဖြစ်ရင် ပဋိပက္ခတွေ ဖြစ်မည်။ ပဋိပက္ခတွေ ဖြစ်တဲ့အခါ ကျွန်ုပ်တို့ ဘယ်လို တုံ့ပြန်မလဲပေါ် မူတည်ပြီး ပဋိပက္ခ စက်ဝန်းက ဆက်ပြီး လည်ပတ်နေမည်လား ရပ်သွားမည်လား ဖြစ်သွားဖြစ်ပါတယ်။ ထို့နောက် ပဋိပက္ခမှာ အခ္ငင့်အလမ်းနဲ့ အန္တာရယ်ဆိုတဲ့ အပိုင်း၂ ခုရှိပြီး အကြမ်းဖက်မှုတွေနဲ့ ဖြေရှင်းမည်ဆိုတာမည်သို့မှ ကောင်းသည့် ရလဒ်များ ရမည်မဟုတ်ပဲ ပဋိပက္ခတစ်ခု ဖြစ်လာခဲ့ပါက ထို ပဋိပက္ခထဲမှ ကောင်းတဲ့အရာတွေကို ရှာဖွေပြီး ငြိမ်းရေးတည်ဆောက်သွားလို့ရမှာ ဖြစ်ပါတယ်။